← Chapters

အခန်း ၉၆၆

Vol. 65 Ch. 966

အခန်း ၉၆၆

Vol. 65 Ch. 966

အခန်း (၉၆၆) ဖင်းဂေါ့ဂ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်။

ဝူဖန်းသည် သူ့ကြောင့် အပျက်အစီးများကြားထဲသို့ ပြုတ်ကျသွားသော ချင်ယွင်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် မောက်မာသည့် အရိပ်အယောင် ပေါ်လာသည်။

အသန်မာဆုံး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်လူကို ပြပါဆိုပါက, ၎င်းသည် သူဝူဖန်းနှင့် သာ သက်ဆိုင်ပါသည်။ မည်သူမျှ သူ့ထက်သာလွန်သည်ကို သူ ခွင့်မပြုနိုင်ပေ။ မဟုတ်ရင်., သူသေမှ ရလိမ့်မည်။

"အခု ဘယ်သူက အသန်မာဆုံးဆိုတာ မင်းလည် သိလောက်ပါပြီ” ဝူဖန်းက လှည့်ထွက်ဖို့ ပြင်ဆင်ရင်း အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

ဤစကားတွေကို မည်သူမျှ ပြန်မဖြေတော့ဟု ကံကြမ္မာက သတ်မှတ်ထားပြီး ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ထိုပြန်ဖြေမည့်လူကို သူ သတ်ဖြတ်ပြီးသောကြောင့် ဖြစ်ပါသည်။ ချင်ယွင်သည် သူ၏လက်သီးချက်ဖြင့် ထိုးသတ်ခံရပြီးနောက် အသက်ရှင်ရန် အခွင့်အလမ်း အနည်းငယ်သာ ရှိလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။

"ငါတော့ မသိဘူး။ ဒါပေမယ့် မင်းမဟုတ်တာတော့ သေချာတယ်"

သို့သော် ဤအခိုက်အတန့်၌ လူတိုင်း၏နားထဲတွင် ခက်ထန်ပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားသော အသံတစ်ခု ထွက်ပေါ်လာသည်။

အိုးယန်ထန်ရွယ်နှင့် အခြားလူများသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် အံ့အား သင့်သွားကြသည်၊ အကြောင်းမှာ ဤအသံပိုင်ရှင်သည် ချင်ယွင်မှလွဲ၍ အခြားလူ မဟုတ်သောကြောင့်ပင်။

အပျက်အစီးတွေကြားထဲမှ ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အပျက်အစီးများသည် ပေါက်ကွဲသွားသည်။ ပြင်းထန်သော ဖင်းဂေါ့ဂ်အငွေ့အသက်နှင့် လူတစ်ယောက်သည် အတွင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ဤလူသည် အံ့သြစရာကောင်းအောင် ချင်ယွင် ဖြစ်နေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ယခင်ကနှင့် အလွန်ကွာခြားသွားခဲ့သည်။ ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဖင်းဂေါ့ဂ်အငွေအသက်သည် တုနှိုင်း၍မရ အောင်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ထိုပြင်းထန်သောအငွေ့အသက်သည် ရှေးခေတ်က နတ်ဘုရားများကဲ့သို့ ပြင်းထန်သော ဖိအားကို ခံစားရစေခဲ့သည်။

"ဝိုး…၊ ငါ ပြောပြီးပြီပါပြီ၊ အစ်ကိုကြီးက သေမှာ မဟုတ်ဘူးဆိုတာကို။ ဒါက ငါတို့ အစ်ကိုကြီးပဲလေ" အနက်လေးက မထိန်းချုပ်နိုင်ဘဲ ပြောချလိုက်လေသည်။

"ရှပ်..၊ မင်းပဲ အခုလေးတင် သေလုမတတ် စိတ်ပူနေတာလေ။ အခုတော့ မင်းက ဒီလိုပြောဖို့ အာရုံရှိနေပြီပေါ့" အနီလေးက ချက်ချင်း ပြောလိုက်သော်လည်း ချင်ယွင်ကို ကြည့်နေသည့် သူ၏အမူအရာတွေကလည်း စိတ်အားတက်ကြွမူ အပြည့်နှင့်ပင်။

