← Chapters

အခန်း ၉၆၇

Vol. 65 Ch. 967

အခန်း ၉၆၇

Vol. 65 Ch. 967

အခန်း (၉၆၇) တင်းမောင်နှမ။

ချန်းဘိုင်၏စိတ်နှလုံးသည် တုန်လှုပ်သွားရသည်။ ချင်ယွင်၏အကြည့်ကို သူမြင်လိုက်သည့် အခိုက်တွင် သူ့အား ရှေးဟောင်းသားရဲတစ်ကောင်က ပစ်မှတ်ထားသလို ခံစားလိုက်ရ သည်။

အထူးသဖြင့် အခုလေးတင် ချင်ယွင် ဝူဖန်းကို သတ်လိုက်သည့် မြင်ကွင်းကို မြင်ပြီးနောက်၊ သူက ရက်စက်ပြီး ပြတ်ပြတ်သားသား ပြုမူတတ်သူဖြစ်သည်။ ဝူဖန်းသည် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ ရက်စက်သော အမြင်အာရုံသက်ရောက်မှုမြင်ကွင်းကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုက သေးငယ်သည် မဟုတ်ပေ။

သို့သော်, သူ့အနေဖြင့် ဤအရာကို ကြောက်လန့်နေရန်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

"ဟမ့်၊ ဝူဖန်းကို သတ်လိုက်ရုံနဲ့ မင်းက ငါ့ကို သတ်နိုင်မယ်လို့ မထင်နဲ့။ ငါ ပြောပါရစေ။ ငါ့ရဲ့စွမ်းအားက ဝူဖန်းရဲ့ အထက်မှာ ရှိနေတယ်။" ချန်းဘိုင်က သူ၏လေသံကို မာကျောဟန်ဆောင်ရင်း အေးစက်စွာ နှာခေါင်းရှုံ့ပြီး အော်ပြောလိုက်သည်။

ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး၊ သူခန္ဓာကိုယ်တစ်ခုလုံး ဖျတ်ခနဲလင်းလက်မူနှင့် အတူ ချန်းဘိုင်၏ရှေ့မှာ ပေါ်လာပါသည်။

"ဒါဆို ငါ မင်းကို မသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား?" ချင်ယွင်က ရယ်မော လိုက်သည်။

ချန်းဘိုင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ချင်ယွင်၏ အရှိန်ဟုန်သည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ချင်ယွင်သည် သူ့ရှေ့တွင် ရှိနေသည်ကို သူပင် သတိမထားမိပေ။ ဤအရာက သူ၏နှလုံးသားထဲတွင် ဆိုးရွားသည့် ကြိုတင် သတိပေးချက်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ဟမ့်၊ မင်းက သေချင်နေတာဘဲ" ချန်းဘိုင်သည် တုံ့ဆိုင်းမနေဘဲ ကောင်းကင်တာအို ဉပဒေသ၏ စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။

သူ နားလည်ထားသည်မှာ မြေစွမ်းရည် ကောင်းကင်တာအိုဉပဒေသ အတက်အကျ လှိုင်းများ ဖြစ်သည်။ လက်ဖဝါးတစ်ချက် ရိုက်လိုက်ခြင်းဖြင့် သူ၏လက်ဖဝါးတွင် မြေစွမ်းရည် အတက်အကျလှိုင်းများ ပါဝင်နေခဲ့သည်။ ဤစွမ်းအင်အတက်အကျလှိုင်း သည် ချင်ယွင်၏ ခန္ဓာကိုယ်နှင့် ပဲ့တင်ထပ်နိုင်ပြီး သူ၏ အတွင်းအင်္ဂါများ အားလုံးကို ချက်ချင်း ကွဲအက်သွားစေနိုင်သည်။ ၎င်းသည် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။

