အခန်း ၉၆၈
Vol. 65 Ch. 968
အခန်း (၉၆၈) ပြဿနာများသော တိုက်ပွဲတစ်ခု။
ချင်ယွင်၏ စကားများက ကောင်းကင်နှင့်မြေကြီး၏ ခေါင်းလောင်းများကဲ့သို့ ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားပါသည်။
လူတိုင်းက သူတို့၏ နှလုံးသားတွေ တုန်လှုပ်သွားသလို ခံစားလိုက်ရပါသည်။ ချင်ယွင်၏စကားကြောင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ကောင်းကင်ရေနန်းတော်ဆိုတာ ဘာလဲ?။ ကောင်းကင်ရေနန်းတော်သည် တော်ဝင်ချင် အင်မော်တယ်မင်းဆက်တွင် ဒုတိယအကြီးဆုံး အင်အားစုတစ်ခုဖြစ်ပြီး၊ တော်ဝင်ချင် အင်မော်တယ်မင်းဆက်၏ တော်ဝင်မိသားစုပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။ အချို့က တော်ဝင်ချင် အင်မော်တယ်မင်းဆက်ကို ကောင်းကင်ရေနန်းတော်မှ ထိန်းချုပ်ထားပြီး၊ တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးသည်ပင် ထိုဧကရီ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်ဟုပင် အချို့က ပြောကြသည်။
ယခုအချိန်တွင် ချင်ယွင်သည် ကောင်းကင်ရေနန်းတော်ကို ဖျက်ဆီးလိုကြောင်း အမှန်တကယ် ပြောဆိုခဲ့သည်။ ဤသည်မှာ၊ သူသည် တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးကို သံသယမရှိ စစ်ကြေငြာလိုက်ခြင်း မဟုတ်ဘူးလား?။
"တော်တယ်။ မင်းက ငါ့ချင်မိသားစုရဲ့လူ ဖြစ်ထိုက်တယ်။" ချင်ဝမ်ယုက ချင်ယွင်၏ စကားကို ကျယ်လောင်စွာ ချီးကျူးလိုက်သည်။
ရှရှန်းယုသည်လည်း သူမ၏ နှလုံးသားထဲတွင် လှိုင်းထန်သွားသလို ခံစားလိုက်ရသည်။ အကယ်၍၊ သူမသည် ချင်ယွင်နောက်သို့ မလိုက်ခဲ့ဘူးဆိုလျှင်၊ ချင်ယွင်၏ စကားများကို သူမသည်ပင် လှောင်ပြောင်မိလိမ့်မည်၊ သို့သော် ယခုအခါတွင်၊ သူမသည် ချင်ယွင်၏ စကားများ၏ စစ်မှန်မှုကို လုံးဝ သံသယမရှိတော့ပေ။
ယင်းကလည်း ကောင်းကင်တာအို ဉပဒေသများကိုပင် ဖမ်းဆုပ်နိုင်ခြင်း မရှိဘဲ ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များကို သတ်ပစ်နိုင်သည့် လူတစ်ယောက်သည် ဤစကားများကို ပြောဆိုရန် အရည်အချင်း ပြည့်မှီသည်ဟု သူမ ခံစားမိသောကြောင့် ဖြစ်ပါသည်။
ဟုတ်ပါသည်။ ဤစကားတွေကို ယုံကြည်ကြသည့်လူတွေ ရှိနေသလို မယုံကြည်သည့် လူတွေလည်း ရှိနေပါသည်။ ဥပမာအားဖြင့်၊ တင်းမောင်နှမဖြစ်သည်။ ချင်ယွင်၏ စကားတွေက ကြွားလုံး ထုတ်နေသည်ဟု သူတို့ ခံစားမိကြသည်။
