← Chapters

အခန်း ၉၆၂

Vol. 65 Ch. 962

အခန်း ၉၆၂

Vol. 65 Ch. 962

အခန်း (၉၆၂) ချင်ဝမ်ယု။

ကောင်းကင်နှင်း မြင့်မြတ်သောနယ်မြေသည် ကောင်းကင်နှင်းတောင်ခြေရင်းတွင် တည်ရှိသည်။ ၎င်းတောင်တန်းသည် ယွန်းကျိုး၏ မြောက်ဘက်စွန်းတွင် တည်ရှိသည်။ ကောင်းကင်နှင်း တောင်တန်းတစ်ခုလုံးသည် ဝိညာဉ်အစီအရင်ဝင်္ကပါ အလွှာများဖြင့် လွှမ်းခြုံထားသည်။ ပုံမှန်အားဖြင့်၊ တစ်စုံတစ်ယောက်သည် ၎င်းနယ်မြေထဲသို့ ဝင်ရောက် လိုပါက၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေအတွင်းသို့ ဝင်ရောက်ရန်အတွက် ၎င်းတို့သည် အင်မော်တယ်သင်္ကေတများ လိုအပ်မည် ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ အတားအဆီးသည် ကျိုးပျက်သွားပြီဖြစ်သဖြင့် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံးသည် လူတိုင်း၏ မြင်ကွင်းထဲတွင် ထင်းထင်းကြီး ပေါ်လွင်နေခဲ့ပြီ။

နှင်းတောင်တန်း တောင်ခြေရင်းတွင် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ နန်းတော်များ ကို စုဖွဲ့တည်ဆောက်ထားကာ နှင်းတောင်တန်းခြေရင်းတွင် နေရာအနှံ့ ပြန့်ကျဲနေသည်။ ၎င်းတို့သည် ဖော်မပြနိုင်လောက်အောင်ပင် ရင်သပ်ရူမောဖွယ်ကောင်းပြီး လှပနေခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေအတွင်းရှိ နက်ရှိုင်းသောနေရာ၌ ရှိနေသာ စင်မြင့်တစ်ခုကို အကာကွယ်အစီအရင်ဝင်္ကပါများဖြင့် ဖုံးအုပ်ထားသည်။ ဤအစီအရင် ဝင်္ကပါထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူနှစ်ဆယ်ကျော် ရှိသည်။ သူတို့အားလုံးသည် ဤအစီအရင်ဝင်္ကပါအတွင်းမှာ ပိတ်မိနေကြသည်။

အကယ်၍ ချင်ယွင်သာ ဤနေရာတွင် ရှိနေခဲ့ပါက၊ တစ်ချက်ကြည့်လိုက်လျှင်ပင်, ဤလူနှစ်ဆယ်ကြားတွင် သူ၏ အသိမိတ်ဆွေများစွာ ရှိနေကြောင်း သူ သေချာပေါက် ပြောနိုင်မည် ဖြစ်သည်။

ဤလူအုပ်ကြားထဲတွင် ရှောင်ဟောင်၊ ရှောင်ဖေး၊ ဧကရာဇ်ပျားဘုရင်မနှင့် လင်းဝူရွှန်းတို့ လည်း ပါဝင်ကြသည်။ ဟုတ်ပါသည်၊ ချင်ယွင် ယခင်က တွေ့မြင်ဖူးခဲ့သည့် စီနီယာ နှင်းအမျိုးသမီးတစ်ဖြစ်လဲ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေပိုင်ရှင် အိုးယန်ထန်ရွယ် လည်း ရှိနေပါသေးသည်။

အိုးယန်ထန်ရွယ်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ ပိုင်ရှင်ဖြစ်သည်။ သူမသည် လောကကြီးကို အမြဲတမ်း ဂရုမစိုက်ဘဲ နေထိုင်ခဲ့ပြီး၊ ကျင့်ကြံခြင်းကိုသာ မြတ်နိုးသူ ဖြစ်သည်။ သို့သော်လည်း မကြာသေးမီက သူမ၏ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသည် ကပ်ဆိုးကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ကောင်းကင်ရေနန်းတော်၏ တင်းမောင်နှမနှစ်ယောက်နှင့် အင်မော်တယ် ဧကရာဇ်သုံးပါး တို့သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ အတားအဆီးကို ဖြတ်ကျော်ကာ သူမ၏ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ တပည့်တစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်။

