← Chapters

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း ၄၃၁

Vol. 44 Ch. 431

အခန်း (၄၃၁) အခြားလူယုတ်မာတစ်ယောက် ပြဿနာရှာနေခြင်း

လုအန်းနာ၏ မျက်နှာလေး ရှက်သွေးဖြာကာ နီရဲသွားသည်ကို မြင်လိုက်ရသောအခါ လီလန်က ကြားဝင်ပြောလိုက်သည်။

"အစ်မဝမ်းကွဲ သူ့ကို စမနေပါနဲ့တော့... ဆရာမလုက တော်တော်လေး ရှက်တတ်လို့ပါ..."

မထင်မှတ်ထားဘဲ ပညာတတ်လူငယ်မလေး လုအန်းနာက ခေါင်းကို တဆတ်ဆတ် ညိတ်ကာ ပြောလိုက်လေ၏။

"အစ်မဝမ်းကွဲ စိတ်မပူပါနဲ့ ကျွန်မ လုပ်ပါ့မယ်... အစ်ကိုလီကို သေချာပေါက် ဂရုစိုက်ပေးမှာပါ..."

ဤမိန်းကလေးက တကယ့်ကို အလေးအနက်ထားနေခြင်းပင်ဖြစ်သည်။

"ကောင်းပြီလေ... ဒါဆိုရင် မင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့..."

ကျန်းဝေသည် ရှေ့သို့ တိုးလာပြီး လုအန်းနာ၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ရင်း ညင်သာစွာ ပြောလိုက်သည်။

"နောက်နှစ်လနေရင် အစ်မ လက်ထပ်တော့မှာ... အဲဒီအခါကျရင် မင်းနဲ့ လီလန်တို့ မင်္ဂလာဆောင်ကို လာခဲ့ကြပါ..."

လုအန်းနာသည် မယုံကြည်နိုင်သည့် အမူအရာဖြင့် သူမကိုယ်သူမ လက်ညှိုးထိုးကာ မေးလိုက်၏။

"အစ်မဝမ်းကွဲ... ကျွန်မ... ကျွန်မ တကယ် လိုက်သွားလို့ ရတာလား..."

"ဒါပေါ့ လိုက်သွားလို့ရတာပေါ့... အစ်မက မင်းကို ဖိတ်နေတာလေ..."

"လီလန်က မင်းကို မခေါ်သွားဘူးဆိုရင် အစ်မကိုသာ ပြော သူ့ကို ရိုက်ပစ်မယ်..."

ကျန်းဝေသည် လီလန်ကို ရိုက်တော့မည့်ဟန်ဖြင့် လက်သီးဆုပ်ကာ ဟန်ရေးပြလိုက်လေသည်။

သူ့အစ်မဝမ်းကွဲဖြစ်သူ၏ ညင်သာသော အမူအရာလေးကို မြင်ပြီး မလှည့်စားခံလိုက်ပါနှင့်။ လီလန်ကို ရိုက်နှက်ရာတွင်မူ သူမက အနည်းငယ်မျှ သနားညှာတာမှု ပြသလေ့မရှိပေ။ လီလန်သည် ကလေးဘဝက သူမ၏ ရိုက်နှက်မှုကို အများကြီး ခံခဲ့ရဖူးသည်။

"ဆရာမလု... အစ်မဝမ်းကွဲက သွားရမယ်လို့ ပြောရင်လည်း သွားလိုက်ပေါ့... အားနာမနေပါနဲ့..."

လီလန်ကလည်း ဘေးမှနေ၍ ဝင်ရောက်တိုက်တွန်းလိုက်သည်။

"စားကောင်းသောက်ဖွယ်တွေ စားရမယ့် အခွင့်အရေးကောင်း တစ်ခုပါပဲ..."

ထိုအခါမှသာ လုအန်းနာ၏ မျက်နှာလေးပေါ်တွင် အပြုံးပန်းများ ပွင့်လန်းလာတော့သည်။

"ဒါဆိုရင် အစ်မဝမ်းကွဲအတွက် ကြီးမားတဲ့ မင်္ဂလာစာအိတ်နီ တစ်အိတ် ပြင်ဆင်ထားပေးပါ့မယ်..."

