← Chapters

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း ၉၆၄

Vol. 65 Ch. 964

အခန်း (၉၆၄) ခင်မင်ရင်းနှီးမှု

“ဘုန်း…”။

တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းလုံး ကြီးက ချက်ခြင်း ထွက်ပေါ်လာသည်။

ဝူဖန်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး၊ ချင်ယွင် ကို စူးစိုက်စိုက်စိုက် ကြည့်ရင်း သူ၏ရုပ်အသွင်က အဝေးသို့ လွင့်မျောပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားရုံသာမက, သူ၏မျက်လုံးများ တွင် အံ့အားသင့်ဟန် အရိပ်အယောင်များလည်း ရှိနေပါသည်။ ဤသည်မှာ သူ့ကို ရုပ်ပိုင်းဆိုင်ရာအရ ဆန့်ကျင်တိုက်ခိုက်နိုင်သည့် သူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ရခြင်း ဖြစ်ပါသည်။

"အစ်ကိုကြီး…”။

"သခင်လေး..”။

ရှောင်ဟောင်, ရှောင်ဟေးနှင့် လင်းဝူရွှန်းတို့သည် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်ကာ သူတို၏မျက်လုံးများတွင် အံ့သြပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင် ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားခဲ့ပေ။

အိုးယန်ထန်ရွယ်သည် သူမ၏ နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချ လိုက်မိသည်။ ချင်ယွင်၏ အချိန်မီ ရောက်ရှိမှုသည် ချင်ဝမ်ယုသည် ကောင်းကင်တာအို ဉပဒေသတွေကို အသုံးပြုခြင်းမှ တားဆီးနိုင်းခဲ့ပြီး ချင်ဝမ်ယု၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။

ချင်ဝမ်ယုသည် သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော လူငယ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါသည်။ ချက်ချင်းပင် သူမ၏မျက်လုံးများသည် နီရဲလာပြီး သူမ၏အမူအရာက စိတ်လှုပ်ရှားနေသည်။

သူမ ချင်ယွင်ကို နောက်ဆုံး တွေ့ရှိခဲ့စဉ်တုန်းက ချင်ယွင်သည် အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း သူမရှေ့မှ ဤလူငယ်သည် သူမတူလေး ချင်ယွင်ဆိုသည်ကို သူမ မှတ်မိနိုင်ပါသေးသည်။

"အဒေါ်..” ချင်ယွင်လည်း စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။ ထိုအချိန်တုန်းက ချင်ဝမ်ယုသည် သူ့ကို အရမ်းကို ချစ်ခင်မြတ်နိုးခဲ့သည်။ သူမသည် သူ၏အမေဘေးမှ နေ၍ ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် သူ၏ခေါင်းကို ထိတွေ့ကိုင်ခဲ့ဖူးသည့် တစ်ဦးတည်းသောလူ ဖြစ်ပါသည်။ သူ၏အမေကလွဲရင် သူမသည် သူမိခင်နှင့် ကင်းကွာနေသော ဤအခိုက်တန့် မှာ သူ့ကို မိသားစု၏ နွေးထွေးမှုကို ခံစားစေခဲ့သူလည်း ဖြစ်ပါသည်။

အကယ်၍၊ သူသည် သေမျိုးကမ္ဘာသို့ ကျရောက်ခဲ့ရလျှင်ပင်၊ အကယ်၍၊ သူ၏အဒေါ်သာ ရှိနေခဲ့လျှင်, သူသည် သေမျိုးကမ္ဘာသို့ ဘယ်တော့မှ ကျရောက်လိမ့်မည် မဟုတ်ဟု မကြာခဏ တွေးတောခဲ့ဖူးသည်။

