အခန်း ၉၆၃
Vol. 65 Ch. 963
အခန်း (၉၆၃) ချင်ယွင် အပြေးအလွှား ရောက်ရှိလာခြင်း။
“ဘုန်း..”။
ဝူဖန်းသည် မြေပြင်ပေါ် ခြေချပြီးသည်နှင့် ချက်ချင်းပင် မြေကြီးပေါ် ခြေဆောင့်နင်းလိုက် သည်။ ထိုနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူအယောင်ဆောင်ထားသော ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်ကဲ့သို့ ချင်ဝမ်ယုဆီသို့ ပျံသန်းသွားခဲ့သည်။
ချင်ဝမ်ယု၏ အမူအရာသည် ပြောင်းလဲသွားသော်လည်း သူမသည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏လက်ထဲမှ အင်မော်တယ်ဓားသည် အင်မော်တယ်အနှစ်သာရ၏ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဓားသည် ဝူဖန်း၏ ကြီးမားလှသော လက်ဖဝါးကြီးကို တိုက်ရိုက် ခုတ်ပိုင်းသွားသည်။
ချွင်…။
သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် ထိပ်တိုက်ထိမိသည့်အသံ ထွက်ပေါ်လာ သည်။ ချင်ဝမ်ယု၏ အင်မော်တယ်ဓားသည် ဝူဖန်း၏ လက်ဖဝါးတစ်ဖက်ကို ထိမှန်သွား ကာ လှပသော မီးပန်းမီးပွားများ ထွက်ပေါ်လာသည်။ နဂိုက မည်သည့်အရာကိုမဆို ရွှံ့ကိုခုတ်ပိုင်းကဲ့သို့ ထက်မြက်သော အင်မော်တယ်ဓားသည် ဝူဖန်းကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပါ။
ချင်ဝမ်ယုသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ တိုက်ခိုက်မှုသည် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ပါဘူး။
"ဟား…၊ ဟား…၊ ချင်ဝမ်ယု, မင်း ကောင်းကင်တာအို ဉပဒေသကို အသုံးမပြုဘဲ ဝူဖန်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဝူဖန်းက စိန်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကို ကျင့်ကြံထားပြီး၊ သတ္တုစွမ်းရည် မာကြောခြင်း ကောင်းကင်တာအိုဉပဒေသကို နားလည် သဘောပေါက်ထားတယ်။ သူ့ခန္ဓာကိုယ်ကို ရွှေရောင်အကာအရံတွေနဲ့ ဖုံးအုပ်ထားနိုင် တယ်။ သာမာန် တိုက်ခိုက်မှုတွေက သူ့ကို လုံးဝ ထိခိုက်စေနိုင်မှာ မဟုတ်ဘူး။" အဝေးမှ ကြည့်နေသော ချန်းဘိုင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ဝမ်ယုသည် ထိုစကားကိုကြားသောအခါ သူမ၏မျက်ခုံးများသည် ပို၍ပင် တွန့်လာခဲ့သည်။
အင်မော်တယ် ဧကရာဇ်များသည် အလွန်အစွမ်းထက်နေရသည့် အကြောင်းရင်းက သူတို့သည် ကောင်းကင်တာအိုဉပဒေသများ တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ သို့သော် လည်း, သူမသည် ယခုအချိန်တွင် ကောင်းကင်တာအို ဉပဒေသများကို အမှန်တကယ် အသုံးမပြုနိုင်တော့ပေ။ သူမသည် ၎င်းတို့ကို အသုံးပြုပြီးသည်နှင့်, သူမခန္ဓာကိုယ်ရှိ ကောင်းကင်တာအို အက်ကြောင်းများကို ပိုမိုဆိုးရွားစေမည် ဖြစ်သည်။