“ဘုန်း..”။

ချန်းဘိုင်၏ လက်ဖဝါးသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး ခေါင်းလောင်းသံနှင့် ဒရမ်တီးသံများကဲ့သို့ တအုန်းအုန်း မြည်ဟီးသံများ ထွက်ပေါ်လာ သည်။ သို့သော် သူမျှော်လင့်ထားသည့် ချင်ယွင်၏ ခန္ဓာကိုယ် ပြိုလဲကျနေသည့် မြင်ကွင်းက ပေါ်မလာခဲ့ပေ။ ချင်ယွင်၏ ခန္ဓာကိုယ်သည် နေရာတွင် မလှုပ်မယှက် ရပ်နေပြီး၊ သူ၏ မြေစွမ်းရည် အတက်အကျလှိုင်းသည် ချင်ယွင်ကို အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။

"မဖြစ်နိုင်ဘူး မဟုတ်လား?" ချန်းဘိုင်က အံ့သြစွာ ရေရွတ်လိုက်သည်။ သူ၏မျက်လုံးတွေ က မယုံကြည်မှုတွေနှင့် ပြည့်နေခဲ့သည်။ လူတစ်ယောက်၏ အရိုးနှင့် အရေပြားတွေက မည်မျှပင် မာကျောနေပါစေ၊ ၎င်းတို့၏ အတွင်းအင်္ဂါအစိတ်ပိုင်းတွေက ယေဘုယျ အားဖြင့် ပျက်စီးလွယ်ပါသည်။ သို့သော်လည်း သူ၏တိုက်ခိုက်မှုများသည် အခြားတဖက်လူကို ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေခဲ့ပေ။ ဤအချက်က သူ့ကို အရမ်းကို အံ့သြသွားစေပါသည်။

ချင်ယွင်က ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည် "ငါ့ရဲ့ အတွင်းအင်္ဂါအစိတ်ပိုင်းတွေက ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းတစ်ခုလို မာကျောတယ်ဆိုတာ မင်း မသိဘူးလား?။ ဒါကြောင့် မင်းရဲ့တိုက်ခိုက်မှုက ငါ့ကို အန္တရာယ်မပြုနိုင်ဘူး"

"မင်းရဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းတွေက ထိပ်တန်းအဆင့် အင်မော်တယ် ပစ္စည်းတွေနဲ့ နှိုင်းယှဉ်နိုင်သလား?။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" ချန်းဘိုင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။ သို့သော်၊ သူ၏ရှေ့က အဖြစ်မှန်က ချင်ယွင်ပြောသည့်စကားသည် အမှန်ဖြစ်ကြောင်း သူ့ကို ယုံကြည်စေခဲ့သည်။

"မွန်းစတား..၊ မွန်းစတား…" ချန်းဘိုင်သည် သူ့ကိုယ်သူ ထိတ်လန့်တကြား ရေရွတ်လိုက် ပြီး ချင်ယွင်ကို ကြည့်လိုက်ရင်း အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်သွားသည်။

သူ၏ အတွင်းအင်္ဂါအစိတ်ပိုင်းများပင်လျှင် ထိပ်တန်းအဆင့် အင်မော်တယ် ပစ္စည်းများနှင့် ယှဉ်နိုင်သောကြောင့် သူသည် သူ၏ရှေ့မှလူကို မည်သို့ သတ်နိုင်မည်နည်း?။ ထိုအချိန်တွင် ချန်းဘိုင်သည် ပြင်းထန်သော စွမ်းအားမဲ့ခြင်းကို ခံစားလိုက်ရသည်။

ချင်ယွင်က ခပ်ဖျော့ဖျော့ပြုံးကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ ဖင်းဂေါ့ဂ် အငွေ့အသက်သည် ချက်ချင်း မြင့်တက်လာပြီး ဧရာမတောင်ကြီးတစ်ခုကဲ့သို့ ချန်းဘိုင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။ သူ၏အကြည့်တွေက ရုတ်တရက် အုံ့မှိုင်းပြီး အေးစက်လာသည်။

