← Chapters

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း ၉၇၀

Vol. 65 Ch. 970

အခန်း (၉၇၀) ငါ လုပ်လိုက်မယ်။

ချွင်…။

ချင်ယွင်သည် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး တင်းနန်၏ လျှပ်စီးလှံနှင့် အပြင်းအထန် တိုက်မိစဉ် လေနှင့် လျှပ်စီးစွမ်းအင်များက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

လျှပ်စီးကြောင်းများသည် ရုတ်တရက် ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးသည်ပင် တုန်ခါသွားသည်။

ချင်ယွင်၏ဓားသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်၊ ဓားတစ်ချောင်းချင်းစီ၏ စွမ်းအားသည် နှိုင်းစာ၍မရအောင်ပင် ကြောက်စရာကောင်း သည်။ အရာအားလုံးကို သတ်ပစ်နိုင်လောက်အောင်ပင် လုံလောက်ပါသည်။

တင်းနန်၏ လှံသည်လည်း ကောင်းကင်၌ လှံရိပ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းလှံရိပ်တွင် ဖျက်ဆီးခြင်း စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေကာ၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းပြီး မြင်ရသူများကို နှလုံးခုန် ရင်တုန်စေသည်။

သူတို့နှစ်ယောက်သည် လက်ရည်တူ အပြင်းအထန် တိုက်ခိုက်ကြပြီး၊ တခဏအတွင်းမှာ ပင် သိုင်းကွက်တစ်ရာကျော် တိုက်ခိုက်ခဲ့ကြသည်။

ရှရှန်းယု၏ ဘက်ကို ကြည့်လိုက်ပြန်တော့၊ တင်းရွှဲသည် လေဟာနယ်စွမ်းရည် ကောင်းကင်တာအို ဉပဒေသကို အသုံးပြုခဲ့သော်လည်း၊ သူမ၏ လေဟာနယ်ဉပဒေသက ရှရှန်းယုအပေါ် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပါဘူး။ ရှရှန်းယုသည် သူမ တိုက်ခိုက်မှု တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး၊ တားဆီးထားနိုင်သည်။ ထို့ကြောင့်၊ တင်းရွှဲသည် ရှရှန်းယု၏ လုံးလုံးလျားလျား ဖိနှိပ်မူကို ခံနေရသည်။

ရှရှန်းယု၏ ကောင်းကင်တာအိုဉပဒေသသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမ အဆင့်ကို နားလည်ရုံမျှသာ ဖြစ်သော်လည်း၊ ရေခဲစွမ်းရည် ဉပဒေသနှစ်ခုကို ပေါင်းစပ်ပြီး၊ အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်၏ အထောက်အပံ့ကို ရရှိထားချိန်မှာ၊ သူမ၏ ဓားချက်တစ်ခုစီတိုင်းတွင် အလွန်ကြောက်စရာကောင်းသော ရေခဲစွမ်းအင်များ ပါဝင်နေသည်။

တင်းရွှဲသည် ထိုရေခဲစွမ်းအင်ကို ကိုင်တွယ်ဖြေရှင်းရန် လေဟာနယ်စွမ်းရည် ကောင်းကင် တာအိုဉပဒေသ၏ စွမ်းအားကို အသုံးပြုရုံသာ တတ်နိုင်ပါသည်။

“ဘုန်း…။”

ရှရှန်းယုသည် နောက်တကြိမ် ခုတ်ပိုင်းလိုက်ပြန်သည်၊၊ ကောင်းကင်ဘုံကိုးခု၏ ကြယ်မြစ်ကြီးကဲ့သို့ ဇောက်ထိုးကျဆင်းလာသော ဓားအလင်းတန်းသည် ချက်ချင်းပင် ကီလိုမီတာတစ်သောင်းခန့်တိုင် အေးခဲသွားခဲ့သည်။