ချင်ဝမ်ယုလည်း ပြုံးနေပြီး သူမ၏မျက်လုံးတွေမှာ ကျေနပ်မှုအပြည့်နှင့်ပင်။ ယခုအချိန်တွင် ချင်ယွင်၏ အငွေ့အသက်သည် ဝူဖန်၏ ထက်မြက်လွန်းနေပြီ။ ထို့ကြောင့်၊ ဤတိုက်ပွဲတွင် သည်းထိတ်ရင်ဖို ဖြစ်စရာမလိုတော့ပေ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက ဘယ်လိုလုပ် အဆင်ပြေနေသေးတာလဲ?" ချန်းဘိုင်က မထိန်းနိုင်ဘဲ အံ့သြစွာ မေးလိုက်သည်။ ကောင်းကင်ယံမှ ချင်ယွင်ကို ကြည့်လိုက်ရင်း သူ၏မျက်ခုံးတွေက နက်ရှိုင်းသည့် လျှိုမြောင်သုံးခုကဲ့သို့ တွန့်သွားခဲ့ သည်။ ယခုအချိန်တွင် ချင်ယွင်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အငွေ့အသက် များက သူ့ကိုပင် ထိတ်လန့်သွားစေသည်။

ဝူဖန်းသည် ချင်ယွင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်ကာ သူ၏အမူအရာက အလွန်မင်း အုံ့မှိုင်းနေသည်။

ထိုလက်သီးချက်က သူ့ကို မသတ်နိုင်သည့်အပြင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ပိုလို့တောင် အားကောင်းလာခဲ့သည်။ ဤအရာက သူ၏နှလုံးသားထဲမှာ လက်ခံဖို့ ခက်ခဲစေသည်။

"ဟမ့်၊ မင်း မသေသေးဘူးဆိုရင်ရော ဘာဖြစ်လဲကွာ?။ ငါ မင်းကို ဒီတစ်ခါ လုံးဝ သတ်ပစ်လိုက်မယ်။ မင်းကို အသက်ရှင်ဖို့ အခွင့်အလမ်း နည်းနည်းမှ မပေးတော့ဘူး။" ဝူဖန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင် ပြန်ပြောင်းသွားပြီး သူ၏ပုံသဏ္ဍာန်လည်း တခဏချင်း ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

"ငရဲကိုသွားလိုက်တော့…”။ ဝူဖန်းက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ လက်သီး ပေါ်ရှိ သတ္တုစွမ်းရည် ကောင်းကင်တာအိုဉပဒေသ အတက်အကျလှိုင်းများက ချင်ယွင်ဆီ သို့ ပစ်ခတ်နေပြီး ကြောက်မက်ဖွယ်ကောင်းနေသေးသည်။

ချင်ယွင်သည် ဝူဖန်း၏ လက်သီးချက်အား နောက်တစ်ကြိမ် ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် အပြုံးမပျက် ပေါ်လာသည်။

ဘန်း…။

ဝူဖန်း၏လက်သီးသည် ချင်ယွင်၏မျက်နှာကို ထိလုနီးပါးဖြစ်နေချိန်တွင် ချင်ယွင်သည် လျှပ်စီးလက်သလိုမျိုး သူ၏လက်ကို ဆန့်ထုတ်ကာ ဝူဖန်း၏ လက်သီးကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

"ဘာလဲ?" ဝူဖန်း အံ့သြသွားသည်။ ထိုအချိန်တွင် သူ၏လက်သီးသည် တစ်ဖက်လူကို အနည်းငယ်မျှ မလှုပ်နိုင်တော့ဘဲ နတ်တောင်ပေါ်သို့ ကျရောက်သွားသလို ခံစားရသည်။

