← Chapters

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း ၉၇၁

Vol. 65 Ch. 971

အခန်း (၉၇၁) ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု။

ချင်ယွင်၏ကြီးမားလှသော နဂါးခြေသည်းကြီးသည် ကောင်းကင်ထက်ဝက်ကျော်ကို ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပါရှိနေသည်။

တင်းနန်သည် ကောင်းကင်ယံမှ ဧရာမခြေသည်းကြီးကို ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် လေးနက်သော အမူအရာ ပေါ်လာသည်။ ချင်ယွင်၏ ဧရာမ နဂါးခြေသည်းကြီးပေါ်မှ ပြင်းထန်သော ဖိအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤဖိအားကြောင့် သူ၏ဦးရေပြားတစ်ခုလုံးကိုပင် ထုံကျင်သွားစေသည်။

တင်းနန်နှင့် တင်းရွှဲတို့သည် အကြည့်ချင်း ဖလှယ်ကာ ခေါင်းညိတ်လိုက်ကြပြီး၊ သူတို့၏မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ ဖျတ်ခနဲ လင်းလက်သွားသည်။

"ဟမ့်၊ မင်းက ငါတို့ကို ဒီလိုပုံစံမျိုးနဲ့ သတ်နိုင်မယ်လို့ ထင်နေတာလား?။ ငါတို့ မောင်နှမတွေကို အရမ်းကို လျှော့တွက်လွန်းရာ ကျမနေဘူးလား?။ ဒီနေ့ မင်းကို ငါတို့မောင်နှမနှစ်ယောက် ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ပြောပြပေး မယ်" တင်းနန်က ကောင်းကင်ယံကို လှမ်းအော်လိုက်သည်။

ရုတ်တရက် ယင်နှင့်ယန်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက တင်းနန်နှင့် တင်းရွှဲတို့ထံမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ တိုက်ကျိယင်နှင့်ယန် ပုံကြမ်းအဖြစ် တိုက်ရိုက် ဖွဲ့စည်းသွားသည်။

ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးသည် တိုက်ကျိယင်နှင့်ယန် ပုံကြမ်းပေါ်သို့ ကျရောက်သွားပြီး၊ တိုက်ကျိယင်နှင့်ယန် ပုံကြမ်းက ကြောက်စရာကောင်းသော ဧရာမ ခြေသည်းကြီးကို ပိတ်ဆို့တားဆီးလိုက်သည်။

ဘန်း…။

ကျယ်လောင်သော အသံက ကောင်းကင်နှင့် မြေကြီးကြား၌ ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။

"အယ်…?။ အဲဒါက ယင်နှင့်ယန်ရဲ့စွမ်းအားပဲ" ချင်ယွင်က အံ့ဩသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ဤယင်နှင့်ယန်စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ထူးခြားသော စွမ်းအားတစ်ခု လည်း ဖြစ်ပါသည်။ ၎င်း၏စွမ်းအားသည် ကောင်းကင်တာအို ဥပဒေသများ၏ စွမ်းအား ထက် အနည်းငယ်မျှ နိမ့်ကျမည် မဟုတ်ပေ။

နေ၏ စွမ်းအားနှင့် လ၏ စွမ်းအား ပေါင်းစပ်မှုသည် အဆုံးမဲ့ စွမ်းအားကို ထုတ်ဖော်ပေး နိုင်ပါသည်။ တင်းမောင်နှမသည် ယင်နှင့်ယန်တို့၏ စွမ်းအားကို ကျင့်ကြံနေကြလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဘန်း..။

ဟုတ်ပါသည်။ ထိုအခိုက်တန့်တွင် တင်းမောင်နှမ၏ ယင်နှင့်ယန်စွမ်းအားတွေက တဟုန်ထိုး မြင့်တက်လာနေခဲ့ပြီး၊ ကမ္ဘာပေါ်ရှိ ယင်ယန်စွမ်းအားတွေက အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်လာနေသည်။ အနက်ရောင်နှင့် အဖြူရောင်တစ်ခုသည် စွမ်းအင်တစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ဧရာမနဂါးကြီးနှစ်ကောင်အဖြစ် ပေါင်းစပ်သွားကာ ချင်ယွင်ဆီသို့ အပြင်းထန် ပြေးဝင်သွားလေသည်။

ချင်ယွင်သည် ကောင်းကင်ယံမှ အနက်ရောင်နှင့် အဖြူရောင် နဂါးနှစ်ကောင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်များ ထွက်ပေါ် လာသည်။

