← Chapters

အခန်း ၉၅၈

Vol. 64 Ch. 958

အခန်း ၉၅၈

Vol. 64 Ch. 958

အခန်း (၉၅၈) ရှောင်ဘိုင်၏သတ်ဖြတ်လိုသည့်ဆန္ဒ။

"အို၊ မင်းက ငါ့ကို ဒီလို ကြည့်ရဲသေးတယ်ပေါ့။ ငါ့မျက်လုံးထဲမှာတော့ မင်းက အားနည်းတဲ့ တွားသွား သတ္တဝါတစ်ကောင်ပါပဲ။ ငါ မင်းတို့ကို ငါ့စိတ်ဆန္ဒရှိသလို သတ်ပစ်နိုင်တယ်။ မင်းရဲ့ ညီငယ်မျောက်လေးတင် မကဘူး၊ မင်းကိုပါ မြွေစွပ်ပြုတ်လုပ်သောက်ဖို့ ငါ ပြန်ရင် ယူသွားရလိမ့်မယ်" ဝမ်မြောင်က လှောင်ပြောင်ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

နတ်ဘုရာသားရဲ သွေးမျိုးဆက်ပါသည့် နတ်ဆိုးသားရဲများသည် ၎င်းတို့၏သွေးသားတို့ကို စားသုံးပြီးနောက် သူ၏ကျင့်ကြံမူအခြေခံကို တိုးတက်စေသည်ဟု ဆိုနိုင်ပါသည်။ ယခု ဤအဖော်နှစ်ကောင်သည် ရှားပါးသော နတ်ဘုရားသားရဲများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဤအရာက ဝမ်မြောင်၏ မျက်လုံးတွေကို ချက်ချင်း အလိုလောဘ ကြီးထွားလာ စေသည်. အထူးသဖြင့် သူ၏ရှေ့မှ အဖြူရောင် စပါးအုံးမြွေဖြူက သူ၏နှလုံးကို အဆုံးမရှိ ခုန်စေသည်။

ရှောင်ဘိုင်၏ မျက်လုံးများသည် ဤအခိုက်အတန့်တွင် အလွန်မင်း မှုန်မှိုင်းနေခဲ့သည်။ ရှောင်ကျင်းသည် သေမျိုးကမ္ဘာမှ သူနှင့်အတူ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့သည် ရှင်ခြင်းနှင့်သေခြင်း တိုက်ပွဲများစွာကို အတူတကွ ရင်ဆိုင် ကြုံတွေေ့ခဲ့ရသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ညီရင်းအစ်ကိုပမာ ဖြစ်နေခဲ့သည် မှာ ကြာလှပါပြီ။

သို့သော်၊ သူ၏ရှေ့မှ ဤလူသားသည် ရှောင်ကျင်းကို အမှန်တကယ် သတ်ပစ်လိုက်သည်။ ယင်းက သူ၏နှလုံးသားထဲတွင် အဆုံးမဲ့ဒေါသများဖြင့် ပြည့်နှက်စေသည်။

"အစ်ကိုကြီးရေ၊ ရှောင်ဘိုင် အစ်ကိုကြီးအတွက် မတိုက်ခိုက်ပေးနိုင်တော့ဘူး။ ရှောင်ကျင်း က အသတ်ခံလိုက်ရပြီ။ ဒီအတွက် ငါ လက်စားချေပေးရမယ်။" ရှောင်ဘိုင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏မျက်လုံးတွေက အလွန်မင်း အေးစက်မှုတွေ ပြည့်နေခဲ့သည်။ (ဤနေရာ၌ အစ်ကိုကြီးဟူသည် ချင်ယွင်ကို ရည်ညွှန်းပါသည်)။

သူ၏ခန္ဓာကိုယ်ထဲမှ သွေးတွေက ပွက်ပွက်ဆူလာပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်တွေက ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲသို့ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

အကယ်၍၊ ရှောင်ကျင်းသာ ဤမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ရှောင်ဘိုင် လုပ်ဆောင်နေ သည့်အရာကို သူ သေချာပေါက် မှတ်မိပါလိမ့်မည်။

နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်ကို လောင်ကျွမ်းစေပြီး ၎င်း၏ အနာဂတ် အလားအလာ အားလုံးကို တစ်ပြိုင်နက်တည်း ပေါက်ကွဲစေခြင်းသည် နတ်ဘုရားသားရဲများ အားလုံး အသုံးပြုနိုင်မည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပါသည်။ သို့သော် ဤလှုပ်ရှားမှုကို အသုံးပြုပြီး သည်နှင့် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်အားလုံး ဆုံးရှုံးသွားရုံ သာမက၊ ဤနည်းလမ်းကို အသုံးပြုသည့် နတ်ဆိုးသားရဲသည်လည်း ၎င်းတို့၏သွေးမျိုးဆက် စွမ်းအားများ ကုန်ဆုံးသွားသောကြောင့် သေဆုံးသွားမည် ဖြစ်သည်။

"မင်းက အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်တော့ ဘာဖြစ်လဲ?။ မင်းက ဒီနေ့ ရှောင်ကျင်း ကို သတ်လိုက်မှတော့ မင်းလည်း သေရမယ်။" ရှောင်ဘိုင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တိုးမြင့်လာကာ သ်၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များလည်း မြင့်တက်လာခဲ့သည်။

ဝမ်မြောင်သည် ထိုစကားကိုကြားသောအခါတွင်၊ သူသည် ပထမတော့ အထင်အမြင် သေးခြင်းလှိုင်းလုံးကို ခံစားလိုက်ရသော်လည်း၊ ရှောင်ဘိုင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များ တဟုန်ထိုး တိုးမြင့်လာနေသည်ကို ခံစားလိုက်ရသောအခါ၊ သူ၏စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟမ့်၊ မင်းမှာ ဘယ်လို လှည့်ကွက်မျိုးတွေဘဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ အကြွင်းမဲ့ ခွန်အားရဲ့ ရှေ့မှာ အရာအားလုံးက အသုံးမဝင်ပါဘူး" ဝမ်မြောင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ကြောက်စရာကောင်းအောင် နီမြန်းသော မီးတောက်မီးလျှံက သူ၏ လက်ပေါ်သို့ ချက်ချင်း ပျံ့နှံ့သွားသည်။

ဘန်း…။

ဝမ်မြောင်က ချက်ချင်း တိုက်ခိုက်ပြီး ရှောင်ဘိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်ပါသည်။ သူ၏ လက်ဖဝါးပေါ်ရှိ မီးတောက်စွမ်းအင်သည် ရှောင်ဘိုင်ကို ဝါးမြိုချင်နေသည့် ကြောက်စရာကောင်းသော မီးပင်လယ်ကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပါသည်။

အဖြူလေး၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေသည်။ အေးစက်နေသော ဓားမြှောင်နှစ်ချောင်းက သူ၏လက်ထဲတွင် တစ်ဖန် ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အအေးဓာတ်က ၎င်းတို့အပေါ်သို့ ပျံ့နှံ့လာသည်။

ဝှီး…..။

ရှောင်ဘိုင်၏ ရုပ်အသွင်သည် ချက်ချင်း ပျံထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးလျှံပင်လယ်ကြီးနှင့် တိုက်ထိပ် တွေ့ဆုံလိုက်သည်။ သူ၏ရုပ်အသွင်က မီးတောက် ပင်လယ်ကြီးကို ချက်ချင်း ဖြတ်သန်းသွားသော ရေခဲဓားတစ်ချောင်းနှင့်ပင် တူနေသည်။

ဝမ်မြောင်၏ အမူအရာသည် ပြောင်းသွားခဲ့သည်။ သူ၏မီးတောက်က သူ၏ရှေ့မှ ဤတိရိစ္ဆာန်ကောင်ကို မထိခိုက်စေနိုင်ဟု သူလည်း မမျှော်လင့်ထားပါဘူး။ ထို့နောက် အေးစက်နေသော ဓားတစ်ချောင်းက သူ့ဆီသို့ ဖြတ်သန်းလာသည်ကို တွေ့လိုက်ရသည်။