ကျန်းဝေက ခေါင်းယမ်းလိုက်၏။

"မင်္ဂလာစာအိတ်နီ မလိုပါဘူး... ငါတို့က မိသားစုတွေပဲဟာ... မင်း လာရင်ကိုပဲ လုံလောက်နေပါပြီ..."

အမျိုးသမီးတစ်ယောက်အနေဖြင့် ကျန်းဝေသည် ဤမိန်းမငယ်လေးက သူမ၏ မောင်ဝမ်းကွဲဖြစ်သူ လီလန်ကို အမှန်တကယ် သဘောကျနေကြောင်း သိနိုင်ပေသည်။ သူမ၏ မျက်လုံးများထဲတွင် လီလန်ဖြင့်သာ ပြည့်နှက်နေ၏။

"မင်းတော့ ထီပေါက်တာပဲ ကောင်လေး... ဒီမိန်းကလေးက အရမ်းလှတာပဲ..."

ကျန်းဝေသည် လီလန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။

လီလန်က မမြင်ယောင် ဟန်ဆောင်နေလိုက်သည်။

ကျန်းဝေက ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်၏။

"အချိန်လည်း လင့်နေပြီဆိုတော့... ငါ ပြန်တော့မယ်..."

နေ့လယ်ဘက် ကျော်လွန်နေပြီဖြစ်ကာ နေလည်း ဝင်တော့မည်ဖြစ်သည်။

နေဝင်သွားသည်နှင့် ညဘက် အမှောင်ထဲတွင် အိမ်ပြန်လမ်းလျှောက်ရသည်မှာ အလွန်အန္တရာယ်များလှပေသည်။

လီလန်က ကျန်းဝေကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"အစ်မဝမ်းကွဲ ခဏလေး စောင့်ပါဦး... ကျွန်တော် လိုက်ပို့ပေးပါ့မယ်..."

ကျန်းဝေက လျင်မြန်စွာ ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။

"မလိုပါဘူး... ငါ့ဘာသာငါ ပြန်လို့ရပါတယ်... သိပ်ဝေးတာလည်း မဟုတ်ဘူးဆိုတော့ မင်း သက်သက်ကြီး လိုက်ပို့နေစရာ မလိုပါဘူး..."

ကျန်းဝေက လီလန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

"မင်း ဆရာမလုနဲ့ပဲ အတူနေခဲ့ပါ..."

သို့သော် လုအန်းနာက အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ် အစ်ကိုလီ... အစ်မဝမ်းကွဲကိုသာ လိုက်ပို့ပေးလိုက်ပါ..."

"ကျွန်မ လုပ်စရာလေးတွေ ရှိသေးလို့... အရင် ပြန်နှင့်တော့မယ်..."

ဤလှပသော ရဲဘော်မလေးမှာ လီလန်၏ ချစ်သူမဟုတ်ဘဲ သွေးသားရင်းချာ အစ်မဝမ်းကွဲဖြစ်ကြောင်း သိလိုက်ရသောအခါ လှပသော ပညာတတ်လူငယ်မလေးက စိတ်အေးလက်အေး သက်ပြင်းချနိုင်သွားတော့သည်။

ထို့အပြင် အစ်မဝမ်းကွဲက သူမကို နောက်နှစ်လနေလျှင် ကျင်းပမည့် မင်္ဂလာဆောင်သို့ပင် ဖိတ်ကြားခဲ့သေးသည်။

ဤသည်မှာ သူမကို မိသားစုဝင်တစ်ယောက်ကဲ့သို့ သဘောထားခြင်းနှင့် တူညီနေပေသည်။

ယခုအချိန်တွင် ဆရာမလု၏ စိတ်ထဲ၌ ပျားရည်စားလိုက်ရသကဲ့သို့ ချိုမြိန်ကာ အနည်းငယ် ပျော်ရွှင်နေမိတော့သည်။

လီလန်ကို နှုတ်ဆက်ပြီးနောက် လုအန်းနာသည် ရင်ဘတ်ပေါ်သို့ ကျနေသော သူမ၏ ဆံသာကျစ်ဆံမြီးကို ဆွဲကာ တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အပြုံးလေးဖြင့် ပြန်လှည့်ထွက်သွားလေသည်။

မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ကျိုးချွန်းယန်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။ သူမသည် နံရံကို ဒေါသတကြီးဖြင့် ထိုးချလိုက်သည်။

"အား... နာလိုက်တာ…”

