အခန်း ၉၅၃
Vol. 64 Ch. 953
အခန်း (၉၅၃) တောင်တန်းမိုးရွာသွန်းခြင်း။
ချင်ယွင်သည် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကို ဖျက်ဆီးနေသည့် တစ်ချိန်တည်းမှာပင်၊ သူနှင့် အလှမ်းကွာဝေးလှသည့် ဝိညာဉ်စီရင်စုထဲမှာ အင်မော်တယ်တောင်တစ်ခု ရှိနေခဲ့သည်။
လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် တောင်ထိပ်တစ်ခုပေါ်ရှိ မြင့်မားသော ယဇ်ပလ္လင် တစ်ခု၏ အထက်တွင် တင်ပျဉ်ခွေထိုင်လျက် တစ်ယောက်ကိုတစ်ယောက် မျက်နှာမူလျက် ကြည့်နေကြသည်။
တောင်ထိပ်ပေါ်တွင် လေပြင်းတွေက ဒေါသတကြီး တိုက်ခတ်နေသော်လည်း၊ ထိုစုံတွဲအပေါ် နည်းနည်းလေးမျှ သက်ရောက်မှု မရှိခဲ့ပါဘူး။ ယဇ်ပလ္လင်သည် အစွမ်းထက်သည့် စွမ်းအင်အတက်အကျလှိုင်းများဖြင့် ဝင်းလက်တောက်ပနေ၏။ ကြောက်မက်ဖွယ်ရာ စွမ်းအင်များသည် ယဇ်ပလ္လင်မှ အဆက်မပြတ် ထွက်လာပြီး သူတို့ နှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ စုစည်းသွားကြသည်။
လူငယ်နှင့် အမျိုးသမီးတို့သည်လည်း ကောင်းကင်နှင့်မြေကြီးကိုပင် နှိုင်းယှဉ်နိုင်လောက် အောင် အားကောင်းသော အရှိန်အဟုန်ဖြင့် ပတ်ပတ်လည်မှ ကောင်းကင်နှင့် မြေကြီး တို့ဖြင့် ဆက်စပ်မှုတစ်ခု တည်ဆောက်နေသည့်အလား တုနှိုင်းမရလောက်အောင် အားကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်ယံ၌ အဖြူရောင်တိမ်တိုက်တွေက အရှိန်ဟုန် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက တောင်ထိပ် တစ်ခုလုံး ကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထို့နောက်တွင်, လေဟာနယ်ထဲမှ သိပ်သည်းထားသည့် ကြီးမားသော မျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ မူလက တောက်ပနေသော ကောင်းကင်ကြီးသည် ချက်ချင်းပင် မည်းမှောင်သွားလေသည် ။
"ဧကရီကို နှုတ်ခွန်းဆက်ပါတယ်….”။
လူငယ်နှင့် အမျိုးသမီးတို့သည် ဤဖိအားကို ခံစားမိပြီး၊ သူတို့၏ကျင့်ကြံမူမှ ချက်ချင်း ဆုတ်ခွာလိုက်သည်။ သူတို့သည် ဒူးထောက်ကာ ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးဆီသို့ ဦးညွှတ်ကြပြီး ၎င်းတို့၏ အမူအရာများသည် အလွန်ရိုသေလေးစားနေကြသည်။
"တင်းနန်၊ တင်းရွှဲ, ငါ မင်းတို့ကို အခုပဲ အလုပ်တစ်ခု ပေးလိုက်မယ်။ မင်းတို့နှစ်ယောက် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ချက်ချင်း သွားပြီး၊ ငါ့အတွက် လူသွား ဖမ်းပေးစမ်း" ကောင်းကင်ယံမှ ဧရာမမျက်နှာကြီးက ပြောလိုက်ပါသည်။ သူ၏လေသံအရ အမျိုးသား အမျိုးသမီး မခွဲခြားနိုင်သော်လည်း၊ ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နေ သည်။
