← Chapters

အခန်း ၉၅၄

Vol. 64 Ch. 954

အခန်း ၉၅၄

Vol. 64 Ch. 954

အခန်း (၉၅၄) အင်မော်တယ် ဧကရာဇ် ရှရှန်းယု။

ချင်ယွင်နှင့် ရန်ကျိဖန်းတို့သည် ရန်ကလန် စံအိမ်ကြီး၏ နောက်ဖေးတွင်ရှိနေသော အတွင်းပိုင်း ရေကန်တစ်ခုဆီသို့ ရောက်ရှိလာကြသည်။ ဤရေကန်ကို နတ်သမီးရေကန် ဟု ခေါ်ပြီး ရှရှန်းယုအတွက် အလွန်သင့်လျော်ပါသည်။

ချင်ယွင်နှင့် ရန်ကျိဖန်းတို့သည် နတ်သမီးရေကန်သို့ ရောက်ရှိလာသောအခါတွင်၊ ရေကန်ပတ်လည်၌ ရန်ကလန်၏ တပည့်အနည်းငယ် ရှိနေကြီပြီ ဖြစ်သည်။ ရှင်းနေသည်မှာ, အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာတော့မည့် လူက လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်ကို မဆိုထားနှင့်၊ အင်မော်တယ် ဧကရာဇ်တစ်ပါးအဖြစ် ဖြတ်ကျော် ဝင်ရောက်ခြင်းသည် ၎င်းတို့အတွက် အနှစ်တစ်ထောင်အတွင်း ရှားရှားပါးပါး အဖြစ်အပျက်တစ်ခု ဖြစ်ပါသည်။

ရန်ကျိဖန်းလည်း အလွန်စိတ်လှုပ်ရှားနေပါသည်။ သူ သတိပြန်ရပြီး နိုးလာသောအခါတွင်၊ ပထမဆုံး အကြည့်တစ်ချက်ဖြင့်ပင်, ရှရှန်းယု၏ လှပမှုနှင့် စိတ်နေသဘောထားကြောင့် သူသည် ကြက်သေသေ ဖြစ်သွားခဲ့ရသည်။ သူမ၏ အလှအပနှင့် စိတ်နေစိတ်ထားကြောင့် သူသည် တိုက်ရိုက် အံ့ဩသွားရသည်။ အစတုန်းကဆို, သူမကို လိုက်လံပိုးပန်းမည်ဟု ကိုယ်ပိုင် စိတ်ကူးပင် ရှိခဲ့ဖူးသည်။ သို့သော်လည်း သူမသည် ချင်ယွင်၏ စေ့စပ်ထားသူ အမျိုးသမီးဖြစ်သလို၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ဂုဏ်ယူဖွယ် သမီးတော် တစ်ဦး ဖြစ်ကြောင်း ကြားသိရသောအခါတွင်၊ သူ၏စိတ်ထဲမှ ထိုအတွေးများကို ပြတ်ပြတ် သားသား ပယ်ချလိုက်ရသည်။

ချင်ယွင်ကတော့ သူ့ကို သိမ်းသွင်းဖြောင်းဖြရန် မကြိုးစားခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်, ရှရှန်းယု၏ မောက်မာသော အကျင့်စရိုက်ကြောင့်၊ သူမအနေဖြင့် ရန်ကျိဖန်းကို စိတ်ကူးထဲ ထည့်ရန် အခွင့်အလမ်းမှာ အလွန်နည်းပါးလှသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် နတ်သမီးရေကန်၏ အလယ်ဗဟိုဆီသို့ လှမ်းကြည့်လိုက်သည်။ တကယ်တော့ သူသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ပြီး, ကောင်းကင်တာအိုကို ပေါင်းစည်းသိပ်သည်းခြင်းက မည်ကဲ့သို့ ဖြစ်မည်နည်းဆိုသည်ကို သူ အမှန်တကယ် မြင်ချင်မိပါသည်။

ထိုအချိန်တွင် နတ်သမီးရေကန်သည် မြူခိုးများဖုံးလွှမ်းနေသည်။ အင်မော်တယ်စွမ်းအင် နှင့် ထူထပ်သိပ်သည်းသော ရေစွမ်းရည် တော်ဝင်တာအို ဉပဒေသ အတက်အကျ လှိုင်းတွေက ၎င်းရေကန်ပတ်လည်ရှိ လေထဲတွင် ပြည့်လျှံနေနေခဲ့သည်။ ရှရှန်းယု၏ လှပသော ရုပ်ရည်အသွင်ပြင်သည် နတ်သမီးရေကန်၏ အလယ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

