← Chapters

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း ၉၅၇

Vol. 64 Ch. 957

အခန်း (၉၅၇) ရှောင်ဘိုင်နှင့် ရှောင်ကျင်း

ကြီးမားလှသော ဘာရန်တောင်တန်း သစ်တောကြီးသည် ယွန်ကျိုးရှိ အကြီးဆုံး တောင်တန်းသစ်တောကြီးတစ်ခု ဖြစ်သည်။ ဤတောင်တန်း သစ်တောကြီးသည် ကီလိုမီတာ ဘီလီယံနှင့်ချီ၍ လွှမ်းခြုံထားပြီး အသီးအရွက်များဖြင့် ရှင်သန်ကြီးထွားနေ သည်။ ဤနေရာသည် အမှန်တကယ်ပင် သစ်ပင်များ၏ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်နေခဲ့ သည်။

ဤအခိုက်အတန့်တွင် တောင်တန်းတောအုပ်ထက် ကောင်းကင်ယံ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။ လူငယ် နှစ်ဦးကို လူလေးဦးက ဝိုင်းရံထားသည်။

ဤလူငယ်နှစ်ဦး၏ ကျင့်ကြံမူအဆင့်က အားနည်းခြင်း မရှိပေ။ သူတို့သည် တော်ဝင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ သူတို့သည် အင်မော်တယ် ဧကရာဇ် နယ်ပယ်ကို ဖြတ်ကျော်ရန် သိပ်မဝေးတော့ပါဘူး။

သူတို့နှစ်ယောက်သည် အင်မော်တယ်ကမ္ဘာအထိ ချင်ယွင်၏ နောက်သို့ လိုက်လာခဲ့သော ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့မှ လွဲ၍ အခြားလူများ မဟုတ်ကြပေ။ သူတို့သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေမှ ထွက်ပြေးလွတ်မြောက်ခဲ့ကြပြီး၊ သူတို့ပတ်ဝန်းကျင်ရှိ လူများကတော့ ၎င်းတို့ကို လိုက်လံတိုက်ခိုက်ခဲ့သော ကောင်းကင်ရေနန်းတော်မှ လူများ ဖြစ်ကြပါသည်။

ဤလူလေး‌ယောက်၏ ကျင့်ကြခြင်းအဆင့်များသည်လည်း အားမနည်းကြပေ။ သူတို့သည် လည်း တော်ဝင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြသည့် အင်မော်တယ်ဘုရင်များ ဖြစ်ကြပါသည်။ ထို့အပြင် ၎င်းတို့လေးဦးသည် တိုက်ခိုက်ရေး အစီအရင်ဝင်္ကပါအဖြစ် ဖွဲ့စည်းကာ အချင်းချင်း နီးကပ်စွာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ ယင်းက သူတို့အတွက် ခေါင်းကိုက်စရာ ဖြစ်နေပါသေးသည်။

ဟုတ်ပါသည်၊ ဤတော်ဝင်တာအို နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် အင်မော်တယ်ဘုရင် လေးယောက်သည် သူတို့ အမှန်တကယ် ကြောက်ရွှံ့ရသည့် အကြောင်းရင်း အစစ်အမှန် မဟုတ်ပါဘူး။

သူတို့နှင့် မလှမ်းမကမ်းတွင် အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်ပိုက်ကာ ကစားပွဲကို ကြည့်နေပါ သည်။ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မှုတွေ ပြည့်နှက်နေခဲ့ပြီး၊ သူသည် လုံးဝ မလှုပ်မရှားခဲ့ပေ။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားရစေသည်။

အမှန်တကယ်ဆို ထိုအင်မော်တယ်ဘုရင် လေးယောက်၏ တိုက်ပွဲစွမ်းရည်က သာမန် မဟုတ်သလို သူတို့၏ တိုက်ခိုက်ရေးအစီအရင်ဝင်္ကပါက အရမ်းကို အစွမ်းထက်သော် လည်း, နတ်ဘုရားသားရဲမျိုးဆက်များမှ ဆင်းသက်လာခဲ့သော ရှောင်ဘိုင်နှင့် ရှောင်ကျင်း တိုကို ထောင်ချောက်ဆင်ရန်အတွက် မလုံလောက်သေးပါဘူး။ သူတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို အသုံးပြုနေသရွေ့၊ သူတို့သည် ဤအင်မော်တယ် ဘုရင်လေးပါး ကို ချက်ချင်း သတ်ပစ်နိုင်သော်လည်း၊ သူတို့သည် ထိုကဲ့သို့ မလုပ်ဝံ့ကြပေ။

