အခန်း ၉၅၉
Vol. 64 Ch. 959
အခန်း (၉၅၉) အားနည်းချက်ရှိသူ၏ စိတ်နှလုံးသား။
ဝမ်မြောင်သည် မီးတောက်မီးလျှံများပေါ်သို့ ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ယံတွင် ပေါ်လာခဲ့ပြီး၊ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
သူ ဒေါသထွက်နေခဲ့သည်။ အမှန်တကယ်ပင် သူ ဒေါသထွက်သွားခဲ့သည်။
ဂုဏ်သိက္ခာကြီးမားသော ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးသည် အင်မော်တယ်ဘုရင်တစ်ယောက်၏ ဝမ်းနည်းဖွယ် အခြေအနေမျိုး ရောက်သည်အထိ ရိုက်နှက်ခံခဲ့ရသည်။ ယင်းက လုံးဝ သည်းမခံနိုင်စရာပင်။
"ဟမ့်၊ မင်း ဘာနည်းလမ်းတွေ အသုံးပြုနေလဲ ငါ ဂရုမစိုက်ဘူး။ ဒီနေ့ မင်းသေရမှာ သေချာတယ်။" ဝမ်မြောင်က ဒေါသတကြီး ပြောလိုက်ပြီး, သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ယံမှာရှိနေသော မီးလျှံတိမ်တိုက်တွေက ပျောက်ကွယ်သွားပြီး ဝမ်မြောင်၏ မြင်ကွင်းထဲမှာ ရေခဲမြွေကြီးတစ်ကောင် ပေါ်လာပါသည်။ ရှောင်ဘိုင်၏ ရုပ်အသွင်သည် ကြီးမားသော ရေခဲမြွေကြီး၏ ဦးခေါင်းပေါ်တွင် ရပ်နေသည်။
သူသည် မည်သည့်တုံ့ပြန်မှုမှ ရှိမနေခဲ့ပါ။ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေသည့် မျက်လုံးတစ်စုံသာ ရှိနေခဲ့ပါသည်။ ထိုအချိန်တွင် ရှောင်ဘိုင်၏ခန္ဓာကိုယ်ရှိ နတ်ဘုရားသားရဲ သွေးမျိုးဆက်သည် အဆုံးစွန်ထိ လောင်ကျွမ်းသွားခဲ့ပြီ။ သူ၏ အငွေအသက်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ၏ခန္ဓာကိုယ်အပေါ် ဖိအားက ဝမ်မြောင်ထက် အားမနည်းတော့ပါဘူး။
ဝှီး….။
ရေခဲမြွေကြီးက ချက်ချင်း ပျံထွက်သွားပြီး ဝမ်မြောင်ဆီကို ပြေးသွားခဲ့သည်။ ဝမ်မြောင်ကို ဝါးမြိုချင်ဟန်ဖြင့် သူ၏ပါးစပ်ကြီးကို ဖွင့်လိုက်လေသည်။ ဧရာမမြွေကြီး၏ထိပ်မှာ ရပ်နေသော ရှောင်ဘိုင်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော အေးစက်နေသည့် အလင်းရောင်နှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းများက လူတိုင်း၏နှလုံးသားကို ရင်တုန်စေပြီး၊ သူသည် ဝမ်မြောင်ကို သေစေလောက် သည့် တိုက်ခိုက်မူတစ်ခု ပြုလုပ်ရန် ရည်ရွယ်ထားသည်။
ထိုအခင်းအကျင်းကို ကြည့်လိုက်ရတော့ ဝမ်မြောင်၏ မျက်လုံးတွေက မထီမဲ့မြင်ပြုဟန် နှင့်အတူ ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။ သူသည် မီးစွမ်းရည် ကောင်းကင်တာအို ဉပဒေသများကို အသက်သွင်းပြီးသည်နှင့် ကောင်းကင်နှင့် မြေကြီးကြားတွင် မီးတောက် မီးလျှံများ ထွက်ပေါ်လာသည်။ ဤမီးတောက်မီးလျှံများပေါ်ရှိ ကြောက်မက်ဖွယ် ကောင်းသော အပူချိန်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းသည်။