စူးရှသော နာကျင်မှုတစ်ခုက သူမ၏ လက်ချောင်းများမှတစ်ဆင့် ဖြတ်သန်းသွားသည်။

ဤလက်သီးချက်မှာ တော်တော်လေး ပြင်းထန်ပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျိုးချွန်းယန်သည် လုအန်းနာကို မည်မျှအထိ မနာလိုဖြစ်နေကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။

မူလက သူမသည် လုအန်းနာ ဝမ်းနည်းပူဆွေးနေသည်ကို မြင်ချင်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူမက လီလန်နှင့် လမ်းခွဲသွားမည်ဖြစ်ပြီး သူမကိုယ်တိုင် ဝင်ရောက်နေရာယူနိုင်မည် မဟုတ်ပါလော။

သို့သော် လီလန်နှင့်အတူ ပျော်ရွှင်စွာ စကားပြောကာ လမ်းလျှောက်နေသော မိန်းကလေးမှာ လီလန်၏ မရေရာသော ချစ်သူမဟုတ်ဘဲ သူ၏ အစ်မဝမ်းကွဲဖြစ်နေခဲ့သည်။

ဤအရာက ကျိုးချွန်းယန်ကို လူရွှင်တော်တစ်ယောက်ကဲ့သို့ ဖြစ်သွားစေတော့သည်။

ကျိုးချွန်းယန်သည် ကျန်းဝေကို စူးရဲစွာ စိုက်ကြည့်ပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားလေသည်။

သူမက သေချာစွာ ပုန်းကွယ်နေခဲ့သော်လည်း အမြင်စူးရှသော လီလန်က သူမ၏ အရိပ်အယောင်များကို သတိပြုမိလိုက်ဆဲပင်။

"ကျိုးချွန်းယန်လား..."

လီလန်က လှောင်ပြောင်သရော်လိုက်လေသည်။

"သေချာတာပေါ့... ဒီကိစ္စက သူမနဲ့ ခွဲခြားလို့ မရနိုင်ဘူး..."

သူနှင့် သူ၏ အစ်မဝမ်းကွဲတို့သည် ရွာလမ်းမပေါ်တွင် အေးအေးချမ်းချမ်း လမ်းလျှောက်နေခဲ့ခြင်းဖြစ်ရာ လုအန်းနာက မည်သို့ သိရှိသွားခဲ့သနည်း။

ထို့အပြင် လုအန်းနာသည် ဒေါသများဖြင့် ရောက်ရှိလာခဲ့ပြီး ဝမ်းနည်းကြေကွဲမှုများလည်း ပါဝင်ကာ ငိုထားသည့်ပုံပင် ပေါက်နေသေးသည်။

ဤသည်မှာ တစ်စုံတစ်ယောက်က ပညာတတ်လူငယ်ရုံးတွင် သူမကို တစ်ခုခု ပြောလိုက်ခြင်းဖြစ်ကြောင်း ပြသနေသည်။

ထိုတစ်စုံတစ်ယောက်ဆိုသည်မှာ ဆယ်ပုံကိုးပုံခန့် ထိုမိန်းမယုတ် ကျိုးချွန်းယန်ပင် ဖြစ်ရမည်။

"လူတွေရဲ့ စိတ်နှလုံးဆိုတာ တကယ့်ကို ခန့်မှန်းရ ခက်ခဲလှပါလား..."

လီလန်သည် ကျိုးချွန်းယန်၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းမယမ်းဘဲ မနေနိုင်တော့ပေ။

"ခုလိုယဉ်ကျေးသိမ်မွေ့တဲ့ ပညာတတ်လူငယ်မလေးဆီမှာ ဒီလိုစိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ကျန်းဝေက ရုတ်တရက် လှည့်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"လီလန်... မင်း ဘာတွေ ရေရွတ်နေတာလဲ... ဘာစိတ်ထားလဲ..."

"ဘာမှမဟုတ်ပါဘူး အစ်မဝမ်းကွဲ... ကျွန်တော် လိုက်ပို့ပေးပါ့မယ်..."

"အိမ်ကို ပြန်ပြီး သမင်ခြေထောက်ကို ယူသွားကြတာပေါ့..."

ကျန်းဝေက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ..."