ဝမ်မြောင်၏ ဘယ်ဘက်လက်တွင် အကာကွယ်ဒိုင်းတစ်ခု ပေါ်လာပြီး အေးစက်နေသော အလင်းရောင်ကို တားဆီးထားသည်။

ချွင်….။

အေးစက်သောဓား၏ စူးရှသော အလင်းရောင်သည် ရွှေရောင်ဒိုင်းနှင့် အပြင်းအထန် တိုက်မိသွားပြီး၊ လှပသော မီးပန်းမီးပွားများကို ထုတ်လွှတ်ပေးသည်။ သို့သော် မီးပန်းမီးပွားများသည် အပြာရောင်ရေခဲအဖြစ် အေးခဲသွားရသည်။

ဒိုင်းသည် ဓားချက်ကို ကာကွယ်နိုင်ခဲ့ပြီး အပြင်းအထန် ထိခိုက်သံသာ ထွက်ပေါ်လာခဲ့ သည်။ ဒိုင်းပေါ်တွင် ခြစ်ရာလေးပင် မကျန်ရစ်ခဲ့ပေ။ ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည် ဝမ်မြောင်၏ ဒိုင်းကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

“ဟမ့်…၊ မင်းက လျှို့ဝှက်ပညာရပ် တစ်မျိုးမျိုးကို အသုံးပြုပြီးမှ အခုလိုအင်အားမျိုးနဲ့ ပေါက်ကွဲ ထွက်လာတာမျိုး ဖြစ်နေမှာ ငါ ကြောက်မိတယ်။ အဲဒါက ကြာရှည်မခံဘူး။ ပြီးတော့၊ မင်းပေးဆပ်ရတဲ့ တန်ဖိုးကလည်း အရမ်းကို ကြီးမားလိမ့်မယ်။ နောက်ပြီး၊ မင်းက လျှို့ဝှက်ပညာရပ်ကို သုံးရင်တောင်၊ ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ ငါ့လက်ထဲက ရွှေရောင် ဒြဗ်စင်ဒိုင်းကလည်း သက်သတ်လွတ်သမား မဟုတ်ဘူး" ဝမ်မြောင်က လှောင်ပြောင် ပြောလိုက်ပြီး သူ၏ လေသံက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသေးသည်။

သူလည်း လူညံ့လူအတစ်ယောက် မဟုတ်ပါဘူး။ ယခုဆိုလျှင် ဤတိရိစ္ဆာန်ကောင်၏ ကျင့်ကြံမူသည် အလွန်မင်း တိုးမြင့်လာပါသည်။ ဥပမာအားဖြင့်၊ အကယ်၍၊ သူသည် လျှို့ဝှက်နည်းပညာရပ်ကို အသုံးပြုမည်ဆိုပါက၊ သူ၏ ကျင့်ကြံမူ မြင့်မားလာလေ၊ သူပေးဆပ်ရမည့် တန်ဖိုးကလည်း ပို၍ကြီးမားလေ ဖြစ်သည်။

ရှောင်ဘိုင်၏ မျက်လုံးများသည် အရိုးများထိပင် အေးစိမ့်သွားစေသည်။ ဝမ်မြောင်၏ မေးခွန်းကို သူ မဖြေခဲ့ပေ။ သူသည် ဝမ်မြောင်၏လက်ထဲမှ ဒိုင်းကို ကြည့်လိုက်ပြီး၊ အေးစက်နေသည့် ဓားမြှောင်ကို သူ၏လက်ထဲမှ မလွှတ်ခင် သူ၏ မျက်လုံးတွေကို အနည်းငယ် မှိတ်ထားလိုက်လိုက်သည်။

"ဘာလဲ? မင်း လက်လျှော့တော့မှာလား?။ မှန်တယ်။ တကယ်လို့, မင်း အခုချိန် လက်လျှော့လိုက်ရင်, ငါ မင်းကို ခံစားရသက်သာအောင် လုပ်ပေးနိုင်တယ်" ဝမ်မြောင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

