← Chapters

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း ၉၇၄

Vol. 65 Ch. 974

အခန်း (၉၇၄) ကောင်းကင်တာအိုကို ဖြတ်ကျော်ခြင်း။

ချင်ယွင်သည် ရှရှန်းယု၏ လက်ထဲမှ အနက်ရောင် ကျောက်တုံးကို သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်ပါသည်။

ထိုအချိန်တုန်း, ဤအနက်ရောင် ကျောက်တုံးကို သူမ မြင်သောအခါအတွင် ရှရှန်းယု၏ အမူအရာသည် အနည်းငယ် ထူးဆန်းနေသည်ကို သူ သတိပြုမိခဲ့သည်။ သို့သော်လည်း ရှရှန်းယုသည် ယခင်က ဤအနက်ရောင် ကျောက်တုံးမျိုးကို မြင်ရုံသာမြင်ဖူးသည်ဟု သူ ထင်ထားခဲ့သည်။ သို့သော်၊ သူမလက်ထဲတွင် ဤကျောက်မျိုး အမှန်တကယ် ရှိနေလိမ့်မည် ဟု သူ မမျှော်လင့်ထားပေ။

'အဲဒီတုန်းက ငါ ဒီအနက်ရောင် ကျောက်တုံးကို မတော်တဆ ရရှိခဲ့တယ်၊ ဒါက အထူးအဆန်းလို့ အမြဲတမ်း ခံစားရတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ လေ့လာခဲ့ပေမယ့် လျှို့ဝှက်ချက်တစ်ခုမှ မတွေ့ခဲ့ရဘူး။ အဲဒါကြောင့် ဒီကျောက်တုံးကို ဘေးမှာ ဒီအတိုင်း ထားခဲ့တာ။ နောက်ဆုံးအကြိမ်တုန်းက နင့်လက်ထဲမှာလည်း ဒီလိုကျောက်တုံးမျိုး တစ်တုံးထက်ကမ ပိုရှိနေတယ်ဆိုတာ ငါ သိခဲ့တယ်။" ရှရှန်းယုက ပြောသည်။

ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။

"ဒီအနက်ရောင် ကျောက်တုံးကို ငါ့ဆီမှာ ထားလည်း အသုံးမဝင်ဘူး။ နင့်ကို ငါ ပေးလိုက် မယ်။" ရှရှန်းယုက အနက်ရောင် ကျောက်တုံးကို ချင်ယွင်ဆီ လွှဲပြောင်းပေးရင်း ပြောလိုက်ပါသည်။

ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ ရှရှန်းယုသည် ဤအနက်ရောင် ကျောက်တုံးကို သူ့အား ပေးအပ်ရန် အမှန်တကယ် အစပြုလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ဤအရာကက သူ့ကို အဆုံးမရှိ အံ့သြစေပါသည်။

တစ်ဖက်တွင်မူ၊ ချင်ဝမ်ယုသည် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ အထပ်ထပ်အခါခါ ပြုံးနေမိသည်။

"ကောင်းပြီလေ၊ ငါ ဒီအနက်ရောင် ကျောက်တုံးကို အရင် ယူထားလိုက်မယ်။ နောင်တချိန် မှာ မင်းအတွက် အသုံးဝင်လာမယ်ဆိုရင် ငါ မင်းကို ပြန်ပေးမယ်။" ချင်ယွင်က ရှရှန်းယုကို ခေါင်းညိတ်ပြလိုက်သည်။

ရှရှန်းယုက ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

ထို့နောက်၊ အိုးယန်ထန်ရွယ်သည် လူတိုင်းကို ကောင်းကင်နှင်းမြင့်မြတ်နယ်မြေ၏ အဆောက်အဦများ ပြန်လည်တည်ဆောက်ရန်နှင့် ပြန်လည်ပြုပြင်ရန် ညွှန်ကြားလိုက်ပြီး၊ ထို့အပြင်၊ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေ၏ အကာကွယ် အတားအဆီးကို ပြန်လည် ပြုပြင်ရန် စီစဉ်ခဲ့သည်။