"ကောင်းကင်နှင်း မြင့်မြတ်နယ်မြေလားလား..?။ ဧကရီက ကျွန်တော်တို့ကို ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ဖျက်ဆီးစေချင်တာလား?။" တင်းနန်အမည်ရှိ လူငယ်က မေးလိုက်သည်။
"မဟုတ်ဘူး၊ မင်းတို့ လုပ်ရမှာက ကောင်းကင်နှင်းမြင့်မြတ်နယ်မြေကို ဖြုတ်ချပြီး၊ တုံးကျိုး စီရင်စုအတွင်းရှိ အဝေးတနေရာကို ရောက်နေတဲ့ ချင်ယွင်ကို သူနဲ့ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတာကို သိနေတယ်လို့ သူ့ကို သိစေလိုက်ပါ။ သူက ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို သေချာပေါက် သွားပါလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, ငါက မင်းတို့ကို သူ့ရဲ့ခေါင်းကိုဖြတ်ပြီး ပြန်ယူလာစေချင်တယ်။” ကောင်းကင်ယံမှ မျက်နှာကြီးကြီးက ထပ်ပြောပြန်သည်။
"ချင်ယွင်လား?။ သခင်လေးကို သတ်ခဲ့တဲ့ ချင်ယွင်လား?။" တင်းနန်နှင့်တင်းရွှဲတို့သည် အကြည့်ချင်း ဖလှယ်ကာ တစ်ချိန်တည်းတွင် မေးလိုက်သည်။
'"မှန်တယ်။ အဲဒီတုန်းက အသက်ရှင်ပြီး ကျန်ရစ်ခဲ့တဲ့ ဒီအယုတ်တမာ ကောင်လေးပဲ။ ဒါပေမယ့်, အခု သူက လန်အာရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သူရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို အကျဉ်းချထားလိုက်ပြီ။ သူ့ကို လွှတ်ထားပေးလို့ မရတော့ဘူး။ ငါ့မှာ အရေးကြီးကိစ္စတစ်ခု ရှိနေလို့ ငါကိုယ်တိုင် သွားလို့မရဘူး။ မဟုတ်ရင် လန်အာအတွက် လက်စားချေဖို့ သူ့ကို ငါကိုယ်တိုင် သွားသတ်တယ်။ ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးက ဒေါသတကြီး ပြောလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကီလိုမီတာ တစ်ထောင်အကွာအဝေးအတွင်းရှိ တိမ်ပင်လယ်ကြီးသည်ပင် ချက်ချင်း တုန်ခါသွားစေ သည်။
တင်းနန်နှင့် တင်းရွှဲတို့ နှစ်ယောက်လုံးလည်း ထိတ်လန့်သွားပြီး သူတို့၏ အမူအရာက ပို၍ပင် လေးစားလာခဲ့သည်။ တင်းနန်က ကမန်းကတန်း ပြောလိုက်သည် "ဧကရီ, ဧကရီကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ ကျွန်တော်တို့က ကျိန်းသေပေါက် ချင်ယွင်ရဲ့ ခေါင်းကို ယူပြီး ဧကရီမဆီ ကိုယ်တိုင်ကိုယ်ကျ ပို့ပေးမှာပါ"။
"မင်းတို့ သတိလက်လွတ် လုပ်လို့မရဘူး။ ဒီချင်ယွင်က ချီဟန်ရှန်းကို သတ်ပြီးသွားပြီ။ ချီဟန်ရှန်းရဲ့ သတင်းက တိကျ သေချာတယ်။ သူ တုံးကျိုးမှာ ရှိနေတယ်ဆိုတာကို ငါ ရှာတွေ့ခဲ့တယ်။ ချီဟန်ရှန်း ရရှိထားတဲ့ အနက်ရောင် ကျောက်တုံးတွေလည်း သူ ရရှိသွား ပြီလို့ ငါ ယူဆထားတယ်။" ဧရာမမျက်နှာကြီးက ထပ်ပြောသည်။
