← Chapters

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း ၉၅၂

Vol. 64 Ch. 952

အခန်း (၉၅၂) ခေတ္တခဏ ငြိမ်သက်သွားခြင်း။

ယခုအခိုက်အတန့်တွင် ချိုင်ကျန်းဖေးသည် အမှန်တကယ် ထိတ်လန့် ကြောက်ရွံ့ နေခဲ့သည်။ ချင်ယွင်၏ ကြီးမားလှသော နဂါးမျက်လုံးကြီးများအတွင်းမှ တဖျပ်ဖျပ် ခတ်နေသော အေးစက်စက် အလင်းရောင်က သူ့ကို သူ၏ နှလုံးသားခြေအောက်အထိ တုန်လှုပ်သွားစေခဲ့သည်။

အထူးသဖြင့်, ချီဟန်ရှန်းတစ်ယောက် ချင်ယွင်၏ ချေမွပစ်ခြင်း ခံလိုက်ရသည့် မြင်ကွင်းကို သူ မြင်လိုက်သောအခါတွင်, သူ၏နှလုံး ခုန်ထွက်လုနီးပါး ခံစားရလေသည်။

"မလာနဲ့…၊ မလာခဲ့နဲ့။ တကယ်လို့ မင်း နောက်တစ်ခါ ထပ်လာမယ်ဆိုရင် ငါ သူ့ကို သတ်ပစ်မယ်" ချိုင်ကျန်းဖေးသည် သူ၏မျက်လုံးများကို လှိမ့်ပတ်ကစားလိုက်ပြီး၊ သူ၏ နှလုံးသားက ရက်စက်ကြမ်းကြုတ် ဖြစ်လာခဲ့သည်။ သူ၏လက်ထဲတွင် ရုပ်အသွင်ပြင် တစ်ခု ပေါ်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများက သူ၏လက်ကို လွှမ်းခြုံထားသည်။

ချင်ယွင်သည် ချိုင်ကျန်းဖေး၏ လက်တွင် ပေါ်လာသော ရုပ်အသွင်ပြင်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများက ချက်ချင်းပင် စူးရှလာခဲ့သည်။

ဆယ်စုနှစ်ပေါင်းများစွာ မဆုံတွေ့ခဲ့ကြသော်လည်း ချင်ယွင်သည် ချိုင်ကျန်းဖေး၏ လက်ထဲရှိ လူငယ်အား ၎င်း၏ညီအစ်ကိုကောင်းဖြစ်သူ ရန်ကျိဖန်းဖြစ်သည်ကို မှတ်မိပါ သေးသည်။ အဘယ့်ကြောင့်ဆိုသော် ရန်ကျိဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က လုံးဝ ပြောင်းလဲသွားခြင်း မရှိသောကြောင့် ဖြစ်ပါသည်။

ယခုအချိန်တွင် ရန်ကျိဖန်းသည် သေလုမျောပါး ဖြစ်နေခဲ့ပြီ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေနှင့် ဖုံးလွှမ်းနေခဲ့ပြီး၊ လောင်ကျွမ်းခံထားရသည့် မီးလျှံတွေကြောင့် သူ၏ အသားရေက မည်းနက်နေသည်။ သူ၏အခြေအနေ တစ်ခုလုံးက ကြောက်စရာကောင်း အောင် ဆိုးဝါးသည်ဟု သတ်မှတ်နိုင်ပါသည်။

ချင်ယွင်၏ နှာခေါင်းပေါက်ထဲမှ နဂါးချီအလုံးနှစ်လုံးကို မှုတ်ထုတ်လိုက်ရင်း၊ ချင်ယွင်၏ မျက်လုံးများသည် အလွန်မင်း အေးစက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသည်။

“ဘုန်း…”။

ချင်ယွင်၏ ကြီးမားလှသော နဂါးအမြီးကြီးသည် သူ၏ဘေးနားရှိ တောင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။ ချင်ယွင်၏ နဂါးအမြီး ရိုက်ချက်ကြောင့် ကြီးမားသော တောင်ထွတ်ကြီးသည် ချက်ချင်းပင် တုန်ခါသွားခဲ့ပြီး အတွင်းရှိ အဆောက်အဦများ၏ တံခါးများသည် တစ်ရှိန်ထိုး ပြိုကျ ပျက်စီးသွားခဲ့သည်။

