အခန်း ၉၇၂
Vol. 65 Ch. 972
အခန်း (၉၇၂) တိတ်ဆိတ်သွားခြင်း။
တင်းနန်သည် သူ၏ခေါင်းကို ပတ်ချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ခန္ဓာယ်ကိုတစ်ခုလုံး ကွဲကြေသွားသလို ခံစားလိုက်ရ၏။ သူ၏ဦးနှောက်ပင် ဟာလာဟင်းလင်း ဖြစ်နေသည်။ တစ်ယောက်ယောက်က သူ၏ခေါင်းကို တူနှင့် ပြင်းပြင်း ထန်ထန် ရိုက်နှက်လိုက်သလိုပင်။
တင်းနန်သည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ရှင်းလင်းပြတ်သားမူကို ပြန်လည် ရရှိသွားသည်။ သူသည် နောက်ပြန်ဆုတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် ယင်ယန်စွမ်းအားကို အသုံးပြုလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က သွေးများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
"သူ ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ?။ သူက ငါ့ရဲ့ တိုက်ခိုက်မှုကို ဟိန်းဟောက်သံ တစ်ချက်တည်းနဲ့ ဖြိုခွဲပစ်လိုက်တယ်"။ တင်းနန်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက် သည်။ မည်သို့ပင်ဆိုစေကာမူ, ဤအရာအားလုံးသည် အမှန်ဖြစ်ကြောင်းကို သူ မယုံချင်သေးပါ။
"အစ်ကိုကြီး သတိထားဦး…"။
သို့သော် ထိုအချိန်တွင် တင်းနန်သည် ဒင်ရှု့၏ အော်ဟစ်သတိပေးသံကို ကြားလိုက်ရ သည်။
တင်းနန်သည် ရုတ်တရက် ခေါင်းမော့ကာ ရှေ့သို့ မျှော်ခေါ်ကြည့်လိုက်သည်။ သူ့ဆီသို့ စူးစူးရဲရဲ ဖမ်းဆုပ်လာသော နဂါးခြေသည်းကြီးကို သူ မြင်လိုက်ရပါသည်။ နဂါးခြေသည်း ပေါ်တွင် ပါဝင်သော ကြောက်မက်ဖွယ်စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မူစွမ်းအားကြောင့် သူ မလှုပ်ရှားနိုင်တော့ပေ။ သူသည် နဂါးခြေသည်းကြီး သူ့ဆီသို့ လှမ်းရိုက်လာသည်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေနိုင်ပါတော့သည်။
ဘန်း…။
သို့သော် ဤအခိုက်အတန့်တွင် လှိုင်းလုံးကြီးတစ်ခု ရောက်ရှိလာခဲ့ပြီး သိမ်မွေ့သော ရုပ်အသွင်ပြင်တစ်ခုက တင်းနန်၏ရှေ့တွင် ပေါ်လာသည်။
"မဟုတ်ဘူး" တင်းနန်သည် ထိုရုပ်အသွင်ပြင်ကို မြင်လိုက်ရသည့်အခါ၊ သူ၏မျက်လုံးတွေ က အလွန်မင်း ထိတ်လန့်သွားသည့် အမူအရာတစ်ခု ချက်ချင်းဆိုသလို ထွက်ပေါ်လာပါ သည်။
“ဘုန်း..”။
သို့သော် နောက်ကျနေပြီ ဖြစ်ပါသည်။ ချင်ယွင်၏ကြီးမားလှသော နဂါးခြေသည်းကြီးက တင်းရွှဲ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားပြီး တင်းရွှဲနှင့် တင်းနန် တို့ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ပုတ်လိုက်လေသည်။
ကောင်းကင်နှင့် မြေကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်တစ်ခုလုံး ချက်ချင်း အပိုင်းပိုင်း ပြိုကွဲသွားပါသည်။
တင်းရွှဲသည် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သူမသည် ချင်ယွင်၏ တိုက်ခိုက်မှု အားလုံးကို ခံနိုင်ရည်ရှိရန် ကြိုးစားခဲ့သော်လည်း ချင်ယွင်၏တိုက်ခိုက်မှုအောက်တွင် ဝမ်းနည်းစွာ သေဆုံးသွားခဲ့ရသည်။
သို့သော် တင်းနန်က မသေဆုံးခဲ့ပေ။ တင်းရွှဲ မသေဆုံးမီတွင်၊ တင်းရွှဲသည် တိုက်ခိုက်မှု အများစုကို ဟန့်တားရန်အတွက် လေဟာနယ် အတားအဆီးတစ်ခုကို ပေါင်းစည်း သိပ်သည်းရန် လေဟာနယ်စွမ်းအားကို အသုံးပြုခဲ့ပါသေးသည်။