ချင်ယွင်၏ အသံကိုကြားတော့ ချင်ဝမ်ယုသည် သူမ၏မျက်ရည်များကို မထိန်းနိုင်တော့ ပေ။ သူမ ချင်ယွင်၏ပါးပြင်ကို ထိကိုင်ရန် လက်ကိုဆန့်ထုတ်ကာ နူးညံ့သော အပြုံးဖြင့် "ငါတို့နောက်ဆုံးအကြိမ် တွေ့ခဲ့တာ ဆယ်စုနှစ်တွေ ကြာမြင့်ခဲ့ပြီ။ မင်းလည်း ကြီးပြင်းပြီး ချောမောလာခဲ့တယ်" ဟု ပြောလိုက်သည်။

"ဒါပေမယ့် အဒေါ်လည်း လုံးဝ မပြောင်းလဲခဲ့ပါဘူး။ အဒေါ်က အရမ်းကို လှပပြီး တက်ကြွနေသေးတယ်။" ချင်ယွင်က အပြုံးနှင့်အတူ ပြောပြီး၊ သူ၏ရင်ထဲမှာ နွေးထွေးသည့် ခံစားချက်က စီးဆင်းနေပါသည်။

ချင်ယွင်သည် သူ၏ဘေးတွင် အမျိုးသမီးလေးယောက် ရှိနေသော်လည်း သူ၏နှလုံးသားကို နွေးထွေးစေမည့် ချစ်ခြင်းမေတ္တာကိုတော့ အလိုရှိနေဆဲပင်။ (သူမတို့နှင့်ပတ်သက်ပြီး) ခင်မင်ရင်းနှီးမှုအရဆို ချင်ယွင်၏ နှလုံးသားသည် အေးစက်နေဆဲ ဖြစ်သည်။ ယခုမူ ချင်ဝမ်ယု၏ အသံကို ကြားလိုက်ရတော့ ချင်ယွင်သည် ဆွေမျိုးပေါက်ဖော်ဟူသော အတွေးကြောင့် အရည်ပျော်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့သည် ။

"ခေါင်းထဲမှာ ကောက်ကျစ်မူတွေ ပြည့်နေတဲ့ကောင်လေး၊ ငါ မင်းကို မတွေ့ရတာ ဆယ်စုနှစ် အနည်းငယ် ကြာရုံပဲရှိသေးတယ်။ ဒါပေမယ့်, မင်းကတော့ ပိုပြီး စကားပြော ကောင်းလာတယ်။ မင်းက ကောင်မလေးတွေကို လိမ်လည်လှည့်ဖျားမှာကိုတောင် ငါ ကြောက်မိတယ်။" ချင်ဝမ်ယုသည် သူမ၏ ကျောက်စိမ်းသဏ္ဍာန်လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်၏ နဖူးကို ရွယ်လိုက်သည်။ သူမက စိတ်ဆိုးဟန်ဆောင်ပြီး ပြောလိုက်သော်လည်း သူမ၏မျက်နှာက အပြုံးရိပ်သမ်းနေပါသည်။

ချင်ယွင်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် နာခံသည့်ပုံစံမျိုး ရှိနေသည်။ ချင်ဝမ်ယု၏ ရှေ့တွင်မူ၊ သူသည် အမြဲလိုလို ကလေးလေးတစ်ယောက်သာ ဖြစ်ပြီး၊ ဆိုးသွမ်းပြီး ဂျီကျအနိုင်ယူတတ်သည့် ကလေးတစ်ယောက်သာ ဖြစ်ပါသည်။

ဘန်း…။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ စွမ်းအင်အတက်အကျ လှိုင်းတစ်ခုက ထွက်ပေါ် လာခဲ့သည်။ ရင်ပြင်ပေါ်တွင် ရုပ်အသွင်ပြင်နှစ်ခု ပေါ်လာပါသည်။ ရောက်လာသူများမှာ ရှရှန်းယုနှင့် ရှောင်ကျင်းတို့မှလွဲ၍ အခြားလူများ မဟုတ်ကြပေ။

ရှရှန်းယုကိုမြင်သောအခါ ချင်ဝမ်ယုသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း၊ ရှရှန်းယုကိုကြည့်နေသည့် သူမ၏အကြည့်တွေက သိပ်ပြီးဖော်ရွေခြင်း မရှိလှပေ။

