← Chapters

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း ၉၅၅

Vol. 64 Ch. 955

အခန်း (၉၅၅) ဝိုးဝဝါးတိမ်တိုက်များနှင့် တိုက်ခတ်နေသောလေပြေညှင်းများ။

ချင်ယွင်သည် ခြေတစ်လှမ်းပြီး တစ်လှမ်းလှမ်းကာ ထွက်လာခဲ့ပါသည်။ သူလျှောက်လှမ်း လိုက်သည့် ခြေလှမ်းတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါ၀င်နေပြီး သူ လျှောက်လှမ်းလာစဉ် ခြေဖဝါးအောက်ရှိ ရေခဲများသည် အဆက်မပြတ် ကွဲအက်သွား သည်။

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးသည် ချင်ယွင်ကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထုံးစံအတိုင်း၊ သူတို့သည်လည်း ဝိညာဉ်ကျောက်စိမ်းဂိုဏ်း ဖျက်ဆီးခံရခြင်း အကြောင်းကို ကြားသိထားသည်။ ဤလူငယ်သည် ကောင်းကင်နယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရုံသာမက၊ ဝိညာဉ်ကျောက်စိမ်း ဂိုဏ်း၏ တောင်တံခါးတစ်ခုလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

သို့သော် ယင်းတို့သည် ကောလဟာလများသာ ဖြစ်သောကြောင့် ၎င်းတို့၏ နှလုံးသားထဲ တွင် ပြင်းထန်သော ခံစားချက်မျိုး မရှိခဲ့ကြပေ။ သို့သော် ရှရှန်းယုသည် ကွဲပြားသည်။ သူမသည် လူတိုင်းရှေ့တွင် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့သည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားသည် ကောင်းကင် တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များထက် များစွာ အားကောင်း နေပါသည်။

ထို့ကြောင့် ရှရှန်းယုက ချင်ယွင်ကို စိန်ခေါ်နေသည်ကို လူတိုင်း မြင်သောအခါ၊ သူတို့၏ ပထမဆုံး တုံ့ပြန်မှုက ချင်ယွင်သည် ရှရှန်းယုအတွက် လုံးဝ ပြိုင်ဘက်မဟုတ်ပေ။

"အသွင်ပြောင်းလိုက်ပါ၊ ဒီပုံစံနဲ့ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။" ရှရှန်းယုက အေးစက်စွာ ပြောသည်။ သူမ၏လက်ထဲတွင် အင်မော်တယ်ဓားတစ်လက် ပေါ်လာသည်။

"မင်းနဲ့ရင်ဆိုင်ဖို့က အသွင်ပြောင်းနေဖို့ မလိုပါဘူး။" ချင်ယွင်က တဟားဟား ရယ်ပြီး ကျီစားလိုသော အပြုံးဖြင့် ပြောသည်။

ရှရှန်းယုသည် ချင်ယွင်၏ စကားကို ကြားသောအခါတွင် သူမ၏ မျက်ခုံးများသည် အနည်းငယ် ကွေးသွားသည်။ သို့သော်လည်း သူမသည် အခြား ဘာမျှ မပြောတော့ပေ။ သူမ၏လက်ထဲရှိ အင်မော်တယ်ဓားထံမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

ဘန်း…။

နည်းနည်းမှ တုန့်ဆိုင်းမနေဘဲ ရှရှန်းယု၏ လက်ထဲမှ ဓားသည် ချက်ချင်း ခုတ်ပိုင်းလာခဲ့ သည်။ အပြာရောင်ဓားအလင်းတန်းက ဓားကို လွှမ်းခြုံလိုက်ပြီး၊ ၎င်းထဲတွင် ပြင်းထန်သော ကောင်းကင်တာအိုဉပဒေသတွေ ပါဝင်နေပါသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းက ကောင်းကင်ယံကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး၊ လေဟာနယ်ကို ဖြိုခွဲကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖြတ်သွားခဲ့သည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် ပေါ့ပါးသော အပြုံးရိပ်ဖြင့် ဓားအလင်းကို ကြည့်လိုက် သည်။ သူသည် ဓားအလင်းတန်းကို တိုက်ရိုက် ထိုးချလိုက်သည် ။

“ဘုန်း…”

ချင်ယွင်၏ လက်သီးအောက်တွင် ဓားအလင်းတန်းသည် ချက်ချင်း ကြေကွဲသွားပြီး၊ ကောင်းကင်ယံတွင် နေရာအနှံ့ပြန့်ကျဲနေသော ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်းရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချသင့်တယ်။ မဟုတ်ရင် မင်း တခဏအတွင်းမှာ လှုပ်ရှားဖို့ အခွင့်အရေး ရှိလာမှာ မဟုတ်တော့ဘူး။" ချင်ယွင်က ပေါ့ပါးသော အပြုံးဖြင့် ပြောပြီး၊ သူ၏မျက်လုံးထဲတွင် ကျီစားလိုသော အပြုံးက ပို၍ပင် ပြင်းထန်လာသည်။