အိုးယန်ထန်ရွယ်သည် အင်မော်တယ် ဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ရုံသာရှိသေးသည်။ သူမသည် အင်မော်တယ် ဧကရာဇ်ငါးပါးကို ခုခံရန် နည်းလမ်းမရှိပေ။ အကယ်၍ သူမတို့၏ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတွင် အမြဲနေထိုင်ခဲ့သော ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ရှိနေခြင်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူမတို့သည် ဤအကာကွယ် အစီအရင်ဝင်္ကပါထဲတွင် ပုန်းအောင်းရန်ပင် အခွင့်အရေး ရှိမည် မဟုတ်ပါ။

သို့သော်ငြားလည်း၊ ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်ရှိ အင်မော်တယ် ဧကရာဇ် သည် တင်းမောင်နှမနှစ်ယောက်၏ တိုက်ခိုက်မူကြောင့် ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။ ယခုအချိန်တွင်၊ သူတို့သည် ဤကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ အကာကွယ် အစီအရင်ဝင်္ကပါအတွင်း၌သာ ပုန်းအောင်းနေနိုင်ကြသည်။

သို့သော်လည်း ဤကြီးမားသော အကာကွယ် အစီအရင်ဝင်္ကပါကြီးသည် ပြိုကျလုနီးနီး ဖြစ်နေပါပြီ။ ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ် နှစ်ပါးသည် ကြီးမားသော အကာကွယ်အစီအရင်ဝင်္ကပါကြီး၏ အပြင်ဘက်မှ အလှည့်ကျ တိုက်ခိုက်နေခဲ့ပြီး ကြီးမားသော အစီအရင်ဝင်္ကပါကြီးကို အကြီးအကျယ် ဆုံးရှုံးစေခဲ့သည်။ သိပ်မကြာခင်မှာ သူတို့သည် ဤအကာကွယ် အစီအရင်ဝင်္ကပါကြီးကို ဖြတ်ကျော် နိုင်တော့မည်။ ထိုအချိန်ရောက်လျှင်၊ သူတို့သည် သေသည်အထိ တိုက်ပွဲဝင်ရုံသာ တတ်နိုင်တော့မည်။

အိုးယန်ထန်ရွယ်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သူမ၏ဒဏ်ရာများကို ကုသပေးနေသော သနားစဖွယ် အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် သူမတို့၏ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ကယ်တင်ပေးခဲ့သော အမျိုးသမီးဖြစ်သလို, အိုးယန်ထန်ရွယ်နှင့် အလွန်မင်း ရင်းနှီးသည့် သူငယ်ချင်းလည်းဖြစ်သော ချင်ဝမ်ယု ဖြစ်သည်။

ချင်ဝမ်ယု၏ မျိုးရိုးအမည်မှာ ချင် ဖြစ်သည်။ မှန်ပါသည်။ သူမသည် တော်ဝင် ချင် မင်းဆက် ဧကရာဇ်မင်းမြတ်၏ ညီမတော်ဖြစ်ပြီး၊ ချင်ယွင်၏ အဒေါ်လည်း ဖြစ်ပါသည်။

ချင်ယွင်သည် သူငယ်ရွယ်စဉ်အခါက ချင်ဝမ်ယုကို အကြိမ်ဖန်များစွာ မတွေ့ခဲ့ရသော် လည်း ချင်ဝမ်ယုနှင့် သူ၏ဆက်ဆံရေးသည် အလွန်ရင်းနှီးပါသည်။

ချင်ယွင်သည် သေမျိုးကမ္ဘာသို့ ပစ်ချခံရသည်ဆိုလျှင်ပင်၊ ချင်ယွင်သည် သူ၏အဒေါ်ကို ဘယ်သောအခါမှ မမုန်းတီးခဲ့ပေ။ သို့သော်လည်း ချင်ဝမ်ယုသည် ချင်ယွင် ကပ်ဘေးဆိုးကြီး ကျရောက်နေချိန်မှာ သူမသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက် တွင် ရှိမနေခဲ့ပေ။ ထိုသို့မဟုတ်လျှင်၊ ချင်ဝမ်ယုသည် သူ ရိုက်နှက်ခံရပြီး သေမျိုးကမ္ဘာသို့ ပစ်ချခံရသည်ကို သေချာပေါက် ကြည့်နေမှာမဟုတ်ဟု ချင်ယွင် ယုံကြည်ထားသည်။

