အခန်း ၄၃၃
Vol. 44 Ch. 433
အခန်း (၄၃၃) အခြေအနေတွေ ပြောင်းလဲသွားပြီ၊ ငွေမက်တဲ့မိန်းမက ငါ့အတွက် ကျွန်တစ်ယောက်လို အလုပ်လုပ်ပေးနေရပြီလား
"ဘယ်လောက်ဝေးသေးလဲ..."
"ရှေ့နားတင်ရောက်ပြီ..."
မာလင်းကျီသည် လီရှန်းဟွာအား ရွာ၏ အရှေ့ဘက်အစွန်သို့ ခေါ်ဆောင်သွားလိုက်သည်။
ရွာ၏ အရှေ့ဘက်အစွန်နှင့် ရွာအဝင်ဝသို့ နီးကပ်လာလေလေ လီရှန်းဟွာသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ပို၍ခံစားလာရလေလေဖြစ်သည်။
"အစ်မကြီး စိတ်ရှည်ရှည်ထားပါဦး... ဒါက သူများဆီမှာ အလုပ်လုပ်ရမှာဖြစ်ပြီး သူတို့က ပိုက်ဆံပေးမှာလေ..."
သူမ၏ အစ်မကြီး စိတ်မရှည်ဖြစ်နေသည်ကို မြင်သောအခါ လီဟူက အကြံပေးလိုက်သည်။
လီရှန်းဟွာသည် မာလင်းကျီက သူမအား လှည့်စားမည်ကို စိုးရိမ်သဖြင့် လီလုံနှင့် လီဟူတို့ကို အတူတကွ လိုက်ပါစေခဲ့သည်။ ထိုသို့ဆိုလျှင် မာလင်းကျီ တစ်ခုခုကြံစည်လာပါကတောင် သူမ ကြောက်လန့်နေမည် မဟုတ်ပေ။
သို့သော်လည်း လမ်းတစ်လျှောက်လုံးတွင် မာလင်းကျီသည် လုံးဝပုံမှန်ဖြစ်နေပြီး မည်သည့်ပြဿနာမျှ မဖန်တီးခဲ့ချေ။ သူ၏ အပြုအမူအရ သူမအား အလုပ်တစ်ခုနှင့် မိတ်ဆက်ပေးရန် တကယ်ပင် အလိုရှိနေပုံရသည်။
"ရှေ့က အိမ်ပဲ..."
မာလင်းကျီသည် ခြံဝင်းတစ်ခုကို လက်ညှိုးထိုးပြကာ လီရှန်းဟွာနှင့် သူမ၏ မောင်နှစ်ယောက်ကို ပြောလိုက်သည်။
လီရှန်းဟွာသည် အိမ်ကို ကြည့်လိုက်ပြီး လုံးဝ ဆွံ့အသွားတော့သည်။
"ဒါက လီလန်ရဲ့အိမ် မဟုတ်ဘူးလား..."
"ဖြစ်နိုင်တာက..."
လီရှန်းဟွာသည် မာလင်းကျီဘက်သို့ လှည့်၍
"အလုပ်ပေးမယ့်သူက လီလန်လား..."
"ဟုတ်တယ် ဒု... အဖွဲ့ခေါင်းဆောင်လီပဲ..."
မာလင်းကျီက ခေါင်းညိတ်ပြလိုက်သည်။
"တူမကြီး ငါပြောမယ်... အဖွဲ့ခေါင်းဆောင်လီက သဘောအရမ်းကောင်းတယ်... ဒီအလုပ်ကို သေချာလုပ်ရင် နောက်ပိုင်းကျ ဆုကြေးရဦးမှာ..."
လီရှန်းဟွာက မျက်မှောင်ကြုတ်သွားပြီး သေသေချာချာ နားမထောင်တော့ပေ။
သူမသည် သစ်သားအိမ်ကို မော့ကြည့်လိုက်ရင်း
"လီလန်တဲ့လား... ဘယ်လိုလုပ်ပြီး လီလန် ဖြစ်နေရတာလဲ..."