ရှရှန်းယုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ မျက်လုံးများသည် ရုတ်တရက် ရေခဲများအသွင် အေးစက်သွားသည်။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါး၏ စွမ်းအင်အတက်အကျလှိုင်းများက အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲသွားခဲ့သည်။

ချင်ယွင်၏ အမူအရာလည်း လေးနက်လာသည်။ ရှရှန်းယုသည် ကောင်းကင်တာအို ဉပဒေသနှစ်ခုကို အဆင့်ကျော်ဖြတ်နိုင်ခဲ့သည်။ ယင်းက သူမ၏ ခန္ဓာကိုယ်ကို ပြောင်းလဲ နိုင်စွမ်း မရှိလျှင်ပင် သူမကို အနိုင်ယူဖို့က မလွယ်ကူပါဘူး။ အကယ်၍၊ သူသည် သူမကို အထင်သေးမိလျှင် မြောင်းထဲမှာ သင်္ဘော မှောက်ရပေလိမ့်မည်။

ဟုတ်ပါသည်။ ဤအရာက မနေ့ညက အနေထားဖြစ်ပါသည်။ ယခုဆိုလျှင် ချင်ယွင်သည် ရှရှန်းယုကို အနိုင်ယူနိုင်မည်ဟု တစ်ရာရာခိုင်နှုန်း ယုံကြည်နေပါသည်။

ရှရှန်းယုသည် သူမ၏လက်ထဲရှိ အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်ပြီး၊ ကောင်းကင် တာအိုဥပဒေသများကို အသက်သွင်းလိုက်ပါသည်။ သူမ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်တစ်ခု ထွက်လာသည်။

ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းသွားသလိုပင်။ ဤကမ္ဘာကြီးထဲရှိ အရာအားလုံး အေးခဲသွားလိမ့်မည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အအေးဓာတ်လဲ။ ဒါက ကောင်းကင် တာအိုရဲ့ ဥပဒေသတွေလား?။ အရမ်းကို အစွမ်းထက်လွန်းတယ်” တပည့်တစ်ယောက်က မနေနိုင်ဘဲ အော်ပြောလိုက်သည်။

ဤအခိုက်အတန့်တွင်၊ သူတို့၏ အင်မော်တယ် အနှစ်သာရသည်ပင် ဤကြောက်မက်ဖွယ် ကောင်းသော အအေးဒဏ်အောက်တွင် လုံးဝ အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ခုခံရန်မပြောနှင့်၊ သူတို့သည် စစ်မြေပြင်နှင့် ပိုမို နီးကပ်နေပါက ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရေခဲပန်းပုများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ယင်းကြောင့် ရှရှန်းယုကို ကြည့်နေစဉ် သူတို့၏အမူအရာများသည် နှိုင်းစာပြ၍မရအောင် ပင် လေးစားသည့် အမူအရာ ဖြစ်လာကြသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အေးဆေးတည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။ ဤကြောက်စရာကောင်းသော အေးစက်မှုက သူ့ကို မထိခိုက်စေနိုင်ပါဘူး။

သို့သော် သူ၏စိတ်ထဲတွင်လည်း သက်ပြင်းချမိသည်။ ကျယ်ပြောလှသော ကောင်းကင် တာအို၏ ဉပဒေသတွေနှင့် ပေါင်းစပ်ထားသော ဤရေခဲနှင့်နှင်း ကောင်းကင် စည်းတံဆိပ် ခတ်ခြင်း ဉပေဒသသည် တကယ့်ကို ကြောက်စရာကောင်းလွန်းသည်။ ဤအအေးဓာတ် သည် ရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်း ဉပေဒသတစ်ခုတည်းကို အသုံးပြုခြင်းထက် များစွာပို၍ ပြင်းထန်သော အအေးဓာတ်တစ်မျိုး ဖြစ်သည်။

"ငါ့မှာ သိုင်းကွက်တစ်ခုပဲ ရှိတယ်။ တကယ်လို့၊ မင်း အဲဒါကို မခုခံနိုင်ဘူးဆိုရင် ငါ့ကို အပြစ်မတင်နဲ့။" ရှရှန်းယုက အေးစက်စွာ ပြောသည်။ ထို့နောက် သူမ၏ ပေါ့ပါး သွက်လက်ပြီး ကျက်သရေရှိသော ခန္ဓာကိုယ်သည် လေထဲတွင် ကခုန်လာသည်။ ဓားတစ်ချက်က ခုတ်ပိုင်းသွားခဲ့ပြီး, တခဏအတွင်းမှာပင် အေးစက်နေသော ဓားအလင်း တန်းက ပျံထွက်လာခဲ့သည်။