"ကောင်းကင်ရေနန်းတော်ကို မှောက်လှန်ဖို့လား?။ ချင်ယွင်၊ မင်းက ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်ကြီးနေရာ မရောက်ဘူးလား? ဥပမာအနေနဲ့၊ ဒီနေ့ခေတ် ကောင်းကင်ရေ နန်းတော်ဟာ တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးကို သိမ်းပိုက်ထားပြီးသား။ မင်းက တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးကို ဆန့်ကျင်နိုင်မယ်လို့ တကယ် ထင်နေတာလား။?" တင်းနန်က ပြင်းပြင်းထန်ထန် လှောင်ပြောင်သည့်လေသံဖြင့် လှောင်ပြောင်ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင် အံ့ဩသွားပါသည်။ သူက မေးခွန်းထုတ်သည့် အမူအရာဖြင့် ချင်ဝမ်ယ်ကို လှည့်ကြည့်လိုက်ပါသည်။
ချင်ဝမ်ယုသည် သူမကို လှမ်းကြည့်လာသော ချင်ယွင်၏အဓိပ္ပါယ်ကို သိပါသည်။ သူမက ပြောလိုက်သည် "ဒီနေ့ခေတ် ကောင်းကင်ရေနန်းတော်က တော်ဝင်ချင် အင်မော်တယ် မင်းဆက် တစ်ခုလုံးကို တကယ်ပဲ ချုပ်ကိုင်ထားပြီးသွားပြီ။ မူလက ဒီကိစ္စပြီးရင် မင်းကို ပြောပြဖို့ စီစဉ်ထားတာ။ ဒါပေမယ့် မင်းသိသွားပြီဆိုတော့ ဖုံးကွယ်နေစရာ ဘာမှ မရှိတော့ပါဘူး။"
"သူရော ဘာဖြစ်သွားလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူပြောလိုက်သည့် “သူရော”ဆိုသည့် သဘာဝအတိုင်း တခြားလူမဟုတ်ဘဲ၊ သူ၏ ခမည်းတော်ဖြစ်သည့် တော်ဝင်ချင် အင်မော်တယ်မင်းဆက်၏ ဧကရာဇ်မင်းမြတ်ဖြစ်သည့် ချင်ချင်ဟန်ပါ။ (ချင်က မျိုးရိုးနာမည်ဖြစ်ပြီး ချင်ဟန်က နာမည်ပါ)။
"မင်းပြောနေတာက မင်းရဲ့ခမည်းတော်ဖြစ်တဲ့ တော်ဝင်ချင် အင်မော်တယ် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်အကြောင်းမဟုတ်လား?။ ဟုတ်တာပေါ့။ သူ သေသွားပြီ။" ချင်ဝမ်ယုက မဖြေခင်မှာ အဝေးမှ တင်းနန်က လှောင်ပြောင်ပြီး ပြန်ဖြေသည်.
ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ သူ၏နှလုံးခုန်သံပင် ရုတ်တရက် လွတ်ထွက်သွားသည်ဟု သူ ခံစားလိုက်ရသည်။ သူက ချင်ဝမ်ယုကို ကြည့်ပြီး "သူပြောတာ မှန်လား" ဟု မေးလိုက်သည်။
"မင်းအဖေက မသေသေးပါဘူး။ ဒါပေမယ့် အခုတော့ သူ ပျောက်နေတယ်"
ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ဗလာကျင်းဖြစ်သွားသည်။
သူသည် သူ၏ခမည်းတော်ကို မုန်းတီးပါသည်။ သူ့ကို ရက်စက်စွာ ရိုက်နှက်ခဲ့ပြီး သေမျိုးကမ္ဘာကို ပစ်ချခဲ့သည့်အတွက် သူ့ကို မုန်းတီးခဲ့သော်လည်း၊ အဆုံးမှာတော့ သူ၏ အရိုးထဲတွင် သူ၏သွေးတွေက ကြွင်းကျန်နေပါသေးသည်။ သွေးက ရေထက် ပိုပျစ်ပါသည်။ သူအနေဖြင့် ဤဆက်ဆံရေးကို မည်ကဲ့သို့ အလွယ်တကူ စွန့်ပစ်နိုင်လိမ့် မည်နည်း?။
ထို့အပြင် ထိုအချိန်တုန်းက ထိုအဖြစ်အပျက်အတွင်းမှာ ဖုံးကွယ်ထားသည့်အရာတစ်ခုခု ရှိနေသည်ဟု သူ အမြဲတမ်း ခံစားမိသည်။ အခုတော့၊ ထိုအဖြစ်ပျက်တွေက သူထင်သလောက် မရိုးရှင်းဘူးဟု ထင်ရပါသည်။
ချင်ယွင်က အသက်ပြင်းပြင်းရှူပြီး စိတ်ကိုတည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက် သည်။ အခုချိန်က ဤကိစ္စနောက်ကို လိုက်နေရမည့် အချိန်မဟုတ်သေးပါဘူး။ အခုအချိန် မှာ အရေးကြီးဆုံးက ဤလူနှစ်ယောက်ကို ရင်ဆိုင်ဖို့ပါ။