သူမသည် အပြာရောင်ဖျော့ဖျော့ ၀တ်စုံကို ၀တ်ဆင်ထားပြီဂ၊ ရင်သပ်ရှုမောဖွယ် ကောင်းကာ၊ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျ ဖြစ်နေပါသည်။ သူမ၏ စိတ်ခံစားချက် တစ်ခုလုံးက နတ်သမီးရေကန်နှင့် ပေါင်းစပ်သွားပုံရသည်။

"နတ်သမီးရှက ဒီလို တင်ပျဉ်ခွေထိုင်နေတာ သုံးရက်ရှိပြီ။ သူမရဲ့ စိတ်ခံစားချက်တွေက လည်း လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ကောင်းကင်, မြေကြီးတို့နဲ့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့တယ်။ သူမဟာ အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို အောင်မြင်စွာ မဖြတ်ကျော်နိုင်ခင် အချိန်သိပ်မကြာမှာကိုပဲ ငါ စိုးရိမ်မိတယ်."။ (ဤနေရာ၌ ငါ စိုးရိမ်မိတယ်ဟူသည် စကားအဖြစ် ပြောခြင်းသာ ဖြစ်ပါသည်။)

'မှန်တယ်။ နတ်သမီးရှက ဧကရာဇ်မင်းမြတ် ဒါမင်ရဲ့ သမီးတော်တစ်ပါးလို့ ပြောကြသည်။ သူမက နှစ်တစ်သန်းအတွင်းမှာ ရှားပါးပါရမီရှင်အဖြစ် ချီးကျူးခံရတယ်။ သူမဟာ နှစ်တစ်ရာအောက်သာ ကျင့်ကြံခဲ့ပြီး၊ အနှစ်တစ်ရာအတွင်းမှာပဲ အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့တယ်။ ဒါက အင်မော်တယ် ဧကရာဇ်တွေရဲ့ သမိုင်းတစ်လျှောက်မှာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်ပဲ”။

ရန်ကလန်မှ တပည့်များ၏ စကားသံများသည် နေရာအနှံ့မှာ ထွက်ပေါ်လာနေသည်။ ရှရှန်းယု၏ အရည်အချင်းကြောင့် လူတိုင်း အံ့သြသွားကြသည်။

ရှရှန်းယုသည် လွန်ခဲ့သော ရက်အနည်းငယ်က ရန်ကလန်တွင် နေထိုင်ခဲ့ပြီး၊ ရန်ကလန်မှ တပည့်များသည် ရှရှန်းယုအကြောင်းကို သဘာဝကျကျ ရှာဖွေသိရှိရန် ကြိုးစားခဲ့ကြပါ သည်။

ရှရှန်းယုအကြောင်းကို ကြားသိရှိဖူးသူ တစ်ယောက် နှစ်ယောက် ရှိနေသည်ကိုတော့ အမှန်တကယ်ဆို စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။ အဆုံးတွင်၊ တော်ဝင်မင် အင်မော်တယ် မင်းဆက်သည် ရှရှန်းယု၏ ပါရမီအရည်အချင်းသည် သာလွန်ပြီး ကောင်းမွန်သည်ဟူသော အချက်ကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသောကြောင့် တပည့်တစ်ဦး နှစ်ဦးအနေဖြင့် ယင်းအကြောင်းကို သိရှိထားခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိ တပည့်များ၏ ဆွေးနွေးမှုများ အားလုံးကို ချင်ယွင်က သဘာဝအတိုင်း ကြားနေရသည်။ တကယ်ဆို, ချင်ယွင်လည်း ရှရှန်းယုသည် မည်ကဲ့သို့ ထူးခြားသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသနည်း?၊ အဘယ့်ကြောင့် သူမ၏ပါရမီစွမ်းရည်က ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုး ရုပ်ခန္ဓာကိုယ်ကို ကျော်လွှားနိုင်ရသနည်း? စသည့် မေးခွန်းတွေကို အမြဲတမ်း သိချင်နေခဲ့ပါသည်။