ယခု သူသည် နဂါးနတ်ဘုရား၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်၊ သူ၏ နှလုံးသားထဲတွင် နတ်နဂါးမျိုးနွယ်၏ မြင့်မြတ်မူကို သဘာဝအတိုင်း ပိုင်ဆိုင်ထားလေ သည်။ ထို့ကြောင့်၊ တင်းမောင်နှမ ယင်ယန်စွမ်းအားဖြင့် ဖန်တီးထားသော ဧရာမနဂါးကြီး နှစ်ကောင်ကို မြင်သောအခါ၊ သူ၏နှလုံးသားက သဘာဝအတိုင်း ပြင်းထန်သော အထင်အမြင် သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏နှာခေါင်းထဲမှ အဖြူရောင် အခိုးအငွေ့ နှစ်လုံးကို ပစ်ထုတ်လိုက်ပါသည်။ သူသည် သူ၏ပါးစပ်ကို ဖွင့်ဟပြီး ဟိန်းဟောက်လိုက်ရာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

နဂါးအမြီးကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ကြီးသည် ချက်ချင်း ပြိုကျကာ အနက်ရောင်နဂါးကြီးကို တိုက်ရိုက် နှစ်ပိုင်းပိုင်းလိုက်သည်။

ဧရာမ နဂါးဖြူကြီးသည် ယခုအချိန်တွင် ချင်ယွင်ဘက်သို့ ကိုက်လိုက်သည်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ချင်ယွင်၏ နဂါးကိုယ်လုံးကြီးကို ရစ်ပတ်ထားသည်။

ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး နဂါးဖြူကြီးကို ဖမ်းဆုပ်ကာ အပိုင်းပိုင်း ပိုင်းဖြတ်ရန် သူ၏ ဧရာမလက်သည်းကြီးကို ဆန့်ထုတ်လိုက်သည်။

ယင်ယန်စွမ်းအင်တို့မှ ဖြစ်ပေါ်လာသော နဂါးနှစ်ကောင်သည် ချင်ယွင်ကြောင့် တစ်ဝက် တစ်ပျက် တိုက်ရိုက် စုတ်ပြဲသွားခဲ့သည်။

အောက်မှလူတိုင်းသည် ဤအံ့သြဖွယ်ကောင်းသော တိုက်ပွဲကို အံ့သြတကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်။ ယခုလိုတိုက်ပွဲမျိုးက သူတို့၏ စိတ်ကူးတွေကို ကျော်လွန်သွားခဲ့ပါပြီ။

ဘန်း..။

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်လှိုင်းများ က လေဟာနယ်ထဲမှတဆင့် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားများ ဝန်းရံထားကာ လှံတစ်ချောင်းသည် လေဝဲတစ်ခုကဲ့သို့ လေဟာနယ် ကို ထိုးဖောက်ကာ ချင်ယွင်၏ဝမ်းဗိုက်ဆီကို တည့်တည့် ထိမှန်သွားလေသည်။

ချွင်…၊

လှံသည် ချင်ယွင်၏ ဝမ်းဗိုက်အကြေးခွံများနှင့် ထိမိသွားခဲ့သည်။ လှံ၏ချွန်ထက်သော အဖျားသည် ချင်ယွင်၏ ခရမ်းရောင်အကြေးခွံများနှင့် ပွတ်တိုက်မိပြီး လှပသော မီးပန်း မီးပွားများ ထုတ်လွှတ်သည်။

ချင်ယွင်၏ ခရမ်းရောင်အကြေးခွံများသည် လှံ၏တိုက်ခိုက်မှုအောက်တွင် ကွဲအက်သွားခဲ့ သည်။ ပြင်းထန်သော လျှပ်စီးကြောင်း၏ အဖျက်စွမ်းအားက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲသွားပြီး ချင်ယွင်ပင်လျှင် နာကျင်မှုလှိုင်းကို ခံစားလိုက်ရသည်။

ချင်ယွင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် ပါးစပ်ကိုဖွင့်ဟပြီး ဟိန်းဟောက်သည်။ ထို့နောက် လှံကိုင်ထားသည့် တင်းနန်ကို ရိုက်ချတော့မည်။ သို့သော် လည်း ထိုအချိန်တွင် ချင်ယွင်သည် သူ၏ ကြီးမားသော ခြေသည်းကြီးကို မမြင်နိုင်သော လေဟာနယ်စွမ်းအားဖြင့် ချည်နှောင်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ရွှံ့ညွှန်ထဲသို့ ချက်ခြင်း နစ်မြုပ်သွားပုံရပြီး သူ၏ လှုပ်ရှားမှုတွေက အလွန်မင်း လေးလံလှသည်။

