← Chapters

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း ၉၅၆

Vol. 64 Ch. 956

အခန်း (၉၅၆) လေလျှပ်စီးနည်းလမ်း..။

"ဒါက မင်းအတွက်ပဲ”။ ချင်ယွင်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး မြူနှင်းဓားကို ရှရှန်းယုထံ ပစ်ပေးလိုက်သည် ။

ဤမြူနှင်းဓားသည် ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် ဒုတိယအဆင့်မှာ ရှိသည်။ ဆုဟန်ယုကို သတ်ပြီးနောက်၊ ချင်ယွင်သည် ဤမြူနှင်းဓားကို သဘာဝအတိုင်း သိမ်းထားခဲ့သည်။

မူလက ချင်ယွင်သည် ဤဓားကို အအေးစွမ်းရည် နိယာမကို ကျင့်ကြံထားသော ချန်မင်ရှီ အတွက်သိမ်းထားခဲ့ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း ချန်မင်ရှီ၏ ကျင့်ကြံမှုအခြေခံ သည် အားနည်းလွန်းလှသည်။ သူမသည် အင်မော်တယ်ဘုရင် နယ်ပယ်သို့ပင် မရောက်သေးချေ။ ထို့ကြောင့် သူမအနေဖြင့် ဤမြူနှင်းဓားကို မထိန်းချုပ်နိုင်ပေ။ သူမသည် ဤမြူနှင်းဓားကို အတင်းအကြပ် အသုံးပြုပါက သူမကိုယ်သူမ နာကျင်စေရုံသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ဤမြူနှင်းဓား သူနှင့်အတူ သိမ်းထားရုံသာ တတ်နိုင်ခဲ့သည်။

သူ့ဆီမှာ အလဟဿဖြုန်းတီးသလို ဖြစ်နမည့်အစား, ဤဓားကို ဓားလိုအပ်နေသော ရှရှန်းယုဆီကို ပေးလိုက်ခြင်းက ပိုကောင်းပါသည်. ရှရှန်းယုသည် ယခုအချိန်တွင် သူ၏ အစေခံ ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့်၊ ရှရှန်းယု၏ တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့် ပေးနိုင်ခြင်းက သူ့အတွက်လည်း အကျိုးရှိမည် ဖြစ်သည်။

ရှရှန်းယုသည် အနာဂတ်တွင် သူ့ကို သစ္စာဖောက်ခြင်း မဖောက်ခြင်းနှင့် ပတ်သက်၍မူ၊ ချင်ယွင်က ဤအကြောင်းကို ဂရုမစိုက်ချင်သလို ဂရုစိုက်မည်လည်း မဟုတ်ပေ။ ဤဓားသည် ဖရိုဖရဲကောင်းကင်ရတနာ တစ်ခုသာ ဖြစ်ပြီး သူ ဂရုမစိုက်ပါဘူး။

ရှရှန်းယုသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ချင်ယွင်က သူမအား မြူနှင်းဓားကို အလွယ်တကူ ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် ဒုတိယအဆင့်ရှိ အဖိုးမဖြတ်နိုင်သော ဖရိုဖရဲ ကောင်းကင် ရတနာတစ်ခု ဖြစ်သည်။

သို့သော် အံ့ဩရသည်က ရှရှန်းယုသည် မြူနှင်းဓားကို လက်ခံလိုက်ဆဲ ဖြစ်သည်။

"အစောပိုင်းက မင်းရဲ့ လှုပ်ရှားမှုက ဘာလဲ?။" ရှရှန်းယုက မေးသည်။

ချင်ယွင်၏ လှုပ်ရှားမှုသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းသည် ထိုးဖောက်ခြင်း စွမ်းအား၏ ထိတ်လန့်တုန်လှုပ်စရာကောင်းသော တိုက်ခိုက်မှုဟု ပြောလို့ရပါသည်။ အကယ်၍၊ ချင်ယွင်သာ အစောပိုင်းက ရုတ်တရက် မရပ်တန့်ခဲ့လျှင်၊ သူမသည် ယခုအချိန်တွင် ဤနေရာ၌ ရပ်တည်ရန် အသက်ရှိကောင်းမှ ရှိပါလိမ့်မည်။