တင်းနန်နှင့် တင်းရွှဲတို့သည် အနည်းငယ် အံ့အားသင့်သွားကြသည်။ ချီဟန်ရှန်းသည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ ကောင်းကင်တာအိုစွမ်းအားကို ပိုင်ဆိုင် ထားသည်။ ချင်ယွင်က သူ့ကို တကယ်သတ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ တစ်နည်းဆိုရသော် ချင်ယွင်သည် ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သေချာသည်မှာ၊ ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ ကောင်းကင်တာအို စွမ်းအားသည် တင်းနန်နှင့် တင်းရွှဲတို့အပေါ် မည်သည့်ဖိအားမျှ မရှိပါချေ။ သူတို့နှစ်ယောက်သည် ကောင်းကင်တာအို နယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ် ဧကရာဇ် အဆင့်တွင် ရှိနေသည်ကို သိထားရလိမ့်မည်။ ထို့အပြင်၊ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းနည်းလမ်းများသည် ထူးဆန်းသောကြောင့်၊ သူတို့နှစ်ယောက်၏ ပူးပေါင်း ဆောင်ရွက်မူ၏ စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ ကျွမ်းကျင် ပညာရှင်တစ်ဦးထက် မနိမ့်ကျသည်မှာ သေချာပါသည်။ ထို့ကြောင့် သူတို့သည် ချင်ယွင်ကို သတ်ဖြတ်နိုင်ရန် ခိုင်မာသော ယုံကြည်မှု ရှိနေပါသည်။
"ဧကရီ၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့က ဒီချင်ယွင်ကို သေချာပေါက် သတ်ဖြတ်ပြီး သခင်လေးရဲ့ အင်မော်တယ်စိတ်ဝိညာဉ်နဲ့ ရှေးဟောင်း ဖရိုဖရဲရတနာတွေကို ဧကရီဆီသို့ ပြန်ယူလာပေးပါ့မယ်။" တင်းနန်က ပြတ်သားစွာ ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းတို့ ငါ့ကို စိတ်မပျက်စေဘူးလို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် မင်းတို့ ငါ့ကို လာတွေ့စရာ မလိုတော့ဘူး။" ကောင်းကင်ရှိ ဧရာမမျက်နှာကြီးက ဂုဏ်သိက္ခာရှိစွာ ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် ကောင်းကင်ယံရှိ ဧရာမမျက်နှာကြီးသည် ကွယ်ပျောက်သွားကာ တိမ်ပင်လယ်အဖြစ်သို့ ပြန်ပြောင်းသွားခဲ့လေသည်။ ကောင်းကင်ကြီးလည်း ပြန်လည်တောက်ပလာပြီး အရာအားလုံး တည်ငြိမ်သွားပါသည်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော တင်းနန်နှင့် တင်းရွှဲတို့သည် သက်ပြင်းတစ်ချက် ချကာ မတ်တပ် ပြန်ရပ်လိုက်သည်။ ဧကရီသည် ကီလိုမီတာတစ်သောင်းအကွာ အဝေးမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း သူတို့၏စိတ်နှလုံးသည် တုန်လှုပ်နေဆဲ ဖြစ်သည်။
"အစ်ကိုနန်၊ ကြီးမြတ်တဲ့ ဧကရီ ငါတို့ကို ကောင်းကင်နှင်းမြင့်မြတ်နယ်မြေကို ဖြိုဖျက်ဖို့ ဘာကြောင့် ခိုင်းတယ်လို့ နင် ထင်လဲ?။ ချင်ယွင်က တုံးကျိုးမှာ ရှိနေတယ်ဆိုတာ သိနေတာပဲလေ။ ဧကရီက ငါတို့ကို တုံးကျိုးကို တိုက်ရိုက် သွားခိုင်းလို့ရတာပဲ။ ဘာလို့ လမ်းလွှဲခိုင်းရတာလဲ။" တင်းရွှဲက တင်းနန်ကို မေးလိုက်သည်။