ဘန်း…။

ထိုအချိန်မှာပင်, တော်ဝင်တာအို၏ ရိုက်ခတ်သံက ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်နေပါသည်။ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့ပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းသော ဖိအားများဖြင့် ပြည့်လျှံလာခဲ့သည်။

ကောင်းကင်တာအို၏တန်ခိုးအစွမ်းသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအား အတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ကောင်းကင်တာအိုကို ပေါင်းစည်းသိပ်သည်းပြီး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာခြင်းဖြင့် သူမသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားကို သဘာဝအတိုင်း ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ ကောင်းကင်တာအိုကို ပေါင်းစည်းသိပ်သည်းခြင်းသည် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာရန် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါသည်။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို၏ စွမ်းအင် အတက်အကျလှိုင်းများသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံလာပြီး ရှရှန်းယု အောက်ရှိ ရေကန်သည်လည်း မြင့်တက်လာသည်။

ရှရှန်းယုသည် တော်ဝင်တာအို၏ ရေစွမ်းရည် တော်ဝင်တာအို ဉပဒေသနှင့် ရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်းနိယာမတို့ကို နားလည်ထားကြောင်း ချင်ယွင် သိရှိထားခဲ့သည်။ တတိယမြောက် တော်ဝင်တာအို ဉပဒေသကိုတော့ ရှရှန်းယုသည် အရင်က ထုတ်ဖော်ပြသခြင်း မရှိသောကြောင့် သူမသည် မည်သည့် ဉပဒေသမျိုးကို နားလည်ထားသည်ကို ချင်ယွင် မသိပါဘူး။

သို့သော်လည်း ရှရှန်းယုသည် ရေစွမ်းရည်၏ အလုံးစုံလွှမ်းခြုံထားခြင်း တော်ဝင်တာအို ဉပဒေသကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်ကြောင်း ချင်ယွင် သိရှိထားသည်။ သူမမှာ ကောင်းကင်တာအိုကို ပေါင်းစည်းသိပ်သည်းရန် တော်ဝင်တာအို ဥပဒေသတစ်ခု ရှိသရွေ့ သူမသည် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာရန် လုံလောက်ပေလိမ့်မည်။ ထို့ကြောင့် ရှရှန်းယုသည် ကောင်းကင်တာအို နယ်ပယ်သို့ ဖြတ်ကျော်သွားသမျှ ကာလပတ်လုံး၊ သူမသည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ချောမွေ့စွာ ဖြတ်ကျော်နိုင်မည် ဖြစ်ပါသည်။

“ဗွမ်း…ဗွမ်း…”

နတ်သမီးရေကန်၏ ရေများသည် အဆက်မပြတ် စတင်စီးဆင်းလာခဲ့ပြီး၊ ထို့နောက်တွင် အနှိုင်းမဲ့ ကြည်လင်သော ရေစီးကြောင်းတစ်ခုသည် ရေကန်၏ ရေမျက်နှာပြင်မှ လျှံတက် လာကာ ရှည်လျားသော ရေမြွေတစ်ကောင်အဖြစ် ရှရှန်းယုကို တိုက်ရိုက် ရစ်ပတ်သွားပြီး ကြီးမားသော ရေအလုံးကြီးတစ်ခုအဖြစ်သို့ စုစည်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ တိမ်တိုက်များကလည်း အဆက်မပြတ် လူးလိမ့်ကာ ရွေ့လျားနေသည်။ ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များသည် လေဟာနယ်မှ ထွက်ပေါ်လာခဲပြီး ကီလိုမီတာ တစ်သောင်း ဧရိယာ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

ကောင်းကင်တာအို၏ တန်ခိုးအစွမ်းသည် ဤနယ်မြေတခွင်ကို လွှမ်းခြုံထားသောကြောင့်၊ ကောင်းချီးပေးခြင်း တိမ်တိုက်များအောက်ရှိ လူတိုင်းသည် အမှတ်တမဲ့ ကြည်ညို လေးစားမှုကို ခံစားလိုက်ရသည်။