သို့သော်လည်း သူမကို ပဟေဠိဖြစ်စေခဲ့သော အချက်မှာ အစောပိုင်းက ချင်ယွင်၏ တိုက်ခိုက်မှုတွင် တော်ဝင်တာအို ဉပဒေသ၏ စွမ်းအင်အတက်အကျ လှိုင်းများသာ ရှင်းရှင်း လင်းလင်း သိသာထင်ရှားစွာ ပါဝင်နေသော်လည်း၊ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ကောင်းကင်တာအို ဉပဒေသနှစ်ခုကို ပေါင်းစပ်ထားသည့် သူမ၏စွမ်းအားထက်ပင် ပိုမို အားကောင်းနေပါသည်။ ထို့အပြင်, ချင်ယွင်သည် မည်သည့် တော်ဝင်တာအို ဉပဒေသကို အသုံးပြုနေသည်ကို သူမ မမြင်နိုင်ခဲ့ပေ။

ရှရှန်းယု၏ စကားကိုကြားတော့ ချင်ယွင်က ပြုံးပြီး ပြန်မဖြေ။ ယင်းအစား, သူက သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါသည်။

ဘန်း…။

ချင်ယွင်၏ လက်ဖဝါးနှစ်ဖက်မှ ပြင်းထန်သည့် တော်ဝင်တာအို ဉပဒေသအတက်အကျ လှိုင်းတစ်ခုစီ ချက်ချင်း ထုတ်လွှတ်လိုက်ပြီး၊ သူ၏လက်ဖဝါးနှစ်ဖက်ပေါ်မှ တော်ဝင်တာအို ဉပဒေသတွေက လုံးဝကို ကွဲပြားသွားပါသည်။

သူ၏ဘယ်ဘက် လက်ဖဝါးထဲတွင် တဝဲလည်လည် လည်ပတ်နေသော မိုးပြာရောင် ရှေးဟောင်းဖရိုဖရဲ စွမ်းအင်အလုံးတစ်ခု ရှိနေပြီး၊ သူ၏ညာဘက် လက်ဖဝါးထဲတွင်သည် အပြာရောင်ဖျော့ဖျော့ လျှပ်စီးစွမ်းအင်အလုံး ရှိနေသည်။

"အဲဒါတွေက လေစွမ်းရည် တော်ဝင်တာအို ဉပဒေသနဲ့ လျှပ်စီးစွမ်းရည် တော်ဝင်တာအို ဉပဒေသတွေ မဟုတ်လား?။" ရှရှန်းယုသည် ချင်ယွင်၏လက်ထဲရှိ ဉပဒေသအလုံး နှစ်လုံး၏ အနှစ်သာရကို တစ်ချက် ကြည့်လိုက်သည်။ "ဒါပေမယ့် ဒါက မင်း အစောပိုင်းက အသုံးပြုခဲ့တဲ့ လက်ဖဝါးနဲ့ မတူပါဘူး"

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ၎င်းစွမ်းအင်အလုံးနှစ်ခုကို တိုက်ရိုက်ပင် တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်လိုက်သည်။ ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ် လာသည်။ တော်ဝင်တာအို ဉပဒေသများ၏ မတူညီသော စွမ်းရည်နှစ်ခုသည် အမှန်တကယ် ပေါင်းစပ်သွားကာ အလွန်ကြောက်စရာကောင်းသော တော်ဝင်တာအို ဉပဒေသ စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည့် အဖြူရောင် စွမ်းအင် အလုံးတစ်လုံးကို ပေါင်းစပ်ဖြစ်ပေါ်လာပါသည်။ ဤစွမ်းအင်အတက်အကျလှိုင်းသည် အစောပိုင်းက ချင်ယွင်၏ လက်ဖဝါးပေါ်မှ ထွက်ပေါ်လာသော စွမ်းအင်အတက်အကျ လှိုင်းနှင့် အတူတူပင် ဖြစ်သည်။

ရှရှန်းယုသည် သူမ၏မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရပါပြီ။ အမျိုးအစား မတူညီသည့် တော်ဝင်တာအို ဉပဒေသနှစ်ခုကို မည်သည့်အချိန်ကတည်းက ပေါင်းစပ်နိုင်ခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပါဘူး။ (မည်သည့်အချိန်ဟု ဆိုရာ၌ ချင်ယွင် ပေါင်းစပ်နိုင်သည့်အချိန်ကို မဆိုလိုပါ။ ဟိုရှေးတုန်းက တခါမှ မကြားဖူးသည်ကို ဆိုလိုပါသည်)။

