အခန်း ၉၆၅
Vol. 65 Ch. 965
အခန်း (၉၆၅) မင်း သူ့ကို အနိုင်မယူနိုင်တော့ ဆေးသောက်ရပြီပေါ့။
ချွင်…။
ချင်ယွင်၏ လက်သီးသည် ဝူဖန်း၏ လက်သီးနှင့် ပြင်းထန်စွာ တွေ့ဆုံသွားခဲ့သော်လည်း၊ သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် တိုက်မိသကဲ့သို့ အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။
ချင်ယွင်သည် သူအပြင်းအထန် တိုက်ခိုက်မိသည်က အသွေးအသားမဟုတ်ဘဲ သံမဏိနံရံ တစ်ခုကဲသို့ ခံစားလိုက်ရသည်။
ဝူဖန်းလည်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လာသည်။ သူ၏ရှေ့မှ လူငယ်လေး၏ ခန္ဓာကိုယ်က ဤမျှလောက် သန်မာနေလိမ့်ယ်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူ၏ လက်သီးချက်ကို မည်သည့်ထိခိုက်မှုမှမရှိဘဲ ခံယူနိုင်သည့် အနေအထားမျိုး သူ တစ်ခါမှ မကြုံဖူးပါဘူး။
“ဘုန်း…”။
တခဏအတွင်းမှာပင်၊ သူတို့ နှစ်ယောက်သည် နောက်တကြိမ် ထပ်မံတိုက်ခိုက်ကြသည်။ ကြောက်စရာကောင်းသည့် စွမ်းအားတွေကို သယ်ဆောင်လာကြကြသည့် သူတို့၏ လက်သီးတွေက အချင်းချင်း၏ ရင်ဘတ်တွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်မိကြပြီး၊ တအုန်းအုန်း အသံတစ်ချက်စီ ထွက်ပေါ်လာပြန်သည်။ နှစ်ယောက်စလုံး နောက်သို့ တွန်းကန်သွားကြသည်။ သို့သော် သူတို့သည် နောက်တစ်ကြိမ် ပြေးထွက်လာပြီး အချင်းချင်း ထပ်မံ တိုက်ခိုက်ကြပြန်သည်။
ကောင်းကင်တာအို၏ စွမ်းအားသည် ဝူဖန်း၏ လက်သီးထက်တွင် ပျံ့နှံ့လာခဲ့ပြီး ၎င်း၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်းကြီးမားသည်။ လက်သီးတစ်စုံက ကမ္ဘာပေါ်တွင် အမာကြောဆုံး ရတနာများဖြစ်ပုံရပြီး အရာအားလုံးကို ဖြိုခွဲနိုင်လောက်အောင်ပင်။
ချင်ယွင်သည်လည်း သဘာဝအတိုင်း သူ့ထက် သာလွန်သွားလိုစိတ် မရှိပေ။ ကြောက်မက်ဖွယ်ကောင်းသော နဂါးနတ်ဘုရား၏စွမ်းအားနှင့် ဖင်းဂေါ့စွမ်းအားက သူ၏ လက်သီးမှ ထွက်ပေါ်လာသည်။ နတ်နဂါး ကျောက်စိမ်းတံဆိပ်၏ ကောင်းချီးပေးမူက သူ၏ ခွန်အားကို အလွန်ကြောက်စရာကောင်းသည့် အတိုင်းအတာအထိ တိုးမြင့်လာစေ သည်။
သူတို့နှစ်ဦးသည် လေထဲတွင် အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြသော်လည်း အချင်းချင်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရပြီး အခြေအနေကို မဖြေရှင်းနိုင်သေးပေ။
အောက်မှလူတွေ အားလုံးလည်း ဤမြင်ကွင်းကို အံ့သြတကြီးနှင့် ကြည့်နေကြပါသည်။
ကောင်းကင်ယံမှာ လူနှစ်ယောက်က သူတို့၏ ရုပ်ခန္ဓာကိုယ်ကို အသုံးပြုပြီး တိုက်ခိုက်နေကြသည်။ လက်တစ်ချက်ဝှေ့ယမ်းပြီး ကောင်းကင်တာအို ဉပဒေသတွေကို အသုံးပြုတိုက်ခိုက်ကြသော အင်မော်တယ်ဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက ချင်ယွင်နှင့် ဝူဖန်းတို့ကြား တိုက်ပွဲသည် အလွန်တုန်လှုပ်သွားစေသည်။