ဤမီးတောက်မီးလျှံများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ဧရာမ မီးတောက်နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဧရာမ ရေခဲမြွေကြီးဆီသို့ အပြင်းအထန် တိုက်ခိုက်လိုက်လေသည်။ ဧရာမနဂါးကြီးတစ်ကောင်နှင့် ဧရာမ မြွေကြီးတစ်ကောင်တို့ သည် တစ်ကောင်နှင့်တစ်ကောင် အပြင်းအထန် တိုက်ခိုက်ကြရင်း ကောင်းကင်နှင့်မြေကြီး သည်ပင် တုန်ခါသွားကာ အချင်းချင်း ရစ်ပတ်မိသွားကြသည်။ ဝမ်မြောင်၏ ပုံရိပ်သည် လည်း ရှောင်ဘိုင်နှင့် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဘုန်း…”။
ရှောင်ဘိုင်၏ လက်သီးများသည် ဝမ်မြောင်၏ဒိုင်းနှင့် အပြင်းအထန် ထိတွေ့နေပြီး၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
"ဟမ့်၊ ကြည့်ရတာ, ဒါက မင်းရဲ့လျှို့ဝှက်ပညာရပ်ရဲ့ ကန့်သတ်ချက်ဖြစ်နေပြီ ထင်တယ်။ ဒီလိုဆိုမှတော့ ဆက်ကစားနေစရာ မလိုတော့ဘူး။ ငါ မင်းကို အနောက်ဘက် ကောင်းကင်ဘုံကို တိုက်ရိုက် ပို့ပေးလိုက်မယ်။" ဝမ်မြောင်က အေးစက်စွာ အော်ပြောလိုက် ပြီး သူ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုသည့် အမူအရာ ပေါ်လာသည်။
ထို့နောက် ဝမ်မြောင်၏ လက်ဖဝါးပေါ်ရှိ မီးတောက်စွမ်းအားသည် ပို၍ပင် ကြောက်စရာ ကောင်းလာသည်။ မူလက ကြက်သွေးရောင်ဖြစ်နေသော မီးတောက်မီးလျှံများသည် ရုတ်တရက် အပြာရောင်ပြောင်းသွားကာ သူ၏ လက်ဖဝါးက ရှောင်ဘိုင်၏ ရင်ဘတ်ပေါ်သို့ လျှပ်စီးလက်သလို ရိုက်ချလိုက်လေသည်။
ရှောင်ဘိုင်သည် အသံခပ်အုပ်အုပ်တစ်ချက် ညီးညူလိုက်ပြီး သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် နောက်ပြန် လွင့်ထွက်သွားသည်။
သူ တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။ သူ၏ခန္ဓာကိုယ်တွင်းရှိ သွေးမျိုးဆက် စွမ်းအားသည် လည်း လုံး ဝလောင်ကျွမ်းသွားခဲ့ပြီ။ တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားဖြင့် ကောင်းကင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါးကို အချိန်အကြာကြီး တိုက်ခိုက်နိုင်ခဲ့ခြင်းမှာပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ ကံမကောင်းစွာပင်၊ သူသည် ဝမ်မြောင်ကို မသတ်နိုင်ခဲ့ပါဘူး။ ဤအရာက သူ၏နှလုံးသားထဲမှာ အကြီးမားဆုံး နောင်တရမှုကြီးပင် ဖြစ်သည်။
"ဟမ့်၊ ငါက မင်းကို ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့ သေခွင့်ပြုမှာလဲ?။ မင်းရဲ့အရိုးတွေကို ပျက်ဆီးစေချင်တယ်လို့ ငါ ပြောခဲ့ပါတယ်။ ဒီနေ့ မင်းရဲ့အရိုးတစ်ချောင်းကိုတောင် ချန်ထားလို့ မရဘူး။" ဝမ်မြောင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ လွင့်ပျံသွားသည့် ရှောင်ဘိုင်ကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးတွေက ပြင်းထန်သော အထင်အမြင် သေးမှုတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။