အကယ်၍၊ ကောင်းကင်တာအိုသာ လုံးဝ ပြိုကွဲသွားပါက, သူမ၏ ကျင်ကြံမှုအခြေခံသည် ပျောက်ကွယ်သွားမည်ကို အသားထား၊ သူမ၏ အသက်ကိုပင် အကြီးအကျယ် ခြိမ်းခြောက် နေပေလိမ့်မည်။
ဘန်း..။
ဤအခိုက်အတန့်တွင် ဝူဖန်း၏လက်သီးမှ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် တာအိုဉပဒေသ အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် ချင်ဝမ်ယုဆီသို့ ပြင်းပြင်းထန်ထန် ပစ်ဝင်လာရင်း သူ၏ခန္ဓာယ်တစ်ခုလုံးသည် သတ်ဖြတ်ခြင်း နတ်ဘုရား ကဲ့သို့ ဖြစ်နေသည်။
ဝူဖန်းသည် ရုပ်ခန္ဓာယ်ကိုယ် ကျင့်ကြံခြင်း လမ်းစဉ်ကိုသာ စိတ်အားထက်သန်စွာ လိုက်စားခဲ့သူဖြစ်ပြီး အမျိုးသမီးများကို စိတ်မဝင်စားပေ။ သူ၏မျက်လုံးများတွင် 'ရန်သူ' ဟူသော စကားလုံးသာရှိ၏။ ထို့ကြောင့်, သူသည် သနားကရုဏာ အနည်းငယ်မျှ မပြခဲ့ပေ။
ရွှေရောင်အလင်းတန်းတွေက တောက်လောင်လာခဲ့ပြီး၊ သူ၏အစွမ်းက ကောင်းကင်ကိုပင် တုန်လှုပ်စေသည်။
ချင်ဝမ်ယုသည် ကမန်းကတန်း ရှောင်တိမ်းလိုက်သည်။ သူမရှေ့မှ ဤဝူဖန်းသည် ကြောက်စရာကောင်းလွန်းသည်။ ထို့ကြောင့်, သူမ သူ့ကို ထိပ်တိုက်ရင်ဆိုင် မတိုက်နိုင်တော့သည်မှာ သေချာပါသည်။
“ဘုန်း…။”
ဝူဖန်း၏ လက်သီးချက်သည် ချင်ဝမ်ယု အစောပိုင်းလေးက ရပ်နေသည့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ မြေပြင်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲသွားပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာပါသည်။
မြေပြင်ပေါ်ရှိ ကျောက်တုံးများသည် လေထဲသို့ ပစ်လွင့်သွားခဲ့ပြီး၊ ချင်ဝမ်ယုဆီသို့ ဒီရေလှိုင်းကဲ့သို့ ပစ်လွှင့်သွားသည်။
ချင်ဝမ်ယု၏ မျက်လုံးများ အေးစက်သွားပြီး၊ သူမ၏လက်ထဲတွင်ရှိသော ဓားက ဓားအလင်းတန်းများ တောက်ပလာကာ ကျောက်တုံးများကို အပိုင်းပိုင်း ခွဲပစ်လိုက်သည်။
ဘန်း..။
သို့သော်လည်း ထိုအချိန်တွင် ဧရာမလက်ကြီးသည် ကျောက်ပြားနောက်ကွယ်မှ ရုတ်တရက် ဆန့်ထွက်ကာ ချင်ဝမ်ယု၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
ချင်ဝမ်ယုသည် ထိတ်လန့်သွားပြီး ခုခံရန် သူမ၏ဓားကို အလျင်အမြန် အသုံးပြုသည်။
ချွင်..။
သို့သော်လည်း ဝူဖန်း၏လက်သည် ချင်ဝမ်ယု၏ အင်မော်တယ်ဓားကို ခိုင်မြဲစွာ ဆုပ်ကိုင် ထားသည်။ ချင်ဝမ်ယုသည် မည်မျှ တုန်လှုပ်နေပါစေ သူမသည် ဓားကို လုံးဝ မလှုပ်နိုင်ခဲ့ ပေ။
တစ်ချိန်တည်းမှာပင်၊ ဝူဖန်း၏ အခြားလက်သီးတစ်ဖက်က ကြောက်မက်ဖွယ်ကောင်း သော သတ္တုစွမ်းရည် ကောင်းကင်တာအို အတက်အကျလှိုင်းများဖြင့် ချင်ဝမ်ယု၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ချင်ဝမ်ယု၏ ပါးစပ်ထောင့်က သွေးစသွေးနများ ချက်ချင်း စီးထွက်လာပြီး သူမ၏ခန္ဓာယ်ကိုယ်တစ်ခုလုံး ချက်ချင်း နောက်ပြန် ဆုတ်သွားရကာ အိုးယန်ထန်ရွယ်နှင့် အခြားလူတွေရှေ့မှာ အပြင်းအထန် ပစ်လဲကျသွားခဲ့သည်။
“ဝမ်ယု”..