တင်းရွှဲသည် ၎င်းကို ခုခံတွန်းလှန်ရန် လေဟာနယ်၏ စွမ်းအားကို လျင်မြန်စွာ စုစည်းလိုက်သည်။ သို့သော် သူမ၏ လေဟာနယ်စွမ်းအားကို စုစည်းလိုက်သည်နှင့် ထိုကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအားကြောင့် အစိပ်စိပ်မွှာမွှာ ကွဲအက်သွား သည်။ တင်းရွှဲသည်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ရေခဲစွမ်းအားဖြင့် ထိမှန် ခံခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အဝေးသို့ ပြုတ်ကျသွားခဲ့သည်။

"ညီမ” ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ တင်းနန်က ကမန်းကတန်း အော်ခေါ်လိုက်သည်။ လှံရှည်တစ်ချောင်းက ချင်ယွင်ကို လှုပ်ခါလိုက်ပြီး အဝေးသို့ တွန်းထုတ်ကာ၊ သူသည် တင်းရွှဲဆီသို့ ပျံသန်းသွားသည်။

တင်းနန်သည် တင်းရွှဲကို ဆီးဖမ်းလိုက်ပြီး တင်းရွှဲ မြေပြင်ပေါ်သို့ ပြုတ်ကျခြင်းကို ကြိုင်တင်တားဆီးလိုက်သည်။ သို့သော် ရှရှန်းယု၏ ဓားချက်ကြောင့် တင်းရွှဲသည် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

တင်းနန်သည် တင်းရွှဲကို ပွေ့ဖက်လိုက်ပြီး တင်းရွှဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို အလွန်မင်း အေးစက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ကမ္ဘာကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး တင်းနန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ထွက်လာပါသည်။

"မင်းက ငါ့ညီမကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်ပေါ့။ ဒီနေ့ မင်းတို့အားလုံး သေရမယ်"။ တင်းနန်၏ မျက်လုံးက နီရဲနေပြီး၊ သတ်ဖြတ်ချင်စိတ် ပြင်းပြသည့် အသံဖြင့် ပြောလိုက်ပါ သည်။

ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ တင်းနန်၊ တင်းရွှဲတို့၏ ခန္ဓာကိုယ်မှ အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်တစ်မျိုးနှင့် ယန်တစ်ခု အတူတကွ ပေါင်းစည်းပြီး၊ ကောင်းကင်ယံတွင် ထိုက်ကျိ ယင်ယန် ငါးတစ်ကောင်အဖြစ် ပေါင်းစည်းသွားလေသည်။

"ဒါက ထိုက်ကျိယင်ယန် ပညာရပ်လား?" ချင်ယွင်က အံ့သြစွာ ပြောလိုက်သည်။ တင်းမောင်နှမနှစ်ယောက်သည် ဤပေါင်းစပ်ခြင်း နည်းပညာရပ်ကို အမှန်တကယ် ကျင်ကြံထားမည်ဟု သူ မမျှော်လင့်ထားပေ။ ထိုက်ကျိယင်ယန်ပညာရပ် အမျိုးအစားသည် ရက်စက်ကြမ်းကြုတ်ပြီး အလွန်ကြောက်စရာကောင်းသည်။ သူတို့သည် တစ်ဦးနှင့် တစ်ဦး ပေါင်းစည်းနိုင်ပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆပေါင်းများစွာ တိုးမြှင့်နိုင်သည်။

ဤအခိုက်အတန့်တွင်၊ တင်းနန်၊ တင်းရွှဲတို့သည် အထူးဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာပြီး ၎င်းတို့၏ အငွေ့အသက်များက ပေါင်းစပ်သွားပုံရသည်။