ဤကိစ္စများတွင် ချင်ယွင်သည် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်တော့ပါ။ အနက်လေးနှင့် အနီလေးတို့ဖြင့်ပင် လုံလောက်သောကြောင့် ချင်ယွင်လည်း အလုပ်အားသွားပါသည်။

ချင်ယွင်သည် ကောင်းကင်နှင်း မြင့်မြတ်နယ်မြေရှိ ရေကန်တစ်ခုဘေးတွင် လမ်းလျှောက် နေသော်လည်း၊ သူသည် ထိုတိုက်ပွဲအကြောင်းကို တွေးတောနေမိသည်။ ဤတိုက်ပွဲသည် သူ့အပေါ် ကြီးမားသော သက်ရောက်မှု ရှိနေခဲ့သည်။ အထူးသဖြင့် တင်းနန်၊ တင်းရွှဲတို့နှင့် ပတ်သက်၍ ဖြစ်ပါသည်။ ဤတိုက်ပွဲအပြီးတွင်၊ ချင်ယွင်သည် သူ၏ကနဦးစကြာဝဠာက အဆင့်ချိုးဖြတ်မူတစ်ခု ပြုလုပ်နိုင်ပုံရသည်ဟု ယောင်ဝါးဝါး ခံစားလိုက်ရသည်။

နောက်ဆုံးအကြိမ်တုန်းက သူသည် အင်မော်တယ်ကမ္ဘာ၊ သေမျိုးကမ္ဘာကို ဖွင့်လှစ်ခဲ့ပြီး၊ ချင်ယွင်၏ ကျင့်ကြမူအခြေခံက ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ ချင်ယွင်အတွက် နောက်ထပ် ခြေလှမ်းတစ်ခုက သူ၏ကနဦးစကြဝဠာကို ပိုမိုတိုးတက် ကောင်းမွန်လာ စေရန်နှင့် အတွင်းမှာရှိနေသည့် ဥပဒေသများနှင့် အမိန့်များကို မြှင့်တင်ရန် ဖြစ်သည်။ သို့သော် စုပ်ယူမှုစွမ်းအားက မလုံလောက်ခဲ့ပါ။ သူသည် ဤအချက်ကို နားလည်ဆင်ခြင်မှ ရလိမ့်မည်။ ဤနားလည်ဆင်ခြင်မှုသည် ဉပဒေသများကို နားလည်ဆင်ခြင်ရန် မဟုတ်တော့ဘဲ စကြာဝဠာအကြောင်းကို တွေးတောခြင်းပင် ဖြစ်ပါသည်။

ချင်ယွင်၏ စကြဝဠာအကြောင်းကို နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာမှသာ လျှင် သူ၏ ကနဦးစကြာဝဠာသည် ပိုမိုတိုးတက် ပြောင်းလဲလာမည် ဖြစ်ပါသည်။

သို့သော်၊ စကြဝဠာကို နားလည်ဆင်ခြင်ရန်မှာ ကောင်းကင်တာအို၏ ဉပဒေသများကို နားလည်ဆင်ခြင်ရန်ထက် များစွာခက်ခဲပါသည်။ စကြဝဠာကြီးသည် ကျယ်ပြောလှပြီး မမြင်နိုင်ပေ။ ကောင်းကင်တာအိုသည် ခက်ခဲသော်လည်း အချို့သော ပါရမီ အရည်အချင်း များအပေါ် အခြေခံထားသောကြောင့် ၎င်းတို့ကို နားလည်ဆင်ခြင်ရန် သဘာဝအားဖြင့် ပိုမို လွယ်ကူပါသည်။