အဝေးမှ ကြည့်နေသော တပည့်များသည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူတို့ အားလုံး အလွန်မင်း ထိတ်လန့်သွားကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒကြောင့် သူ့ကို ဒေါသထွက်အောင် မလုပ်ဝံ့ကြပေ။

"ကျုပ် ခင်ဗျားကို ပြောစရာတစ်ခုပဲ ရှိတယ်။ ရန်ကျိဖန်း လွှတ်လိုက်ပါ။ ခင်ဗျား ရန်ကျိဖန်း ကို နည်းနည်းလေးတောင်မှ နာကျင်အောင်လုပ်ရဲရင် ဒီနေ့ ခင်ဗျားတင် မကဘူး။ ခင်ဗျားဂိုဏ်းထဲက လူတိုင်းကို ခင်ဗျားနဲ့အတူ မြှုပ်နှံပေးရလိမ့်မယ်။" ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက် နှင့် ရောနှောနေခဲ့ပြီး၊ သူ၏အသံသည် ဝိညာဉ်ကျောက်စိမ်း တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်နေလေသည်။

သူ၏ အငွေ့အသက်သည် အလွန်မင်း လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့ပြီး၊ ချင်ယွင် ယခုလေးတင် သူတို့အပေါ် ခြိမ်းခြောက်စကားနှင့် ပတ်သက်ပြီး မည်သူမှ သံသယ မဝင်ရဲကြပေ။ အဘယ့်ကြောင့်ဆိုသော်, ချင်ယွင်၏ နက်ရှိုင်းသောအသံထဲမှ သတ်ဖြတ်လိုသည့် ဆန္ဒကို လူတိုင်း ကြားနိုင်သောကြောင့် ဖြစ်ပါသည်။

ချိုင်ကျန်းဖေး၏ မျက်နှာသည် အနှိုင်းမဲ့ ဖြူဖျော့သွားသည်။ သူ၏လက်ထဲတွင် အသက်ကယ် အဆောင်အဖြစ် ရန်ကျိဖန်း ရှိနေသော်လည်း၊ သူသည် စိတ်မသက်မသာ ဖြစ်မူကို လွန်ကဲစွာ ခံစားနေရသေးသည်။ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ကြီးစိုးနိုင်သော အငွေ့အသက်သည် သူ့အား နတ်ဘုရား ကျောက်ပြား တစ်ချပ်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ အသက်ပင် မရှူနိုင်တော့ချေ။

မည်သို့ပင်ဖြစ်စေ, ယနေ့ သူသည် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။ သူ၏ရှေ့မှ ချင်ယွင်က သူ့ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။

"ငါ ရန်ကျိဖန်းကို လွှတ်ပေးနိုင်တယ်။ ဒါပေမယ့်, မင်းက ငါ့သားကို လွှတ်ပေးရမယ်။" ချိုင်ကျန်းဖေး အသက်ပြင်းပြင်း ရှူပြီး ချင်ယွင်ကို ကြည့်လိုက်သည်။

"မဟုတ်ဘူး..”။ ချင်ယွင်က ပြတ်ပြတ်သားသား ဖြေလိုက်ပြီး ရှရှန်းယုကို တစ်ချက် ကြည့်လိုက်သည်။

ရှရှန်းယုသည် ချင်ယွင်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားသည်။ သေးသွယ်သော ကျောက်စိမ်းရောင် လက်တစ်ဖက်က ညင်သာစွာ ပွတ်သပ်သွားသည်နှင့် အေးစက်စက် အလင်းတန်းတစ်ခုက ချက်ချင်းပင် လင်းလက်သွားကာ မူလကတည်းက သေခါနီးဆဲဆဲ ဖြစ်နေသော ချိုင်ကော့ကို နှစ်ပိုင်း ပိုင်းဖြတ်သွားလေသည်။