ထို့နောက် မီးတောက်မီးလျှံများမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော ဧရာမ လက်ဖဝါးကြီး တစ်ဖက်က ရှောင်ဘိုင်၏ ရုပ်အသွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေ သည်။ ဤလက်ဖဝါးကြီးတွင် ကောင်းကင်တာအို၏ စွမ်းအားများ ပါဝင်နေသည်။ အကယ်၍၊ ထိုလက်ဖဝါးကြီးသာ ရိုက်မိလိုက်မည်ဆိုလျှင်၊ ရှောင်ဘိုင်၏ လက်ရှိ အခြေအနေအရ ပြာပုံဖြစ်သွားမှာ သေချာပါသည်။
ရှောင်ဘိုင်သည် ကောင်းကင်ယံမှ ကျဆင်းလာသော မီးတောက် လက်ဖဝါးကြီးကို သူ၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်း မရှိဘဲ ကြည့်လိုက်သည်။ ထို့အပြင်, သူ၏ပုံစံက တည်ငြိမ်နေသည်။
"အစ်ကိုကြီး, ရှောင်ကျင်း နှုတ်ဆက်ခဲ့ပါတယ်” ရှောင်ဘိုင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏နှလုံးသားက တွန့်ဆုတ်မှု အပြည့် ရှိနေခဲ့သည်။
အတိတ်က ချင်ယွင်, ရှောင်ကျင်းတို့နှင့်အတူ ဖြတ်သန်းခဲ့ဖူးသည့် မြင်ကွင်းတွေက သူ၏ စိတ်အာရုံထဲမှာ ပေါ်လာပါသည်။ ထိုမြင်ကွင်းထဲတွင် ရှင်ခြင်းနှင့်သေခြင်းတိုက်ပွဲ မြင်ကွင်းများအပြင် ရယ်မောပျော်ရွှင်ခဲ့ရသော အချိန်များလည်း ရှိခဲ့ပါသည်။ ထိုကောင်းမွန် သည့် အချိန်တွေကို တွေးတောရင်း ရှောင်ဘိုင်၏ နှုတ်ခမ်းတွေက ခပ်ဖျော့ဖျော့ တွန့်ကွေးသွား၏။ သို့သော် ဤအပြုံးသည် အထီးကျန်ဆန်ခြင်း အရိပ်အမြွက်ကိုလည်း သယ်ဆောင်ထားပါသည်။
ဘန်း…။
မီးတောက်လက်ဖဝါးကြီးသည် ချက်ချင်း ရောက်ရှိလာခဲ့ပြီး ရှောင်ဘိုင်ကို လုံးဝ သတ်ပစ်တော့မည်။
"နောက်ဆုံးမှာတော့၊ မင်းတို့က ပုရွက်ဆိတ်သာသာပါပဲ။ တကယ်လို့ မင်းတို့ ငါ့ကို တိုက်ခိုက်မယ်ရင် သေဖို့တစ်လမ်းပဲ ရှိတယ်။" ဝမ်မြောင်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူ၏မျက်လုံးထဲမှာတော့ ရှောင်ဘိုင်က လုံးဝ သေလူဖြစ်သွားပြီး အတောက်ပဆုံး မြင်ကွင်းတစ်ခုကို ကြိုတင် ခံစားနေမိသည်။
“ဘန်….”။
သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်သော အလင်းရောင်တစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ကြီးမားသော မီးလျှံလက်ဖဝါးကြီးကို ချက်ချင်းပင် နှစ်ခြမ်းခွဲပစ်လိုက်ပြီး၊ ဝမ်မြောင်၏ အမြင်အာရုံထဲ တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ရှောင်ဘိုင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး၊ သူသည် ဆီစာမီးကုန်ခမ်း သွားပြီ ဖြစ်သည့် ရှောင်ဘိုင်ကို ကြည့်လိုက်ပါသည်။ သူ၏နှလုံးသားက ဓားတစ်ချောင်းဖြင့် ထိုးစိုက်ခံရသလို နာကျင်နေမိသည်။
ရှောင်ဘိုင်က သူ၏ဘေးမှာ ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်ရင်း, သူ၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။ သူက အားနည်းစွာ ပြုံးပြီး ခေါ်လိုက်သည် "အကိုကြီး၊ မင်း ဒီကို ရောက်လာပြီပဲ”။