"စီနီယာ ချင်"
အိုးယန်ထန်ရွယ်နှင့် အခြားသူများသည် ချင်ဝမ်ယု လဲကျသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် စိုးရိမ်ပူပန်မှုက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"ငါ… ငါ အဆင်ပြေတယ်…" ချင်ဝမ်ယုသည် သူမ၏ဝမ်းဗိုက်ကို ဖုံးအုပ်ကာ မတ်တပ် ထရပ်လိုက်သည်။ သို့သော် သူမ မတ်တပ်ထရပ်လိုက်သည်နှင့် သူမ၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်လာကာ သူမ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
ထင်ရှားသည်မှာ၊ ဝူဖန်း၏လက်ချက်ကြောင့် ချင်ဝမ်ယု၏ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေခဲ့ သည်မှာ သေချာပါသည်။
ထိုအချိန်မှာပင် ပြင်းထန်သော အငွေ့အသက်တွေက သူတို့အပေါ်ကို လွှမ်းမိုးလာသည်။ ဝူဖန်းသည် ရပ်တန့်ခြင်းမရှိဘဲ နောက်တကြိမ် ပစ်ဝင်လာပြန်သည်။ သူသည် သူမကို ဒဏ်ရာများကို တည်ငြိမ်အောင် ကုစားစေလိုဟန်မရှိဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက် လိုက်သည်။
ထိုမြင်ကွင်းကို အိုးယန်ထန်ရွယ် မြင်သည့်အခါ, သူမသည် ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် ထူထပ်သော ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာသည်။ ဤရေခဲများသည် ထူထဲသောရေခဲတံတိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်။
"ဟွမ်း…”။
အိုးယန်ထန်ရွယ် ပေါင်းစည်းသိပ်သည်းထားသော ရေခဲနံရံသည် အကျိုးသက်ရောက်မှု လုံးဝ မရှိခဲ့ပေ။ ၎င်းသည် ဝူဖန်း၏ ကြောက်စရာကောင်းသော လက်သီးအောက်တွင် စက္ကူကဲ့သို့ ဖြစ်သွားရသည်။ ၎င်းရေခဲနံရသည် ချက်ချင်း အက်ကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ ဝူဖန်း၏ လက်သီးသည် အိုးယန်ထန်ရွယ်၏ ဘယ်ဘက်ပခုံးကို အပြင်းအထန် ထိုးသွင်းသွားခဲ့သည်။
“ဖူး…”။
၎င်းလက်သီးချက်သည် အိုးယန်ထန်ရွယ်ကို ချက်ချင်း လွင့်ထွက်သွားစေသည်။ သူမပါးစပ်မှ သွေးချောင်းတွေ တဟွတ်ဟွတ်ဆိုးနေပြီး မျက်နှာလည်း ဖြူဖျော့သွားသည်။
သူမ၏ ကျင့်ကြံမှုအခြေခံသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်အဆင့်သာ ရှိပါသေးသည်။ ဤဝူဖန်းသည် ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်တွင် ရှိနေခဲ့ပြီး၊ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဘက် မဖြစ်နိုင်ပေ။ ထို့ကြောင့် အိုးယန်ထန်ရွယ်သည် လက်သီး တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှောင်ဟေးနှင့် ရှောင်ဟောင်တိုသည် ချက်ချင်းဆိုသလို ဒေါသတွေ ထွက်လာခဲ့သည်။ စီနီယာနှင်းအမျိုးသမီးသည် သူတို့ကို ကြင်နာတတ်အောင် သင်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် သူတို့၏ ဆရာသခင်အဖြစ် သတ်မှတ်နိုင်သည်။ ယခု ဝူဖန်းသည် သူတို့၏ဆရာသခင်ကို ဤကဲ့သို့ ရိုက်နှက်ခဲ့ခြင်းကြောင့် သူတို့အနေဖြင့် မည်သို့လျှင် ဒေါသမထွက်ဘဲ နေမည်နည်း?။
ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် သူတို့၏သွားများကို တင်းတင်းကြိတ်ကြသည်။ သူတို့၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး တိုက်ခိုက်လုဆဲဆဲ ဖြစ်နေပြီ။
“မဆင်မခြင်မလုပ်ကြနဲ့" ထိုအချိန်မှာ ချင်ဝမ်ယုက ရုတ်တရက် အေးစက်စက် အော်လိုက်သည်။
ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် ချင်ဝမ်ယု၏ စကားကို ကြားသောအခါ ချက်ချင်းပင် ငြိမ်သက်သွားကြသည်။ ချင်ဝမ်ယုသည် ချင်ယွင်၏ အဒေါ်ဖြစ်ပြီး သူမသည် ကောင်းကင် တာအိုနယ်ပယ်၏ ပဉ္စမအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။ သဘာဝ အတိုင်း၊ ရှောင်ဟေးနျင့် ရှောင်ဟောင်တို့၏နှလုံးသားများတွင် သူမ၏အဆင့်အတန်းသည် အလွန်မြင့်မားသည်။ ထို့ကြောင့် သူမစကားကို နားမထောင်ရန်မှာ မဖြစ်နိုင်ပေ။
"မင်းတို့ကို လှုပ်ရှားခွင့် မပေးဘူး” ချင်ဝမ်ယုက အမိန့်ထုတ်လိုက်သည်။
ရှောင်ဟေးနှင့် ရှောင်ဟောင်တို့သည် ချင်ယွင်၏ နတ်ဆိုးသားရဲများ ဖြစ်ကြသည်။ သူတို့၏ အလားအလာက ကြီးမားလွန်းသည်။ အနာဂတ်တွင်၊ ၎င်းတို့သည် ချင်ယွင်၏ အစွမ်းထက်သော အထောက်အကူများ ဖြစ်လာမည်မှာ သေချာသည်။ ထို့ကြောင့် သူမသည် ချင်ယွင်အတွက်ကြောင့် ရှောင်ဟေးနှင့် ရှောင်ဟောင်တို့ကို လှုပ်ရှားခွင့် မပြုသည်မှာ သေချာပါသည်။
အရင်က ရှောင်ဘိုင်နှင့် ရှောင်ကျင်တို့ကို သူမသည် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ပြီး အထူးနည်းလမ်းတွေတောင် အသုံးပြုခဲ့ကြပါသေးသည်။ ထိုသို့မဟုတ်လျှင်၊ ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်နှင့်အတူ ထူးကဲသည့် စွမ်းရည်တွေကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင် သူတို့အနေဖြင့် တော်ဝင်တာအိုနယ်ပယ်၏ ပြီးပြည်စုံခြင်းအဆင့်ကို ဆယ်စုနှစ်အနည်းငယ်အတွင်း ဖြတ်ကျော်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။
ချင်ဝမ်ယု၏ မျက်လုံးများက အေးစက်သွားသည်။ သူမ လုပ်ဆောင်နေသမျှက ချင်ယွင် အတွက် အင်အားကြီးမားသည့် တပ်ဖွဲ့ကြီးတစ်ခု ဖန်တီးပေးရန်ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် အနာဂတ်အကျပ်အတည်းများကို ရင်ဆိုင်ရန် ခွန်အားရှိနိုင်မည် ဖြစ်သည်။
"ဟား..၊ ဟား..၊ ချင်ဝမ်ယု, နာခံမှုရှိရှိနဲ့ လက်မြှောက်အရှုံးပေးဖို့ ငါ မင်းကို အကြံပေးချင် တယ်။ မင်း ငါ့ကို နာခံနေသရွေ့ သူတို့ကို မထိခိုက်စေဖို့ ငါ ကတိပေးမှာပါ" ချန်းဘိုင်က ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ပြောသည်။
