အခန်း ၉၅၁
Vol. 64 Ch. 951
အခန်း (၉၅၁) နဂါးနတ်ဘုရားကိုယ်ပွား။
ချင်ယွင်၏နဂါးအငွေအသက်သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့ပြီး၊ ရောက်ရှိလာသူ လူအားလုံး၏ စိတ်နှလုံးများကို တုန်လှုပ်သွားစေခဲ့သည်။
လုံလောက်အောင် မသန်မာကြသော တပည့်များသည် ဤကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် အားနည်းလာကြပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်သွား ကြသည်။
ချီဟန်ရှန်းသည် ဤကြောက်မက်ဖွယ်ကောင်းသော နဂါးရောင်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများသည်လည်း လေးနက်သော အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့သည်။ ဤနဂါးအငွေအသက်သည် သူ၏စိတ်ဝိညာဉ်ကိုပင် သက်ရောက်မူ ရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ဧကရာဇ် အငွေ့အသက်ပင်လျှင် ဤကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်ကို ဖြိုခွဲနိုင်ခြင်း မရှိခဲ့ပေ။
သူသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်ကို သိထားရလိမ့်မည်။ သူကဲ့သို့ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားသည် ချိုင်ကျန်းဖေးလျှင် နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်တော့ပေ။ သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက်သည် သူ၏နှလုံးသားကို တုန်လှုပ်စေခဲ့သေးသည်။
"ဟမ့်၊ အတုအယောင် လှည့်ကွက်လေးတွေနဲ့။ မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါ မယုံဘူး။" ချိုင်ကျန်းဖေးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အမျက်ဒေါသက တဟုန်ထိုး ထွက်ပေါ်နေခဲ့သည်။
ဘန်း…။
ချီဟန်ရှန်းသည် ချက်ချင်းဆိုသလို ပျံထွက်လာပြီး၊ ပေတစ်ထောင်အကွာဝေးရှိ လေဟာနယ်ကို တိုက်ရိုက် ဖြတ်ကျော်ကာ၊ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများကို သယ်ဆောင်လာသည့် လက်တဖက်ဖြင့် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပါသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်နေသော်လည်း၊ သူ၏မျက်လုံးထဲတွင် အေးစက်ပြီး အုံ့မှိုင်းနေသည့် အကြည့်တွေက တောက်ပနေဆဲပင်။
ရန်ကျိဖန်းသည် ချိုင်ကျန်းဖေး၏ လက်ထဲတွင် ရှိနေသေးသည်။ အကယ်၍၊ သူသည် ချိုင်ကျန်းဖေးကို မသတ်နိုင်ခဲ့ပါက, ရန်ကျိဖန်းကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ အချိန်ကြာလာသည်နှင့်အမျှ ရန်ကျိဖန်း၏ အသက်အန္တရာယ်သည် ပြင်းထန်စွာ ခြိမ်းခြောက်ခံရပေလိမ့်မည်။
ဤအရာက ချင်ယွင် လုံးဝ သည်းမခံနိုင်သည့် အရာဖြစ်ပြီး၊ ယင်းကလည်း သူ၏ စိတ်ထဲတွင် ရှိနေသည့် အပေါင်းအသင်းကြောင့် ဖြစ်ပါသည်။ ယင်းကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
"ချီဟန်ရှန်း, ခင်ဗျားက ဒီလှုပ်ရှားမူကို အသုံးပြုပြီး ကျုပ်သတ်ဖြတ်ရမယ့် ပထမဆုံး လူပဲ။ ခင်ဗျား ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အချိန်တန်ပြီ..။ ထိုအခိုက်တန့်တွင် သူ၏ မျက်လုံးတွေက ကြက်သွေးရောင်သမ်းကာ နီးမြန်းနေခဲ့ပြီး၊ သူသည် ထိုစကားကိုသာ ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်… "ချီဟန်ရှန်း, ခင်ဗျားက ဒီလှုပ်ရှားမူကို အသုံးပြုပြီး ကျုပ် သတ်ဖြတ်ရမယ့် ပထမဆုံး လူပဲ”။
“အောင်း..”။
ချင်ယွင်၏အသံ ကျဆင်းလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
ထို့နောက် ရောက်ရှိနေသူ လူအားလုံးကို ထိတ်လန့်သွားစေလောက်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ချင်ယွင်၏ အငွေ့အသက်သည် ချက်ချင်းပင် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းလာခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင် နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။