လီလုံနှင့် လီဟူတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး အနေရခက်သွားကြသည်။ အလုပ်ပေးမည့် အိမ်ရှင်မှာ လီလန်ဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
"ငါမှတ်မိပြီ... လီလန်က ဦးလေးမာဆီ ခုလေးတင် လာသွားတာ... ဒါကြောင့်ကိုး..."
လီဟူက ရုတ်တရက် ရေရွတ်လိုက်သည်။
စောစောက မာလင်းကျီ၏ အိမ်တွင် သူတို့သည် လီလန်အား နှုတ်ဆက်ခဲ့ကြသော်လည်း သူကမူ သူတို့ကို အဖက်မလုပ်ဘဲ လှည့်ပင်မကြည့်ခဲ့ပေ။
"အစ်မကြီး ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
လီဟူက လီရှန်းဟွာကို အမြန် ကြည့်လိုက်သည်။
ညီအစ်ကိုနှစ်ယောက်စလုံးသည် လီလန်နှင့် သူတို့အစ်မကြီး၏ ဆက်ဆံရေးအကြောင်းကို သိထားကြသည်။ သူတို့မှာ ဘယ်သောအခါမှ ပတ်သက်မည်မဟုတ်သော ရန်သူများနှင့် တူလေသည်။
သို့သော် ယနေ့တွင် အလုပ်ပေးမည့်သူမှာ လီလန်ဖြစ်နေလေသည်။ အကယ်၍ သူတို့သာ အလုပ်လက်ခံရန် ဝင်သွားပါက မည်မျှပင် ရှက်စရာကောင်းလိုက်မည်နည်း။
လီရှန်းဟွာ၏ မျက်နှာမှာ အလွန် အနေရခက်သွားပြီး
"ဘယ်လိုလုပ်ရမလဲ... ဘာလုပ်နိုင်မှာလဲ... ပြန်ကြစို့..."
လီရှန်းဟွာက မျက်နှာငယ်တတ်သူဖြစ်သည်။ လီလန်အတွက် အလုပ်လုပ်ပေးရန် သူမကိုယ်သူမ နှိမ့်ချခိုင်းပြီး သူ၏ထံမှ ငွေယူရခြင်းမှာ သူမကို သတ်နေသည်ထက်ပင် ဆိုးရွားနေလိမ့်မည်ဖြစ်သည်။
"အစ်မကြီး ငါတို့အိမ်မှာ စားစရာ မရှိတော့ဘူးနော်..."
"ဟူနဲ့ငါက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အမေ့ကို ပြုစုဖို့ အလုပ်ရှုပ်နေတာနဲ့ တောင်ပေါ်ကို အမဲလိုက် မထွက်ဖြစ်သေးဘူးလေ..."
လီလုံက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် ဝင်ပြောလိုက်သည်။
လီရှန်းဟွာသည် ခြေစိုက်ထားသကဲ့သို့ ရပ်နေပြီး ဆက်နေရမည်လား၊ ပြန်ရမည်လား မသေချာဖြစ်နေတော့သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ... ဝင်လာကြလေ..."
တံခါးဝမှနေ၍ မာလင်းကျီက တိုက်တွန်းလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီက စကားပြောရတာ အရမ်းလွယ်တယ် တူမကြီးရဲ့... မင်းအလုပ်ကို သေသေချာချာလုပ်ရင် သူက အပိုဆုကြေး နည်းနည်းတောင် ပေးကောင်းပေးနိုင်တယ်..."
မာလင်းကျီသည် ချင်းယန်မြို့နယ်ရှိ ပုဆိန်ဂိုဏ်းနှင့် နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့ပြီး ရွာသို့ ပြန်လာခဲလှသည်။ သူသည် လီလန်နှင့် လီရှန်းဟွာတို့ကြားရှိ ရန်ငြိုးကို လုံးဝမသိဘဲ ထိုအကြောင်းကိုလည်း ကြားဖူးခြင်း သိပ်မရှိခဲ့ပေ။
လီဟူသည် ရှားရှားပါးပါး ဉာဏ်ပြေးသွားကာ လီရှန်းဟွာအနီးသို့ ကပ်၍ တီးတိုးပြောလိုက်သည်။
"အစ်မကြီး ငါတို့က လီလန်နဲ့ နီးစပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား... ဒါက အခွင့်အရေးကောင်းပဲ... သူ့အိမ်မှာ အလုပ်လုပ်မယ်၊ ပိုက်ဆံရမယ်၊ ပြီးတော့ သူ့ကို မြူဆွယ်ဖို့ အခွင့်အရေးရှာပြီး အဖြစ်မှန်တစ်ခု ဖန်တီးလို့ရတာပဲ..."