"ဒီကိစ္စကို မင်း မသိဘူးလား?။ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှာ လူတစ်ယောက် ရှိနေတယ်ဆိုတာ မင်း မကြားဘူးလား?" တင်းနန်က ရယ်မောရင်း ပြောလိုက်သည်။
"ဒါဆို သူမလား..?" တင်းရွှဲသည် တစ်ခုခုကို တွေးနေပုံရပြီး သူမ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
"သွားကြရအောင်။ အခုပဲ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေကို သွားကြရအောင်" တင်းနန် က ပြောသည်။
တင်းရွှဲက ခေါင်းညိတ်ပြပြီးနောက် သူတို့နှစ်ဦးသည် လေဟာနယ်ထဲသို့ ပြေးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ တုံးကျိုးရှိ ရန်ကလန်၏ စံအိမ်ကြီးထဲတွင်, ချင်ယွင်သည် လက်ရှိအချိန်မှာ ချီဟန်ရှန်းထံမှ ရရှိထားသော အနက်ရောင် ကျောက်တုံးကို လေ့လာနေပါသည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် တိုက်ပွဲမှ အများအပြား ရရှိခဲ့သည်။ သူသည် ချီဟန်ရှန်း ထံမှ အနက်ရောင် ကျောက်တုံးတစ်တုံးကို ရရှိခဲ့ရုံသာမက, ရန်မိသားစု ခေါင်းဆောင် ရန်ဘိုင်လင်းက သူ၏လက်ထဲတွင် ရှိနေသည့် အနက်ရောင် ကျောက်တုံးကိုလည်း ချင်ယွင်အား ပေးခဲ့ပါသည်။
ဤအနက်ရောင် ကျောက်တုံးသည် ရန်ကလန်၏ ဤကပ်ဘေးဒုက္ခဆိုးကြီး မွေးဖွားပေးခဲ့ သည်ဟု ဆိုနိုင်ပါသည်။ ဤအနက်ရောင် ကျောက်တုံးသည် အထူးအဆန်း ဖြစ်ကြောင်းကိုလည်း သူတို့ သဘောပေါက်ကြပါသည်။ မဟုတ်ပါက၊ သူတို့သည် ကောင်းကင်ရေနန်းတော်မှ လူများကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ၊ သူ့ရန်ကလန်၏ အင်အား အနည်းငယ်ဖြင့် ထိုကဲ့သို့သော ရတနာများကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ထိုသို့ဖြစ်ခံမည့်အစား ရန်ကလန်ကို လုံးဝ မထိခိုက်စေဘဲ ၎င်းကို စောစောစီးစီး စွန့်လွှတ်လိုက်ခြင်းက ပိုကောင်းပါသည်။
ထို့အပြင်, တခြားလူတွေကို ပေးပစ်မည့်အစား ရန်မျိုးနွယ်စု၏ ကျေးဇူးရှင်ဖြစ်သည့် ချင်ယွင်ကို ပေးလိုက်ခြင်းကလည်း ပိုကောင်းပါသည်။ ဤအရာက ချင်ယွင်၏ ကျေးဇူးကို ပြန်ဆပ်သည်ဟု ယူဆနိုင်ပါသည်။
ဘန်း…။
ချင်ယွင်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် ကျောက်တုံး လေးခုသည် သူ၏ရှေ့မှာ လွင့်မျောနေသည်။
ချင်ယွင်သည် ကျောက်တုံးလေးခုစလုံးကို ဂရုတစိုက်ကြည့်သည်။ ကျောက်တုံးလေးခု စလုံးသည် အရွယ်အစားနှင့် သတ္တုပစ္စည်းတွေက တူညီလုနီးပါးဖြစ်ကြောင်း သူ တွေ့ရှိခဲ့ သည်။ ၎င်းတို့၏ အလေးချိန်တောင်မှ အတူတူပင် ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်မှာ ကျောက်တုံးပေါ်ရှိ သင်္ကေတပုံစံများ ဖြစ်သည်။