ဘေးမှ ကြည့်ရူနေကြသည့် လူများသည် ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့်, သူတို့ရှေ့မှ ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေးသည် သာမန်စရိုက်လက္ခဏာ ရှိသူမဟုတ်မှန်း သိလိုက် ရပါပြီ။ ယခုလေးတင်၊ ထိုတိုက်ခိုက်မှုက အခုရောက်ရှိနေကြသည့် မည်သူ့ကိုမဆို ချက်ချင်း သတ်ပစ်ရန် လုံလောက်ပါသည်။

"ချိုင်အာ…”။ ကောင်းကင်ယံမှာ ရှိနေသော ချိုင်ကျန်းဖေးသည် အော်ဟစ်လိုက်ပြီး၊ သူ၏မျက်လုံးတွေထဲ ဝမ်းနည်းဒေါသတွေ ပြည့်နှက်နေခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏သား ချိုင်ကော့ကို သတ်ပစ်ရန် ရွေးချယ်မည်ဟု သူ မယုံနိုင်ပေ။ ဤအရာက သူ၏စိတ်ထဲတွင် အမျက်ဒေါသကို အရှိန်အဟုန်ဖြင့် မြင့်တက် လာစေခဲ့သည်။

"မင်းက မကြင်နာမှတော့, မတရားတဲ့အတွက် ငါ့ကိုလည်း အပြစ်မတင်နဲ့”။ ချိုင်ကျန်းဖေး သည် သူ၏ပါးစပ်မှ စကားလုံး အနည်းငယ်ကို ညှစ်ထုတ်ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏အသိစိတ်သည် မုန်းတီးမူကြောင့် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ။ သူ၏လက်ထဲမှ ကောင်းကင်တာအို လျှပ်စီးကြောင်းက တောက်လောင်လာခဲ့ပြီး၊ သူ၏လက်ထဲမှ ရန်ကျိဖန်းကို သတ်ပစ်တော့မည်။

"မဟုတ်ဘူး" ရန်ဘိုင်လင်းက ချိုင်ကျန်းဖေး၏ ရည်ရွယ်ချက်တွေကို ချက်ချင်း မြင်လိုက်ပြီး, အော်ဟစ်လိုက်လေသည်။

အနီးနားရှိ တပည့်များ၏ နှလုံးသားများလည်း လည်ချောင်းဝသို့ တက်လာခဲ့သည်။ ဂိုဏ်းခေါင်းဆောင်က သူတို့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်ဖို့ စီစဉ်နေမှန်း သူတို့ သိလိုက်ပြီး၊ သူတို့သည်ပင် ဤတိုက်ပွဲ၏ သားကောင်တွေ ဖြစ်ကုန်ကြလိမ့်မည်။

"ဒါတွေအားလုံးက မင်းဆိုတဲ့ချင်ယွင်ကြောင့် ဖြစ်လာရတာပဲ။ မင်း နောင်တတရားကိုသာ စောင့်ဆိုင်းနေပေတော့…။ ဟား… ဟား…" ချိုင်ကျန်းဖေးက အရူးအမူး ရယ်မောလိုက် သည်။ သူ၏မျက်နှာသည် အလွန်ရက်စက်ကြမ်းကြုတ်နေပြီး သူ၏လက်ထဲမှ လျှပ်စီးကြောင်းက ရန်ကျိဖန်း၏ ကောင်းကင်စိတ်ဝိညာဉ် အလွှာဆီသို့ ကျရောက်သွား တော့မည်။

ဤလက်ဖဝါး ရိုက်ချက်ကြောင့် ရန်ကျိဖန်းသည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝ မရှိနိုင်ပေ။

"ရန်ကျိဖန်းကို သတ်ဖြတ်ဖို့ ခင်ဗျားကို ခွင့်ပြုပေးမယ်လို့ တကယ်ထင်နေတာလား?" ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေသော ချင်ယွင်သည် ရုတ်တရက် အထင်သေးဟန် ဖြင့် ပြောလိုက်ပါသည်။ ထို့နောက် သူ၏ကြီးမားလှသော နဂါးမျက်လုံးများမှတဆင့် ခရမ်းရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။

တခဏအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားခဲ့သည်။ အရာအားလုံး အေးခဲသွားပုံရသည်။