ထိုအချိန်တွင် သူသည် အလွန်သေးငယ်သွားသည်ဟု ခံစားလိုက်ရပြီး တဖက်လူက သူမလှုပ်ခါနိုင်သည့် နတ်တောင်ကြီး ဖြစ်နေသည်။

အဝေးရှိ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှ တပည့်များလည်း မှင်သက်သွားကြသည်။ ဝူဖန်း၏ လက်သီးချက်သည် သိပ်ပြီးအစွမ်းထက်ခြင်းမရှိဟု သူတို့ မထင်ခဲ့ကြပေ။ ဝူဖန်း၏ လက်သီးချက်သည် မည်မျှ အားကောင်းသည်ကို အစောပိုင်းက သူတို့ မြင်ဖူးထား သည်။ သေချာသည်မှာ သူ၏လက်သီးချက် ကောင်းကင်ကြီးကို တုန်ခါပြီး မြေကြီးကိုပင် ကွဲအက်သွားစေလောက်သည်။

သို့သော်လည်း၊ ချင်ယွင်သည် ဝူဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ကို တားဆီးရန် သူ၏လက်တစ်ဖက်တည်းကိုသာ ဆန့်ထုတ်ထားသည်ကို တွေ့လိုက်ရသော အခါတွင် သူတိုသည် တွေဝေမိန်းမောသလို ခံစားလိုက်ရသည်။

"သူ နောက်တကြိမ် သန်မာလာခဲ့ပြန်ပြီ။" ရှရှန်းယုသည် သူမကိုယ်သူမ တွေးနေသော် လည်း သူမ၏မျက်နှာက ထိတ်လန့်မှုနှင့် ပြည့်နေ၏။

ယခင်ကတော့ သူမ၏ပါရမီအရည်အချင်းက ချင်ယွင်နှင့် မယှဉ်နိုင်ဟု အမြဲတမ်း ခံစားလာရသော်လည်း၊ အခု ချင်ယွင်နှင့် ယှဉ်ကြည့်ရင် သူမသည် အများကြီး အားနည်းသွားပြီဟု ခံစားလာရပါသည်။

ချင်ယွင်၏ နှုတ်ခမ်းများက မသိမသာ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ အစောပိုင်းက သူသည် ဝူဖန်းက သူ့ကို သတ်ဖို့ အသုံးပြုခဲ့သည့် လက်သီးချက်ကို ရည်ရွယ်ချက်ရှိရှိ ခံယူခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့်၊ သူသည် ရှေးဟောင်း ဆိတ်သုဉ်းခြင်းဆေးပြားကို အချိန်တိုအတွင်း သန့်စင်နိုင်လိမ့်မည်။ ထို့အတွက်ကြောင့်သာ၊ ရှေးဟောင်းဆိတ်သုဉ်းခြင်းဆေးလုံး၏ ဆေးစွမ်းပကားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တခဏချင်း ပျံနှံ့သွားမည် ဖြစ်သည်။

သို့သော်၊ ရှေးဟောင်းဆိတ်သုဉ်းခြင်းဆေးပြားသည် အဆင့် ခုနစ် အင်မော်တယ်ဆေးလုံး အဖြစ် ခေါ်ထိုက်ဆဲဖြစ်သည်။ ဆေးစွမ်းအင်က ကြာပန်း၏ ထက်ဝက်သာသာ မျှလောက် ဖြင့်, သူသည် ဖင်းဂေါ့ဂ်နယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင်၊ ရှေးဟောင်းဆိတ်သုဉ်းခြင်းဆေးလုံး၏ ဆေးဖက်ဝင် စွမ်းအားသည် ၎င်း၏ အာနိသင်ကို အပြင်းအထန် ထုတ်ဖော်ဆဲဖြစ်ပြီး ချင်ယွင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တိုးတက်လာနေသည်။

"မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး…” ဝူဖန်းက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ၏လက်သီး ကို ပြန်ရုတ်သိမ်းလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်က သူ၏လက်သီးများကို ဆုပ်ကိုင်ထားပြီး ဖြစ်ကြောင်းကို သူ တွေ့ရှိခဲ့ရပြီး၊ သူ မည်မျှပင် ကြိုးစားပါစေ ပြန်မဆွဲနိုင်တော့ပေ။

"ဖျစ်…” ချင်ယွင်သည် သူ၏လက်ကောက်ဝတ်ကို ညင်သာစွာ လိမ်လိုက်ပြီး ဝူဖန်း၏ လက်သည် သာမန်လူတစ်ယောက်၏ လက်မောင်းကဲ့သို့ ချင်ယွင်ကြောင့် တိုက်ရိုက် ကျိုးသွားခဲ့ရသည်။

"အား..” ဝူဖန်းသည် သူ၏မျက်လုံးတွေကိုပင် မယုံကြည်နိုင် ဖြစ်ရသည်။ သူသည် သတ္တုစွမ်းရည် ကောင်းကင်တာအို ဉပဒေသများဖြင့် သူ့ကိုယ်သူ ကောင်းချီးပေးထားပြီး သူ၏ခန္ဓာကိုယ်သည် အကြီးမြတ်ဆုံးအဆင့် အင်မော်တယ် ပစ္စည်းတစ်ခုကဲ့သို့ မာကျောနေခဲ့သည်။ သို့သော် ချင်ယွင်သည် သူ၏လက်မောင်းကို အလွယ်တကူ ချိုးပစ်လိုက်သည်။ ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း?။

သို့သော်လည်း ဝူဖန်းသည် သူ၏လက်မောင်းမှ နာကျင်မှုကြောင့် မယုံ၍ မဖြစ်နိုင်တော့ပေ။

“ဘုန်း..”။

ချင်ယွင်သည် ဝူဖန်း၏ ရင်ဘတ်ကို ချက်ချင်း ထိုးလိုက်သည်။ ကြောက်စရာကောင်းသည့် အင်အားတစ်ခုက ဝူဖန်း၏ ရင်ဘတ်ကို ဖြိုခွဲပစ်လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော အင်အားသည် ဝူဖုန်း၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံးကို ချက်ခြင်း ကွဲကြေသွားစေခဲ့သည်။

"ဒါ...ဒါက ဘယ်လိုစွမ်းအားမျိုးလဲ" ဝူဖန်းသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားသည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြီး ပြောသည် "ဖင်းဂေါ့ဂ်စွမ်းအား..”။

ထို့နောက် သူသည် ဝူဖန်း၏ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်သည်။ ဝူဖန်း၏ခေါင်းသည် တိုက်ရိုက် ပေါက်ကွဲသွားသည်။ ချင်ယွင်သည် သူ၏လက်ကို လွှတ်လိုက်ပြီး ဝူဖန်း၏ အလောင်းသည်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ကောင်းကင်တာအိုနယ်ပယ်၏ တတိယအဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါးသည် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။ ဤအင်မော်တယ် ဧကရာဇ်တစ်ပါးက စက္ကူဖြင့်ပြုလုပ်ထားသည်ဟု သူ အဘယ်ကြောင့် ခံစားမိသနည်း။ အင်မော်တယ် ဧကရာဇ်တွေက ဒီလောက် အားနည်းနေပြီလား?

ချန်းဘိုင်လည်း အံသြသွားပြီး သူ၏မျက်နှာက မယုံနိုင်မူတွေနှင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကို လျစ်လျူရှုလိုက် သည်။ ယင်းအစား၊ သူက ချန်းဘိုင်ကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်သည် "သူတော့ သေသွားပြီ။ အခု မင်း အလှည့်ရောက်ပြီ"

ချန်းဘိုင်သည် ထိုစကားကို ကြားလိုက်သောအခါတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော အေးစက်မှုကို ခံစားလိုက်ရပါသည်။

All Chapters