သို့သော် ထိုတိုက်ပွဲတွင်၊ ချင်ယွင်သည် တင်းနန်သည် သူ၏အင်မော်တယ်စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေသည်ကို မြင်လိုက်သောအခါ၊ သူ၏နှလုံးသားက တုန်လှုပ်သွားခဲ့ရသည်။ ထိုအချိန်တုန်းက သူသည် တစ်စုံတစ်ခုကို ထိမိသွားသလို ခံစားလိုက်ရသည်။ သို့သော် ဤခံစားချက်သည် သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏စိတ်အာရုံများ ပြန်လည်ရရှိရန်အတွက် ယခင် တိုက်ပွဲများကို ပြန်ပြောင်း အောက်မေ့နေမိသည်။

ချင်ယွင်သည် ရေကန်ဘေးတွင် ရပ်ကာ သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားနေခဲ့ သည်။ ယခင်တိုက်ပွဲ မြင်ကွင်းများက သူ၏စိတ်ထဲတွင် ပေါ်လာသည်။ သူတို့၏အဆင့်တွင်၊ သူတို့မြင်ခဲ့ဖူးသမျှ အရာအားလုံးကို နောက်ပိုင်းတွင် အစဉ်ထာဝရ အမှတ်ရနေနိုင်ပါသည်။

ဘန်း…။

တင်းရွှဲက တင်းနန်အတွက် သူ၏တိုက်ခိုက်မှုကို တားဆီးလိုက်သည့်မြင်ကွင်းကို ချင်ယွင် သတိရလာစဉ်မှာ, ချင်ယွင်သည် သူ၏နှလုံးသားထဲမှ ပြောင်းလဲခြင်း အရိပ်အယောင်ကို တစ်ဖန် ခံစားလိုက်ရပါသည်။ ရှင်းပြ၍မရအောင်ပင် နားမလည်နိုင်အောင် ခံစားခဲ့ရသည့် ခံစားချက်တွေက ပြန်လည် ရောက်ရှိလာပုံရပါသည်။

ချင်ယွင်သည် ရပ်တန့်မနေဘဲ ဆက်လက် အောက်မေ့နေခဲ့သည်။ တင်းနန်သည် သူ၏ အင်မော်တယ် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေသည့် အခိုက်အတန့်ကို သူ ပြန်ပြောင်း သတိရသောအခါတွင်, လျှို့ဝှက်ဆန်းကြယ်သည့် အလင်းရောင်တစ်ခုနှင့်အတူ သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပါသည်။

"ငါ နားလည်ပြီ။ ငါ နားလည်သွားပြီ" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောသည်။

ဤအခိုက်အတန့်တွင်. သူ၏မျက်လုံးများကို ဖုံးလွှမ်းနေသော တိမ်လွှာတစ်ခုက ရုတ်တရက် တွန်းဖယ်သွားသကဲ့သို့ပင်။ သူသည် နောက်ဆုံးတွင် ဉာဏ်အလင်းရသွားခဲ့ သည်။

"စကြာဝဠာထဲက အရာအားလုံးဟာ ပြောင်းလဲတိုးတက်နေကြတယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့ စကားလုံးကလည်း ဂရုမစိုက်လို့မရတဲ့ စကားလုံးတစ်ခုပဲ။ ဆန့်ကျင်ဘက်ပြောရရင်, စကြာဝဠာရဲ့ ဆင့်ကဲဖြစ်စဉ်တွေကို ဒီစကားလုံးနဲ့ သီးခြားခွဲထုတ်လို့ မရနိုင်ဘူး။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သူ၏ စိတ်နေစိတ်ထားသည်လည်း ပြောင်းလဲသွား ပုံရပါသည်။ သူ၏ နဂိုက ကြီးစိုးပြီး အေးစက်စက် စိတ်နေစိတ်ထားသည် ယခုအခါ ပျော့ပျောင်းမှု အရိပ်အယောင်များ ရှိလာနေပြီး သူ၏တစ်ကိုယ်လုံးကလည်း ကျောက်စိမ်း ကဲ့သို့ နွေးထွေးလာသည်။

ချင်ယွင်၏ စိတ်နေစိတ်ထားများ ပြောင်းလဲလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကနဦးစကြာဝဠာလည်း ပြောင်းလဲလာပါသည်။