"ဒီနေ့ ခင်ဗျား ဘာပဲတွေပဲ ပြောခဲ့ပြောခဲ့, ခင်ဗျားက ကျုပ်အဒေါ်ကို ဒဏ်ရာရအောင် လုပ်ခဲ့မှတော့, ခင်ဗျားတို့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ ဘူး" ချင်ယွင်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖင်းဂေါ့ဂ်အငွေ့အသက်က သူ၏ခန္ဓာကိုယ်ထဲတွင် တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။
"ကောင်းပြီလေ၊ မင်းက သခင်လေးရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို လွှဲပြောင်းပေးဖို့ ငြင်းဆိုမှတော့၊ ငါတို့အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပြီး အရယူရုံပဲ ရှိတော့တာပေါ့" တင်းနန်က အေးစက်စွာ အော်ပြောလိုက်သည်။ ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထ အဆင့် အင်မော်တယ် ဧကရာဇ်တစ်ပါး၏ စွမ်းအားက ရုတ်တရက် ထွက်ပေါ်လာပြီး နောက် သူ၏လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာသည်။
လှံသည် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများဖြင့် ရစ်ပတ်ထားသည်။ လျှပ်စီး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများက လူအများ၏ နှလုံးသား ကို ရင်တုန်စေပါသည်။
လျှပ်စီးစွမ်းရည် ဖျက်ဆီး ဥပဒေသများ။
ချင်ယွင်သည် တင်းနန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကောင်းကင်တာအို အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ သူသည် တင်းနန်နားလည်သော ကောင်းကင်တာအို ဉပဒေသများကို ချက်ခြင်း နားလည်သွားသည်။
တင်းရွှဲသည် တင်းနန်၏နောက်တွင် အေးစက်စက်အမူအရာဖြင့် တိတ်တဆိတ် ရပ်နေပြီး သူမက လှုပ်ရှားရန် ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။
"သတိထားပါ။ တင်းနန်ရဲ့ စွမ်းအားက မရိုးရှင်းဘူး။" ချင်ဝမ်ယုက ချင်ယွင်ကို သတိပေးသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်တွေက ခက်ထန်လာသည်။ ဖင်းဂေါ့ဂ် စွမ်းအားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ချက်ချင်း သွန်းလောင်းလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်က သူ၏ပတ်ဝန်းကျင် ကမ္ဘာကို အဆုံးမရှိ တုန်လှုပ်စေခဲ့သည်။
ဘန်း…။
ထိုအခိုက်တန့်တွင် တင်းနန်သည် ချက်ချင်း ပေါ်လာသည်။ သူ၏လက်ထဲမှ လျှပ်စီး လင်းလက်နေသော လှံက လေဟာနယ်ထဲကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားပြီး ချင်ယွင်၏ မျက်ခုံးမွှေးနှစ်ခုကြား နေရာတည့်တည့်ဆီသို့ ထိုးဖောက်လာပါသည်။ အထက် ဖော်ပြပါ ကောင်းကင်တာအိုဉပဒေသများက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖြိုခွဲနိုင်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအငွေအသက်ကို ထုတ်လွှတ်နေသည်။