ဤပုံစံများသည် အလွန်ထူးခြားပါသည်။ တစ်ခုနှစ်တစ်ခု မတူကြပါဘူး။ ယခင်ကတည်းက ချင်ယွင်သည် ဤကျောက်တုံးများကို နည်းလမ်းများစွာဖြင့် စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ဖင်းဂေါ့ဂ်စွမ်းအား သို့မဟုတ် ဖရိုဖရဲ စွမ်းအင်ဖြစ်ပါစေ၊ ဤကျောက်တုံးများသည် အနည်းငယ်မျှ တုံ့ပြန်မှု မရှိခဲ့ပေ။ ဤအရာက ချင်ယွင်ကို အဆုံးမရှိ ပဟေဠိဖြစ်စေခဲ့သည်။
“ဒီကျောက်တုံး ဆယ့်နှစ်ခုကို စုစည်းပြီးမှ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်မှာ ငါ ကြောက်မိတယ်။ ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် သက်ပြင်းချကာ ကူကယ်ရာမဲ့ဖြစ်ပြီး ထိုကျောက်တုံးများကို ရုတ်သိမ်းလိုက်သည်။
"ချင်ယွင်၊ မင်းက ဒီကိုရောက်နေတာပဲ။ ငါ မင်းကို လိုက်ရှာနေတာ ကြာလှပြီ။" ထိုအချိန်တွင် ချင်ယွင်၏ နားထဲသို့ ပြတ်သားသော အသံတစ်ခု တိုးဝင်လာခဲ့သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဤအသံကို နားထောင်ရုံဖြင့် ဤလူက မည်သူလဲဆိုသည်ကို သူ သိပါသည်။
မှန်ပါသည်။ ထိုလူသည် ချင်ယွင် ဝိညာဉ်ကျောက်စိမ်းဂိုဏ်းကနေ ကယ်တင်ခဲ့သည့် ရန်ကလန်၏ အကြီးဆုံး သခင်လေး ရန်ကျိဖန်း ဖြစ်ပါသည်။ ယခုအချိန်တွင် ရန်ကျိဖန်း သည် သူ၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး၊ သန့်ရှင်းသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားကာ သူ၏တစ်ကိုယ်လုံး အလွန် တင့်တယ်လာခဲ့သည်။
"ကျိဖန်း. မင်း ငါ့ကို ဘာလို့ ရှာနေတာလဲ?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"သေချာပေါက် တစ်ခုခု ဖြစ်နေလို့ပေါ့။ သခင်မလေးရှက အဆင့်ချိုးဖြတ်မူတစ်ခု ပြုလုပ်တော့မယ်။ မင်း မြန်မြန်သွားကြည့်လိုက်ဦး။" ရန်ကျိဖန်းက ကမန်းကတန်း ပြောလိုက်သည်။
"အဆင့်ချိုးဖြတ်မူလား…?" ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ထို့နောက် သူသည် သူ၏ အင်မော်တယ်စိတ်အာရုံကို အမြန်ထုတ်လွှတ်လိုက်သည်။ သေချာသည်မှာ၊ သူ့နှင့် အလှမ်းမဝေးလှသော နေရာအရပ်မှ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ပြင်းထန်သော ဉပဒေသအတက်အကျလှိုင်းများကို သူ ခံစားလိုက်ရပါသည်။ ကောင်းကင်နှင့်မြေကြီး၏ ဉပဒေသ အတက်အကျလှိုင်းများ၏ အလယ်ဗဟိုသည် သူနှင့် အလှမ်းမဝေးလှပေ။
"အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်ဖို့ မင်းက ဒီလောင်တောင်မှ အလျင်လို နေရတာလား?။ ဒါက ငါ့ကြောင့်များ ဖြစ်နေနိုင်မလား?" ချင်ယွင်သည် သူ၏နှာခေါင်းကို ပွတ်သပ်ပြီး ရယ်မောလိုက်ရင်း သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။