"မင်း အိပ်မက်မက်နေတာလား”။ ချင်ဝမ်ယု၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒကို ထုတ်လွှတ်လိုက်ပြီး သူမ၏ လေသံက အလွန်မင်းကို အေးစက်နေပါသည်။
သူမသည် အရူးတစ်ယောက် မဟုတ်ပေ။ တင်းမောင်နှမကို မဟာဧကရီက အမိန့်ပေးထား ကြောင်း သူမ သိသည်။ မဟာဧကရီက အမိန့်ပေးထားမှတော့ ချန်းဘိုင်သည် သူမတို့၏ ရှင်ခြင်း သေခြင်းကို မည်သို့ ဆုံးဖြတ်ပိုင်ခွင့် ရှိမည်နည်း?။ ထိုစကားက သူမကို လိမ်ညာနေရုံသက်သက်ပင်။
"ဟမ့်၊ ချန်းဘိုင်၊ ငါ ချင်ဝမ်ယု ဒီနေ့ သေရမယ်ဆိုရင်တောင် နင့်လိုသစ္စာမဲ့တဲ့ လူရဲ့လက်ထဲမှာ ဘယ်တော့မှ မကျရောက်စေရဘူး။ နင်က ငါ့မျက်လုံးထဲမှာ ခွေးတစ်ကောင်လောင်တောင် အဆင့်မရှိဘူးဆိုတာ ငါ နင့်ကို သိစေချင်တယ်။" ချင်ဝမ်ယုက အေးစက်စွာ ပြောသည်။ သူမ စကားပြီးသည်နှင့် သူမ၏အငွေ့အသက်သည် အရှိန်ဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ချင်ဝမ်ယု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ကောင်းကင်တာအိုဥပဒေသ အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
"မဟုတ်ဘူး…”။ အဝေးတွင်ရှိနေသော အိုးယန်ထန်ရွယ်သည် ချင်ဝမ်ယု၏ ခန္ဓာကိုယ် ပေါ်ရှိ ကောင်းကင်တာအို ဉပဒေသ အတက်အကျလှိုင်းများကို ခံစားနိုင်သည်။ သူမသည် အော်ဟစ်လိုက်ရင်း သူ၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။
ချန်းဘိုင်သည်လည်း ချင်ဝမ်ယု၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။ သူက ဝူဖန်းကို အလောတကြီး အော်ပြောလိုက်သည် "ဝူဖန်း၊ သူမကို မြန်မြန် သတ်လိုက်ပါ၊ မင်း သူမကို သေချာပေါက် ဥပဒေသတွေ အသုံးပြုခွင့် မပေးနဲ့”။
ထိုစကားကိုကြားတော့ ဝူဖန်း၏ သူငယ်အိမ်တွေက ချက်ချင်းပင် ရွှေရောင် ပြောင်းသွားပါ သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်ထားပုံရသည်။ ထို့နောက် သူသည် ပြေးထွက်သွားပြီး ချင်ဝမ်ယုကို သတ်ရန် ပြင်ဆင်လိုက်သည်။
ချင်ဝမ်ယု၏ ကောင်းကင်းတာအို ဉပဒေသများက မြင့်တက်လာခဲ့ပြီး သူမ၏ အကြည့်တွေ က အနှိုင်းမဲ့ ပြတ်သားလာသည်။ သူမသည် ကောင်းကင်းတာအိုဉပဒေသကို လုံးဝ အသုံးချရန် ရည်ရွယ်နေသည်။
"ဟမ့်၊ ငါ့အဒေါ်ရဲ့ ဆံတစ်ပင်ကိုတောင် ဖြတ်တောက်ဝံ့တယ်ဆိုရင် မင်းတို့ကို သင်္ချိုင်းမြေ မပါဘဲ သေချာပေါက် သေစေရမယ်”။
သို့သော် ထိုအချိန်တွင် လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်နှင့်အတူ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ပုံရိပ်တစ်ခုသည် ချင်ဝမ်ယု၏ ခန္ဓာကိုယ်အပေါ်ရှိ ကောင်းကင်ယံတွင် ချက်ချင်း ပေါ်လာပြီး၊ လက်သီးချက်က ဝူဖန်း၏ လက်သီးချက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။