"ညီမလေး..၊ ညီမလေး.." တင်းနန်သည် တင်းရွှဲ၏အလောင်းကို ပွေ့ဖက်ကာ အရူးအမူး အော်ဟစ်လိုက်သည်။ သူ၏အသံက ပြင်းထန်သော ဝမ်းနည်းဒေါသနှင့် ပြည့်နှက်နေခဲ့ သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ပြီး သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။
တင်းရွှဲသည် တင်းနန်၏ အသက်ကို ကယ်တင်ရန်အတွက် ချင်ယွင်၏ တိုက်ခိုက်ခြင်းကို တားဆီးရန် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဤရင်းနှီးမှုက သူ့ကို အဆုံးမရှိ လှုံ့ဆော်ပေးနိုင်ခဲ့ပါသည်။
ဟုတ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ချင်ယွင် နောင်တမရခဲ့ပါဘူး။ တင်းနန်နှင့် တင်းရွှဲတို့သည် သူ့ကို သတ်ဖြတ်ရန် အမိန့်ပေးခံထားရသူဖြစ်ပြီး၊ သူ၏အဒေါ် ချင်ဝမ်ယုကိုပင် ဒဏ်ရာရစေခဲ့သည်။
အဆုံးတွင် သူနှင့် သူတို့သည် ရန်သူများသာ ဖြစ်ကြပါသည်။ ထို့ကြောင့်, သူသည် သူ၏ ရန်သူများကို တိုက်ခိုက်ရုံသာ တတ်နိုင်ပါသည်။ မဟုတ်ပါက သေရမည့်လူက သူကိုယ်တိုင် ဖြစ်သွားပေလိမ့်မည်။
"တင်းနန်၊ မင်း အခုချိန် နောက်ပြန်ဆုတ်ရင်, ငါ မင်းကို မသတ်တော့ဘူး" ချင်ယွင်က တင်းနန်ကို ပြောသည်။
ချင်ယွင်၏ စကားကိုကြားတော့ တင်းနန်သည် သူ၏မျက်လုံးများက မှေးကျဉ်းလိုက်သည်။ သူက ခေါင်းမော့ပြီး ချင်ယွင်ကို အနှိုင်းမဲ့ နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။ သူ၏ မျက်လုံးများတွင် ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။
"ချင်ယွင်, မင်းက ငါ့ညီမကို သတ်ခဲ့တယ်။ ဒီနေ့ ငါ သေရင်တောင် မင်းကို ငါနဲ့အတူ သင်္ချိုင်းမြေထဲ ဆွဲခေါ်သွားမယ်။" တင်းနန်က သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြောလိုက်ပြီး၊ သူ၏လေသံက တုနှိုင်းမရအောင် ပြင်းထန်သော အေးစက်မှုဖြင့် ပြည့်နေခဲ့သည်။
ဘန်း..။
တင်းနန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် တင်းနန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။
ထိုအခိုက်တန့်တွင် ကောင်းကင်နှင့် မြေကြီးထံမှ မိုးခြိမ်းသံများ တဟုန်ထိုး ထွက်ပေါ်လာ သည်။ တိမ်စိုင်တိမ်မည်းကြီးတွေက ကောင်းကင်ယံတွင် လှိမ့်တက်လာခဲ့ပြီး၊ နေကိုပင် ဖုံးလွှမ်းသွားသည်။ ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါး ထွက်ပေါ်လာသည့်အလား လျှပ်စီးကြောင်းများက အဆက်မပြတ် ရိုက်ခတ်နေလေသည်။
တင်းနန်၏ မျက်လုံးများသည် သွေးကဲ့သို့ နီးမြန်းနေပြီး ကြက်သွေးရောင်ပြောင်းသွား သည်။ သူ၏နောက်ကျောတွင် အနက်ရောင် ဆံပင်များက ရိုင်းစိုင်းစွာ ကခုန်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ဆက်လက်မြင့်တက်နေသည်။
"ဒီကောင်က အင်မော်တယ် စိတ်ဝိညာဉ်ကို တကယ် လောင်ကျွမ်းနေတာလား?။ သူ ရူးနေတာလား?။" ချင်ဝမ်ယုသည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ သူမ၏ မျက်လုံးများက နှိုင်းယှဉ်ပြ၍မရသည့် အံ့အားသင့်နေဟန် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။
ရှရှန်းယု၏ လှပသော မျက်လုံးများသည် လေးနက်သည့် အမူအရာ ပေါ်လွင်နေပြီး ချင်ယွင်ကိုကြည့်ရင်း သူမ၏ အကြည့်တွေကလည်း စိုးရိမ်သည့်အမူအရာ ဖြစ်ပေါ်လာ သည်။
အင်မော်တယ် စိတ်ဝိညာဉ်ကို လောင်ကျွမ်းခြင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား အားလုံးကို ပွင့်ထွက်လာစေရန် ကျင့်ကြံသူတိုင်း အသုံးပြုနိုင်မည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ဤလှုပ်ရှားမူကို အသုံးပြုခြင်း၏ ပေးဆပ်ရမည့်တန်ဖိုးက မနှိုင်းယှဉ် နိုင်လောက်အောင်ပင် ကြီးမားပါသည်။