ရှောင်ဘိုင်သည် ချင်ယွင်၏ အငွေ့အသက်ကို ကြာမြင့်စွာ ကတည်းက ခံစားသိရှိထားပြီး ဖြစ်ကာ၊ သူ၏နတ်ဘုရားသားရဲ သွေးမျိုးဆက်ကို လောင်ကျွမ်းရခြင်း၏မှာ ချင်ယွင် ရောက်ရှိလာသည်အထိ တောင့်ခံနိုင်ရန် ဖြစ်သည်။
ရှောင်ကျင်းသည် အင်မော်တယ်စိန်မျောက်ဝံ၏ သွေးမျိုးဆက်မှ ဆင်းသက်လာသူဖြစ်ပြီး၊ မသေနိုင်လောက်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် အလွယ်တကူ မသေနိုင်ဘူးဆိုသည်ကို သူ သိထားသော်လည်း၊ သူ၏ဒဏ်ရာတွေက ပြင်းထန်လွန်းသော ကြောင့် တခဏအတွင်း သတိပြန်ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်, ချင်ယွင် မရောက်ခင် ရှောင်ကျင်းကို ထပ်မံ မထိခိုက်စေရန် သူသည် ဤဝမ်မြောင်ကို တားဆီးထားရသည်။ သူအောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့သော်လည်း သူပေးဆပ်ရသည့် တန်ဖိုးကလည်း သေခြင်းတရားကို ရင်ဆိုင်ရခြင်း ဖြစ်သည်။
"ငါ နောက်ကျသွားတယ်” ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာကာ သူ၏အသံက ဆို့နင့်သွားသည်။
ရှောင်ဘိုင်၏ ရည်ရွယ်ချက်ကို သူနားလည်ပြီး ရှောင်ဘိုင်သည် ထိုသို့ပြုလုပ်ခြင်းက မှန်ကန်ကြောင်းကိုလည်း သူ သိပါသည်။ သို့သော်လည်း၊ သူသည် ရှောင်ဘိုင်က သူ့ကိုယ်သူ ထိုကဲ့သို့ ကူကယ်ရာမဲ့ စွန့်လွှတ်အနစ်နာခံသွားမှုကို ဘာတစ်ခုမှ မလုပ်နိုင်ဘဲ မည်သို့ ကြည့်ရူနိုင်မည်နည်း?။
ရှောင်ဘိုင်ကို ကယ်တင်ရန်အတွက် ချင်ယွင်သည် သူ၏အသက်စွမ်းအားကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း မည်သည့်အောင်မြင်မူမှ မရရှိခဲ့ပေ။ ယင်းက ချင်ယွင်ကို ရူးချင်လုနီးပါး ဖြစ်သွားခဲသည်။
ထိုအချိန်တွင် ချင်ယွင်သည် အလွန်မင်း စွမ်းအားမရှိသလို ခံစားရသည်။ ရှောင်ဘိုင်၏ အသက်က အဆက်မပြတ် ပင်ပန်းနွမ်းနယ်ပြီး အားနည်းလာသော်လည်း၊ ထိုအသက်ကို စီးဆင်းသွားခြင်းမရှိအောင် သူ မတားဆီးနိုင်ခဲ့ပါဘူး။
"အစ်ကိုကြီး, ဝမ်းမနည်းပါနဲ့။ ငါ မသေခင်မှာ မင်းကိုတွေ့ရတာ ကျေနပ်နေပါပြီ" ရှောင်ဘိုင်က အပြုံးနှင့် ပြောလိုက်သော်လည်း၊ သူ၏မျက်နှာက ဖြူဖျော့နေပြီ။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ ထောင်ပေါင်းများစွာသော ဓားသွားများက သူ၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသလို ခံစားရပြီး၊ သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
ရှရှန်းယုသည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။ အကြောင်းတစ်ခုခု ကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝမ်းနည်းကြေကွဲနေမှုကို သူမသည် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