ဓားအလင်း ပျံထွက်သွားသောနေရာများတစ်လျှောက် ရေခဲတောင်များ ရုတ်တရက် မြင့်တက်လာခဲ့သည်။ ဤရေခဲတောင်များသည် ပေရာနှင့်ချီမြင့်ပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းကာ၊ ဓားအလင်း၏ အလွန်မင်းအစွမ်းထက်သော စွမ်းအားများ ပါဝင်နေသည်။

ထိုတပည့်များအားလုံး မျက်လုံးပြူးသွားကြသည်။ သူတို့သည် အဝေးတွင် ရပ်နေကြ သော်လည်း ဤဓားချက်တွင်ပါရှိသော စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။ အကယ်၍ ဤဓားချက်သည် အမှန်တကယ် ကျရောက်သွားခဲ့ပါက, ၎င်းတို့၏ ရန်ကလန် အဆုံးသတ်သွားရုံတင်မကာ ရန်ကလန် တစ်ဝက်ခန့်ကိုပင် ရေခဲထဲမှာ ပိတ်မိသွားမည် ဖြစ်ကြောင်း သူတို့ သေချာပေါက် သိနေပါသည်။

"သွားပြီး၊ အဆုံးသတ်သွားပြီ” တပည့်များသည် ထိတ်လန့်တကြား အော်ဟစ်ကြပြီး သူတို့၏ နှလုံးသားများသည် ပြင်းထန်သော ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာခဲ့သည်။

သို့သော်, လေဟာနယ်ထဲတွင် ရပ်နေသော ချင်ယွင်က ဘာမှမထူးခြားသော အမူအရာနှင့် သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသည်။ ရန်မြို့တော် အများစုကိုပင် အေးခဲသွားစေလောက်သည် ထိုဓားချက်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲ အလင်းတန်းတစ်ချက် ဖျတ်ခနဲလက်သွားခဲ့သည်။

ဘန်း…။

ထိုအချိန်တွင် ချင်ယွင်သည် လှုပ်ရှားသွားသည်။ သူသည် ဤတိုက်ခိုက်မှုကို ဟန့်တားရန် သူ၏ ကြောက်မက်ဖွယ် ခွန်အားကို အသုံးမပြုခဲ့သလို၊ ၎င်းကို တားဆီးရန် သူ၏ နဂါးနတ်ဘုရားအသွင်ပြောင်းသည့် အခြေအနေကိုလည်း အသုံးမပြုခဲ့ပေ။ ယင်းအစား၊ သူသည် ရှရှန်းယု ခုတ်ပိုင်းလိုက်သည့် ဓားအလင်းဆီသို့ အလွန်မင်း မြန်ဆန်သော အရှိန်ဟုန်ဖြင့် ပြေးသွားခဲ့သည်။

ရန်ကလန်၏ တပည့်တစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက် “သူ…သူ ရူးနေပြီ…”

ရန်ကျိဖန်းလည်း အလွန်တုန်လှုပ်သွားသည်။ ချင်ယွင်၏ စွမ်းအားသည် သာလွန် ကောင်းမွန်သည်ဟု သူ ယုံကြည်ခဲ့သော်လည်း, သူ့အဖေ၏ ပြောစကားအရ ချင်ယွင်သည် နဂါးနတ်ဘုရားအသွင် ပြောင်းလဲပြီးနောက်မှသာ ကောင်းကင်တာအိုနယ်ပယ်၏ တတိယ အဆင့်ရှိ အင်မော်တယ် ဧကရာဇ်ကို အနိုင်ယူနိုင်သည်ဟု သူသိထားသည်။ သူ၏ လူသားပုံစံက အစွမ်းထက်သော်လည်း ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါဘူး။

ထို့ကြောင့် ချင်ယွင်သည် လူသားအသွင်ဖြင့် ဓားအလင်းကို ကြိုဆိုနှုတ်ဆက်သည်ကို မြင်သောအခါ သူ၏နှလုံးသည် ရုတ်တရက် လည်ချောင်းအထိပင် တိုးဝင်လာခဲ့သည်။

ရှရှန်းယု၏ လှပသော မျက်လုံးများသည် အံ့အားသင့်နေမှုကို ထင်ရှားပေါ်လွင်စေသည်။ သူမသည် သူမ၏စွမ်းအားကို ထိန်းချန်မထားရသည့် အကြောင်းရင်းက ချင်ယွင်ကို နဂါးနတ်ဘုရားအသွင်ပြောင်းရန် တွန်းအားပေးလိုသောကြောင့် ဖြစ်သည်။ သို့သော်လည်း ချင်ယွင်သည် အသွင်မပြောင်းလဲရုံသာမက သူမ၏ ဓားအလင်းကို ကြိုဆိုရန်လည်း အစပြုလှုပ်ရှားခဲ့သည်။