ဆိုလိုသည်မှာ, သူ၏ အင်မော်တယ် စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ဖျက်ဆီးခံရမည် ဖြစ်ပြီး လူပြန်ဝင်စားရန်ပင် အခွင့်အလမ်း မရှိနိုင်ဟု ဆိုလိုသည်။ တစ်နည်းဆိုရသော် သူသည် ဤကမ္ဘာကြီးမှ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။
သာမာန်အားဖြင့်၊ နက်ရှိုင်းသော အမုန်းတရားများကို မကြုံတွေ့ပါက၊ ဤလှုပ်ရှားမှုကို မည်သူမျှ အသုံးမပြုလိုကြပေ။
သေခြင်းတရားက ကြောက်စရာ မဟုတ်ပါ။ ကြောက်စရာကောင်းသည်က ဤကမ္ဘာကြီး ကနေ အမှန်တကယ် ပျောက်ကွယ်သွားမှာကိုပါ။
ချင်ယွင်လည်း တင်းနန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူ၏နှလုံးသားလည်း တုန်လှုပ်ချောက်ချားသွားပါသည်။ သူကိုယ်တိုင်လည်း သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းခဲ့ ဖူးပါသည်။ ဤလှုပ်ရှားမှုကို သူ အသုံးပြုပြီးသည်နှင့် ရပ်တန့်နိုင်မှာ မဟုတ်တော့ပါဘူး။ ထိုအချိန်တုန်းက ချင်ယွင်သည် သူ၏အသက်ကို ကယ်တင်ရန် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကဲ့သို့ အဖိုးတန်သော ရတနာကို မှီခိုအားကိုးခဲ့ရသည်။ ထို့ကြောင့်၊ ဤလှုပ်ရှားမှုကို အသုံးပြုရခြင်း၏ အဓိပ္ပါယ်ကို သူ လေးနက်စွာ သိပါသည်။
“ဘုန်း..”။
တင်းနန်၏ ခြေဖဝါးဆောင့်နင်းချက်ကြောင့် ကောင်းကင်နှင်းတောင်တန်းတစ်ခုလုံး ချက်ချင်း ကွဲအက်သွားခဲ့သည်။ ယခုအချိန်တွင် အဆောက်အအုံများနှင့် တောင်ထိပ်များ အားလုံး ပျက်စီးသွားခဲ့ပါပြီ။
တင်းနန်၏ ဒွါရခုနစ်ပေါက်သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ် အငွေ့အသက်များက ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ မျက်လုံးတစ်စုံက ချင်ယွင်ကို စိုက်ကြည့်နေသည်။
"ဒီနေ့ မင်းကို ငါ့ညီမ၊ ငါနဲ့အတူ သင်္ဂြိုဟ်ပေးမယ်" တင်းနန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏တစ်ကိုယ်လုံး ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများက မိုးကြိုးပစ်သလိုမျိုး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် လွှမ်းခြုံထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား က ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏အကြည့်များက လေးနက်လာခဲ့သည်။
“ဘုန်း..”။
ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးနှင့် တင်းနန်၏ လက်သီးချက်က အပြင်းအထန် ထိမှန်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကမ္ဘာတစ်ဝှမ်းကို ဖြတ်ကျော်သွားကာ ကီလိုမီတာ သန်းပေါင်းများစွာအထိ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများအားလုံး ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားသည်။
တင်းနန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး ချင်ယွင်၏ ကြီးမားသော ခန္ဓာကိုယ်သည်လည်း လွင့်ပျံသွားလေသည်။
"သေလိုက်တော့.." တွန်းထုတ်ခံလိုက်ရသော တင်းနန်က သူ၏ တိုက်ခိုက်မှုကို ပြန်လည်စတင်ပြီး ချင်ယွင်ကို သတ်ဖြတ်ရန် နောက်တကြိမ် ပစ်ဝင်လိုက်ပြန်သည်။ သူ၏တစ်ကိုယ်လုံးသည် အလွန်မင်း ရူးသွပ်သွားသည့် အခြေအနေသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏မျက်လုံးထဲမှာ သတ်ဖြတ်လိုခြင်းသာ ရှိနေပါတော့သည်။