အချိန်တွေတောင်မှ ရပ်တန့်သွားသည်။ မှန်ပါသည်၊ ဤသည်မှာ နဂါးနတ်ဘုရား၏ စိတ်ဝိညာဉ်ကို ရရှိပြီးနောက် ချင်ယွင် ဆက်ခံရရှိခဲ့သော မွေးရာပါ နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ၎င်းစွမ်းရည် အချိန်ကို တစ်စက္ကန့်မျှသာ ရပ်တန့်နိုင်သော်လည်း ဤတစ်စက္ကန့် သည် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။

ကမ္ဘာကြီးက လုံး ဝတိတ်ဆိတ်သွားပါပြီ။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးသည် ချက်ချင်း ဆန့်ထွက်ပြီး ရန်ကျိဖန်းကို တိုက်ရိုက် ဆွဲထုတ်လိုက်လေသည်။

ဘန်း…။

ချင်ယွင်သည် ရန်ကျိဖန်းကို လှမ်းဆွဲလိုက်သည်နှင့်အမျှ အချိန်ငြိမ်သက်ခြင်း၏ (အချိန်ရပ်တန့်ခြင်း၏) အကျိုးသက်ရောက်မှုက ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

ချိုင်ကျန်းဖေးသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ရိုက်ချလိုက် သော်လည်း သူ၏လက်ဖဝါးသည် ဗလာကျင်းဖြစ်ပြီး လေထဲသာ ရိုက်မိသွားသည်။ သူသည် ဤအရာအားလုံးကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူ၏မျက်လုံးတွေကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ရန်ကျိဖန်းသည် မည်သို့ ပျောက်ကွယ်သွားရ သနည်း?။

သို့သော်လည်း, သူသည် ခေါင်းမော့ပြီး ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးကို ကြည့်လိုက်သောအခါ, ရန်ကျိဖန်းသည် ချင်ယွင်၏ နဂါးခြေသည်းများပေါ်တွင် ထိခိုက်မှု မရှိဘဲ လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။

"ဘာတွေ ဖြစ်နေတာလဲ?" အနီးပတ်ဝန်းကျင်ရှိ တပည့်များအားလုံး ပဟေဠိဖြစ်နေသည့် အမူအရာများ ပေါ်လွင်နေပါသည်။ ချင်ယွင်က ရန်ကျိဖန်းကို မည်သို့ ကယ်တင်သွားလဲဆို သည်ကို သူတို့ နားမလည်ပါဘူး။

ရှရှန်းယုလည်း မျက်မှောင်ကြုတ်သွားသည်။ ရှင်းရှင်းပြောရလျှင်, သူမသည်လည်း အဖြစ်ပျက်တွေကို နားမလည်နိုင်ခဲ့ပါဘူး။ သို့သော် ထိုအခိုက်တန့်တွင် သူမ၏စိတ်အစဉ် သည် တစ်စက္ကန့်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်က အရမ်းကို မရေရာသော်လည်း တကယ့်အစစ်အမှန်ပင် ဖြစ်သည်။

ယခုအချိန်မှာတော့ ချိုင်ကျန်းဖေးသည် အမှန်တကယ်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေပါပြီ။ ချင်ယွင်က ရန်ကျိဖန်းကို မည်သို့ပင် ကယ်တင်ခဲ့ပါစေ၊ သူသည် ချင်ယွင်ကို နောင်တရအောင် လုပ်နိုင်မည့် အခွင့်အရေးလေးတစ်ခုတောင် မရှိတော့ဘူးဆိုသည်ကို သူ သိပါသည်။

ဘန်း…။

ကြောက်စရာကောင်းအောင် အေးစက်နေသည့် ချင်ယွင်၏ နဂါးမျက်လုံးတွေက ချိုင်ကျန်းဖေးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ ချိုင်ကျန်းဖေး၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှု အပြည့်ဖြင့်၊ သူ၏နှလုံးသားသည် ပြာကဲ့သို့ ဖြစ်နေပါပြီ။