ထုံးစံအတိုင်း၊ သူမသည် ရှရှန်းယုကို သိထားပြီး သူမနှင့် ချင်ယွင်တို့အကြား လက်ထပ်စာချုပ်တစ်ခု ရှိနေကြောင်းကိုလည်း သိထားပါသည်။ ထို့အပြင်၊ စေ့စပ်ပွဲကို ဖျက်သိမ်းရန် ရှရှန်းယု၏ တောင်းဆိုမှုကိုလည်း သူမ သိရှိထားခဲ့ပြီး၊ ယင်းက ချင်ယွင်ကို အရှက်ရစေခဲ့သည်။ ထို့ကြောင့် ရှရှန်းယုကို သူမမြင်လိုက်သောအခါ သူမ၏အကြည့်တွေ က အလွန်အမင်း ဖော်ရွေခြင်း မရှိခဲ့ပေ။

"အဒေါ်, အခု သူမက ကျွန်​​တော့်​ရဲ့အစေခံလေ။ ဒါကြောင့် ကျွန်​​တော်​နဲ့ လိုက်​လာခဲ့တာ" ချင်ယွင်က ချင်ဝမ်ယုအား ရှင်းပြသည်။

"အစေခံမိန်းကလေးလား..”။ ချင်ဝမ်ယု အံ့အားသင့်သွားသည်မှာ ထင်ရှားပါသည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိခဲ့ပါ။ သို့သော် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု အမြန်ပေါ်လာသည်။ သူမက ချင်ယွင်၏ ပုခုံးကို ပုတ်ပြီး ပြောသည် "မင်း ကတိပေးစမ်းပါ။ မင်းရဲ့အဒေါ်ကို စိတ်ပျက်အောင် မလုပ်ဖို့”။

ချင်ယွင်က ပြုံးပြီး ခေါင်းယမ်းလိုက်မိသည်။ သူသည် သူ၏ဘေးနားရှိ ရှရှန်းယုကို တစ်ချက် ကြည့်လိုက်သည်။ သို့သော် သူမမျက်နှာတွင် မည်သည့်ခံစားချက် အရိပ်အယောင်မျှ မရှိသည်ကို သူ တွေ့ရှိခဲ့ရသည်။ သူက ပြတ်ပြတ်သားသားပြောလိုက်သည် "မှန်တာပေါ့။ ကျွန်တော်က ဘယ်သူ့ရဲ့တူလေးလဲဆိုတာ မမြင်ဘူးလား?”။

ထိုစကားကိုကြားတော့ ရှရှန်းယုသည် အေးစက်နေသော်လည်း မထိန်းနိုင်ဘဲ ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သေးသည်။

အဝေးမှလူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရတော့ ပါးစပ်ကိုပိတ်ပြီး တဟားဟား ရယ်မောလိုက်ကြပါသည်။

"ဟေး၊ မင်းတို့တွေ စကားပြောတာ လုံလောက်ပြီ မဟုတ်လား?။ မင်းတို့က သူတို့ နှစ်ယောက်ကို ပေါင်းသင်းပေးဖို့ ကြိုးစားနေကြတာလား?။" သို့သော် ဤအခိုက်အတန့် လေးတွင် စည်းလုံးညီညွတ်သော အငွေ့အသက်ကို ချိုးဖျက်ပစ်လိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့ပြီး၊ သူ၏မျက်လုံးတွေထဲ သတ်ပစ်ချင်စိတ်တွေ ပေါ်လာပါသည်။

အစောပိုင်းက သူသည် သူ၏အဒေါ်နှင့် စကားစမြည်ပြောတုန်း သူမ၏ခန္ဓာကိုယ်ကို စစ်ဆေးပြီးသွားပါပြီ။ သူမ၏ ဒဏ်ရာများသည် အလွန်မင်း ပြင်းထန်လွန်းကြောင်း သူ တွေ့ရှိခဲ့ရသည်။ ကောင်းကင်တာအိုက အက်ကွဲသွားခဲ့ပြီ။ ဤအရာသည် သူ၏ အသက်စွမ်းအားဖြင့် ကုသနိုင်သည့် ဒဏ်ရာတစ်ခု မဟုတ်တော့ပါဘူး။ သူ၏အဒေါ် ဤမျှလောက်ပြင်းထန်သည့် ဒဏ်ရာတွေ ရရှိခဲ့သည့် အကြောင်းရင်းက သူ၏ရှေ့မှ ဤလူတွေနှင့် ဆက်စပ်နေလိမ့်မည်။