ချင်ယွင်၏လက်ထဲတွင် ရွှေရောင်ဒြဗ်စင်ဒိုင်းက ပေါ်လာပြီး တင်းနန်၏ ကြောက်စရာ ကောင်းသော လှံချက်ကို အတင်းအကြပ် တားဆီးလိုက်သည်။ ချင်ယွင်သည် ဝမ်မြောင်ကို သတ်ပြီးနောက် ရွှေရောင်ဒြဗ်စင်ဒိုင်းကို သိမ်းဆည်းထားခဲ့သည်။ အဆုံးတွင်၊ ၎င်းသည် ဖရိုဖရဲကောင်းကင်ရတနာအဆင့်တွင် အဆင့်သတ်မှတ်ခံထားရသော ရတနာဖြစ်ပြီး၊ ၎င်းသည် အရေးကြီးသော အခိုက်အတန့်များတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင်ပါ သည်။
ချွင်..။
တင်းနန်၏ လျှပ်စီးကြောင်းလှံသည် ချင်ယွင်၏ ရွှေရောင်ဒြပ်စင်ဒိုင်းသို့ ကျဆင်းလာခဲ့ပြီး၊ သန့်စင်သော သံမဏိအချင်းချင်း ထိတွေသည့်အသံတစ်ချက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများရှိသော လျှပ်စီးလှံသည် ရွှေရောင်ဒြပ်စင်ဒိုင်းသို့ ကျရောက်သောအခါ ချင်ယွင်၏ ခန္ဓာကိုယ်သည်ပင် မထိန်းနိုင်ဘဲ တုန်ခါသွားရသည်။
ချင်ယွင်၏ အခြားလက်သီးတစ်ဖက်က တင်းနန်ဆီသို့ လှမ်းထိုးလိုက်ရင်း နတ်နဂါး တစ်ကောင်ကဲ့သို့ ဟိန်းဟောက်သွားလေသည်။
တင်းနန်၏ အမူအရာသည် ပြောင်းသွားသည်။ သူက လှံကို ရုတ်သိမ်းပြီး၊ လက်သီးချက်ကို တားဆီးလိုက်သည်။ လျှပ်စီးစွမ်းအားက ပွင့်ထွက်သွားပြီး၊ လှံတံကို အသုံးပြု၍ ချင်ယွင်၏ လက်သီးချက်ကို ထိုးနှက်လိုက်သည်။
ချင်ယွင်၏လက်သီးသည် ကြောက်ခမန်းလိလိ ပြင်းထန်ပြီး လှံတံကို ချက်ချင်းပင် ကွေးညွှတ်သွားကာ၊ ကြောက်မက်ဖွယ်ကောင်းသော နောက်ပြန် တွန်းကန်အားက တင်းနန်ကို တိုက်ရိုက် တွန်းထုတ်လိုက်လေသည်။
ချင်ယွင်၏ အကြည့်တွေက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှပြီး၊ သူသည် လေဟာနယ်ထဲ ခြေလှမ်းတက်လိုက်သည်။ ကျယ်လောင်သော တုန်ခါအသံနှင့်အတူ သူသည် လေဟာနယ်ထဲမှ ပြေးထွက်သွားပြီး တင်းနန်ဆီသို့ တဟုန်ထိုး ပြေးသွား လိုက်သည်။
ယခုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းကပင် ကောင်းကင်တာအို နယ်ပယ်၏ စတုတ္ထအဆင့် အင်မော်တယ် ဧကရာဇ်များကို ဆန့်ကျင်တိုက်ခိုက်ရန် လုံလောက်ပါသည်။ အကယ်၍, နတ်နဂါး ကျောက်စိမ်းတံဆိပ်ဖြင့်သာ ပေါက်ကွဲလိုက်မည် ဆိုလျှင်၊ ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့် အင်မော်တယ် ဧကရာဇ်များပင် လျှင် သူ၏ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် တင်းနန်ကို သတ်ဖြတ်ရန် လုံး၀ ယုံကြည်မူရှိနေပါသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသည့် မမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူ့ရင်ဘတ်ပေါ်သို့ ဆင်းသက်လာ သည်ကို ခံစားလိုက်ရပြီး၊ ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်ပေါ်တွင် နက်ရှိုင်းသော သွေးထွက်သံယို ဒဏ်ရာတစ်ခုကို ထွက်ပေါ်လာစေသည်။