ယုတ္တိဗေဒအရ ပြောရလျှင်, ဥပဒေသများ၏ စွမ်းအားကို စွမ်းရည်တူညီသော အမျိုးအစား တူခြင်းသာ ပေါင်းစပ်နိုင်ပါသည်။ (လေစွမ်းရည်ဆိုလျှင် သုံးခုရှိသည့်အတွက် ၎င်းတို့သုံးခု ကို အမျိုးအစားတူ စွမ်းရည်ဟု ဆိုနိုင်ပါသည်)။ အကယ်၍၊ တော်ဝင်တာအို ဥပဒေသများ၏ မတူညီသော စွမ်းရည်နှစ်ခုကို အတူတကွ နီးကပ်လိုက်ပါက, ၎င်းတို့သည် အပြန်အလှန် ဆန့်ကျင်ပြီး သီးသန့်တည်ရှိနေမည် ဖြစ်သည်။ ၎င်းတို့ကို အတူတကွ ပေါင်းစပ်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။

တစ်စုံတစ်ယောက်သည် ဤအရာကို ကြာမြင့်စွာကတည်းက ကြိုးစားခဲ့ဖူးပြီး၊ နောက်ဆုံးရလာဒ်ကတော့ အရာအားလုံး ခြွင်းချက်မရှိဘဲ ကျရှုံးခဲ့သည်။ ထို့ကြောင့်၊ အင်မော်တယ်ကမ္ဘာမှ ပညာရှင်များ အားလုံးသည် တော်ဝင်တာအို၏ ဉပဒေသများကို မတူညီသော စွမ်းရည်များဖြင့် အတူတကွ ပေါင်းစည်းရန် မဖြစ်နိုင်ကြောင်း သဘောတူ အသိမှတ်ပြုခဲ့ကြသည်။

ယခုမူ ချင်ယွင်သည် ဤအသိအမှတ်ပြုမှုကို ချိုးဖောက်ခဲ့ပြီး မတူညီသော ဥပဒေသများ၏ စွမ်းရည်နှစ်ရပ်ကို အတူတကွ ပေါင်းစပ်လိုက်သည်။ အကယ်၍၊ သူမမျက်စိဖြင့် ကိုယ်တိုင် ကိုယ်ကျ မမြင်ရဘူးဆိုလျှင်, ဤအရာတွေအားလုံးက အမှန်ဟု သူမ ယုံကြည်မှာ မဟုတ်ပါဘူး။

"မင်း ဘယ်လို လုပ်လိုက်တာလဲ?" ရှရှန်းယုက မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

"ဒါက အရမ်းကို ရိုးရှင်းပါတယ်။ မနေ့ညကမှ စမ်းကြည့်လိုက်လေ။ မတော်တဆ အောင်မြင်သွားလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူး။ နောက်ပြီး ပေါင်းစပ်မှုအပြီးမှာ ဉပဒေသရဲ့ စွမ်းအားက အားမနည်းဘူးလို့ မြင်တဲ့အတွက် ငါ ဒါကို လေလျှပ်စီးတော်ဝင် တာအိုလို့တောင် နာမည်ပေးထားတယ်” ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။ ဤမျှလောက် ဖြင့် (ဟုတ်ပါသည်။ ဤအရာက မနေ့ညက အနေထားဖြစ်ပါသည်။ ယခုဆိုလျှင် ချင်ယွင်သည် ရှရှန်းယုကို အနိုင်ယူနိုင်မည်ဟု တစ်ရာရာခိုင်နှုန်း ယုံကြည်နေပါသည်။) ဟူသော စာကြောင်းကို ချိတ်ဆက်မိပြီး နားလည်သွားလောက်ပြီ ထင်ပါသည်)။

ရှရှန်းယုသည် ချင်ယွင်၏စကားကို ကြားပြီးနောက် ပြောစရာစကား မဲ့သွားခဲ့ရသည်။ သူမသည် အရာရာတိုင်းကို အမြဲတမ်း ဂရုမစိုက်ဘဲ နေခဲ့သော်လည်း၊ ချင်ယွင်ကိုတော့ အနိုင်မယူချင်ဘဲ မနေနိုင်ခဲ့ပါချေ။

ဘာကိုဆိုလိုတာလဲ?။ မင်း တကယ်ပဲ အောင်မြင်ခဲ့တာလား?။

ရှေးခေတ်မှစ၍ ယနေ့ခေတ်အထိ အင်မော်တယ်ကမ္ဘာတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူပေါင်းများစွာ ရှိခဲ့ပါသည်။ သူတို့ထဲတွင် ထက်မြက်သည့် ပါရမီရှင်တွေ အမြောက်အများ ရှိခဲ့ကြသည်။ ၎င်းတို့သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ကြသော်လည်း မည်သူမျှ ထိုသို့အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပါ။ ချင်ယွင်သည် အသေးမွှားအလုပ်တစ်ခုလား သိပ်မကြာခင်မှက ကြိုးစားကြည့်ပြီး အောင်မြင်ခဲ့သည်ဟု အမှန်တကယ် ပြောနေခဲ့သည်။ အကယ်၍၊ ဤအကြောင်းအရာကို ထိုစီနီယာတွေသာ သိသွားကြမည်ဆိုလျှင်, သူတို့သည် ဒေါသအထွက်လွန်ပြီး သွေးအန်ကြလိမ့်မည်။