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ နဂါးခြေသည်းက ချက်ချင်း အောက်သို့ ရိုက်ချလိုက် ရာ၊ ချိုင်ကျန်းဖေး၏ ခန္ဓာကိုယ်သည် ကောင်းကင်ကနေ မြေပြင်အထိ တိုက်ရိုက် ရိုက်ခံလိုက်ရလေသည်။

“ဘုန်း…”။

ဤခြေသည်းကြီးသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေပါသည်။ ဤကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြောင့် ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ တောင်တံခါးများ လုံးလုံး ကွဲအက်သွားခဲ့သည်။ မူလက တောင်ထိပ်များ, တောင်တန်းများ ဖြင့် တစ်စပ်တည်း ထိစပ်နေသော ဝိညာဉ်ကျောက်စိမ်းဂိုဏ်း၏ စိမ်းစိုလှပသော ဝိညာဉ်ကျောက်စိမ်းတောင်အုပ်ကြီးသည် ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အနီးနားရှိ တပည့်များအားလုံးသည် ဤကြောက်စရာကောင်းသော လှုပ်ခတ်မှုကြောင့် လွင့်ပျံသွားခဲ့၊ပြီး ဆယ်ကီလိုမီတာအကွာဝေးရောက်မှ ဆင်းသက်နိုင်ခဲ့သည်။ သို့သော်, ချင်ယွင်ကို ကြည့်နေစဉ် သူတို့၏အမူအရာတွေ ရိုသေမှုနှင့်အတူ ကြောက်ရွံ့မှု အပြည့်ရှိသည်။

ဘန်း…..။

ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးသည် ပျောက်ကွယ်သွားပြီး ချောမောသော လူငယ်လေးဖြင့် အစားထိုးလာသည်။

ချင်ယွင်သည် ရန်ကျိဖန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး ရန်ဘိုင်လင်းနှင့် ရှရှန်းယု အနားတွင် လျှပ်တပြက် ပေါ်လာသည်။

သူ၏သားကို ကယ်တင်နိုင်ခဲ့သည်ကို မြင်လိုက်ရတော့ ရန်ဘိုင်လင်း၏ မျက်နှာက ရွှင်လန်းသည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာပါသည်။ သို့သော်လည်း ရန်ကျိဖန်၏ သေလုနီးပါးဖြစ်နေသည့် အသွင်အပြင်ကို သူ မြင်လိုက်သောအခါတွင် သူသည် တုန်လှုပ်သွားပြန်သည်။

"စိတ်မပူပါနဲ့ ဦးလေးရန်၊ ကျွန်တော် ကျိဖန်းကို ကုသပေးနိုင်ပါတယ်။" ချင်ယွင်က ပြောသည်။ သူပြောပြီးသည်နှင့်၊ သိပ်သည်းလှသော အစိမ်းရောင်အလင်းတန်းတစ်ခုက သူ၏လက်ထဲသို့ ရောက်ရှိလာပြီး၊ ၎င်းအလင်းထဲတွင် ပြင်းထန်သော အသက်စွမ်းအား အတက်အကျလှိုင်းများ ပါဝင်နေသည်။

ဘေးတွင်၊ ရှရှန်းယုသည် လုံးဝကို မှင်သက်နေခဲ့ပြီ။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်သည် အသက်ဉပဒေသကို အသုံးပြုနေပြီး၊ ၎င်းသည် တော်ဝင်တာအိုနယ်ပယ်၏ မဟာစက်ဝိုင်းကြီးတွင် ရှိနေသည်ကို သူမ ခံစားမိသောကြောင့် ဖြစ်ပါသည်။

ဉပဒေသစွမ်းရည် ခုနစ်ခုစလုံး၏ ကြီးမြတ်သော ပြီးပြည့်စုံခြင်းအဆင့်…။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း?။

"နတ်ဆိုး" ဤစကားနှစ်​ခွန်းသည် ရှရှန်းယု၏ နှလုံးသားထဲမှ ထွက်​​ပေါ်လာသည်​။ သူမ၏ ယခင် မောက်မာမှုများသည်ပင် ယခုအခိုက်အတန့်တွင် အစိပ်စိပ်မွှာမွှာ ပြိုပျက်သွားခဲ့ ရသည်။

All Chapters