ထို့အပြင်၊ ချင်ယွင်သည် အစောပိုင်းက ဤနေရာသို့ လာရာလမ်းတွင် ချန်းဘိုင်၏ စော်ကားမော်ကား ပြောဆိုမှုများကို ကြားသိခဲ့ရသောကြောင့် ချန်းဘိုင်သည် ချင်ယွင်၏ သတ်ဖြတ်ရမည့် လူစာရင်းတွင် ကြာရှည်စွာကတည်းက ရှိနေခဲ့ပြီ။

"သတိထားပါ။" ချင်ဝမ်ယုက ချင်ယွင်ကို ပြောသည်။ သူမသည် ချင်ယွင်၏ ပင်ကိုယ် စရိုက်ကို သိသောကြောင့် သူ့ကို တားမြစ်ရန် မည်သည့်စကားမှ မပြောခဲ့ပေ။ သူမ သူ့ကို သတိပေးစကားသာ ပြောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး ချန်းဘိုင်နှင့် ဝူဖန်းကို ကြောက်မက်ဖွယ် ကောင်းလောက် အောင် အေးစက်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

"မင်းက ချီဟန်ရှန်းနဲ့ ဝမ်မြောင်တို့ကို သတ်ခဲ့တဲ့ ချင်ယွင်ဆိုတဲ့ တစ်ယောက်လား?။" ချန်းဘိုင်သည် ချင်ယွင်ကို ကြည့်ကာ အေးစက်သော အပြုံးဖြင့် မေးသည်။

"မှန်တယ်၊ ငါ သူတို့အားလုံးကို ငါ သတ်ပစ်လိုက်တာ။ မင်းရဲ့ကံကြမ္မာကလည်း သူတို့နဲ့ အတူတူပဲ။ မင်းက သူတို့ထက်တောင် ပိုဆိုးဝါးလိမ့်မယ်" ချင်ယွင်က သတ်ဖြတ်လိုသော ဆန္ဒဖြင့် ပြောသည်။

"ဟမ့်၊ ဘယ်သူက ဘယ်သူ့ကို သတ်မှာလဲ?။ အယုတ်တမာကောင်လေး၊ မင်းက သခင်ငယ်လေးရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို အကျဉ်းချထားတယ်လို့ ငါကြားတယ်။ တကယ်လို့, မင်း ဉာဏ်ကောင်းတယ်ဆိုရင် လွှတ်ပေးလိုက်ပါ။ မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့။" ချန်းဘိုင်က အထင်အမြင်သေးစွာဖြင့် အော်ပြောလိုက်သည်။

မူလက ချင်ယွင်က ချီဟန်ရှန်းကို သတ်နိုင်ခဲ့သည်ကို သံသယရှိခဲ့ဖူးသော်လည်း ယခု ချင်ယွင်ကို မြင်လိုက်ရတော့ ချင်ယွင်သည် သာမန်လူတစ်ယောက် ဖြစ်သည်ကို သူ ခံစားမိသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင်ပင် ကောင်းကင်တာအိုဉပဒေသများ၏ အတက်အကျလှိုင်းများကို အနည်းငယ်မျှပင် မတွေ့ခဲ့ရပေ။

ကောင်းကင်ဘုံလမ်းစဉ်၏ ဉပဒေသတွေကိုတောင် နားမလည်နိုင်သည့် သူတစ်ယောက်က သူ့ကို တိုက်ဖို့ မည်သည့်အရာကို အသုံးပြုမည်နည်း?။