"ငါတို့ ဒီအတိုင်း ဆက်သွားလို့ မရပါဘူး။ သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းထားတော့ သူ့ရဲ့ ခွန်အားက ပိုအားကောင်းလာလိမ့်မယ်။ ဒီတိုက်ပွဲကို အမြန်ဆုံး ဖြေရှင်းဖို့ လိုတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ သူသည် သူ့ဘက်သို့ ထပ်မံ ပျံသန်းလာနေသော တင်းနန်ကို ကြည့်လိုက်ရင်း, ချင်ယွင်၏ မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခု ပေါ်လာပါသည်။
ဘန်း…။
ချင်ယွင်၏ မျက်လုံးများသည် အလင်းရောင် အရိပ်အယောင်များနှင့်အတူ ချက်ချင်း လင်းလက်သွားသည်။ သူသည် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သည့် အချိန်ရပ်တန့်ခြင်းကို ချက်ချင်း အသုံးပြုလိုက်သည်။ တစ်ခဏအတွင်းမှာပင် ကမ္ဘာကြီး တစ်ခုလုံး အေးခဲသွားပါသည်။ ထိုနေရာ၌ အရာအားလုံး အေးခဲသွားခဲ့ပြီး တင်းနန်၏ ခန္ဓာကိုယ်သည်လည်း လေထဲတွင် အေးခဲသွားလေသည်။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်က တင်းနန်ကို တိုက်ခိုက်ရန် သူ၏ခွန်အား အားလုံးကို တိုက်ရိုက် စုစည်းလိုက်သည်။ သူ့အတွက် အချိန်တစ်စက္ကန့်သာ ရရှိပေမယ့်၊ ယင်းက လုံလောက်နေပါပြီ။
“ဘုန်း..”။
ချင်ယွင်၏ ကြီးမားသော ခြေသည်းများသည် တင်းနန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ ပြီး သူ၏ခန္ဓာကိုယ်ကို ကွဲကြေသွားစေသည်။ ဤအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံး သည် ၎င်း၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
တင်းနန်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကာ သွေးစွန်းနေသော အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားပါသည်။
အားလုံးလည်း ဤမြင်ကွင်းကို ငေးကြည့်နေမိကြသည်။ တင်းနန်သည် ရုတ်တရက် အဘယ့်ကြောင့် ပေါက်ကွဲသွားသည်ကို သူတို့ နားမလည်ခဲပါဘူး။ သို့သော် သူတို့သည် ပဟေဠိ ဖြစ်နေကြသော်လည်း စိတ်ထဲတွင်တော့ သက်သာရာရသွားကြပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏လူသားပုံစံအဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ။ သွေးမိုးရွာသလို ပေါက်ကွဲသွားသော တင်းနန်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးထဲတွင် သနားစာနာဟန် ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လာသည်။
ရိုးရိုးသားသား ပြောရလျှင်, တင်းနန်နှင့် တင်းရွှဲတို့ကြားက မောင်နှမ ဆက်ဆံရေးသည် ချင်ယွင်ကို အမှန်တကယ် တုန်လှုပ်စေခဲ့ပါသည်။ သူတို့ နှစ်ယောက်သည် ရန်သူ့ဘက်တွင် ရှိနေခြင်းကြောင်သာ၊ မဟုတ်ပါက, ချင်ယွင်သည် သူတို့ကို အမှန်တကယ် လွှတ်ပေးပါ လိမ့်မည်။
အခုချိန်မှာတော့ ဤအကြောင်းအရာအားလုံးကို ပြောဆိုနေရန် အကြောင်းမရှိတော့ပါဘူး။ ဤဖြစ်ရပ်ဆိုးကြီးက တင်းနန်နှင့် တင်းရွှဲတို့သည် မှားယွင်းသော သခင်နောက်သို့ လိုက်မိခဲ့ခြင်းကြောင့်သာ ကြုံတွေ့ရသည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် သက်ပြင်းအနည်းငယ် ချလိုက်ပြီး ချင်ဝမ်ယု ဦးတည်ရာဆီသို့ ပျံသန်းသွား သည်။ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းသည် သူ့အတွက် အလွန် ပင်ပန်းနေသေးသည်။ ယခုအချိန်မှာတော့ သူသည် မတိုက်နိုင်တော့ပါဘူး။ အကယ်၍ ရန်သူများ ထပ်မံရောက်ရှိလာပါက၊ သူသည် သူ့အသက် လွတ်မြောက်ရန် ကန ဦးစကြဝဠာကိုသာ အားကိုးရပေလိမ့်မည်။