လီလုံကလည်း အခွင့်အရေးကို ဆုပ်ကိုင်ကာ ဝင်ပြောလိုက်သည်။
"ဟူ ပြောတာမှန်တယ်... ငါတို့ အရင်ဝင်ကြည့်ပြီးမှ အခွင့်အရေးရှာကြတာပေါ့... ဒီတစ်ကြိမ် အဆင်မပြေခဲ့ရင်တောင် အနည်းဆုံး လီလန်အိမ်ရဲ့ အခြေအနေကို ငါတို့ နားလည်သွားတာပေါ့..."
သူမ၏ မောင်နှစ်ယောက်စကားကို နားထောင်ရင်း လီရှန်းဟွာမှာ တုံ့ဆိုင်းသွားလေသည်။
လီဟူမှာ စိုးရိမ်လာပြီး
"အစ်မကြီး ငါတို့အိမ်ထောင်စုရဲ့ အနာဂတ် ပြောင်းလဲနိုင်မလား ဆိုတာက အစ်မကြီးအပေါ်မှာပဲ လုံးလုံး မူတည်နေတာနော်..."
လီရှန်းဟွာက အကူအညီမဲ့စွာဖြင့်
"ကောင်းပြီလေ... ကောင်းပြီ... ငါသွားပါ့မယ်... အဲဒါဆို ရပြီမလား..."
"ဒါမှပေါ့ အစ်မကြီးရ... ငါတို့ အစ်မကြီးရဲ့ သတင်းကောင်းကို စောင့်နေမယ်..."
လီဟူက ရိုးသားစွာ ပြုံး၍ ပြောလိုက်သည်။
"ဘာစောင့်နေတာလဲ တူမကြီး... မြန်မြန်ဝင်လာခဲ့..."
မာလင်းကျီက စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။
ထို့နောက် လီရှန်းဟွာသည် လီလန်၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ လီလုံနှင့် လီဟူတို့သည် တံခါးအပြင်ဘက်တွင် စောင့်နေကြပြီး အပြင်ဘက်မှ ခြံဝင်းအတွင်းသို့ ရှင်းလင်းစွာ မြင်ရမည့် နေရာတစ်ခုကို ရှာဖွေနေကြသည်။
မာလင်းကျီသည် လီရှန်းဟွာကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားသည်။
ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မာလင်းကျီက "အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားတောင်းဆိုထားတဲ့လူကို ကျုပ်ခေါ်လာပြီ..." ဟု အိမ်ထဲသို့ အော်ပြောလိုက်သည်။
သို့သော် သူ့ကို ဆီးကြိုနေသည်မှာ လီလန်မဟုတ်ဘဲ အမဲလိုက်ခွေး နှစ်ကောင်ပင်ဖြစ်သည်။
အမည်းရောင်တစ်ကောင်နှင့် အဖြူရောင်တစ်ကောင်ရှိသော ကြီးမားသည့် အမဲလိုက်ခွေးနှစ်ကောင်သည် သူတို့၏ ခွေးအိမ်များထဲမှ ပြေးထွက်လာကြပြီး သူတို့နှစ်ဦးကို ပြင်းထန်စွာ ဟောင်ကြတော့သည်။
ယင်းက လီရှန်းဟွာ၏ မျက်နှာကို အကြောက်တရားကြောင့် ဖြူရော်သွားစေသည်။
မာလင်းကျီမှာ ပို၍ပင် လန့်သွားပြီး
"ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ အမဲလိုက်ခွေးတွေလဲ..."
"ဒီအမဲလိုက်ခွေးနှစ်ကောင်က ဒုခေါင်းဆောင် မွေးထားတာလား..."