အကြောင်းပြချက်က အရမ်းကို ရိုးရှင်းပါသည်။ အတိအကျပြောရလျှင်, လက်ပိုက်ရပ်နေ သော အသက်လတ်ပိုင်းအရွယ် လူကြောင့်ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်သည် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ပြီး၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးလည်း ဖြစ်ပါသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ၎င်းတို့၏ မွေးရာပါ နတ်ဘုရား စွမ်းရည်များကို အသုံးပြုလိုက်သည်နှင့်၊ သူတို့ကို စောင့်မျှော်နေသည့်အရာက သေခြင်းတရားသာ ဖြစ်ပါလိမ့်မည်။ ထိုအချိန်ရောက်လျှင်, သူတို့သည် ထိုအင်မော်တယ် ဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ရန် အင်အားမရှိတော့ပေ။ အကယ်၍၊ သူတို့သာ သူတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို ထိန်းသိမ်းထားမည်ဆိုပါက၊ သူတို့အနေဖြင့် ရှင်သန် လွတ်မြောက်ရန် အခွင့်အလမ်း ရှိနေပါသေးသည်။

“ဘုန်း…”။

ရှောင်ကျင်းက သူ၏လက်ထဲမှ မဟူရာသတ္တုတုတ်ကို ဝှေ့ယမ်းလိုက်သည်။ ထိုတိုက်ခိုက်မှုသည် တောင်ကြီးတစ်ခုကဲ့သို့ လေးလံပြီး တိုက်ခိုက်နေကြသော အင်မော်တယ် ဘုရင်များထဲမှ တစ်ဦးကို ချက်ချင်းပင် နောက်ပြန် ဆုတ်သွားစေခဲ့သည်။ ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ နောက်ထပ် အင်မော်တယ်ဘုရင် တစ်ယောက်၏ တိုက်ခိုက်မှုကို ထပ်မံ ရင်ဆိုင်လိုက်သည်။

ရှောင်ဘိုင်၏ဘက်မှာဆို, ပို၍ပင် တိုက်ရိုက်ဆန်ပါသေးသည်။ သူသည် သူ၏လက်ထဲတွင် အေးစက်နေသော ဓားမြှောင်နှစ်ချောင်းကို ကိုင်ထားပြီး ပြင်းထန်သော အအေးဓာတ်က ၎င်းတို့အပေါ်မှာ ပျံ့နှံ့နေကာ အခြားအင်မော်တယ် ဘုရင်နှစ်ယောက်၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခံယူလိုက်သည်။

"တတိယအစ်ကို, ဒီအတိုင်း ဆက်သွားနေလို့ မရတော့ဘူး။ ဟိုအယုတ်မာကောင် အင်မော်တယ် ဧကရာဇ်က ဘယ်တော့မှ မလှုပ်ရှားလုပ်ခဲ့ဘူး။ သေချာတယ်၊ သူက ငါတို့ကို မျောက်တွေလို ကစားခိုင်းနေတာ။" ရှောင်ကျင်းသည် တိုက်ခိုက်နေစဉ် ရှောင်ဘိုင်ထံသို့ အသံပို့လွတ်လိုက်သည်။

"ငါတို့က ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး။ ငါတို့ လွတ်မြောက်ဖို့ နည်းလမ်းကို စဉ်းစားရမယ်။" ရှောင်ဘိုင်က အသံဖြင့် တုံ့ပြန်လိုက်သည်။

"ဒါပေမယ့် အဲဒီအယုတ်တမာကောင် အင်မော်တယ် ဧကရာဇ်က စောင့်ကြည့်နေတယ်။ ငါတို့ ဘယ်လို ထွက်ပြေးကြမလဲ။" ရှောင်ကျင်းက အသံဖြင့်ပို့လွတ်ကာ ဆက်မေးသည်။

ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ မျက်လုံးအောက်မှ ထွက်ပြေားလွတ်မြောက်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

တခဏ တိတ်ဆိတ်သွားပြီးနောက် ရှောင်ဘိုင်ထံမှ အသံတစ်ခု ပေးပို့လိုက်သည် "ခဏကြာရင်, ငါက ဒီအင်မော်တယ် ဘုရင်လေးယောက်စလုံးကို ဝါးမြိုဖို့အတွက် ကောင်းကင်နဲ့မြေကြီး ဝါးမျိုခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုမယ်။ မင်းက ထွက်ပြေး လွတ်မြောက်ဖို့အတွက် ဒီအခွင့်အရေးကို အသုံးချနိုင်တယ်။ ဒီအင်မော်တယ် ဧကရာဇ်ကို တော့၊ ငါ သူ့ကို တားထားပြီး မင်းကို ကူညီပေးမယ်”။

"မဟုတ်ဘူး၊ ငါ မင်းကို တစ်ယောက်တည်း သေချာပေါက် မထားခဲ့နိုင်ဘူး။ ငါတို့အားလုံး အတူတူ သေကြမယ်" ရှောင်ကျင်းက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

"စတုတ္ထညီ၊ သိပ်ပြီး စိတ်မဆိုးပါနဲ့။ တစ်ယောက်ကတော့ လွတ်မြောက်နိုင်ရမယ်။ တကယ်လို့၊ ငါတို့သာ ဒီလိုမလုပ်ဘူးဆိုရင်၊ ငါတို့နှစ်ယောက်စလုံး ဒီနေမှာ ကိုယ့်ကိုယ်ကို ရှင်းလင်းချက် ပေးရလိမ့်မယ်။ ငါက မင်းထက် အသက်ကြီးတယ်။ မင်း ငါ့စကားကို နားထောင်ရမယ်။" ရှောင်ဘိုင်က အသံဖြင့် အခိုင်အမာ ပြောလိုက်သည်။

"ဟမ့်၊ မင်း ဒီကိစ္စကို ဘာမှ မပြောနဲ့တော့။ အကိုကြီးဆိုလည်း မင်းကို ဒီလို လုပ်ခွင့် သေချာပေါက် ပေးမှာမဟုတ်ဘူး။ ငါပြောခဲ့သလိုပဲ၊ ငါတို့ အတူတူ ထွက်သွားရမယ်။ မဟုတ်ရင် ငါတို့ ဒီနေရာမှာ အတူတူ သေကြရမယ်" ရှောင်ကျင်းက တင်းမာစွာ ပြောလိုက်ပြီး သူ၏ လေသံက သံသယဖြစ်စရာ မရှိပေ။

"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့နှစ်ယောက် ဒီနေ့ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့" ရှောင်ဘိုင်က အသံတစ်ခု ပေးပို့ပြီးသည်နှင့် ပြင်းထန်သော အေးစက်မှုတစ်ခုက သူ၏မျက်လုံးများမှ ထွက်ပေါ်လာသည်။

"သေတဲ့အထိ တိုက်ခိုက်ကြစို့” ရှောင်ကျင်း၏ နှလုံးသားသည်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ဘန်း….။

ထိုအချိန်တွင်၊ ရှောင်ဘိုင်၏ ရုပ်အသွင်သည် ပေတစ်ထောင်ရှည်လျားသော စပါးအုံး မြွေကြီး အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