ချင်ယွင်သည် သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကြီးကြီးကို ကြည့်ပြီး နောက်ပြန် လှည့်လိုက်သည်။ သူ၏မျက်လုံးများက အံ့သြသွားဟန် အမူအရာ သိသိသာသာ ပေါ်လွင်နေသည်။
ယခုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်သည် သာမန် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းများကိုပင် လုံးဝ ကျော်လွန်သွားခဲ့ပြီ။ သာမာန်တိုက်ခိုက်မှုတွေက သူ့ကို လုံးဝ မထိခိုက်စေနိုင်တော့ပေ။ အခုအချိန်မှာတော့ သူ၏ခန္ဓာကိုယ်သည် တစ်ဖက်လူကြောင့် စုတ်ပြဲသွားရပြီ။ ယခုလေးတင် သူ့အပေါ် ခိုးကြောက်ခိုးဝှက် တိုက်ခိုက်သည် မည်မျှအထိ ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။
"လေဟာနယ်စွမ်းရည် ကောင်းကင်တာအိုဉပဒေသ၊ လေဟာနယ်အကြွင်းမဲ့ သတ်ဖြတ်ခြင်းလား?" ချင်ယွင်သည် စကားတစ်ခွန်းမှ မပြောဖူးသည့် အဝေးမှာရှိနေသော တင်းရွှဲကို စူးစိုက်စိုက်စိုက် ကြည့်ရင်း ထိုစကားတစ်ခွန်းကို ထုတ်ပြောလိုက်သည်။
မှန်ပါသည်။ ချင်ယွင်ကို ဒဏ်ရာရအောင်လုပ်ဖို့ လေဟာနယ်စွမ်းရည် ကောင်းကင်တာအို ဉပဒေသကို အသုံးပြုခဲ့သည့်လူက တင်းရွှဲပါ။
"မင်းရဲ့ခန္ဓာကိုယ်က တကယ်ကို သန်မာလွန်းတယ်။ တကယ်လို့၊ သာမန် ကောင်းကင် တာအိုနယ်ပယ် စတုတ္ထအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ယောက်သာ ငါ့ရဲ့ တိုက်ခိုက်မှုကို ခံရမယ်ဆိုရင်၊ သူတို့ဟာ ဟိုးအရင်ကတည်းက ကွဲထွက်သွားလောက်ပြီ။ မင်းကတော့ ဒဏ်ရာအနည်းငယ်သာ ရခဲ့တယ်။" တင်းရွှဲက မထူးဟန်ဖြင့် ပြောသည်။ သူမ၏ မျက်လုံးများက အံ့သြမှု အရိပ်အယောင်များ ဖြစ်ပေါ်နေပြီး သူမ၏ လက်ထဲတွင် ဓါးတိုလေးတစ်ချောင်း ပေါ်လာပါသည်။
တင်းနန်လည်း သူ့လှံကိုကိုင်ပြီး တင်းရွှဲအနားတွင် ရပ်နေ၏။ သူ၏လက်ထဲရှိ လှံပေါ်က ဖျက်ဆီးခြင်း စွမ်းအင်အတက်အကျလှိုင်းတွေက နှိုင်းစာ၍မရအောင် ကြောက်စရာ ကောင်းလွန်းသည်။
အဝေးမှာ ရပ်နေသော လူနှစ်ယောက်ကို ကြည့်ရင်း ချင်ယွင်၏ အကြည့်များက အေးစက်သွားသည်။ တဖက်တွင် ကောင်းကင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ် ဧကရာဇ်နှစ်ပါး ရှိနေပြီး၊ ၎င်းတို့အနက် တစ်ဦးက လေဟာနယ်စွမ်းရည် ကောင်းကင်တာအို ဉပဒေသများကို ကျွမ်းကျင်ထားသည်။ သူတို့နှင့် ရင်ဆိုင်ဖို့က နည်းနည်းတော့ ခက်ခဲလာခဲသည်။
ချင်ယွင်အပေါ် စိုးရိမ်စပြုလာရင်း လူတိုင်း၏မျက်နှာများသည်လည်း လေးလံနေခဲ့သည်။
တစ်ယောက်တည်းဖြင့် လူနှစ်ယောက်ကို ရင်ဆိုင်ဖို့က နည်းနည်းတော့ ပြဿနာများပါ သည်။