"စစ်မှန်တဲ့ ပေါင်းစပ်တိုက်ခိုက်မှုက ဘာလဲဆိုတာ ငါ မင်းတို့ကို ပြောပြပေးမယ်။" တင်းနန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် လေဟာနယ်ဓားတစ်လက် ဖြစ်သည်။ သို့သော်၊ ထိုဓားသည် ကြောက်မက်ဖွယ် လျှပ်စီး စွမ်းအားနှင့် ဖျက်ဆီးခြင်းစွမ်းအားများ အမှန်တကယ် ပါရှိနေသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် ၎င်းဓားချက်အား တားဆီးရန် ကောင်းကင်နှင့် မြေကြီး၏ လေနှင့် လျှပ်စီးတို့၏ စွမ်းအားကို အလျင်အမြန် လှုံ့ဆော်လိုက် သည်။ သူသည် သူ၏ဓားကို ခုတ်ပိုင်းပြီး ထိုလေဟာနယ်ဓားကို ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ချွင်…။

ဖျက်စီးခြင်းစွမ်းအားပါရှိသော လေဟာနယ်ဓားသည် ချင်ယွင်၏လေနှင့် လျှပ်စီးစွမ်းအား ပါရှိသောဓားနှင့် အပြင်းအထန် တွေ့ဆုံမိပြီး ကြောက်မက်ဖွယ် မြည်ဟီးသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုစွမ်းအားကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ပေရာပေါင်းများစွာအထိ တွန်းထုတ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ရှရှန်းယုလည်း တိုက်ခိုက်ခံခဲ့ရသည်။ ရှရှန်းယုသည် တိုက်ခိုက်ခြင်းကို တားဆီးရန် သူမ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ သို့သော် ပြိုင်ဘက်၏ ပေါင်းစပ်တိုက်ခိုက်မှုက ပြင်းထန်လွန်းသည်။ ကောင်းကင်တာအို ဉပဒေသ နှစ်ခုကို ရောနှောပြီး သူတို့၏ စွမ်းအားက အနှိုင်းမဲ့ ကြီးမားလွန်းသည်။

ချွင်..။

ရှရှန်းယုသည် လေဟာနယ်ဓားတစ်ချောင်းကို ပိတ်ဆို့လိုက်သည်။ သူမသည် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်၏ ကောင်းချီးပေးမူများကို ရရှိထားသော်လည်း၊ အဆုံးမှာတော့ သူမ၏နယ်ပယ်က အခြေအနေအချို့မှာ ရှိနေဆဲဖြစ်သည်။ သူမသည် တင်းမောင်နှမ၏ ပေါင်းစပ်တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေခြင်းကပင် အတော်လေး ကောင်းမွန်နေပါပြီ။

သို့သော် ဤအခိုက်အတန့်တွင် ရှရှန်းယု၏ရှေ့သို့ လေဟာနယ်ထဲမှ ထူးဆန်းသော လှံတစ်ချောင်း ထွက်ပေါ်လာသည်။ ထိုလှံတွင် ကြောက်စရာကောင်းသည့် အဖျက် စွမ်းအားတွေ ပါရှိနေသည်။ ၎င်းလှံသည် ရှရှန်းယု၏ ဝမ်းဗိုက်ပေါ်သို့ ပြင်းထန်စွာ ဆင်းသက်သွားခဲ့ပြီး ရှရှန်းယု၏ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးထွက်လာကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နောက်သို့ လွင့်ပျံသွားခဲ့သည်။

ဘန်း..။

တဖက်အဖွဲ့က ထိုနေရာမှာဘဲ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ သူသည် ရှရှန်းယုကို လုံးဝ သတ်ပစ်ချင်နေသည်မှာ ထင်ရှားပါသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက် စွမ်းအားများ သယ်ဆောင်ထားသော လှံရှည်တစ်ချောင်းက လေဟာနယ်ကို ထိုးဖောက် ကာ ရှရှန်းယု၏မျက်ခုံးကြားသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။

ရှရှန်းယု၏ မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့ပြီး၊ သူမ၏ မျက်လုံးများက လေးနက်သော အမူအရာ ပေါ်လာပါသည်။