"မင်း အရင်က ငါ့ အဒေါ်ကို မရိုမသေ လုပ်ဖူးတယ်။ အခု မင်း အရင်ကလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်။" ချင်ယွင်၏ အသံသည် ကောင်းကင်ဘုံကို စိန်ခေါ်သည့် နတ်ဘုရားတူကြီး၏ အသံကဲ့သို့ ထွက်ပေါ်လာပြီး၊ ချန်းဘိုင်၏ နှလုံးသားကို စကားလုံးဖြင့် ရိုက်ခတ်နေလေသည်။ သူ ညှစ်ထုတ်လိုက်သည့် စကားလုံးတိုင်းက ချန်းဘိုင်၏ အကြောက်တရားကို ပိုမိုနက်ရှိုင်းစေသည်။

ဤအခိုက်အတန့်တွင် ချန်းဘိုင်သည် သေခြင်းတရားက သူဆီသို့ နီးကပ်လာသည်ကို အမှန်ပင် ခံစားလိုက်ရပြီး ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက အလွန်မင်း ကြောက်ရွှံ့ထိတ်လန့်နေသည်။

"မင်း ငါ့ကို မသတ်နိုင်ဘူး။ မဟုတ်ရင် သခင်တင်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ချန်းဘိုင်က ထိတ်လန့်စွာ ပြောသည်။ ထို့နောက် “သခင်တင်း၊ ကျွန်တော့်ကို ကယ်တင်ပါ” ဟု ကောင်းကင်ယံကိုမော့ကာ အော်ပြောလိုက်သည်။

ချင်ယွင်က ရယ်မောလိုက်ပြီး ချန်းဘိုင်ကို ထပ်ပြောရန် အခွင့်အရေး မပေးတော့ပါ။ တခဏအတွင်းမှာ သူက ပျံထွက်သွားပြီး ချန်းဘိုင်ဆီကို လက်သီးဖြင့် ထိုးလိုက်သည်။

ချန်းဘိုင်က သူ့အဒေါ်ကို ထိဖို့ အချည်းနှီးကြိုးစားမှုတွေက ချင်ယွင်၏ နှလုံးသားထဲတွင် ကြီးမားသည့် ပြစ်မှုတစ်ခု ဖြစ်နေပါပြီ။ သူ အကြိမ်တစ်သောင်း သေသွားလျှင်ပင် ချင်ယွင်၏ အမျက်ဒေါသကို ဖြေဖျောက်ရန် မလုံလောက်သေးပါဘူး။

ဘန်း..။

ချင်ယွင်၏ လက်သီးသည် နဂါးနှင့် ကျားကဲ့သို့ ဟိန်းဟောက်ပြီး ချန်းဘိုင်၏ ရင်ဘတ်ကို ကြောက်မက်ဖွယ် အင်အားဖြင့် ထိမှန်သွားခဲ့သည်။ အကယ်၍၊ ဤလက်ချက်သာ ရှေ့ဆက် ထိုးသွင်းလိုက်ပါက ကောင်းကင်နှင့် မြေကြီးပင် ကွဲအက်သွားမှာ သေချာပါ သည်။

"ငါ မင်းကို တိုက်မယ်..” ချန်းဘိုင် ၏ မျက်လုံးများသည်လည်း ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ထဲက စွမ်းအင်အားလုံးက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့ပြီး ချင်ယွင်၏ လက်သီးချက်ကို တားဆီးလိုဟန်ဖြင့် သူ၏လက်ဖဝါးပေါ် ရောက်ရှိလာပါသည်။

“ဘုန်း..”။

သို့သော် အမှန်တရားသည် အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်လှပါသည်။ ချင်ယွင်၏ လက်သီး သည် ချန်းဘိုင်၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။ ချန်းဘိုင်၏ လက်မောင်းသည် ချင်ယွင်၏ လက်သီးချက် ထိမှန်လိုက်သည်နှင့် ချက်ချင်း ပေါက်ကွဲသွားပြီး သွေးအမှုန်အ မွှားအဖြစ် ပြောင်းလဲသွားပါသည်။ ချင်ယွင်၏ လက်သီးချက်က ချန်းဘိုင်၏ ရင်ဘတ်ထဲသို့ ခိုင်မာစွာ ထိုးဝင်သွားသည်။