ယခုအချိန်တွင် ချင်ဝမ်ယု၏ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး သူမ၏ အငွေ့အသက်က ပို၍ပင် ဖရိုဖရဲ ဖြစ်နေသည်။ သေချာသည်မှာ သူမသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့၏ ဦးခေါင်းပေါ်မှာ လွှမ်းခြုံထားသည် ကြီးမားသော အကာကွယ် အစီအရင်ဝင်္ကပါကြီးသည် ကွဲအက်သွားသည်။

သူမသည် ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ချင်ဝမ်ယု၏ မျက်လုံးများက ရုတ်တရက် ပွင့်လာခဲ့သည်။

အိုးယန်ထန်ရွယ်နှင့် အခြားလူများ၏ အမူအရာများသည် ပြောင်းလဲသွားသည်။ ကြီးမားသော အကာကွယ် အစီအရင်ဝင်္ကပါကြီးသည် ပြိုကွဲသွားမည်ဟု သူတို့ မျှော်လင့်ထားသော်လည်း ဤမျှ လျင်မြန်စွာ ပြိုကွဲသွားမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဟား…၊ ဟား….၊ မင်းတို့ရဲ့လိပ်ခွံကြီး နောက်ဆုံးတော့ ကွဲသွားခဲ့ပြီ။ မင်းတို့ ဘယ်မှာ ပုန်းနေဦးမလဲ ကြည့်ရအောင်။" ချန်းဘိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လေသံက အလွန်မင်း မောက်မာလွန်းသည်။

သူ၏ဘေးတွင် အရပ်ရှည်ရှည်နှင့် ခံ့ညားထည်ဝါသော အမျိုးသားတစ်ဦးသည် သူ၏ ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးဖြင့် ရပ်နေပါသည်။

"ဟမ့်, နင်တို့နှစ်ယောက် ငါ့ရှေ့မှာ ဂုဏ်ယူဝံ့ကြွားရဲတာလား?။ ငါ နင်တို့ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား?" ချင်ဝမ်ယုက အေးစက်စွာ ပြောသည်။ သူမ၏ အသံသည် ဂုဏ်သိက္ခာနှင့် ပြည့်နေသော်လည်း၊ အသံထဲတွင်မူ တုန်လှုပ်မှု အနည်းငယ် ရောထွေးနေခဲ့သည်။

'"ဟား…၊ ဟား…၊ ချင်ဝမ်ယု၊ မင်း ဘယ်သူ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလဲ?။ မင်းရဲ့ အထွတ်အထိပ် အခြေအနေမှာဆိုရင်, ငါတို့က မင်းကို အချက်သုံးချက်ကြောင့် လေးစားနေ တုန်းပဲ။ ဒါပေမယ့် အခု မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာနေပြီ။ ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ နတ်ဘုရာဆေးဝါးမျိုး မရှိပါက၊ အနှစ်တစ်ထောင် အတွင်းမှာ ပြန်လည်ပျောက်ကင်းဖို့ ခက်ခဲလိမ့်မယ်။ မင်းရဲ့လက်ရှိစွမ်းအားက အရင်တုံးက ထက် တစ်ရာခိုင်နှုန်းလောက်တောင် ရှိကောင်းမှ ရှိလိမ့်မယ်။ ငါတို့က မင်းကို ကြောက်နေဦးမယ်လို့ ထင်နေတာလား?”။ ချန်းဘိုင်က ပြုံးလိုက်ပြီး သူ၏မျက်လုံးတွေက စက်ဆုပ်ရွံရှာဖွယ် အမူအရာနှင့်အတူ တောက်ပနေသည်။

ချင်ဝမ်ယု၏ အလှအပသည် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ သူမသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ အလှမယ်တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်သည်။ ထို့အပြင် သူမ၏ ကျင့်ကြံမှုအခြေခံသည် ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ စိတ်နေစိတ်ထားကလည်း ကောင်းမွန်သည့် အဆင့်သို့ ရောက်ရှိနေပါပြီ။ သူမကို လူပေါင်း ဘယ်လောက်များများ စိတ်ကူးယဉ်မိကြမည်နည်း?။