အင်မော်တယ် ဘုရင်လေးယောက် မတုံ့ပြန်နိုင်ခင်မှာ ရှောင်ဘိုင်က ၎င်းတို့ကို မျိုချသွား ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ကျင်း၏ ခန္ဓာကိုယ်သည် ကြီးမားသော အဖြူရောင် မျောက်ဝံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ပြပွဲကို အဝေးမှ ကြည့်နေသော အင်မော်တယ် ဧကရာဇ်ဆီသို့ ပျံသန်းသွားရင်း သူ၏ရွှေမျက်လုံးများမှ တောက်ပသော ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ဆွေးနွေးခဲ့သည့် နောက်ဆုံး နည်းလမ်း ဖြစ်သည်။ ရှောင်ဘိုင်သည် အင်မော်တယ် ဘုရင်လေးယောက်ကို တိုက်ခိုက်ရန်အတွက် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့ပြီး၊ ရှောင်ကျင်းကတော့ အင်မော်တယ် ဧကရာဇ်ကို တိုက်ခိုက်ရန် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့သည်။

အရာအားလုံးက တခဏအတွင်း ပြီးဆုးသွားမှာဖြစ်ပြီး၊ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုက ဤတိုက်ခိုက်မူအပေါ်မှာ မူတည်နေပါသည်.

ရွှေရောင်အလင်းတန်းသည် လင်းလက်တောက်ပပြီး လေဟာနယ်ကို ဖြတ်သန်းကာ၊ အင်မော်တယ် ဧကရာဇ်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ ၎င်းသည် အင်မော်တယ် ဧကရာဇ်၏ မျက်ခုံးကြားသို့ ရောက်ရှိလာခဲ့ပြီး၊ အလွန်မင်း ကြောက်စရာကောင်းသည့် သတ္တုစွမ်းရည် ထိုးဖောက်ခြင်းဆိုင်ရာ ဥပဒေသများ ပါရှိနေသည်။ ကြောက်မက်ဖွယ် ကောင်းသော ထိုးဖောက်ခြင်း အငွေအသက်သည် အရာအားလုံးကို ထိုးဖောက် ဝင်ရောက်နိုင်ပါသည်။

ဝမ်မြောင်သည် ရွှေရောင်အလင်းတန်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် အနည်းငယ်မျှ အံ့သြသွားခြင်း မရှိခဲ့ဘဲ၊ သူ၏ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုပင် ပေါ်လာပါသည်။

သူ ဤနေရာကို မလာခင်ကတည်းက ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အချက်အလက် အားလုံးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ သူ၏ရှေ့မှ ဤနတ်ဆိုးသားရဲ နှစ်ကောင်သည် မွေးရာပါ နတ်ဘုရားစွမ်းရည်တွေ ရှိနေသည်ကို သူ သိထားသည့်အတွက် သူတို့ကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်လာခဲသည်။

ချွင်…။

မျှော်လင့်ထားသည့်အတိုင်း၊ ရွှေရောင်အလင်းတန်းနှစ်ခုသည် ဝမ်မြောင်၏ နဖူးကို ထိုးဖောက်ဝင်ရောက်ခါနီးအချိန်တွင် ဝမ်မြောင်၏လက်ထဲတွင် ရွှေရောင်ဒိုင်းတစ်ခု ပေါ်လာသည်။ ရွှေရောင်အလင်းတန်းနှစ်ခုသည် ရွှေရောင်ဒိုင်းနှင့် အပြင်းအထန် တိုက်မိပြီး သံမဏိကောင်း အချင်းချင်းထိခိုက်မိသည့် သံစဉ်များ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် စွမ်းအားသည် ဝမ်မြောင်ကို ခြေလှမ်းဆယ်နှင့်ချီ၍ နောက်ဆုတ်သွားစေသည်။

"ဘာလဲ?" ရှောင်ကျင်း၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်လာသည်။ သူ၏ရှေ့မှ အင်မော်တယ် ဧကရာဇ်သည် ထိုကဲ့သို့ အကာအကွယ် ရတနာတစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ချာတိတ်လေး၊ မင်းတို့ရဲ့လှုပ်ရှားမူတွေကို ငါ သတိထားနေခဲ့တာ ကြာလှပြီ။ မင်း ဘယ်လိုထင်လဲ?။ ငါ့လက်ထဲက ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်မှာ အဆင့်ကိုး အဆင့်ရှိတဲ့ ရွှေရောင်ဒြပ်စင်ဒိုင်းတစ်ခု ရှိနေမယ်လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား?။ ဒီရွှေရောင်ဒြပ်စင်ဒိုင်းကို ချိုးဖျက်နိုင်တဲ့လူ ဒီကမ္ဘာကြီးမှာ မပေါ်သေးဘူး။ မင်းရဲ့မွေးရာပါ နတ်ဘုရားစွမ်းရည်တွေက ငါ့ကို လုံးဝ မထိုးဖောက်နိုင်တော့ဘူး။” ဝမ်မြောင်က ရယ်မောလိုက်သည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်း နှစ်ဦးစလုံးသည် လူသားအသွင်သဏ္ဍာန်သို့ ပြန်လည် ရောက်ရှိ နေကြပြီး၊ သူတို့၏အမူအရာများက အလွန်မင်း လေးနက်လွန်းနေသည်။