ရှောင်ဘိုင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး၊ သူ၏မျက်လုံးတွေက ရုတ်တရက် အေးစက် သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်ည် ရေခဲတောင်တစ်ခုကဲ့သို့ ချက်ခြင်း ပြိုကျသွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ထူထဲသော အပြာရောင် ရေခဲအလွှာသည် သူ၏လက်ဖဝါးပေါ်တွင် သိပ်သည်းလာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများ သယ်ဆောင်ရင်း၊ သူသည် ဝမ်မြောင်ဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။

ဝမ်မြောင်၏ အမူအရာ ပြောင်းသွားသည်။ သူ၏မျက်လုံးထဲတွင် ဤနတ်ဆိုးသားရဲ လူငယ်၏ အရှိန်ဟုန်သည် အမှန်တကယ်ပင် အနည်းငယ် တိုးလာခဲ့သည်။ ယင်းက သူ့ကို အံ့အားသင့်စေခဲ့ပြီး ၎င်းကို တားဆီးရန် ဒိုင်းကို အလျင်အမြန် အသုံးပြုလိုက်သည်။

“ဘုန်း…”။

သူ၏လက်သီးက မြေကြီးကို ပြိုဆင်းသွားစေသလို၊ သူ၏အစွမ်းက ကောင်းကင်ကြီး ပြိုကျလာသလိုပင်။

ဝမ်မြောင်သည် ရွှေရောင်ဒြဗ်စင်ဒိုင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် ဒိုင်းလွှားကိုဖြတ်၍ ထွက်ပေါ်လာသည့် စွမ်းအားကို ရင်မဆိုင်နိုင်ဘဲ၊ ဒိုင်းရောလူပါ တိုက်ရိုက် လွင့်ထွက်သွားခဲ့သည်။ ထိုမျှတင်မကဘဲ၊ ဒိုင်းသည် ထူထဲသည့် ရေခဲအလွှာဖြင့် ဖုံးလွှမ်းသွားပြီး ဝမ်မြောင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်ခိုက်နေပါသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဝမ်မြောင်သည် သူ၏အောက်ရှိ တောင်တန်း တောအုပ်ကို ငုံ့ကြည့်လိုက်ရင်း သူ၏ မျက်လုံးများက မယုံကြည်နိုင်သည့် အရိပ်အယောင် ပေါ်လွင်နေသည်။

ထိုလက်သီးချက်က သူ့ကို အမှန်တကယ် မထိခိုက်စေနိုင်သော်လည်း ဒိုင်းမှတဆင့် ရိုက်ခတ်လာသည့်စွမ်းအားက သူ၏လက်တစ်ဘက်လုံးကို ထုံကျင်သွားစေသည်။

ထို့အပြင်၊ အလွန်မင်း ကြောက်စရာကောင်းသည့် အအေးဓာတ်လည်း ရှိနေခဲ့သည်။ အမှန်တယ်ဆို, သူ၏မီးစွမ်းရည် ကောင်းကင်တာအိုဉပဒေသက ကောင်းကင်တာအို နယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိနေခြင်းကြောင့်သာ, ထိုသို့မဟုတ်ပါက ဤကြောက်စရာကောင်းသော အအေးဓာတ်တစ်ခုတည်းက သူ့ကို ရေခဲပန်းပုရုပ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားစေမည် ဖြစ်သည်။

"အင်မော်တယ် ဘုရင်တစ်ယောက်က ဒီလောက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေး စွမ်းအားနဲ့ ဘယ်လိုလုပ် ပေါက်ကွဲနိုင်မှာလဲ?" ဝမ်မြောင်သည် သူ၏စိတ်ထဲမှာ သူ့ကိုယ်သူ မရေရွတ်ဘဲ မနေနိုင်ပါချေ။

ဘန်း…။

ထိုအချိန်မှာပင်၊ ဝမ်မြောင်သည် သူ၏နောက်မှ ကြောက်စရာကောင်းသော အေးစက်မှုကို ခံစားလိုက်ရသည်။ သူသည် အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ၊ ၎င်းကို ပိတ်ဆို့ရန် ဒိုင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ရေခဲတောင်တစ်ခုသည် ကောင်းကင်ယံရှိ ဝမ်မြောင်၏ အကာအကွယ်ဒိုင်းပေါ်သို့ ရုတ်တရက် ပြိုဆင်းလာသည်။

“ဘုန်း…."