"ဟား..၊ ဟား…၊ ချင်ယွင်၊ မင်း နဂါးတစ်ကောင် ပြောင်းလိုက်တော့ရော ဘာဖြစ်လဲ?။ ယင်ယန်ရဲ့ ကောင်းချီးပေးမူကြောင့် ငါတို့ မောင်နှမတွေရဲ့ ခွန်အားတွေက အဆပေါင်းများ စွာ တိုးလာနေခဲ့ပြီ။ ငါတို့နှစ်ယောက် အတူတူ ပူးပေါင်းတိုက်ခိုက်မူအတွင်းမှာဆို၊ မင်း မပြောနဲ့၊ ကောင်းကင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တွေ တောင် သေခြင်းတရားကို စောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်”။ တင်းနန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် သူ၏လက်ထဲရှိ လှံကို ကိုင်ဆောင်ကာ ချင်ယွင်၏ ဝမ်းဗိုက် ထဲသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ထိုးခွဲလိုက်လေသည်။

“ဘုန်း..”။

ကမ္ဘာပေါ်တွင် ပြင်းထန်ဆုံး တုန်ခါသံက ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင်၏ နဂါးခန္ဓာကိုယ် သည် ခပ်အုပ်အုပ်အသံတစ်ချက်ထွက် မညီးညူဘဲ မနေနိုင်ခဲ့ပါချေ။

တင်းနန်နှင့် တင်းရွှဲတို့သည် ယင်ယန်စွမ်းအားကို အသုံးပြုပြီးနောက်တွင် ၎င်းတို့၏ ခွန်အားများသည် အမှန်တကယ် တိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်းတို့၏ ပူးပေါင်း တိုက်ခိုက်မူများကိုပါ ထည့်သွင်းလိုက်လျှင်၊ ချင်ယွင်လည်း တခဏအတွင်း ခံနိုင်ရည် မရှိခဲ့ပေ။

“ဘုန်း…။

ချင်ယွင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံမှ ရုတ်တရက် ပြုတ်ကျကာ အောက်ဘက်ရှိ တောင်တစ်လုံးကို မြေပြင်ပေါ်သို့ ဖြိုချလိုက်လေသည်။

ထိုမြင်ကွင်းကိုမြင်တော့ ရှရှန်းယုက မျက်မှောင်ကြုတ်ပြီး ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။

သို့သော်လည်း ချင်ဝမ်ယုက သူမကို တားဆီးရန် လက်ကိုဆန့်ထုကာ ပြောလိုက်သည် "သူ့ကို ယုံလိုက်ပါ၊ သူက မင်းကို ဝင်ရောက်စွက်ဖက်ခွင့် မပြုဘူးလို့ ပြောထားမှတော့၊ သဘာဝအတိုင်း သူ လုပ်နိုင်လို့နေမှာပါ"

ထိုစကားကိုကြားတော့ ရှရှန်းယုသည် တခဏကြာအောင် တုံ့ဆိုင်းသွားခဲ့ပြီး၊ သူမ ထုတ်လွှတ်လိုက်သည့် အငွေအသက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး၊ သူမ၏ လှပသော မျက်လုံးတွေက ချင်ယွင် ပြုတ်ကျသွားရာဘက်ကို လှမ်းကြည့်လိုက်သည်။

ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်မှ ပြန်ထလာခဲ့ပြီး သူ့နောက်ကျောကို ပြန်ကြည့်လိုက်သည်။ တင်းနန်၏ တိုက်ခိုက်မှုကြောင့် သူ၏ နောက်ကျောရှိ ခရမ်းရောင်အကြေးခွံများ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ ကျိုးပဲ့နေသော အကြေးခွံများမှ သွေးများ စီးကျလာသည်။

ဘန်း..။

ပြင်းထန်သော လေဟာနယ်စွမ်းအင် နောက်တစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖိနှိပ်ထားချင်သည့်အလား သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပါသည်။

တစ်ချိန်တည်းမှာပင် တင်းနန်၏ လှံသည် ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ ခရမ်းရောင် လှံထိပ်ဖျားသည် ခရမ်းရောင်အလင်းတန်းများ ပွင့်လန်းနေသည်။ ၎င်းမှ ထုတ်လွှတ်သော အဖျက်စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်း၏။ အကယ်၍, ထိုလှံချက်သာ ကျဆင်းလာပါက ကောင်းကင်နှင်းတောင်တန်းတစ်ခုလုံး မြေပြန့်သဖွယ် ပြိုကျသွား နိုင်ဖွယ် ရှိသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ခရမ်းရောင် နတ်ဆိုးဆန်ဆန် အလင်းတန်းတစ်ခုက သူ၏ကြီးမားလှသော သူငယ်အိမ်များထဲတွင် ပျံ့နှံ့ထွက်ပေါ်လာ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်က ထွက်လာသည်။