ဧရာမခရမ်းရောင် နဂါးကြီးသည် ပေရာပေါင်းများစွာ ရှည်လျားပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက် ကို ထုတ်လွှတ်နေခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် အကြေးခွံများသည် နေရောင်အောက်တွင် စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
“ဘုန်း…”။
ကြီးမားသော ခရမ်းရောင် နဂါးကြီးသည် လေထဲတွင် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော နဂါးအမြီးကြီးသည် ချီဟန်ရှန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ မူလက ရက်စက်ကြမ်းတမ်းခဲ့သော ချီဟန်ရှန်းသည် နဂါးအမြီး၏ ကြာပွတ်သဖွယ်ရိုက်ချက်ကြောင့် ချက်ချင်း လွင့်ပျံသွားကာ၊ မြေကြီး ကွဲအက်သံနှင့်အတူ အဝေးမှ တောင်ထွတ်တစ်ခုပေါ်သို့ ထိုးကျသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားကြသည်။ သူတို့ရှေ့မှ ချင်ယွင်က သူတို့ကို အမှန်တကယ် ကြောက်ရွှံ့ထိတ်လန့်စေခဲ့ပြီ။
"သူ... သူ နဂါးမျိုးနွယ်ဝင်များ ဖြစ်နိုင်မလား?" လူအုပ်ထဲက တပည့်တချို့က သူတို့၏ သံသယတွေ ထုတ်ဖော်လာကြသည်။
ရှရှန်းယုလည်း ကောင်းကင်ယံမှ ခရမ်းရောင်နဂါးကြီးကို စိုက်ကြည့်နေသည်။ သူမ၏ စိတ်ထဲရှိ တုန်လှုပ်ချောက်ချားမှုသည် ပတ်ဝန်းကျင်ရှိ တပည့်များထက်ပင် ပို၍ ပြင်းထန်လာသည်။
ချင်ယွင်သည် အစဉ်ထာဝရ လူသားတစ်ဦးဖြစ်ကြောင်းကို သူမ သိထားသောကြောင့် ဖြစ်ပါသည်။ သို့သော်လည်း၊ သူသည် အဘယ့်ကြောင့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
ဟုတ်ပါသည်၊ ရှရှန်းယုကို ထိတ်လန့်စေသည့် အရာကတော့ ချင်ယွင် အမှန်တကယ် ပြောင်းလဲထားသည့် ခရမ်းရောင်နဂါးကြီးပင် ဖြစ်ပါသည်။ ၎င်းသည် အစစ်အမှန် နဂါးမျိုးနွယ်၏ မည်သည့်နဂါးများနှင့်မဆို ကွဲပြားပါသည်။ ထို့အပြင်၊ ချင်ယွင်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ရှေးဟောင်း အငွေ့အသက်ကြောင့် သူမ၏ စိတ်ထဲတွင် စကားလုံးနှစ်လုံး ပေါ်လာသည်။ “နဂါးနတ်ဘုရား..”
မှန်ပါသည်။ ယခုအချိန်မှာ အသွင်ပြောင်းသွားသည့် နဂါးကြီးသည် ရှေးဟောင်းခေတ် နဂါးနတ်ဘုရားတွေနှင့် ဆင်တူပါသည်။ သို့သော် ရှေးဟောင်းခေတ်က နဂါးနတ်ဘုရားများ သည် လွန်ခဲ့သောနှစ်ပေါင်း ဘီလီယံနှင့်ချီပြီး အချိန်ခါကတည်းက ပျောက်ကွယ်သွားခဲ့ ပါပြီ။ သူတို့ မည်သို့ ပြန်ပေါ်လာနိုင်မည်နည်း?။
ဤအချက်က ရှရှန်းယုကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။ သို့သော်၊ ချင်ယွင်သည် ယခုအခိုက်အတန့်တွင် ချီဟန်ရှန်းထက်သာလွန်ပြီး မယှဉ်နိုင်လောက်အောင် အားကောင်း လာကြောင်း သူမ သေချာပေါက် သိသည်။
ဘန်း…။
ဤအခိုက်အတန့်တွင် အဝေးမှ တိုက်ပွဲသည် နှိုင်းစာ၍မရလောက်အောင် ပြင်းထန်သော အဆင့်သို့ တိုးမြင့်လာခဲ့သည်။
ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံ၌ ပေါ့ပါးစွာ ပျံတက်သွားပြီး ချီဟန်ရှန်း ပြုတ်ကျသွားခဲ့သည့် တောင်ထိပ်ရှေ့သို့ ချက်ချင်း ရောက်ရှိ လာခဲ့သည်။
ချင်ယွင်၏ ကြီးမားသော ခရမ်းရောင် ခြေသည်းကြီးသည် ၎င်း၏သားကောင်အပေါ်တွင် ထိုးဖောက်နေသော လင်းယုန်ကဲ့သို့ ပစ်လွှတ်လာခဲ့ပြီး တောင်ထိပ်ဆီသို့ တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။
ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော နဂါးခြေသည်းအောက်ရှိ တောင်ထိပ်ကြီးသည် တိုဟူးကဲ့သို့ ကွဲကြေကာ အစိပ်စိပ်မွှာမွှာ ကြေမွသွားပါသည်။
အပျက်အစီးများကြားထဲတွင် လဲလျောင်းနေသော ချီဟန်ရှန်းသည် အသက်ရှုမဝ သေးခင်မှာ ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ခံလိုက်ရသည်။ သူ မည်မျှပင် ကြိုးစားရုန်းကန်နေပါစေ, ချင်ယွင်၏ ကြီးမားလှသော ခြေသည်းများ၏ ချုပ်နှောင်မှုကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ဖမ်းဆုပ်မူ ခံနေရသည်။ ဝိညာဉ်ကျော က်စိမ်းဂိုဏ်း၏ တပည့်များသည် သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ အကယ်၍၊ သူတို့မျက်လုံးများဖြင့် ကိုယ်တိုင်ကိုင်ကျ မြင်ခဲ့ခြင်းသာ မဟုတ်ခဲ့လျှင်၊ သူတိုအနေဖြင့် ယခုလိုမြင်ကွင်းမျိုးကို စိတ်ကူးမိမှာတောင် မဟုတ်ပါဘူး။