တခဏအတွင်းမှာ ချန်းဘိုင်၏ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်က ပို၍ပင် ကွဲအက်သွားခဲ့သည်။

ချင်ယွင်ကို မတွေ့ခင်က ချင်ယွင်သည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ဘူးဟု သူ အမြဲတမ်း တွေးထားခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ပြိုင်ဘက်သည် လက်သီးတစ်ချက်မျှကို သာ အသုံးပြုခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

နောင်တ၊ ပြင်းထန်သောနောင်တတရားက ချန်းဘိုင်၏နှလုံးသားမှ ထွက်ပေါ်လာသည်။ သူသည် သခင်တင်း၏စကားကို နားမထောင်မိသည့်အတွက် နောင်တရခဲ့သော်လည်း၊ အခုတော့ အရမ်းကို နောက်ကျသွားပါပြီ။

အဝေးမှ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် ချင်ယွင်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ချင်ယွင်သည် ချန်းဘိုင်၏ ကွဲအက်နေသော အလောင်းကောင် လှည့်ပင် မကြည့်ခဲ့ပေ။ ယင်းအစား၊ သူက လေဟာနယ်ကိုကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုသည် "ဒီလောက်ကြာအောင် ပြပွဲကို ကြည့်ပြီးမှတော့၊ ကိုယ်တိုင်ကိုယ်ကျ ထွက်လာဖို့ အချိန်ရောက်ပြီ မဟုတ်လား?။ ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ကို ဖိတ်ခေါ်စေချင်တာလား?။"

"ဟား…၊ ဟား….၊ မင်းက တော်ဝင်ချင် မင်းဆက်ရဲ့ နံပါတ်တစ် ပါရမီရှင်တစ်ယောက် ဖြစ်ထိုက်ပါတယ်။ ဒီထိုးထွင်းသိမြင်တစ်ခုတည်းကတင် သာမန်လူတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး"။ ဟုတ်ပါသည်။ ထိုအချိန်မှာပင် ရယ်မောသံက ကောင်းကင်မှ ထွက်ပေါ်လာ ပါသည်။ ထို့နောက်တွင် လေဟာနယ်ထဲမှ ရုပ်အသွင်နှစ်ခု ထွက်လာခဲ့သည်။

ဤရုပ်အသွင်နှစ်ခုကို လူတိုင်းမြင်သောအခါ သူတို့၏အမူအရာများသည် ချက်ချင်းပင် လေးနက်လာသည်။

မှန်ပါသည်။ ဤလူနှစ်ယောက်သည် ကောင်းကင်နှင်းမြင့်မြတ်နယ်မြေဆီသို့ တဟုန်ထိုး ပြေးလာခဲ့ကြသည့် တင်းမောင်နှမမှ လွဲ၍ အခြားလူများ မဟုတ်ပါချေ။

တင်းနန်နှင့် တင်းရွှဲတို့သည် ချင်ယွင်နှင့် မလှမ်းမကမ်းမှာ ရပ်နေကြသည်။ နှစ်ယောက် စလုံးက ချင်ယွင်ကို အပြုံးများဖြင့် ကြည့်နေကြပြီး၊ မြေပြင်ပေါ်ရှိ ချန်းဘိုင်နှင့် ဝူဖန်းတို့၏ အလောင်းများကိုတော့ လျစ်လျူရူထားကြသည်။

အမှန်တော့ သူတို့ ရောက်ရှိနေတာ ကြာလှပါပြီ။ သို့သော် သူတို့သည် မည်သည့်အခါမှ ဝင်ရောက်မစွက်ဖက်ခဲပါဘူး။ သူတို့မျက်လုံးထဲမှာတော့ အသက်ရှင်လျက် အသုံးမဝင် သည့် လူတွေကို အမှိုက်တစ်စဟု သတ်မှတ်ထားသောကြောင့် ချန်းဘိုင်နှင့် အခြားလူတွေ သေသည် ရှင်သည်ကို သူတို့ ဂရုမစိုက်ပါဘူး။