"ဒုခေါင်းဆောင်နဲ့ တကယ်လိုက်ဖက်တာပဲ..."
"ဟေးလုံ... ပိုင်လုံ... တော်တော့..."
လီလန်၏ အသံသြသြကြီးမှာ အိမ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့၏သခင် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် အမဲလိုက်ခွေးနှစ်ကောင်သည် ချက်ချင်းပင် ဟောင်ခြင်းကို ရပ်တန့်လိုက်ကြသည်။
"အထဲကို ဝင်လာခဲ့..."
အိမ်ထဲမှ လီလန်၏အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
ထိုအချိန်တွင် လီတာ့ဟိုင်က မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
မာလင်းကျီသည် လီတာ့ဟိုင်ကို မြင်သည်နှင့်တစ်ပြိုင်နက် "ဝမ်းကွဲအစ်ကို..." ဟု လှိုက်လှဲစွာ နှုတ်ဆက်လိုက်သည်။
"အိုး... လင်းကျီပဲ... မင်း လီလန်ဆီမှာ ဘာကိစ္စရှိလို့လဲ..."
လီတာ့ဟိုင်သည် နှုတ်ခွန်းဆက်စကား ပြန်ပြောရန် ပြင်လိုက်သော်လည်း မာလင်းကျီ၏ နောက်ကွယ်ရှိ မိန်းမကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်မှောင်မိုက်သွားတော့သည်။
"လီရှန်းဟွာ မင်း ဒီနေရာမှာ ဘာလာလုပ်တာလဲ..."
"ငါ့အိမ်ထဲကို ဘယ်သူက မင်းကို ပေးဝင်တာလဲ... ထွက်သွားစမ်း..."
လီတာ့ဟိုင်က အသံကိုမြှင့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မာလင်းကျီမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး
“ဝမ်းကွဲအစ်ကို... ဘာ... ဘာဖြစ်လို့လဲ..."
ဝမ်းကွဲအစ်ကို၏ လေသံအရ တူမကြီးနှင့် သူ့မိသားစုက ရန်ငြိုးရှိနေတာလားဟု တွေးလိုက်မိသည်။
လီရှန်းဟွာသည် ခေါင်းငုံ့ထားကာ စကားတစ်ခွန်းမျှ မပြောဘဲ သူမ၏ အင်္ကျီအစွန်းကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
"လီရှန်းဟွာ..."
ထိုစဉ်အရပ်ရှည်ရှည် လူငယ်တစ်ဦးက သစ်သားအိမ်ထဲမှ ထွက်လာခဲ့သည်။
သူကား လီလန်ပင်ဖြစ်သည်။
လီလန်သည် အိမ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ခြံဝင်းထဲတွင် ရပ်နေသော လီရှန်းဟွာကို မြင်လိုက်ရသည်။
"မာလင်းကျီ... တကယ်တော့ ဘာတွေဖြစ်နေတာလဲ..."
ဤငွေမက်သည့် မိန်းမအား သူ၏ တံခါးဝအထိ တကယ်ခေါ်လာရသည်ဟုဆိုလျှင် မည်မျှပင် ကံဆိုးလိုက်သနည်း။
ဤမာလင်းကျီ ဘာတွေလုပ်နေသနည်း။
ယင်းကိုမြင်လျှင် မာလင်းကျီက အလျင်အမြန် ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား ရှာခိုင်းထားတဲ့သူကို ကျုပ် ခေါ်လာခဲ့ပါပြီ..."
"ဒါက ကျုပ်ရဲ့ တူမကြီး လီရှန်းဟွာပါ... သူမက ကျုပ်အိမ်ဘေးမှာပဲ နေတာ..."
"သူမရဲ့ ခန္ဓာကိုယ်အချိုးအစား၊ မျက်နှာနဲ့ ရင်သားတွေကို ကြည့်လိုက်ပါဦး... အားလုံးက ခင်ဗျားရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေတယ် မဟုတ်လား..."