ဧရာမရေခဲတောင်ကြီးသည် အကာကွယ်ဒိုင်းကို အပြင်းအထန် တိုက်ခိုက်ပြီး၊ ချက်ချင်းပင် ကွဲထွက်သွားသည်။ သို့သော်လည်း ဝမ်မြောင်၏ အမူအရာက အလွန်မင်း ရှက်ရွံ့သွားပုံရ သည်။

ဘန်း….။

ဟုတ်ပါသည်။ ထိုအချိန်မှာဘဲ ဝမ်မြောင်၏ရှေ့မှာ ပုံရိပ်တစ်ခု ပေါ်လာပါသည်။ ကြောက်စရာကောင်းသည့် အအေးဓာတ်များပါရှိနေသော လက်သီးက ဝမ်မြောင်၏ ဝမ်းဗိုက်ထဲကို အခိုင်အမာ ထိုးဖောက် ဝင်ရောက်သွားပါသည်.

“ဘုန်း….။

ဝမ်မြောင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော ထိုးနှက်မှုဒဏ်ကို ခံစားခဲ့ရပြီး ကျောက်တုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းပေါက်နက်ကြီးတစ်ခု ဖန်တီးခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ရှောင်ဘိုင်၏ မျက်လုံးများသည် အလွန်အေးစက်နေပြီး၊ သူသည် ထိုနေရာမှာပင် ရပ်တန့်လိုက်ခြင်း မရှိပေ။ ယင်းအစား သူသည် ဝမ်မြောင်ဆီကို ပြေးသွားပြန်သည်။ သူ၏လက်သီးမှာ အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် စွမ်းအားတွေ ပါရှိနေသည်။

"လုံလောက်ပြီ..”။ သွေးတွေဖုံးလွှမ်းပြီး တွင်းနက်ကြီးထဲမှာ လဲလျောင်းနေသော ဝမ်မြောင်က ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။ သူကဲ့သို့ ကြီးကျယ်ခမ်းနားသော ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အမှန်တကယ်ပင် အင်မော်တယ်ဘုရင်တစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပါသည်။ ဤအရာက သူ၏ နှလုံးသားထဲတွင် အမျက်ဒေါသကို ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်စေခဲ့သည်။

“ဘုန်း…”

ဝမ်မြောင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံ စွမ်းအားသည် ချက်ချင်း ထွက်ပေါ်လာပြီး၊ သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်မီးလျှံ ပုံရိပ်တစ်ခုက ပြေးထွက်သွားကာ ကောင်းကင်မှ တဟုန်ထိုး ပြေးဆင်းလာနေသော ရှောင်ဘိုင်နှင့် ပြင်းထန်စွာ တိုက်မိသွား ခဲ့သည်။

မီးတောက်မီးလျှံပုံရိပ်ထဲတွင် ကောင်းကင်တာအို ဉပဒေသများ၏ စွမ်းအင်အတက်အကျ လှိုင်းများ ပါရှိနေပြီး၊ ၎င်း၏ စွမ်းအားက အလွန်ကြီးမားသည်။ ဤအခိုက်အတန့်တွင်၊ ရှောင်ဘိုင်၏ ခန္ဓာကိုယ်သည်လည်း အေးစက်နေသော ရေခဲဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏နှလုံးသားထိတိုင် ထိုးဖောက်ဝင်ရောက်လာသည်။

ရေခဲနှင့် မီးလျှံတို့သည် တစ်ခုနှင့်တစ်ခု ပြောင်ပြောင်တင်းတင်း ပြတ်ပြတ်သားသား အပြင်းအထန် တိုက်မိသွားသည်။

“ဘုန်း…။

ကောင်းကင်နှင့် မြေကြီးကြားတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် တုနှိုင်းမရအောင် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကြီးမားသော မှိုတိမ်တိုက်ကြီး ပေါ်လာသည်။

All Chapters