"သေလိုက်တော့.. ချင်ယွင်.." တင်းနန်က ချင်ယွင်ကို မြေပြင်မှာ သံမှိုစွဲရိုက်လိုသည့် အလား သူ၏လက်ထဲတွင် ကြီးမားလှသော လှံကြီးကို ကိုင်ဆောင်ရင်း ချင်ယွင်၏ ကြီးမားသော နဂါးခေါင်းကြီးကို ထိုးနှက်ရင်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

"ဟမ့်၊ မင်းက ငါ့ကိုသတ်ချင်တယ်ဆိုတော့ မင်းမှာ အရည်အချင်းရှိရဲ့လား ငါ မေးကြည့်ဦး မယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး နတ်နဂါး ကျောက်စိမ်းတံဆိပ်က ချက်ချင်း ပွင့်သွားပါသည်။

ချင်ယွင်သည် နဂါးနတ်ဘုရားအသွင်ပြောင်းခြင်း အခြေအနေတွင် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို မည်သည့်အခါမျှ အသက်မသွင်းခဲ့ဖူးပေ။ နတ်နဂါးကျောက်စိမ်း တံဆိပ်သည် နဂါးမျိုးနွယ်၏ အဖိုးတန်ဆုံး ရတနာတစ်ခုဖြစ်ကြောင်းကို သိရှိထားရပါမည်။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို နဂါးနတ်ဘုရား အခြေအနေတွင် အသက်သွင်းထားသောကြောင့် သူသည် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို သဘာဝအတိုင်း အစွမ်းကုန် အသုံးချနိုင်သွားမည် ဖြစ်သည်။

ဘန်း…။

ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများဖြင့် ဖုံးအုပ်ထားပုံရပြီး၊ ခရမ်းရောင် အကြေးခွံများသည် ထက်ရှသော အလွှာ တစ်ခုဖြင့် ဖုံးလွှမ်းနေပုံရသည်။ တခဏအတွင်းမှာပင် လူတိုင်းသည် ခံနိုင်ရည်မရှိသော ဖိအားကို ခံစားလိုက်ရသည်။

“အောင်း..”။

ချင်ယွင်နဂါးကြီး၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထား သည့် လေဟာနယ်စွမ်းအင်များက ချက်ချင်း ကွဲအက်သွားသည်။ အဝေးမှာ ရပ်နေသော တင်းရွှဲသည် ချက်ချင်းပင် တန်ပြန်ရိုက်ခတ်မူကြောင့် သွေးတပွက် အန်ထုတ်လိုက်ရ သည်။ သူမက ချင်ယွင်ကို ထိတ်လန့်သော အမူအရာဖြင့် ကြည့်ပြီး တင်းနင်ကို အော်ပြောလိုက်သည် "အကိုကြီး၊ သတိထား.."။

တင်းနန်လည်း တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ သို့သော် သူ၏လက်ထဲတွင် ရှိသောလှံ၏ အကွာအဝေးက တစ်မီတာအောက်ပင် နည်းပါးနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူသည် သူ၏လှံကို ပြန်ရုပ်သိမ်းရန် အချိန်နှောင်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရုံသာ တတ်နိုင်ပါတော့သည်။

ချင်ယွင်သည် ထိုးဖောက်လာသော လှံကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင်များ ပေါ်လာပါသည်။ သူသည် နည်းနည်းလေးမှ မတိုက်ခိုက်ဘဲ ကောင်းကင်ယံသို့မော့ကာ တိုက်ရိုက် ဟိန်းဟောက်လိုက်သည်။

“အောင်း..”။

တခဏအတွင်းမှာပင် ဟိန်းဟောက်သံက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအားများပါရှိသော လှံသည် ချင်ယွင်၏ ကျယ်လောင်သော ဟိန်းဟောက်သံ အောက်တွင် အမှန်တကယ် ပေါက်ကွဲသွားခဲ့သည်။

"ဘာလဲ…?" တင်းနန်သည် အံ့သြတုန်လှုပ်သွားသော်လည်း သူ၏မျက်နှာပေါ်ရှိ ထိတ်လန့် တုန်လှုပ်မူ ပျောက်ကွယ်မသွားခင် ဟိန်းဟောက်သံတွင် ပါဝင်နေသော ကြောက်မက်ဖွယ် စွမ်းအားက သူ့ကို ပြင်းထန်စွာ ရိုက်ခတ်သွားကာ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ဒွါရ ခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်လာလေသည်။

All Chapters