ကျန်းဝေကို လိုက်ပို့ပြီးနောက် လီလန်သည် သူ၏ အဒေါ်နှင့် ဦးလေးတို့ကို နှုတ်ဆက်လိုက်ပြီး သူတို့၏ အိမ်ဝိုင်းထဲသို့ မဝင်တော့ဘဲ စက်ဘီးစီးကာ ရွှမ်းရွှေရွာသို့ ပြန်လာခဲ့သည်။

ရွှမ်းရွှေရွာသို့ ရောက်သောအခါ သူသည် အိမ်သို့ မပြန်ဘဲ စက်ဘီးကို ရွာ၏ အရှေ့ဘက်ခြမ်းသို့ ကွေ့လိုက်သည်။

ရွာထဲမှ အဘိုးကြီးတစ်ယောက်က စကားလှမ်းပြောလာသောအခါ လီလန်သည် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... အရှေ့ဘက်ကို ရောက်နေပါလား... ဘယ်ကို သွားမလို့လဲ..."

"ဪ... ကျွန်တော့်ရဲ့ ဦးလေး မာလင်းကျီနဲ့ စကားသွားပြောမလို့ပါ..."

သူသည် အမှန်တကယ်ပင် သူ၏ ဦးလေးဖြစ်သူ မာလင်းကျီကို သွားရောက်ရှာဖွေနေခြင်း ဖြစ်သည်။ သူ၌ အရေးကြီးသော ကိစ္စတစ်ခု ရှိနေပေသည်။

မာလင်းကျီ၏ အိမ်သို့ ရောက်သောအခါ လီလန် တံခါးမခေါက်ရသေးခင်မှာပင် တံခါးပွင့်လာပြီး အတွင်းမှ ရင်းနှီးနေသော မျက်နှာနှစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ဤရင်းနှီးနေသော မျက်နှာများမှာ အခြားသူများ မဟုတ်ဘဲ ညီအစ်ကိုများဖြစ်ကြသည့် လီလုံနှင့် လီဟူတို့ပင် ဖြစ်လေသည်။

ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း လီလန်သည် မျက်မှောင်ကြုတ်လိုက်၏။

"လမ်းကျဉ်းလေးမှာ ရန်သူတွေနဲ့ ဆုံရတာပဲ..."

လီလုံနှင့် လီဟူ ညီအစ်ကိုနှစ်ယောက် အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် မော့ကြည့်လိုက်ရာ လီလန်၏ တင်းမာနေသော မျက်နှာကို မြင်လိုက်ရတော့သည်။

ဤသည်ကို မြင်သောအခါ လီဟူက လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... မ... မင်္ဂလာပါ... မင်္ဂလာပါ..."

လီလန်သည် ကျင်းခြောက်ရာကျော် အလေးချိန်ရှိသော တောဝက်အိုကြီး တစ်ကောင်ကို တိုက်ခိုက်ခဲ့ပြီး အမွှေးဖြူဝံပုလွေဘုရင်ကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့ကာ လူသားစားကျားသစ်နှင့်လည်း တိုက်ပွဲဝင်ခဲ့ဖူးသည်။ သူ၏ တိုက်ခိုက်မှုများမှာ ပြင်းထန်ပြီး မြန်ဆန်ကာ တိကျလှပေသည်။

သူသည် ဘာမှလုပ်စရာပင် မလိုပေ။ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ထိတ်လန့်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

လီလုံနှင့် လီဟူ ညီအစ်ကိုတို့သည်လည်း မုဆိုးများဖြစ်ကြရာ ဤမျှနီးကပ်သော အကွာအဝေးတွင် လီလန်ထံမှ ထွက်ပေါ်လာသော အသက်ရှူကျပ်စေမည့် အရှိန်အဝါကို ပိုမို တိုက်ရိုက် ခံစားနေရတော့သည်။

သူ၏ ညီငယ်လီဟူနှင့်ယှဉ်လျှင် လီလုံက ပို၍ တည်ငြိမ်နေပေသည်။

"အဖွဲ့ခေါင်းဆောင်လီ..."