ယခုအချိန်တွင် ချီဟန်ရှန်၏ မျက်နှာသည် ကြောက်ရွံ့မှုအသွင်ကို ထင်ရှားပေါ်လွင် စေသည်။ ဤအခိုက်အတန့်တွင် သူသည် သေခြင်းတရားက နီးကပ်လာသည်ကို အမှန်တကယ် ခံစားလိုက်ရပြီး၊ သူ၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
"အား... ချမ်းသားပေးပါ.. ကျွန်တော့်ကို ချမ်းသားပေးပါ စီနီယာ…”။ ချီဟန်ရှန်းက ကရုဏာသက်ဖို့ရန် ဆောလျင်စွာ တောင်းပန်လိုက်သည်။
ချင်ယွင်၏ ကြီးမားလှသော နဂါးမျက်လုံးများသည် ချီဟန်ရှန်းအား မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်နေလေသည်။ သူက ချီဟန်ရှန်းကို မေးလိုက်သည် "သခင်ချီ…? ခင်ဗျားက ကျုပ်နာမည်ကို သိချင်စိတ်ရှိလား…?။ ခင်ဗျား ကျုပ်နာမည်ကို ကြားဖူးမှာ သေချာပါတယ်"
"ကျွန်တော် စီနီယာရဲ့ မျိုးရိုးနာမည်ကို ခန့်မှန်းကြည့်ပါရစေ၊ စီနီယာရဲ့ မျိုးရိုးနာမည်က အဆင့်မြင့်တယ် မဟုတ်လား။" ချီဟန်ရှန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူသိသည့် နဂါးမျိုးနွယ်အကြောင်း သူ တွေးတောနေမိသည်။ သို့သော် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်၊ ချင်ယွင်နှင့် ကိုက်ညီသည်ဟု သူ မထင်ခဲ့ပေ။
"မင်း ခန့်မှန်းနေစရာ မလိုပါဘူး။ ငါ့နာမည်က ချင်ယွင်ပဲ" ချင်ယွင်နဂါးကြီးသည် လူ့သားစကားများကို ထုတ်ပြောလိုက်သည်။
"ချင်ယွင်လား…? မင်းက ချင်ယွင်လား…?" ချီဟန်ရှန်း၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏မျက်နှာက ထိတ်လန့်တုန်လှုပ်မူများဖြင့် ပြည့်နှက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ စိတ်ပျက်အားငယ်မှုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။
အကယ်၍၊ သူ၏ရှေ့မှ ဤလူငယ်သည် ချင်ယွင်သာ ဆိုလျှင်၊ သူသည် အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်းလေးမှ ရှိတော့မှာ မဟုတ်ပါဘူး။
ချင်ယွင်က ချီဟန်ရှန်းကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည် "အခု မင်း သိသွားပြီပေါ့။ ဒါပေမယ့် မင်းမှာ အခွင့်အရေး မရှိတော့ဘူး"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးသည် တင်းတင်းကြပ်ကြပ် ဆုပ်လိုက်လေသည်။ ချီဟန်ရှန်းသည် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။
သို့သော် ချီဟန်ရှန်းသည် သူ၏စကား မပြီးဆုံးခင်မှာပင် ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ခြေမွသွားခဲ့သည်။ “မဟုတ်ဘူး… မဟုတ်ဘူး ချင်ယွင်… သခင်ချင်… ငါ့ကို သနားပါ…”
သနားစရာ ချီဟန်ရှန်းသည် သွေးစွန်းနေသော မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ရှရှန်းယုအပါအဝင် ရောက်ရှိနေသူ လူတိုင်းသည် တွေဝေမှိန်းမောသွားကြသည်။ ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ယခုလိုပုံစံမျိုးဖြင့် အသတ်ခံခဲ့ရပြီး ကြေမွကာ ပေါက်ကွဲသွားခဲ့သည်။
ဟုတ်ပါသည်။ ယခုအချိန်မှာ အတုန်လှုပ်ဆုံးလူကတော့ ချိုင်ကျန်းဖေး ဖြစ်ပါသည်။ မူလက သူသည် ကံတရားကြောင့် ဤဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့ပြီဟု သူ ထင်ခဲ့သော်လည်း ဤအရာအားလုံးသည် အိပ်မက်ဆိုးတစ်ခု၏ အစသာဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပါချေ။
ဘန်း…။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ကြီးမားလှသော နဂါးမျက်လုံးများက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့်၊ ချက်ချင်းဆိုသလို ခေါင်းမှခြေဖျားအထိ သူ့ကို အေးစိမ့်သွားစေခဲ့သည်။