အရင်တုန်းက ချန်းဘိုင်နှင့် အခြားလူများသည် သူမကို မော်မကြည့်ဝံ့သော်လည်း၊ အခု ချင်ဝမ်ယုသည် ဒဏ်ရာအပြင်းအထန်ရထားခဲ့ပြီး သူမ၏ စွမ်းအားတွေ အရမ်းကို ပျက်စီးသွားပြီ ဖြစ်သည့်အတွက်၊ ဤအရာက သူမကို အနမ်းပေးနိုင်ရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်လေသည်။

အင်မော်တယ် မင်းဆက်တစ်ခုလုံး၏ စိတ်နှလုံးကို လှုံ့ဆော်ပေးနိုင်သည့် ဤကြီးမြတ်သော အလှပိုင်ရှင် မိန်းကလေးကို ရရှိနိုင်မည့်အရေး ချန်းဘိုင် တွေးမိသော အခါ၊ သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများက တစ်ဟုန်ထိုး မြင့်တက်လာပြီး၊ ချင်ဝမ်ယုကိုကြည့်သည့် သ်၏အကြည့်တွေက ပို၍ပင် အထိန်းအကွပ် မဲ့လာခဲ့သည်။

ချင်ဝမ်ယု၏ အမူအရာက အေးစက်သွားသည်။ ချန်းဘိုင်၏ အကြည့်များက သူမကို အလွန် စက်ဆုပ်ရွှံရှာသွားစေသည်။ အကယ်၍၊ အရင်တုန်းက အခြေအနေမျိုးသားဆိုလျှင်၊ သူမသည် သူ့ကို ဓားတစ်ချောင်းဖြင့် ထိုးသတ်ပြီးသား ဖြစ်သွားလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင် သူမသည် ထိုသို့ပြုလုပ်နိုင်ရန် ယုံကြည်မှု မရှိခဲ့ပေ။

ချန်းဘိုင် ပြောသည်မှာ မှန်ပါသည်။ ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲ၌ ကောင်းကင် တာအို အက်ကြောင်းများ ရှိနေပါသည်။ သူမသည် ကောင်းကင်တာအို ဉပဒေသများကို အသုံးမပြုနိုင်တော့ပါ။ အကယ်၍ သူမသည် ကောင်းကင်တာအို ဉပဒေသတွေကို အတင်းအကြပ် အသုံးပြုပါက၊ သူမ၏ ကောင်းကင်တာအိုသည် ကွဲအက်သွားရုံသာမက၊ သူမသည်လည်း ပြင်းထန်သော တန်ပြန်တုံ့ပြန်မှုဒဏ်ကို ခံစားရနိုင်ပြီး၊ သူမ၏ အသက်ပင် ဆုံးရှုံးသွားနိုင်သည်။

“မင်း ဘယ်လိုထင်လဲ?။ ငါ ပြောတာ မှန်တယ် မဟုတ်လား? မိန်းမလှလေးချင်။ မိန်းမလှလေးချင်, မင်းအနေနဲ့ နာခံမှုရှိရှိနဲ့ လက်မြှောက်အရှုံးပေးဖို့ ငါ အကြံပေးချင် တယ်။ ဒါဆို, ငါက မင်းအပေါ် နူးညံ့ညင်သာစွာ ဆက်ဆံပေးနိုင်တယ်။ ဒါပေမယ့်၊ တကယ်လို့, မင်းအနေနဲ့ သေတဲ့အထိ တိုက်ခိုက်လာရင်တော့ ငါ့ကို ရက်စက်တဲ့လူဆိုပြီး အပြစ်မတင်ပါနဲ့။ “ချန်းဘိုင်က ရယ်မောလိုက်ပြီး သူ၏လေသံက ဖောက်ပြန်သည့် အမူအရာ အပြည့် ရှိနေခဲ့သည်။

"နင်, အိပ်မက်မက်နေတာလား?။ ဒီနေ့ ငါ သေရမယ်ဆိုရင်တောင် မင်းရဲ့ညစ်ပတ်တဲ့ လက်တွေက ငါ့ရဲ့အဝတ်ထောင့်စွန်းကိုတောင် မထိစေရဘူး" ချင်ဝမ်ယုက အေးစက်စွာ အော်ပြောလိုက်သည်။ သူမ၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက ရုတ်တရက် ပျံ့နှံ့သွားသည်။

ချန်းဘိုင်၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ ချင်ဝမ်ယုသည် ကောင်းကင်တာအို နယ်ပယ်၏ ပဉ္စမအဆင့်တွင် ကျွမ်းကျင်သူဖြစ်ကြောင်း ဝန်ခံရပါမည်။ သူမသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သော်လည်း သူမ၏အငွေ့အသက်သည် ပြင်းထန်နေဆဲ ဖြစ်သည်။