မူလကတည်းက သူတို့၏ အစီအစဉ်သည် မအောင်မြင်နိုင်ဘူးဟု ဆိုနိုင်သည်။ ရှောင်ကျင်း ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်သည် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်ကို မသတ်နိုင်သော်လည်း, တစ်ဖက်လူကို ပြင်းထန်စွာ ဒဏ်ရာရ စေရန် လုံလောက်ပါသေးသည်။ သို့သော်၊ တဖက်လူက သူ၏လက်ထဲတွင် ခုခံကာကွယ်နိုင်သော ဖရိုဖရဲ ကောင်းကင်ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟား…၊ ဟား…၊ မင်းတို့နှစ်ယောက်ကို အခုအချိန်အထိ အသက်ရှင်ခွင့် ပေးထားတာက မင်းအတွက် ကုသိုလ်ကောင်းမှုတစ်ခုလို့ မှတ်ယူလို့ရပါပြီ။ အခု မင်းတို့ကို မင်းတို့ သွားရမယ့်လမ်းအတိုင်း လိုက်ပို့ပေးရမယ့် အချိန်ပဲ" ဝမ်မြောင်က ရယ်မောလိုက်ပြီး၊ သူသည် လေထဲတွင် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ ရှောင်ကျင်း ရှေ့မှာ တိုက်ရိုက်ပေါ်လာသည်။

“ဘုန်း….။”

ဝမ်မြောင်သည် ပြင်းထန်သော မီးစွမ်းရည် ကောင်းကင်တာအို စွမ်းအားများ ပါဝင်နေသော သူ၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်ပြီး၊ ရှောင်ကျင်းသည် ချက်ချင်းပင် လွင့်ပျံသွားခဲ့သည်။

“ဘုန်း…”။

ရှောင်ကျင်း၏ ရုပ်အသွင်သည် ဧရာမကျောက်တုံးကြီးတစ်ခုကဲ့သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားပြီး သစ်တောဧရိယာကြီးသည် တစ်ရှိန်ထိုး ပျက်ဆီးသွားခဲ့သည်။ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။

"ရှောင်ကျင်း!" ရှောင်ဘိုင်သည် ထိတ်လန့်တကြား ချက်ခြင်း အော်ဟစ်လိုက်သည်။ ဖုန်မှုန့်များ ထူထပ်နေသည့် ကောင်းကင်ကြီးပေါ်မှ ငုံ့ကြည့်ရင်း သူ၏မျက်လုံးတွေက စိုးရိမ်မှုတွေ ပြည့်နှက်နေသည်။

"စိတ်မပူပါနဲ့၊ သူက ကောင်းကင်တာအို စွမ်းအားတွေ ပါဝင်နေတဲ့ ငါ့လက်ဖဝါးရိုက်ချက် ထိမှန်သွားခဲ့တယ်။ သူ့အတွက် အသက်ရှင်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်၊ စိတ်မပူပါနဲ့၊ ငါက မင်းကိုလည်း သူ့နောက်ကို လိုက်ပို့ပေးမယ်" ဝမ်မြောင်သည် ရှောင်ဘိုင်ကို ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်သည်။

ရှောင်ဘိုင်သည် ဝမ်မြောင်၏ စကားကို ကြားသောအခါ သူ၏မျက်လုံးများက လုံးဝ အုံ့မှိုင်းသွားခဲ့သည်။

All Chapters