← Chapters

ဒိုင်မေးရှင်းပြိုကွဲခြင်း (၂)

Vol. 78 Ch. 1197

ဒိုင်မေးရှင်းပြိုကွဲခြင်း (၂)

Vol. 78 Ch. 1197

ထိုစဉ် လော့ယန်က ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့ ကျောက်ဆောက်နီချောက်ကမ်းပါးတောင်ကြားမှာ ရှင်းပစ်ခဲ့တဲ့ အရာလေ”

ချန်ဆီရွှမ်က မျက်ခုံးပင့်လိုက်ပြီး “ဒီတစ်ခုက ပိုကြီးပုံရတယ်၊၊ ပြီးတော့...”

“ဟင်…ဒီလောက်ကြီးတဲ့ တိမ်တိုက်ကြီးလား၊၊ အနည်းဆုံး စတုရန်းကီလိုမီတာ ဆယ်ဂဏန်းလောက် ဖုံးလွှမ်းထားတာပဲ မဟုတ်လား။ ဒီအရွယ်အစားက ကမ္ဘာ့အဆင့်လို့ သတ်မှတ်လို့မရဘူးလား”

မြောင်လုကလည်း မှတ်ချက်ချလိုက်သည်။

လင်းရှန်က ခေါင်းခါလိုက်ပြီး “သူတို့ စမ်းသပ်ချက်အရ ဒါက ကမ္ဘာ့အဆင့်မဟုတ်ဘူး။ ဒီအရာက တိမ်တွေထဲမှာ အရှိန်ပြင်းပြင်းနဲ့ လှုပ်ရှားနေတာပဲ၊၊ အမိုးဖွင့်ထီးအနက်ရောင်ကြီးလို ပြားချပ်ပြီး တိမ်တွေထဲမှာ ပုန်းနေရတာကို သဘောကျတယ်။ အရွယ်အစားက ကြီးပေမဲ့ တက်တက်ကြွကြွတော့ မတိုက်ခိုက်ဘူး။ လေတပ်ကို ရေဒါနဲ့ ရှာဖွေမှုတွေ ဆက်လုပ်ထားဖို့ ငါ ကြောင်းကြားထားပြီးပြီ”

“လာမယ့်ဘေးတော့ ရှောင်လို့မရဘူး” ကျန်းယွမ်က ဟိုလိုဂရမ်အလင်းမျက်နှာပြင်ထဲမှ ပြောလိုက်သည်။

“ငါတို့သွားမယ့် လမ်းကြောင်းက ဒီတစ်လမ်းပဲရှိတယ်။ အကယ်၍ တွေ့ခဲ့ရင် ချက်ချင်းရှင်းပစ်ရမယ်။ အခုအချိန်မှာ S-Class အဆင့်တစ်ကောင်တည်းက ငါတို့အတွက် သိပ်ပြီးခြိမ်းခြောက်မှုမရှိတော့ပါဘူး”

“အဓိကစိုးရိမ်ရတာက ဒီအရာမှာ ဘယ်လောက်အခြေအနေအထိ ဖျက်ဆီးအားရှိမလဲဆိုတာပဲ။ ဒီလောက် လူအများကြီး ခက်ခက်ခဲခဲလွတ်မြောက်လာပြီးမှတော့ ဘယ်သူမှ ထပ်ပြီး မသေဆုံးချင်ကြတော့ဘူး” ချန်ဆီရွှမ်က ပြောသည်။

“အစ်ကိုလင်း” လုရှင်းချန်က ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ တိုးလာသည်။

“ငါပဲ ရှေ့ကနေ လမ်းပြဦးဆောင်ရမလား။ အကယ်၍ ဒီမိစ္ဆာကောင်နဲ့ တိုးခဲ့ရင် တစ်ချက်တည်းနဲ့ ငါမသတ်နိုင်ရင်တောင် နတ်ဘုရားမီးတောက်ကို သုံးပြီး တိုက်ခိုက်ပေးနိုင်တယ်၊၊ အဲဒါဆို လူတိုင်းအတွက် နည်းဗျူဟာပိုင်းဆိုင်ရာ အားသာချက်ရရှိသွားလိမ့်မယ်”