ပိန်လှီသော ကုလားအုတ်သည် မြင်းထက်ကြီးသည်ဟု ဆိုကြသည်။ ချန်းဘိုင်သည်လည်း ရွေးချယ်စရာမရှိပေ။ သို့သော်၊ ချင်ဝမ်ယုသည် သူမ၏ အင်မော်တယ်စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်မည်ဟု သူ စိုးရိမ်နေမိသည်။ ကောင်းကင်တာအိုနယ်ပယ်၏ ပဉ္စမ အဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူခံနိုင်ရည်ရှိသောအရာ မဟုတ်သည်မှာ သေချာပါသည်။

"ဝူဖန်း သူတို့အားလုံးကို ငါ့အတွက် ဖမ်းထားလိုက်စမ်း..။" ချန်းဘိုင်က သူ၏အနားမှ အရပ်မြင့်မြင့်နှင့် အမျိုးသားအား ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ”။ အရပ်မြင့်မြင့်နှင့် အမျိုးသားသည် သိပ်စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ သူသည် တိုက်ရိုက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ချန်းဘိုင်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်ဟန်များ က ပို၍ ပြင်းထန်လာသည်။

ဝူဖန်းက ချင်ဝမ်ယုကို စွမ်းအားကုန်ခမ်းအောင် လုပ်ဆောင်ပါစေ။ ချင်ဝမ်ယုသည် သူမ၏ တိုက်ခိုက်ရေး စွမ်းအားကို လုံးဝ ဆုံးရှုံးသွားသောအခါတွင် သူသည် သူမကို ဖမ်းဆီးမည် ဖြစ်သည်။ ဤအရာက ချန်းဘိုင်၏စိတ်ထဲမှာ စွဲထင်နေသော အတွေးဖြစ်သည်။

ချင်ဝမ်ယုသည် ဝူဖန်း ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်ကို မြင်သောအခါ သူမ၏ လှပသော မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။

"ဝမ်ယု, နင် မတိုက်​နိုင်​​တော့ဘူး။ ငါကို လုပ်​ခွင့်​​ပေးပါ" အိုးယန်ထန်ရွယ်က စိုးရိမ်တကြီး ပြောသည်။

"အဆင်ပြေတယ်။ မင်းက သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူးလေ။ ဒီဝူဖန်းရဲ့ ခန္ဓာကိုယ်က အထူးသန့်စင်မူတွေကို ရင်ဆိုင်ကြုံတွေ့ထားပြီး၊ ပြိုင်ဘက်ကင်းတယ်။ မင်းက သူ့ကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ဘူး။" ချင်ဝမ်ယုက ငြင်းသည်။

ဤလူနှစ်ဆယ်ထဲတွင် သူမရှေ့က အပေါင်းအဖော်နှစ်ကောင်ကို တခြား မည်သူမှ ရင်မဆိုင်နိုင်သည့်အတွက်၊ သူမကိုယ်တိုင် လှုပ်ရှားဖို့ကလွဲလို့ သူမမှာလည်း ရွေးချယ်စရာ မရှိတော့ပါဘူး။

အိုးယန်ထန်ရွယ်က တစ်ခုခု ပြောတော့မည့်ပုံစံဖြင့် သူမ ပါးစပ်ကို ဖွင့်လိုက်ပါသည်။

အကယ်၍၊ ချင်ဝမ်ယုသာ ထပ်မံတိုက်ခိုက်ပါက သူမ၏ ကောင်းကင်တာအိုသည် အမှန်တကယ် ကွဲအက်သွားနိုင်ကြောင်း သူမ သိသည်။ ယခုအချိန်တွင် အစွမ်းထက်ဆုံးလူ တိုက်ခိုက်ခံနေရသော်လည်း သူမ လုပ်နိုင်သောအရာ ဘာမှမရှိပေ။ ယခုအခြေအနေက အလွန်မင်းကို အားကိုးရာမဲ့ ဖြစ်နေသည်။

အိုးယန်ထန်ရွယ်က သူမကိုယ်သူမ တီးတိုး ရေရွတ်မိသည် "ချင်ယွင်၊ မင်း အချိန်မီ ရောက်လာနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ မဟုတ်ရင် မင်းအဒေါ်တော့…..."

All Chapters