အနက်လေးနှင့် အနီလေးတို့သည် မျက်တောင်တစ်ချက်မှ မခတ်ဘဲ ကောင်းကင်ယံ၌ တိုက်ပွဲကို ကြည့်နေကြသည်။ ၎င်းတို့အားလုံးသည် နတ်ဆိုးသားရဲများ ဖြစ်ကြပြီး၊ ဤရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို သဘာဝအတိုင်း ရူးသွပ်ကြသည်။ ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်နှင့် ကြံ့ခိုင်မှုတွေ ထုတ်ပြလာသည်ကို တွေ့လိုက်သောအခါ၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက အနှိုင်းမဲ့ လေးစားနေသည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။
အိုးယန်ထန်ရွယ်လည်း အလွန်အံ့သြသွားသည်။ သူမသည် ချင်ယွင် ရောက်ရှိလာခြင်းကို အမြဲ မျှော်လင့်နေသော်လည်း ချင်ယွင်၏ ခွန်အားအတွက်မူ မျှော်လင့်ချက်များစွာ ဆုပ်ကိုင်မထားဝံ့ပေ။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားဖြင့် ပေါက်ကွဲထွက်နိုင်သည်ကို မြင်တွေ့ရခြင်းကလည်း သူမအား အဆုံးမရှိ အံ့အားသင့်စေခဲ့သည်။
ချန်းဘိုင်သည် ဤအရာအားလုံးကို သူ၏မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူ့နှလုံးသားသည် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက် နေသေးသည်။ သူ၏စွမ်းအားက ဝူဖန်းထက်သာလွန်နေမှတော့၊ ချင်ယွင်နှင့် ဝူဖန်းတို့က သူ၏ပြိုင်ဘက်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူသည် ခြိမ်းခြောက်မှု အနည်းငယ်ကိုမျှ မခံစားရပေ။
“ဘုန်း…”။
ကောင်းကင်ယံ၌ သူတို့နှစ်ဦးကြား တိုက်ပွဲသည် အလွန်အမင်း တောက်လောင်နေသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံမိပြီး နောက်တစ်ကြိမ် လူစုကွဲသွားခဲ့ကြသည်။
'"ဒီလူက သူ့ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီး၊ ကောင်းကင်တာအို နယ်ပယ်ရဲ့ တတိယ အဆင့်ရှိ ကောင်းကင်တာအိုဉပဒေသ စွမ်းအားကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ခိုင်ခံ့အောင် ပြုလုပ်ထားတယ်။ နဂါးနတ်ဘုရားအသွင်ကို မပြောင်းဘဲ သူ့ခုခံကာကွယ်မှုကို မဖြတ်ကျော်နိုင်မှာ ငါ ကြောက်မိတယ်။" ချင်ယွင်သည် အဝေးမှ ဝူဖန်းကို ကြည့်ကာ သူ့ကိုယ်သူ တွေးနေမိသည်။
အစောပိုင်းက တိုက်ပွဲမှတဆင့်, ချင်ယွင်သည် ပြိုင်ဘက်၏ခန္ဓာကိုယ်သည် အကြီးမြတ်ဆုံး အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုနှင့် ယှဉ်နိုင်သည်ကို တွေ့ရှိလိုက်ရသည်။ သူ၏ လက်သီးချက်တွေက ပြိုင်ဘက်ရဲ့ ခံစစ်ကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။
ချင်ယွင်သည် ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆန်သူဖြစ်သည်။ သူသည် တစ်ဖက်လူနှင့် လက်ရည်တူအဖြစ် မည်သို့ဆန္ဒရှိမည်နည်း?။ အကယ်၍၊ ဤတိုက်ခိုက်မူသည် ရုပ်ပိုင်း ဆိုင်ရာ တိုက်ခိုက်မူသာ ဖြစ်နေခဲ့လျှင်ပင် ချင်ယွင် လက်မခံနိုင်ပါဘူး။
"ချာတိတ်လေး၊ မင်းရဲ့ခန္ဓာကိုယ်က တကယ်ကို အစွမ်းထက်တယ်။ မင်းက ငါနဲ့ လက်ရည်တူ တိုက်ပွဲဝင်နိုင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ အရာအားလုံး ပြီးသွားပြီ။ ငါက ရုပ်ခန္ဓာကိုယ်အရာမှာ အစစ်အမှန် ပြိုင်ဘက်ကင်းဆိုတာ ငါ မင်းကို သိစေချင်တယ်။" ဤအခိုက်အတန့်တွင် ဝူဖန်းသည် ခက်ထန်ပြီး ကြီးစိုးသော အသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