လင်းရှန်က လက်ဝေ့ယမ်းလိုက်သည်၊၊

“မလိုသေးဘူး၊၊ လက်ရှိ မြူထူတဲ့ဆိုးကျိုးက အန္တရာယ်များလွန်းတယ်။ ငါကိုယ်တိုင်တောင် ယာဉ်တန်းနဲ့ ဝေးဝေးမသွားရဲဘူး။ တစ်ခါလမ်းပျောက်သွားရင် ပင်လယ်ပြင်က နက်ရှိုင်းတဲ့ တွင်းနက်ကြီးထဲပြုတ်ကျသွားသလိုပဲ လုံးဝလမ်းစပျောက်သွားလိမ့်မယ်။ ရှေ့က ကောင်းကင်ပေါ်က ဒရုန်းအုပ်စုကိုပဲ ဧရိယာချဲ့ပြီးရှာဖွေခိုင်းလိုက်မယ်၊၊ တစ်ယောက်တည်း အပြင်မထွက်တာ အကောင်းဆုံးပဲ”

“အဲ့ဒါက ပိုကောင်းလိမ့်မယ် ထင်တယ်...”

“ကောင်းပြီ၊၊ အားလုံးပဲ ကိုယ့်နေရာကိုယ်ပြန်ကြတော့”

လင်းရှန်က လူတိုင်းကို ပြောလိုက်သည်။

“ငါတို့ ပနားမားကိုဖြတ်ပြီး တောင်အမေရိကထဲဝင်သွားတာနဲ့ ဖီးနစ်အဖွဲ့ရဲ့ ပတ်လမ်းကြောင်းဆိုင်ရာကူညီထောက်ပံ့ရေးအဖွဲ့နဲ့ တွေ့နိုင်တယ်။ အဲဒီကျရင် တောင်အမေရိကကို ဖြတ်ကျော်မယ့် ငါတို့ရဲ့ အရှိန်က သိသိသာသာမြန်လာလိမ့်မယ်”

ရိုးရှင်းသော အစည်းအဝေးပြီးဆုံးသွားပြီး တစ်ဖွဲ့လုံး အထူးသတိထားစောင့်ကြည့်နေကြသည်။ လင်းရှန်က ဗိုင်အိုလာကို ဒရုန်းအစင်းရေထောင်ချီအသုံးပြုစေပြီး ရထား၏ ရှေ့ဘက် ကောင်းကင်တွင် ကြီးမားသောပျံသန်းမှုကွန်ရက်တစ်ခု ဖြန့်ကျက်ကာ ပေါင်းစည်းယာဉ်တန်းအတွက် ပထမဆုံးကာကွယ်ရေးစည်းကို တည်ဆောက်စေလိုက်သည်။

၎င်းအပြင် လင်းရှန်က ဂရေ့စ်ကိုလည်း တိတ်ဆိတ်နေသော ပတ်လမ်းကြောင်းပေါ်တွင် ဝေဟင်ရှာဖွေမှုများပြုလုပ်ခိုင်းထားသည်။ ကုန်းမြေတစ်ခုလုံးကို မြူများက အကြီးအကျယ်ဖုံးလွှမ်းထားသောကြောင့် တောင်ဘက်ကောင်းကင်ဂိတ်တွင် တိကျသော တည်နေရာပြသမှုရယူရန် ခက်ခဲသွားခဲ့သည်။

၎င်းသည် သူတို့၏ မြေပုံကိုသြဒိနိတ်တွေ ပျောက်ဆုံးသွားရသည့် အကြောင်းရင်းဖြစ်သည်။

အစည်းအဝေးအပြီးတွင် လင်းရှန်သည် ရထားတွဲ ၆သို့ သွားရောက်ကာ အစားအစာအချို့ စားသောက်ပြီးနောက် ရှေ့ပိုင်းကို စောင့်ကြည့်ရန် ထိန်းချုပ်ခန်းထဲတွင် ထိုင်ချလိုက်ရင်း အရည်ကွန်တိန်နာဘူးကို သေချာစစ်ဆေးနေမိသည်။

“ဒီလောက်တောင်ကြာသွားပြီပဲဟာ… အခုဆို ဖွင့်လို့ရသင့်ပြီ”

လင်းရှန်သည် ၎င်းကို လက်ထဲတွင်ကိုင်ထားရင်း အတွင်းရှိပန်းရောင်အရည်များကို ကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူ၏ ယန္တရားဝါးမျိုမှုစွမ်းအားက ချက်ချင်းပေါက်ကွဲထွက်လာသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဘူးပေါ်တွင် အန္တရာယ်သတိပေးချက်တစ်ခု ထပ်မံပေါ်လာပြန်သည်။