"ဟမ်၊ နောက်ထပ် ပုရွက်ဆိတ်နှစ်ကောင်ပါလား?။ မင်းတို့ရော အတူတူ သေချင်လို့လား?” ဝမ်မြောင်က အဝေးကနေ လှမ်းအော်လိုက်သည်။
မူလက ဝမ်းနည်းပူဆွေးနေသော ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ရုတ်တရက် ခေါင်းမော့ ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ရှောင်ကျင်း ဒဏ်ရာရသွားခြင်းသည် သူ၏ရှေ့မှ ဤအင်မော်တယ် ဧကရာဇ်ကြောင့် ဖြစ်သလို၊ ရှောင်ဘိုင်၏ သွေးမျိုးဆက်စွမ်းရည် မီးစာကုန်ခမ်းသည့်အထိ လောင်ကျွမ်းပြီး သေလုမျောပါး ဖြစ်သွားရခြင်းမှာလည်း ဤလူကြောင့်သာ ဖြစ်သည်။ အကယ်၍၊ ဤလူကြောင့်သာ မဟုတ်ရင်၊ ရှောင်ဘိုင်လည်း သေမည် မဟုတ်ပေ။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်သာ ရှိတော့သည်။
"ကျွန်မ လုပ်လိုက်မယ်”။ ရှရှန်းယုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောလိုက်သည်။
"မလိုဘူး၊ ငါကိုယ်တိုင် လုပ်မယ်။ သူက ရှောင်ဘိုင်ရဲ့ အလောင်းကို ပျောက်ကွယ်သွား စေချင်မှတော့ ပျောက်ကွယ်သွားခြင်းရဲ့ခံစားချက်ကို ငါကိုယ်တိုင် သူ့ကို ပြောပြပေးမယ်။" ချင်ယွင်၏အသံက ရေခဲကဲ့သို့အေးစက်နေနှင့် အရိုးထဲ ထိုးဖောက်ဝင်လာသကဲ့သို့ အေးစိမ့် သွားစေသည်။ ငြင်းဆိုရန် နေရာမရှိပေ။
ရှရှန်းယုက ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ရှောင်ဘိုင်ကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏ နောက်ဆုံး ရှင်သန်ခွင့်ကို ထိန်းသိမ်းထားလိုက်သည်။
ထို့နောက်၊ သူက မတ်တပ်ထရပ်ပြီး အဝေးမှ ဝမ်မြောင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင်, သူ၏ နှလုံးသားထဲမှာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ရှိနေသည်။ ရှောင်ဘိုင်၏ဖြူဖျော့သော မျက်နှာသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်လာနေသည်။
"ဟမ့်၊ နောက်ထပ် ယုံကြည်မှုလွန်ကဲနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ သေခြင်းတရားကို တောင်းဆိုနေတယ်ပေါ့" ဝမ်မြောင်က အထင်အမြင်သေးစွာဖြင့် အော်ဟစ်ပြီး ချင်ယွင်ဆီသို့ မီးလုံးတစ်လုံး ပစ်ချလိုက်သည်။
သူ၏အမြင်ရဆို, အကယ်၍, ထိုအမျိုးသမီးသာ သူမ၏ဓားဖြင့် တိုက်ခိုက်လာမည်ဆိုလျှင်၊ သူသည် ခြိမ်းခြောက်မူကို ခံစားရသော်လည်း၊ ဤလူငယ် တိုက်ခိုက်လာခြင်းနှ၍့် ပတ်သက်၍မူ သူ့အနေဖြင့် အနည်းငယ်မျှ စိုးရွံ့မှု မရှိခဲ့ပေ။
ချင်ယွင်သည် ဝမ်မြောင်၏ မျက်လုံးများထဲမှ မထီမဲ့မြင်ပြုသည့် အမူအရာကို ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သတ်ပစ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာ သည်။ သူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဖျတ်ခနဲ ပျံတက်သွားကာ, သူ၏အငွေ့အသက်ကလည်း နတ်တောင်ကြီးကဲ့သို့ ပြိုဆင်းလာခဲ့သည်။