မာလင်းကျီက ဖားယားသော အပြုံးဖြင့် ပြောလိုက်သည်။
သူ၏နောက်မှ လီရှန်းဟွာသည် ထိုစကားများကို ကြားလိုက်ရသောအခါ သူမ၏ လှပသောမျက်နှာမှာ ဖြူရော်သွားတော့သည်။
ဘာ မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစားနှင့် ရင်သားဆိုသည်လဲ။
ဤသည်က အတိအကျဆိုရလျှင် ဘယ်လိုအလုပ်မျိုးလဲ။
ဤငွေအတွက် လီလန်က သူမကို ဘာလုပ်ခိုင်းချင်တာလဲ။
လီရှန်းဟွာသည် ဤအလုပ်မှာ သိပ်မမှန်ကန်လှဟု ခံစားချက်တစ်ခု ရရှိသွားသည်။
သို့သော် ထို့နောက် သူမ စဉ်းစားလိုက်သည်မှာ ဤအလုပ်က လီလန်နှင့်သာ ပတ်သက်နေမည်ဆိုပါက သူမ အလိုရှိနေသည့်အရာပင် မဟုတ်ပါလော။
ထိုသို့တွေးမိသောအခါ လီရှန်းဟွာက မထိတ်လန့်တော့ဘဲ သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူသလိုပင် ခံစားလိုက်ရသည်။
သူမ၏ မျက်နှာ၊ ခန္ဓာကိုယ်အချိုးအစားနှင့် ရင်သားမှာ ရွှမ်းရွှေရွာတစ်ရွာလုံးတွင် အနည်းဆုံးတော့ ပထမအဆင့်မှာ ရှိရမည်။
သူမက ရွှမ်းရွှေရွာ၏ အလှပဂေးပင်ဖြစ်သည်။
ထိုသို့တွေးရင်း လီရှန်းဟွာသည် လီလန် သတိထားမိစေရန်အတွက် မသိမသာပင် သူမ၏ ရင်ကော့လိုက်သည်။
လီလန်၏ မျက်မှောင်ပ အနည်းငယ် ကြုတ်သွားသည်။ သူ၏ ဝမ်းကွဲအစ်မခင်ပွန်းဖြစ်သူ ကျူးဟောက်အား မြူဆွယ်ရန်အတွက် မာလင်းကျီ ရှာတွေ့ခဲ့သူမှာ လီရှန်းဟွာ ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဤသည်မှာ ကံကောင်းသော တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး လီလန်၏ မျှော်လင့်ချက်များထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။
ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ရည်နှင့် ရင်သားတို့ကိုသာ သီးသန့်ကြည့်မည်ဆိုပါက လီရှန်းဟွာသည် အမှန်တကယ်ပင် ပြည့်စုံလုံလောက်ပေသည်။ သို့သော် ဤမိန်းမမှာ ငွေမက်သူတစ်ဦးဖြစ်နေသဖြင့် သူမအား ယောက်ျားတစ်ယောက်ကို မြူဆွယ်ခိုင်းရန်မှာ အနည်းငယ် ခက်ခဲနေစေသည်။
"ငါ မင်းကို မုဆိုးမတစ်ယောက် ရှာခိုင်းထားတာ မဟုတ်ဘူးလား... ဘာလို့ သူမကို ရှာလာရတာလဲ..."
"မုဆိုးမတစ်ယောက်က ဘယ်လိုလုပ်ပြီး မထိရက်မကိုင်ရက် အပျိုစင်တစ်ယောက်လောက် ကောင်းပါ့မလဲ... ကျုပ်ရဲ့ တူမကြီးကို ကြည့်လိုက်ပါဦး... ဘယ်လောက်တောင် လတ်ဆတ်ပြီး တက်ကြွနေလိုက်လဲ... သူမက ခင်ဗျားရဲ့ မုဆိုးမထက် ပိုပြီး ကျေနပ်စရာကောင်းမယ်လို့ ကျုပ် အာမခံတယ်..."
မာလင်းကျီ၏ အပြုံးမှာ ရမ္မက်ဆန်နေပြီး သူ၏ စကားများမှာ လီလန်နှင့် လုံးဝကို အံမဝင်ခွင်မကျ ဖြစ်နေလေတော့သည်။