မူလက သူ ပေါင်းစည်းသိပ်သည်းထားသော တိုက်ကြီးများသည် ပို၍ပင် တောက်ပလာကြ သည်။ တောင်တန်းများနှင့် ရေကန်များသည် ပို၍ပင် တက်ကြွလာသည်။ အင်မော်တယ် ဝိညာဉ်စွမ်းအင်သည် အင်မော်တယ်ကမ္ဘာ တိုက်ကြီးတွင် မွေးဖွားလာခဲ့ပြီး၊ သေမျိုးလူသားများသည် ဝိညာဉ်စွမ်းအင်ကို စတင်ထုတ်လွှတ်လာကြသည်။

အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များ မွေးဖွားလာခြင်းကို ခံစားမိရင်း ချင်ယွင်၏ မျက်နှာသည် တုနှိုင်းမရအောင် ပျော်ရွှင်နေသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။

အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ မွေးဖွားလာခြင်းသည် သေးငယ်သော ခြေလှမ်းတစ်ခုဟု ထင်ရသော်လည်း ၎င်းသည် စကြဝဠာကြီးတစ်ခု၏ ဆင့်ကဲဖြစ်စဉ်နှင့် ပတ်သက်၍၊ ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။ အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ ထွက်ပေါ်လာမှသာလျှင် သက်ရှိများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။ ဤနည်းအားဖြင့်၊ ချင်ယွင်၏ စကြာဝဠာထဲတွင် အသက်ရှိများ ပေါ်လာပါ လိမ့်မည်။

ဟုတ်ပါသည်။ ချင်ယွင်၏ စကြာဝဠာထဲမှာ သက်ရှိတွေ မပေါ်လာခင်အထိ လျှောက်လှမ်း ရမည့် လမ်းကြောင်းက အရှည်ကြီး ကျန်နေပါသေးသည်။ ဤသည်မှာ ချင်ယွင်အနေဖြင့် စကြဝဠာ၏ ဉပဒေသများကို ပိုမိုနက်ရှိုင်းစွာ နားလည်ရန် လိုအပ်ပါသည်။

ဘန်း…။

ချင်ယွင်၏ ကနဦးစကြဝဠာ ဆင့်ကဲဖြစ်စဉ်နှင့်အတူ ချင်ယွင်၏ စိတ်အစဉ်သည် ရုတ်တရက် လင်းလက်သွားခဲ့သည်။ လျှပ်စီးစွမ်းရည်, လေစွမ်းရည်နှင့် သစ်သားစွမ်းရည် တို့ အားလုံးသည် ထိုအခိုက်တန့်တွင် ကောင်းကင်တာအိုနယ်ပယ်ထဲသို့ ဝင်ရောက်သွား ခဲ့ပြီး၊ ၎င်းသည် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်မဟုတ်ဘဲ ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့် ဖြစ်နေပါသည်။

တခဏအတွင်းမှာပင် ကောင်းကင်ယံမှာ ခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်တွေ လှိမ့်တက်ပြီး ပေါ်လာပါသည်။ ဤခုနစ်ရောင်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်များသည် တော်ဝင်ချင် အင်မော်တယ် မင်းဆက် တစ်ခုလုံးကို လွှမ်းခြုံထားပါ သည်။ တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ ကျွမ်းကျင်သူများ အားလုံးသည် ကောင်းကင်တွင်ရှိနေသည့် ခုနစ်ရောင်ခြယ် ကောင်းချီးတိမ်တိုက်များကို သူတို့၏ မျက်လုံးများတွင် အံ့ဩခြင်းအပြည့်ဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေကြသည်။

“ကောင်းကင်တာအို ဉပဒေသထဲ ခြေလှမ်းဝင်ရောက်သွားတဲ့လူက ဘယ်သူလဲ?။ ခုနစ်ခြယ် ကောင်းချီးပေးခြင်း တိမ်တိုက်တွေက အမှန်တကယ် တော်ဝင်ချင် မင်းဆက် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်”။

All Chapters