"မင်း သူ့ကို သတ်ရဲမှတော့၊ ငါလည်း မင်းကို သတ်ပစ်မယ်”။

သို့သော် ဤအခိုက်အတန့်တွင် အေးစက်စက် အော်ဟစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ရှရှန်းယု၏ ဘေးက ချင်ယွင်၏ရုပ်အသွင်က ချက်ချင်း ပေါ်လာပြီး သူမ၏ခါးကို ဖက်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် သူသည် ဓားတစ်ချက်ကို ခုတ်ပိုင်းကာ၊ အပြင်းအထန် ထိုးထွက်လာသော လှံရှည်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။

ရှရှန်းယု၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ သူမ၏ခန္ဓာကိုယ်ကို ဆန့်ကျင်ဘက် လိင်ရှိသူတစ်ဦးက တစ်ကြိမ်တစ်ခါမှ မထိဖူးပါဘူး။ ဤအခိုက်အတန့်တွင် ချင်ယွင်က သူမ၏ခါးတစ်ဝိုက်ကို ပွေ့ဖက်ထားသဖြင့် သူမ၏နှလုံးကို ချက်ချင်း ထုံသွားစေသည်။

ချင်ယွင်ကတော့ သိပ်ပြီး ဂရုမစိုက်မိပါဘူး။ ယခုလေးတင် ရှရှန်းယု အန္တရာယ်ရှိနေသည်ကို မြင်လိုက်ရပြီး၊ သူသည် သူမဆီသို့ တဟုန်ထိုး ပျံထွက်ခဲ့သည်။ ထို့နောက် သူသည် ရှရှန်းယု ၏ ခါးကို အလျင်စလို ပွေ့ဖက်လိုက်ရသည်။

ထိုအချိန်တွင် ရှရှန်းယု၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မွှေးရနံ့လေးကို သူ အနံ့ရပြီးမှသာ၊ ရှရှန်းယုက သူ့ကို ဗလာမျက်လုံးဖြင့် ငေးကြည့်နေသည်ကို သူ တွေ့လိုက် ရသည်။ ထိုအချိန်ရောက်မှပင် သူ၏လက်က ရှရှန်းယု၏ မိုးမခပင်သဖွယ် ခါးကို ပွေ့ဖက် ထားကြောင်း သိလိုက်ရသည်။ ထို့ကြောင့်၊ သူသည် သူ၏လက်ကို အလျင်အမြန် လွှတ်လိုက်ပြီး ရှရှန်းယုကို အောက်သို့ ချလိုက်သည်။

နှင်းထူထပ်စွာကျဆင်းနေသော နှင်းတောင်ကြီးကဲ့သို့ နှစ်တစ်ထောင်ကြာ အပြောင်းလဲ မရှိသော ရှရှန်းယု၏မျက်နှာက ရှက်သွေးဖြာပြီး အနီရောင်သမ်းနေသည်။ သို့သော်လည်း သူမသည် သူမ၏ ယခင်အတိုင်း ရေခဲတမျှ အေးစက်သော အသွင်အပြင်ကို လျင်မြန်စွာ ပြန်လည်ရရှိသွားပြီး အဝေးမှ တင်းမောင်နှမကို လှမ်းကြည့်လိုက်သည်။

ရှရှန်းယုက ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်စကားမျှ မပြောသည်ကို မြင်လိုက်ရတော့ ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

"ငါကိုယ်တိုင် တိုက်ခိုက်လိုက်မယ်”။ ဒီတိုက်ပွဲက တော်တော်လေး ကြာသွားပြီ။ ဒါကို ငါကိုယ်တိုင်ပဲ အဆုံးသတ်လိုက်မယ်" ချင်ယွင်က အမိန့်ပေးသည့် တစွန်းတစ ပါဝင်သည့် လေသံဖြင့် ရှရှန်းယုအား ပြောလိုက်သည်။