သူပြောပြီးသည်နှင့် ဝူဖန်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ္တုစွမ်းရည် ကောင်းကင်တာအို ဉပဒေသအတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဝူဖန်း၏ သူငယ်အိမ်များသည် ရွှေရောင်ပြောင်းသွားပြီး၊ သူ၏မျက်ခုံးမွှေးများပင် လုံးဝ ရွှေရောင်ပြောင်းသွားသည်ကို သူ မြင်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက် သည် ချက်ချင်းပင် ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာသည်။
ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းသွားခဲ့သည်။ ဝူဖန်းသည် သူ၏ ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခုအချိန်တွင် သူသည် သူ၏ခွန်အားကို ကြောက်မက်ဖွယ်အဆင့်သို့ မြှင့်တင်ရန် လျှို့ဝှက်နည်းပညာအချို့ကို အသုံးပြုထားသင့်သည်။ သူသည် ကောင်းကင်တာအို နယ်ပယ်၏ စတုတ္ထအဆင့်သို့ အကန့်အသတ်မရှိ ချဉ်းကပ်လာနေပြီ ဖြစ်သည်။
ချင်ဝမ်ယု အပါအဝင် အောက်မှာရှိနေသော လူတိုင်းသည် ဤမြင်ကွင်းကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။
"ကောင်စုတ်လေး၊ ငါ့ရဲ့ ရွှေရောင်ဖြတ်သန်းခြင်းနတ်ဘုရားခန္ဓာကိုယ်က အခု ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာ မင်းကို ငါကြည့်ခွင့်ပေးမယ်။" ဝူဖန်းက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ပုံရိပ် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွား သည်။ သူ၏အရှိန်ဟုန်က မြန်လွန်းသဖြင့် ချင်ယွင်တောင် မတုံ့ပြန်နိုင်ခဲ့ပေ။
“ဘုန်း…။”
ဝူဖန်း၏ လက်သီးသည် ကြောက်စရာကောင်းသော စွမ်းအားနှင့်အတူ ချင်ယွင်၏ ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် ထိုးထွင်းဝင်ရောက်သွားသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ၏ ခန္ဓာကိုယ် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး သူ၏ ဝမ်းဗိုက်မှ ပြင်းထန်စွာ နာကျင်လာ သည်။
အနှိုင်းမဲ့ ကြောက်စရာကောင်းသော နောက်ထပ် တရစပ် တိုက်ခိုက်မှုတစ်ခု။ ဝူဖန်း၏ လက်သီးသည် ချင်ယွင်၏ နောက်ကျောကို ပြင်းထန်စွာ ထိမှန်သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကောင်းကင်ယံမှ ပြင်းထန်စွာ ပြုတ်ကျပြီး ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ဘုန်း…”
မြေပြင်သည် ပေါက်ကွဲပြီး အရာအားလုံး ပျက်စီးသွားခဲ့သည်။ ထိုနေရာတွင် တွင်းနက်ကြီး တစ်ခု ပေါ်လာသည်။
ထိုမြင်ကွင်းကို အိုးယန်ထန်ရွယ် မြင်လိုက်ရသည့်အခါ, သူမ၏ ပါးစပ်ကို ဖုံးပြီး ချင်ယွင် ပြုတ်ကျသွားသည့် လမ်းကြောင်းဆီကို စိုးရိမ်မှုအပြည့်နှင့် ကြည့်လိုက်ပါသည်။
ချင်ဝမ်ယုလည်း မျက်မှောင်ကြုတ်သွားသည်။ သူမသည် မထိန်းနိုင်ဘဲ သူမလက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ အကယ်၍ ချင်ယွင် အန္တရာယ်ရှိသည်နှင့် သူမသည် မဆိုင်းမတွ လှုပ်ရှားမည်မှာ သေချာပါသည်။
ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော်လည်း သူ၏မျက်လုံးများက ကူကယ်ရာမဲ့ အရိပ်အယောင်ကို ပေါ်လွင်နေသည်။ ဝူဖန်း၏ ခွန်အားသည် သူ၏ လူသားပုံစံကို ကျော်လွန်နေပြီ ဖြစ်သည်။
ဘန်း…။