ရှရှန်းယု၏ စိတ်ဓာတ်ကျနေသော အမူအရာကိုကြည့်ရင်း၊ ချင်ယွင်သည် သူ၏စိတ်ထဲတွင် မထိန်းနိုင်ဘဲ ရယ်မောနေမိပါသည်။

အမှန်တကယ်ဆို၊ မတူကွဲပြားသည့် စွမ်းရည်များရှိနေသော တော်ဝင်တာအို ဉပဒေသတွေ ကို ရောနှော၍ မရဘူးဟု မူလက သူ ထင်ထားခဲ့သော်လည်း၊ မနေ့က သူ၏ကြိုးစားမှုက တကယ်ကြီး အောင်မြင်သွားလိမ့်မည်ဟု သူကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပါဘူး။ ဤအရာက သူ့ကို အရမ်းကို အံ့သြသွားစေခဲ့သည်။ နောက်ပိုင်းတွင် ချင်ယွင်သည် ၎င်းကို သေသေချာချာ စဉ်းစားခဲ့သည်။ အဆုံးတွင် သူ ဖွင့်လှစ်ခဲ့သော ကနဦးစကြာဝဠာကိုသာ အကြောင်းပြချက်အဖြစ် ရည်ညွှန်းနိုင်တော့သည်။

စကြဝဠာကြီးတစ်ခု၏ လျှို့ဝှက်ဆန်းကြယ်မှုများသည် အလွန်မင်း လျှို့ဝှက်ဆန်းကြယ် နေပါသည်။ အထူးသဖြင့် စကြဝဠာတစ်ခု၏ ဉပဒေသများနှင့် ပတ်သက်၍မူ အချို့အရာများသည် နားလည်ရန် ခက်ခဲနေပြီဖြစ်သည်။ ဤအရာအားလုံးကို စေ့စေ့စပ်စပ် နားလည်လိုပါက သူ၏စကြဝဠာကြီးကို ပြီးပြည့်စုံသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။

"နောက် မင်း ဘယ်ကို သွားမှာလဲ?" ရှရှန်းယုက ထပ်မေးသည်။

ထိုစကားကို ကြားတော့ ချင်ယွင်လည်း တိတ်ဆိတ်သွားခဲ့သည်။

အမှန်တကယ်ဆို, ချင်ယွင်သည် ဤပြဿနာကို လွန်ခဲ့သော သုံးရက်လောက်ကတည်းက စဉ်းစားနေခဲ့သည်။ အဓိကအားဖြင့် ဤတစ်ကြိမ်တွင် သူသည် သူ့မိခင်၏နေရာကို ရှာဖွေရန်အတွက် တော်ဝင်ချင် အင်မော်တယ် မင်းဆက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကလဲ့စားချေရန်အတွက်မူ, သူ၏လက်ရှိအင်အားဖြင့်၊ အနည်းငယ် ခက်ခဲနေပုံရသည်။

ချီဟန်ရှန်းသည် ကောင်းကင်ရေနန်းတော်ရှိ သာမန် အင်မော်တယ် ဧကရာဇ်တစ်ဦးမျှသာ ဖြစ်ပါသည်။ ကောင်းကင်ရေနန်းတော်တွင် သူကဲ့သို့ အင်မော်တယ် ဧကရာဇ်များ အများအပြား မရှိသော်လည်း လက်တစ်ဖက်ဖြင့် ရေတွက်၍မရအောင် ရှိနေပါသည်။ သူ့မှာ သေချာသည့် စွမ်းအားကို မပိုင်ဆိုင်နိုင်သေးခင်, ကောင်းကင်ရေနန်းတော်အား ထိပ်တိုက် ရင်ဆိုင်ရန် မသင့်လျော်သေးပေ။

"ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို သွားပါ။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ တစ်စုံတစ်ခု ဖြစ်ပွားနေတယ်။ ထိုအချိန်တွင် ရှဖန်း၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ထိုအချိန်တွင် ရှဖန်းက သူ့ထံသို့ အသံဖြင့် သတင်းစကား ပို့ဆောင်ပေးလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ရှဖန်းသည် အင်မော်တယ်ဘုရင် စံအိမ်ကြီး၏ ပစ္စည်းဝိညာဉ် ဖြစ်ခဲ့သော်လည်း, သူသည် တစ်ချိန်တုန်းက နှင်းအမျိုးသမီးကို ချစ်မြတ်နိုးခဲ့သူတစ်ဦး ဖြစ်သဖြင့် နှင်းအမျိုးသမီး ထွက်ခွာသွားပြီးနောက်မှာပင် အဆက်အသွယ် မပြတ်ခဲ့ပေ။ ထို့ကြောင့်, သူသည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှာ ဘေးအန္တရာယ်ကျရောက်နေသည့် သတင်းကို အမြန်ဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

" ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ ဘာဖြစ်နေလို့လဲ?" ချင်ယွင်က အလောတကြီး အသံဖြင့်ပို့ကာ မေးလိုက်သည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ နှစ်ယောက်စလုံးသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသို့ ရောက်ရှိနေကြသည်။ ထို့ကြောင့် သူသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှာ တစ်ခုခု ဖြစ်နေသည်ကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် စိုးရိမ်လာခဲ့သည်။

"ကောင်းကင်ရေနန်းတော်က ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို တိုက်ခိုက်နေတယ်။ အခုတော့ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံး ပြိုလဲကျသွားပြီ။" ရှဖန်းက စိုးရိမ်ခြင်းကြီးစွာဖြင့် စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သည်။ သူသည်လည်း နှင်းအမျိုးသမီး၏ လုံခြုံရေးကို အလွန်စိုးရိမ်နေပုံရသည်။

"ကောင်းကင်ရေ နန်းတော်၊ ကြည့်ရတာ ကောင်းကင်ရေ နန်းတော်က ငါ့ကို အပြင်ထွက် လာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေသလိုပဲ။ ဟမ့်၊ ကောင်းကင်ရေ နန်းတော်၊ တကယ်ဆို, မင်းတို့အနေနဲ့ ငါ့ဆီကို တည့်တည့်လာရှာတာ ပိုကောင်းလိမ့်မယ်။ အခု အဲဒီလို မဟုတ်ဘဲ၊ ငါ့ပတ်ဝန်းကျင်က လူတွေကို အခုလိုပုံစံမျိုးနဲ့ ဒုက္ခပေးလာမှတော့ ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်၏ မျက်လုံးတွေက အေးစက်သည့် အရိပ်ယောင်တစ်ချက် လင်းလက်သွားခဲ့သည်။

"ယွန်ကျိုးကို သွားရအောင်။ " ချင်ယွင်က ရှရှန်းယုကို တိုက်ရိုက် ပြောလိုက်သည်။

"ယွန်ကျိုးလား..?" ရှရှန်းယုသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမက ခေါင်းညိတ်လိုက်ဆဲပင်။

ချင်ယွင်သည် အဘယ်ကြောင့် ယွန်ကျိုးကို သွားရသည်ကို သူမ နားမလည်သော်လည်း ယခုအချိန်တွင် သူမသည် ချင်ယွင်၏ အစေခံဖြစ်နေခဲ့သည်။ သဘာဝအတိုင်း, သူမသည် ချင်ယွင် ပြောသည့်နေရာကို သူ့နောက်မှ လိုက်ပါရလိမ့်မည်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှုအရိပ်အယောင်များဖြင့် ဝင်းလက် တောက်ပသွား သည်။ နှင်းအမျိုးသမီး ထွက်ခွာသွားသောအခါ, ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတွင် သူ၏အသိအကျွမ်းတစ်ယောက် ရှိနေခဲ့သည်ဟု သူမ ပြောခဲ့ဖူးပြီး၊ ဤအသိမိတ်ဆွေက ဟိုတချိန်တုန်းက ထိုအဖြစ်အပျက်များ၏ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို

သူ့အား ပြောပြမည်ဟု ပြောခဲ့သည်ကို သူ သတိရလိုက်မိသည်။

မူလတုန်းကတော့ သူသည် သူ့အမေရှိနေသည့် နေရာကို သိရှိပြီးနောက်မှ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို သွားရောက်ရန် စီစဉ်ထားခဲ့သော်လည်း၊ ယခုအချိန်မှာတော့ သူသည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို အရင်သွားရတော့မည်ဟု ထင်ရပါသည်။

All Chapters