ရှရှန်းယုသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမသည် ခေါင်းညိတ်နေဆဲ ပင်။ သူမသည် သူမ၏ အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားကို ရုတ်သိမ်းပြီး၊ သူမ၏ မူလအသွင်အပြင်သို့ ပြန်ပြောင်းသွားကာ တိုက်ပွဲတွင် မပါဝင်တော့ဘဲ ဘေးဘက်သို့ လျှောက်သွားလိုက်သည်။

ရှရှန်းယု ထွက်သွားသည်ကို ကြည့်ပြီးနောက် ချင်ယွင်၏မျက်လုံးတွေက အေးစက်သွား သည်။

"တင်းနန်၊ တင်းရွှဲ၊ မင်းတို့က ငါ့ကို သတ်ချင်နေတယ်ဆိုမှတော့ လာခဲ့ကြပါ။ မင်းတို့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရအောင်"။ ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ရုပ်အသွင်သည် ခရမ်းရောင် နတ်နဂါး အဖြစ် ပြောင်းလဲသွားလေသည်။ ချင်ယွင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှ နဂါးနတ်ဘုရား၏ ကြောက်စရာကောင်းသော စွမ်းအားက ထွက်ပေါ်လာသည်။

ခရမ်းရောင် နဂါးကြီးက ကောင်းကင်ကို ဖြတ်သန်းပြီး ကောင်းကင်ယံထက်ဝက်ကို သိမ်းပိုက်လိုက်သည်။

"အစ်ကိုကြီး သူ..က...အစစ်အမှန်နဂါးလား?" ရှောင်ဟောင်က အံ့အားသင့်စွာ မေးလိုက် သည်။

"မဟုတ်ဘူး... အစစ်အမှန်နဂါး မဟုတ်ဘူး၊ နတ်နဂါးပဲ.." ရှောင်ဟေးက မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြန်ဖြေသည်။

ချင်ဝမ်ယုလည်း ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်တုန်လှုပ်သွားပါသည်။ ချင်ယွင်သည် နဂါးနတ်ဘုရားအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်မည်ဟု သူမ မည်သည့်အခါမှ မတွေးခဲ့ဖူးခဲ့ပေ။ သို့သော် သေချာတာ တစ်ခုတော့ ရှိနေပါသည်။ ယခုအချိန်တွင် ချင်ယွင်၏ အငွေ့အသက်သည် သူမ၏ အထွတ်အထိပ် အခြေနေတုန်းကထက်ပင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တင်းနန်နှင့် တင်းရွှဲတို့လည်း ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြသည်။ သူတို့ရှေ့မှ ကြီးမားလှသော ဧရာမနဂါးကြီးကို ကြည့်လိုက်ရင်း သူတို့၏ မျက်လုံးတွေက မယုံကြည်နိုင်သည့် အမူအရာတွေဖြင့် ပြည့်နေခဲသည်။

ထိုအခိုက်တွင် ချင်ယွင်၏ နဂါးမျက်လုံးတစ်စုံက တင်းနန်နှင့် တင်းရွှဲတို့အား စိုက်ကြည့် နေသည်။ နဂါးကြီး၏ ပါးစပ်က စကားတစ်ခွန်း ထွေးထုတ်လိုက်ရင်း "တင်းနန်၊ တင်းရွှဲ, မင်းတို့က ငါ့အဒေါ်ကို ဒဏ်ရာရစေခဲ့တယ်၊ ​​ဒီနေ့ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့" ဟု ပြောလိုက်သည်။

သူ၏အသံက တစ်ကမ္ဘာလုံး ပဲ့တင်ထပ်နေပြီး၊ ကြီးမားလှသည့် နဂါးခြေသည်းကြီးက ထွက်ပေါ်လာကာ၊ တင်းမောင်နှမတွေဆီ တိုက်ရိုက် ဖမ်းဆုပ်လိုက်ပါသည်။

All Chapters