"ဒါက ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးခြင်း တိမ်တိုက်တွေလား?။ ဘယ်လောက်မှ ကြီးကျယ်ခမ်းနားလိုက်တဲ့ မြင်ကွင်းလဲ”။ ရန်ကလန်မှ တပည့်အချို့က ချီးကျူး ဂုဏ်ပြုသည့် အာမေဋိတ်အသံများ ထုတ်ဖော်ကာ၊ ၎င်းတို့၏ မျက်လုံးများတွင် မနာလို ငြူစူခြင်းများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် ကီလိုမီတာ တစ်သောင်းကျော် ပျံ့နှံ့နေသော ခုနစ်ရောင်ခြယ် ကောင်းချီး ပေးခြင်း တိမ်တိုက်များကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်ပြီး သူ၏မျက်လုံးများက အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

သူ၏ အသိဉာဏ်အရဆို, အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားသော သာမန်အင်မော်တယ်ဘုရင်တစ်ပါးသည် ဤမျှလောက်ကြီးမားသော ခုနစ်ရောင်ခြယ် ကောင်းချီးတိမ်တိုက်ကြီးကို ဘယ်သောအခါမှ ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။ ကီလိုမီတာ တစ်ထောင် အချင်းဝက်ကို ရောက်အောင် လုပ်နိုင်ခဲ့လျှင်ပင်, တော်တော်လေး ကောင်းနေပါပြီ။

ယခုမူ ရှရှန်းယုသည် ချင်ယွင်ကို အဆုံးမရှိ အံ့အားသင့်စေသည့် ကီလိုမီတာတစ်သောင်း နယ်မြေကိုပင် လွှမ်းခြုံထားနိုင်သည့် ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များ ကို အမှန်တကယ် ဆင့်ခေါ်နိုင်ခဲ့သည်။

“ဝှီး…”။

ထိုအခိုက်တွင် နတ်သမီးရေကန်ပေါ်ရှိ ရှရှန်းယု၏ခန္ဓာကိုယ်ပေါ်ထဲတွင် ရစ်ပတ်ထားသော ဧရာမရေအလုံးကြီးသည်လည်း ရွေ့လျားသွားပြန်သည်။

သေးငယ်သော လှိုင်းဂယက်များသည် ရေအလုံးပေါ်တွင် စတင်ပေါ်လာတော့သည်။ ဤမြင်ကွင်းက ရေအလုံးကြီး၏ မျက်နှာပြင်ပေါ်တွင် ရေများစီးဆင်းနေသလိုပင်။ ဖြည်းညှင်းစွာဖြင့် ရေအလုံးကြီးသည် အညစ်အကြေး မြူတစ်မှုန်မှ မရှိတော့ဘဲ ကြည်လင်တောက်ပပြီး ထွင်းဖောက်မြင်နိုင်သော ရေကြာပန်းအဖြစ်သို့ ပြောင်းလဲသွားပါ သည်။

ရှရှန်းယု၏ ရုပ်အသွင်ပြင်သည် လူတိုင်း၏အကြည့်တွင် တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် ရှရှန်းယု၏ စိတ်နေစိတ်ထားသည် ကြီးမားသောပြောင်းလဲမှုကြီးကို ကြုံတွေ့ခဲ့ရသည်။

ဤအခိုက်အတန့်တွင် သူမသည် သေမျိုးကမ္ဘာ၏ ဖုန်မှုန့်များ သန့်စင်သွားသလိုပင်။ သူမ၏ တစ်ကိုယ်လုံးသည် အနှိုင်းမဲ့ သန့်ရှင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေပြီး, ဖုန်မှုန့်များဖြင့် မသန့်ရှင်းသော ခံစားချက်ကို စွန့်ထုတ်နေသည့်အလားပင်။ ဤသန့်စင်သော အငွေ့အသက်အတွင်းမှဦ သူမသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားကို ထုတ်လွှတ်ကာ၊ လူတစ်ဦးတစ်ယောက်ကို ဦးညွှတ်လိုစိတ် မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ပါချေ။

အနီးနားရှိ ရန်ကလန်မှ တပည့်များအားလုံဂ လုံးဝ မှင်သက် တွေဝေနေကြသည်။ သူတို့ အားလုံးသည် ရှရှန်းယု၏ ထူးခြားသော အငွေ့အသက်ကြောင့် ဆွဲဆောင်ခံကြရသည်။