ကောင်းကင်ယံ၌ ဝူဖန်းသည် ချင်ယွင်ကို ရုတ်တရက် ကြည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ္တုစွမ်းအင် အတက်အကျလှိုင်းတွေက သူ၏ခန္ဓာကိုယ် မှ ထွက်ပေါ်လာပြန်သည်။ ထို့နောက်တွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်ကို လုံးဝ သတ်ပစ်လိုဟန်ဖြင့် ချင်ယွင်ထံ ထပ်မံ၍ ပြေးဝင်လာခဲ့သည်။
"ကြည့်ရာ ငါ ဒီလိုလုပ်ရတော့မယ့်ပုံပဲ” ချင်ယွင်က သူ့ဆီသို့ ပျံသန်းလာနေသော ဝူဖန်းကို ကြည့်ကာ သူ၏မျက်လုံးများတွင် အားကိုးရာမဲ့ အပြုံးဖြင့် ကြည့်နေမိသည်။ ထို့နောက် သူ၏လက်ထဲတွင် ခုနစ်ရောင်ခြယ်ဆေးပြား ပေါ်လာသည်။
မှန်ပါသည်။ ဤဆေးပြားသည် ချင်ယွင် ယခင်က ရရှိခဲ့သော အဆင့်ခုနစ် ရှေးဟောင်း ဆိတ်သုဉ်းခြင်း အင်မော်တယ်ဆေးလုံး ဖြစ်ပါသည်။
သူသည် ယခုအချိန်တွင် နတ်နဂါးအသွင်သို့ မပြောင်းချင်ပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် အစွမ်းထက်သော အင်မော်တယ် ဧကရာဇ်နှစ်ပါးက သူ့အား စောင့်မျှော် နေသောကြောင့်ပင်။ အကယ်၍ သူသည် ၎င်းစွမ်းရည်ကို ယခုချိန်အသုံးပြုပါက တိုက်ပွဲကို လွယ်ကူစွာ ဖြေရှင်းနိုင်သော်လည်း သူ၏ ဝှက်ဖဲကို ထုတ်ပြမိပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ချင်ယွင်သည် ဆေးလုံးကိုသောက်ရန် ရွေးချယ်ခဲ့သည်။
သူသည် ဤအဆင့် ၇ အင်မော်တယ်ဆေးလုံးကို မျိုးချလိုက်သည်နှင့်၊ သူသည် ဖင်းဂေါ့ဂ် နယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည်လည်း ကြောက်မက်ဖွယ်အဆင့်အထိ တိုးမြင့်လာလိမ့်မည်။
ချင်ယွင်သည် ဆေးပြားကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ အဒေါ်ထံသို့ အသံတစ်ချက် ပေးပို့ကာ မလှုပ်ရှားရန် ပြောလိုက်သည်။
ဤအရာအားလုံး ပြီးဆုံးပြီးချိန်မှာ၊ ကောင်းကင်ယံမှ ဝူဖန်း၏ တိုက်ခိုက်မှုလည်း ချင်ယွင်၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဘုန်း…”
တခဏအတွင်းမှာ၊ ကောင်းကင်နှင့် မြေကြီးသည် ပြိုဆင်းကျသွားခဲ့သည်။ မြေပြင်တစ်ခု လုံး ချက်ချင်း နစ်မြုပ်သွားပြီး ရင်ပြင်တစ်ခုလုံးလည်း မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားသည်။ ချင်ယွင်ကတော့ အပျက်အစီးတွေထဲမှာ လုံးဝ မြှုပ်နှံထားပြီးသွားပြီ။
ဤအရာအားလုံးကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေစဉ် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ရွှေလေး, အနက်လေးနှင့် အနီလေးတို့လည်း အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်နေကြပြီး၊ ထို့နောက်တွင် သူတို့၏မျက်လုံးများက ပြင်းထန်သော ဝမ်းနည်း ဒေါသများ ပြည့်နှက်လာကြသည်။
ရှရှန်းယုလည်း အံသြသွားသည်။ ချင်ယွင်သည် နတ်နဂါးအသွင်သို့ အဘယ့်ကြောင့် မပြောင်းလဲခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပါဘူး။
"ဟား….၊ ဟား…၊ ငါကတော့ သူ တော်တော်လေး အစွမ်းထက်တယ်လို့ ထင်ထားခဲ့တာ။ ဆိုတော့ သူက အရမ်းကို အားနည်းနေတာပဲ" ချန်းဘိုင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လေသံက ပြင်းထန်သော လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။