သူတို့နှစ်ယောက်သည် မာနမထောင်လွှားရဲတော့ဘဲ လီလန်၏ရှေ့တွင် ရိုင်းပြစွာ ပြုမူရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ လီလန်နှင့် သူ၏ မီးနဂါးမုဆိုးအဖွဲ့မှာ ရွှမ်းရွှေရွာရှိ မုဆိုးအဖွဲ့များအားလုံးထဲတွင် ထိပ်ဆုံး သုံးဖွဲ့စာရင်းဝင် ဖြစ်နေလေပြီ။

လီလုံနှင့် လီဟူတို့သည် ဤအလုပ်အပေါ် မှီခို၍ အသက်မွေးဝမ်းကျောင်းပြုနေရသော မုဆိုးများဖြစ်ကြရာ သူတို့က မည်သို့လျှင် ဘေးဒုက္ခကို ဖိတ်ခေါ်ရဲမည်နည်း။

ထိုသို့လုပ်ခြင်းက သူတို့၏ ကိုယ်ပိုင်ထမင်းအိုးကို ရိုက်ခွဲလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

အကယ်၍ သူတို့က လီလန်ကို ထပ်မံ စော်ကားမိပါက မီးနဂါးမုဆိုးအဖွဲ့နှင့် ရွှမ်းရွှေရွာရှိ မုဆိုးအဖွဲ့အားလုံးကို ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

လီလုံနှင့် လီဟူတို့မှာ ထိုမျှအထိ ဉာဏ်မဲ့သူများ မဟုတ်ကြပေ။

ထို့ကြောင့် သူတို့သည် လီလန်အပေါ်တွင် ကြောက်ရွံ့မှုများကိုသာ ခံစားနေရတော့သည်။

သူတို့က ကြောက်ရွံ့နေကြသည်။ လီလန်က အရင်က ကိစ္စဟောင်းများကို ပြန်လည်အစဖော်ပြီး သူတို့ကို ပြဿနာရှာမည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်ပေသည်။

လီလုံနှင့် လီဟူ ညီအစ်ကိုတို့က သူတို့ဘက်မှ စတင်နှုတ်ဆက်လာသောအခါ လီလန်သည် အေးစက်သော မျက်နှာထားကိုသာ ထိန်းသိမ်းထားပြီး သူတို့ကို တည့်တည့်ပင် မကြည့်ခဲ့ပေ။

သူသည် သူတို့ကို လုံးဝ လျစ်လျူရှုကာ တံခါးကို တွန်းဖွင့်၍ မာလင်းကျီ၏ အိမ်ဝိုင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလိုက်သည်။

ထိုနေရာတွင် ရပ်နေခဲ့ရသော လီလုံနှင့် လီဟူ ညီအစ်ကိုတို့မှာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း အလွန်အနေရခက်သွားကြတော့သည်။

လီလုံက သက်ပြင်းချလိုက်၏။

"ဟူး... ဟူဇီ... ငါတို့နဲ့ လီလန်ကြားက ရန်ငြိုးက ဒီတစ်သက်မှာ ဘယ်တော့မှ ပြေလည်နိုင်တော့မှာ မဟုတ်ဘူး..."

လီဟူကလည်း သက်ပြင်းချလိုက်သည်။

"ငါတို့ လုပ်နိုင်တာ ဘာမှမရှိပါဘူး... အစ်မကြီးကိုပဲ အားကိုးရတော့မှာပေါ့... အစ်မကြီး အောင်မြင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ..."

သူတို့နှစ်ယောက်တွင် နောက်ကွယ်မှ အစီအစဉ်တစ်ခု ရှိနေသေးသည်။

သူတို့၏ အစ်မကြီး လီရှန်းဟွာက သူမကိုယ်သူမ စတေးပြီး လီလန်နှင့် တရားဝင် ဖြစ်သွားသရွေ့ လီလန်က သူတို့ကို ကောင်းမွန်စွာ မဆက်ဆံလျှင်တောင်မှ ကိစ္စမရှိပေ။

မည်သို့ပင်ဖြစ်စေ သူတို့က လီလန်၏ ယောက်ဖများဖြစ်လာရန် ကံပါလာပြီးသားပင် ဖြစ်သည်။

"အစ်ကို... အဖွဲ့ခေါင်းဆောင်လီက ဦးလေးမာကို ဘာလို့ လာရှာတာလဲဆိုတာ သိလား..."

"ငါ့ကို လာမေးနေတယ်... ငါက ဘယ်သူ့ကို သွားမေးရမှာလဲ..."

လီလုံသည် သူ၏ ညီငယ် လီဟူကို တစ်ချက်ကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်လးသည်။

All Chapters