ချင်ယွင်သည် ရေကန်အလယ်ရှိ ရေကြာပန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ရှရှန်းယုကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် အံ့ဩခြင်း အရိပ်အယောင်များ ရှိနေသည်။ အကြောင်းတစ်ခုခုကြောင့်၊ ရှရှန်းယု၏ အမူအရာသည် ယခုအချိန်တွင် အလွန်မင်း အစွမ်းထက်နေသည်ဟု သူ ခံစားမိသည်။ ဤအငွေ့အသက်သည် သာမန် ကောင်းကင် တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များနှင့် သေချာပေါက် နှိုင်းယှဉ်၍မရပေ။

ဘန်း…။

ထိုအချိန်မှာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါသည်။ ရှရှန်းယု၏ အောက်ရှိ ရေကြာပန်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဟန်ဖြင့် အေးခဲနေသည်။ နတ်သမီးရေကန် တစ်ခုလုံးရှိ ရေများသည် ချက်ချင်းပင် အေးခဲသွားပါသည်။

"သေချာပါတယ်၊ အဆင့်ချိုးဖြတ်တာက ကောင်းကင်တာအိုဉပဒေသ နှစ်ခုဆိုတာ။ ဒါက မင်းရဲ့အရည်အချင်း အမှန်လား ရှရှန်းယု" ချင်ယွင်က သူ့ကိုယ်သူ ပြုံးလိုက်သည်။

ရှရှန်းယု၏ ယခုအကြိမ် အဆင့်ချိုးဖြတ်မှုသည် ရေစွမ်းရည် ဉပဒေသ၏ အလုံးစုံ လွှမ်းခြုံထားခြင်း ကောင်းကင်တာအို ဉပဒေသကို ပေါင်းစည်းသိပ်သည်းနိုင်ရုံသာမက၊ ရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်း ကောင်းကင်တာအို ဉပဒေသကိုလည်း ပေါင်းစည်းသိပ်သည်းနိုင်ခဲ့သည်။ တခဏအတွင်းမှာပင် သူမသည် ကောင်းကင်တာအို ဉပဒေသနှစ်ခုနှင့် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့ပါသည်။

“ဘုန်း…”။

အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ် လာပြီး ရှရှန်းယု၏ အပြာနုရောင်ဝတ်စုံသည် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကြောင့် အဆက်မပြတ် တုန်ခါနေသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် ကောင်းကင်နှင့် မြေကြီး၏ ကောင်းချီးပေးခြင်း တိမ်တိုက်များမှတဆင့် ရှရှန်းယုထံသို့ ချက်ချင်း စိမ့်ဝင်သွားခဲ့သည်။ ယခုအချိန်တွင် ရှရှန်းယုသည် လုံးလုံးလျားလျား အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီ။

ရှရှန်းယုသည် သူမ၏ လှပသောမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ချင်ယွင်ကို အနည်းငယ်မျှ အပြောင်းအလဲမရှိဘဲ ကြည့်လိုက်သည်။ ထို့နောက်, သူမသည် ရောက်ရှိနေသူ လူအားလုံးကို ထိတ်လန့်စေသော စကားတစ်ခွန်းကို ညင်သာစွာ ထုတ်ပြောလိုက်သည်။

"တိုက်ခိုက်ကြမယ်” ရှရှန်းယုသည် နက်ရှိုင်းသော သစ်ခွပင်ပုံစံ စကားလုံးတစ်လုံးကို ထုတ်ပြောလိုက်ပြီး၊ သူမ၏အသံက ကောင်းကင်နှင့်မြေကြီးကို ပဲ့တင်ထပ်စေကာ လူတိုင်း၏ နှလုံးသားကို ယစ်မူးစေခဲ့သည်။

"ဘာလဲ? မင်းက ငါ့ကို စိန်ခေါ်ဖို့အတွက် အခုလို အလောတကြီး အဆင့်ချိုးဖြတ် လိုက်တာ လား?" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့်, သူသည် ခြေတစ်လှမ်းပြီး တစ်လှမ်း လှမ်းထွက်ကာ ရေကန်၏ ရေခဲပြင်ဆီသို့ လျှောက်သွားလိုက် သည်။

“တကယ်လို့ မင်းဘက်က တိုက်ခိုက်ချင်လာမှတော့ ငါချင်ယွင်ကလည်း သဘောတူပေး ရမှာပေါ့”။

All Chapters