"သူက သေခြင်းတရားကို တောင်းခံနေတာလား?။" ရှရှန်းယုသည် သူမ၏ ခွန်အားကို အပြည့်ဝသုံးမိသည့်အတွက် နောင်တရဟန် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော်, ခုတ်ပိုင်းလိုက်သော ဓားမှ ထုတ်လွှတ်လိုက်သည့် ရေနှင့်တူသော ဓားအလင်း သည် ထုတ်လွှတ်ပြီးသည်နှင့် မည်သို့ ပြန်ရုပ်သိမ်းနိုင်တော့မည်နည်း။

ဤအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင်သည်လည်း ကြောက်မက်ဖွယ်ကောင်း သော ဓားအလင်းနှင့် အပြင်းအထန် တိုက်မိသွားသည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ, လူတိုင်းမျှော်လင့်ထားသည့် ချင်ယွင်၏ ဓားမှတဆင့် အေးခဲသွားသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်မလာခဲ့ပေ။ ယင်းအစား၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ချင်ယွင်၏ လက်ဖဝါးအောက်တွင် ချက်ချင်း ကြေမွသွားသည်။

ထို့နောက် လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။ ချင်ယွင်၏ တစ်ကိုယ်လုံးသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ ဖြစ်လာခဲ့ပြီး၊ အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းပင် ရေခဲတောင်ကို ဖြတ်၍ ထိုးဖောက်သွား သည်။ သူ၏ရုပ်အသွင်က ရှရှန်းယု၏ရှေ့မှာ တစ္ဆေသရဲကဲ့သို့ ပေါ်လာပြီး လက်ဖဝါး တစ်ဖက်က ရှရှန်းယုဆီသို့ ရိုက်ချလိုက်သည် ။

ရှရှန်းယု၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ချင်ယွင်၏ အရှိန်ဟုန်က ဤမျှလောက် မြန်ဆန်မည်ဟု သူမ မထင်ခဲ့မိပါဘူး။ သူက အရမ်းကို မြန်ဆန်လွန်းသည့် အတွက်, သူမအနေဖြင့် တုံ့ပြန်ဖို့တောင် အချိန်မရလိုက်ပါဘူး။ ရှရှန်းယုသည် အလောတကြီး သူမ၏ဓားဖြင့် ချက်ချင်း တားဆီးလိုက်သည်။

ချွင်…။

ချင်ယွင်၏ လက်ဖဝါးသည် ဓားမျက်နှာပြင်ပေါ်သို့ ကျရောက်သွားပြီး၊ ထိပ်တန်းအဆင့် အင်မော်တယ်ဓားသည် ချင်ယွင်၏ လက်ဖဝါးကြောင့် ကြေမွသွားခဲ့သည်။ ချင်ယွင်၏ လက်ဖဝါးသည်လည်း အတားအဆီးမရှိဘဲ ရှရှန်းယု၏ မျက်နှာဆီသို့ ရောက်ရှိသွားသည် ။

ရှရှန်းယုသည် သေခြင်းတရားက သူမဆီသို့ အမှန်တကယ် ချဉ်းကပ်လာသည်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။

သူမ ရှုံးနိမ့်သွားပြီကို သူမ သိလိုက်သောကြောင့် သေခြင်းတရားကို စောင့်ဆိုင်းရန် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း ချင်ယွင်၏ လက်ဖဝါးက သူမမျက်နှာရှေ့တွင် ရပ်သွားခဲ့သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ဤပွဲပြိုင်၏ ရလာဒ်ကို အဆုံးအဖြတ် ပေးပြီးပြီဆိုသည်ကို လူတိုင်း သိကြပါသည်။

"မင်း ငါ့ကို ဘာလို့ မသတ်တာလဲ?" ရှရှန်းယုသည် မျက်လုံးများကို ဖွင့်ကာ အံ့ဩစွာ မေးလိုက်သည်။ သူမ၏မျက်လုံးများသည် ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

"ငါက မင်းကို ဘာလို့ သတ်ရမှာလဲ?။ မင်း အရင်က ငါ့ကို အရှက်ခွဲလို့လား?" ချင်ယွင်က သူ၏လက်ဖဝါးကို ဖယ်လိုက်ပြီး ပြုံးလိုက်သည်။

ရှရှန်းယုသည် ချင်ယွင်၏ ပြုံးနေသော မျက်နှာကို ကြည့်လိုက်သည်။ သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူမနှလုံးသားထဲတွင် စိမ်မငြိမ်သက်မူကို ခံစားခဲ့ရသည်။

All Chapters