ချင်ယွင်သည် တင်းနန်နှင့် တင်းရွှဲတို့ကို ကြည့်လိုက်သည်။ ဤလူနှစ်ယောက်၏ အငွေအသက်က အလွန်ပြင်းထန်လွန်းသည်၊

"ခင်ဗျားတို့က ကျုပ်အဒေါ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ တင်းမောင်နှမတွေလား?။" ချင်ယွင်က အေးစက်စက် ပြောလိုက်ပြီး သူ၏မျက်လုံးတွေက ပြင်းထန်သော သတ်ချင်စိတ်တွေ ထွက်ပေါ်နေသည်။

"မှန်တာပေါ့။ မင်းရဲ့အဒေါ်ကို ငါတို့က ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ။ ဒါပေမယ့် ငါတို့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်လို့ မရဘူး။ ချင်ယွင်၊ ငါတို့ ညှိနှိုင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ?" တင်းနန်က ချင်ယွင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ဘာကိစ္စလဲ?" ချင်ယွင်က မေးသည်။

"ငါတို့သခင်လေးရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို မင်း ငါ့ကို ပေးလိုက်ရင် မင်းအဒေါ်နဲ့ သူတို့အားလုံးကို ငါ အလွတ်ပေးမယ်။ မင်း ဘယ်လိုထင်လဲ?" တင်းနန်က အပြုံးနှင့် ပြောလိုက်သော်လည်း၊ သူ၏ပါးစပ်ထောင့်စွန်းရှိ အပြုံးက ကောက်ကျစ်ပြီး သစ္စာမဲ့သည့် ခံစားချက်ကို ပေးစွမ်းနေသည်။

ချင်ယွင်က လှောင်ပြောင်ပြီး ပြောလိုက်သည် "ခင်ဗျားက ဘယ်လို သဘောတူညီချက် မျိုးကိုမှ စဉ်းစားမှာ မဟုတ်ဘူးလို့ ကျုပ် ထင်ထားတယ်။ ဒါကြောင့် အားလုံးက အဓိပ္ပာယ် မရှိဘူး"

တင်းနန်က လုံးဝ စိတ်မဆိုးပါဘူး။ ယင်းအစား သူက ဆက်ပြောသည် “ချင်ယွင်၊ ဧကရီက မင်းကို ဒီတစ်ခါ သေမိန့်ပေးထားပြီးသားဆိုတာ မင်း သိထားရမယ်။ သူမက မင်းရဲ့ခေါင်းကို ယူချင်နေတယ်။ ဘာပဲဖြစ်ဖြစ် မင်းကတော့ မလွတ်မြောက်နိုင်ဘူး။ ကောင်ကင်ရေ နန်းတော်က ဘယ်လောက် တန်ခိုးကြီးလဲဆိုတာ မင်း မသိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ၏ပါးစပ်ထောင့်က အနည်းငယ် ကွေးသွားပြီး သူ၏မျက်လုံးတွေက ရုတ်တရက် အေးစက်သွားသည်။ ထို့နောက် သူက တုနှိုင်း၍ မရသည့် လေသံဖြင့် ပြောလိုက်သည် "ကောင်ကင်ရေနန်းတော်က သန်မာတော့ရော ဘာဖြစ်လဲ?။ တစ်နေ့မှာ၊ ကျုပ်ကိုယ်တိုင် ကောင်ကင်ရေနန်းတော်ကို တော်ဝင်ချင် အင်မော်တယ် မင်းဆက်ကနေ ဖျက်ဆီပစ်မယ်။ ပြီးတော့ အဲဒီနေ့ကလည်း သိပ်ဝေးတော့မှာ မဟုတ်ပါဘူး။”။

All Chapters