"လိုချင်ရင် မင်းကိုယ်တိုင် လာယူလို့ရတယ်။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။ ချန်းဘိုင်၏ မထီမဲ့မြင်ပြုသည့် အကြည့်တွေကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်သောကြောင့် ချန်းဘိုင်တွေးနေပုံကို သူ အလွယ်တကူ ခန့်မှန်းနိုင်သည်။

"ဟမ့်၊ မင်းကို ငါကိုယ်တိုင် သတ်ဖို့ မလိုဘူး။ ဝူဖန်းနဲ့တင် လုံလောက်ပြီ၊ ဝူဖန်း သူ့ကို သွားသတ်လိုက်။" ချန်းဘိုင်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့" ဝူဖန်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပြီး၊ သူက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း တိုက်တိုက်လိုစိတ်များ ပြည့်နှက်လာခဲ့သည်။

အစောပိုင်းက ချင်ယွင်သည် သူ၏လက်သီးချက်ကို အသည်းအသန် ခံယူနိုင်ခဲ့ပြီး၊ ယင်းက သူ့ကို အလွန်မင်း ဒေါသထွက်သွားစေခဲ့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တွင် အသန်မာဆုံးလူတစ်ယောက် ဖြစ်ချင်ခဲ့သည်၊ ထို့ကြောင့် မည်သူ့ကိုမျှ သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုထက် သာလွန်ရန် ခွင့်မပြုသည်မှာ သေချာပါသည်။ ထို့အပြင်၊ သူ၏ရှေ့မှ ဤလူငယ်သည် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ဝူဖန်း၏ နှလုံးသားထဲမှာ သတ်ပစ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။

“ဘုန်း…။

ဝူဖန်းသည် မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်နှင့် ကောင်းကင်နှင်းတောင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။ ကောင်းကင်တာအို၏ ကြောက်စရာကောင်းသော စွမ်းအားက ပျံ့နှံ့သွားပြီး ၎င်း၏ စွမ်းအားသည် လွှမ်းခြုံသွားသည်။

ရွှေရောင်အလင်းတန်းတစ်ခုက ဝူဖန်း၏ခန္ဓာကိုယ်ကို ချက်ချင်း ဖြတ်ကျော်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချင်ယွင်ဆီကို တဖန်း ပျံထွက်သွားခဲ့သည်။ သူ၏လက်သီးပေါ် တွင် ပျံ့နှံ့နေသော ရွှေရောင် ကောင်းကင်တာအိုစွမ်းအင်က အရာအားလုံးကို ချေမှုန်းရန် အတွက် လုံလောက်ပြီဟု ထင်သည်။

ချင်ယွင်သည် ဝူဖန်း၏ တိုးဝင်လာသော လက်သီးချက်ကို ကြည့်ပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးထဲတွင် တိုးဝင်လာခဲ့သည်။

အင်မော်တယ် ဧကရာဇ်အနည်းငယ်လောက်သာ သူတို့၏ခန္ဓာကိုယ်ကို ကျင့်ကြံကြသည်။ အင်မော်တယ်ဘုရင်များဆိုလျှင် အတော့်ကို ရှားပါးပါသည်။ ချင်ယွင်သည် သူ၏ရှေ့မှ သန်မာသောလူကဲ့သို့ အင်မော်တယ် ဧကရာဇ်အဆင့် ရုပ်ခန္ဓာကိုယ်ကို သန့်စင်ထားသော ကျွမ်းကျင်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤအခိုက်တန့် တွင် သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းသောအရပ်မှ တိုက်ခိုက်စိတ်က သူ၏ သွေးများကို ပွက်ပွက်ဆူလာစေသည်။

"ဒါဆိုလည်း မင်းရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြံ့ခိုင်နေလဲဆိုတာ ငါ့ကို ကြည့်ခွင့်ပြုပါ” ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားပြီး၊ ဝူဖန်းကို ချက်ချင်း ကြိုဆိုနှုတ်ဆက်ရန်အတွက် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းက သူ၏ လက်ထဲသို့ တိုးဝင်လာခဲ့သည်။

All Chapters