[သတိပေးချက်: အတင်းအကျပ်ဖွင့်ပါက ဖိအားမြင့်လေးလံသောဆိုင်းငံ့ရည်ကို အတွင်းပိုင်းပြိုကွဲပျက်စီးစေပြီး ထည့်သွင်းထားသော အရာဝတ္ထုကို ပျက်စီးစေပါလိမ့်မည်]

“ဒီအရာက ပျက်စီးလို့မရဘူး၊၊ အပြင်ပန်းကနေ ပျက်စီးသွားရင် အတွင်းက အရာတွေပါ ပျက်စီးကုန်လိမ့်မယ်... ဒါကို ဘယ်သူတီထွင်ခဲ့တာလဲ”

လမ်းတစ်လျှောက်တွင် လင်းရှန်သည် ဂရေ့စ်နှင့် ဒါရိုက်တာတင်းတို့ကို ဤအရာအား သုတေသနလုပ်ခိုင်းခဲ့သော်လည်း လေးလံသောဆိုင်းငံ့ရည်ဆိုသည့် စကားလုံးအနက်မှာ ဂရေ့စ်၏ AI ဒေတာဘေ့စ်ထဲတွင်ပင် မရှိချေ။ သူသည် ရှင်းဂျီကို မေးမြန်းခဲ့သော်လည်း ထိုနည်းတူအဖြေသာရခဲ့သည်။

ကုဒ်ကို ဖော်ထုတ်နိုင်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပုံရပြီး အခြားကမ္ဘာမှ စွမ်းရည်ဖြစ်သော လင်းရှန်၏ ယန္တရားစွမ်းအားဖြင့်ပင် ၎င်းကို မဖွင့်နိုင်ခဲ့ပေ။

“လင်း”

ဆက်သွယ်ရေးစက်မှတစ်ဆင့် အမြင့်ပေပေါ်ရှိ တိတ်ဆိတ်မြို့တော်မှ ရှင်းဂျီ၏ အသံက ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာသည်။

“အဲဒီတော့ ဟိုအနက်ရောင်ဂီယာနဲ့ ပတ်သက်ပြီး တိုးတက်မှုတစ်ခုခုရှိပြီလား”

“ဒါပေါ့၊၊ ဗျာဒိတ်တော်ဂိုဏ်းထဲမှာ တားမြစ်ပစ္စည်းတွေကို ထိန်းချုပ်တဲ့ လူချမ်းသာနည်းလမ်းတွေ ရှိတယ်။ ငါ အဲဒါကို အသုံးပြုဖို့ နည်းလမ်းတစ်ခုရှာတွေ့ထားပြီးပြီ”

ရှင်းဂျီက ထိန်းချုပ်ခန်းထဲတွင် ရပ်နေရင်း လွင့်မျောနေသော အနက်ရောင်ဂီယာကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးအိမ်ထဲတွင် ရေတွက်မရနိုင်သော ဒေတာအချက်အလက်များက တဖျတ်ဖျတ်ပြေးနေသည်။

“ဘယ်လိုသုံးရမှာလဲ”

“အပူပေးပြီး အအေးခံတာနဲ့ တည်ငြိမ်လျှပ်စစ်ပြိုကွဲမှုပဲ၊၊ သိပ်တော့ မရှုပ်ထွေးပါဘူး။ ချန်ယန်ရွှီဆီမှာ ဒီတားမြစ်ပစ္စည်းကို အသက်သွင်းဖို့ ထူးခြားတဲ့ကိရိယာတစ်ခုရှိရမယ်”

“ကျုပ် အဲဒါကိုတော့ သတိမထားမိလိုက်ဘူး၊၊ သူ လွတ်မြောက်ဖို့အတွက် အချိန်ပူဖောင်းတစ်ခုဖန်တီးပေးနိုင်တဲ့ အိတ်ဆောင်နာရီတစ်လုံးရှိတယ်ဆိုတာပဲ သိတယ်” လင်းရှန်က ဆက်ပြောသည်။

“အကယ်၍ တည်ငြိမ်လျှပ်စစ်ပြိုကွဲမှုဆိုရင်တော့ ကျုပ်မှာ အစီအစဉ်အချို့ ရှိပါတယ်”

“မင်း အသက်သွင်းဖို့ ဘယ်လိုကိရိယာမျိုးဖန်တီးမလဲဆိုတာကို ငါ စိတ်မဝင်စားဘူး”

ရှင်းဂျီက ပြောသည်။ “ငါ ပိုပြီးစိတ်ဝင်စားတာက မင်းက ဘာလို့ ဒီတားမြစ်ပစ္စည်းကို အရေးတကြီးသုံးဖို့လိုအပ်နေတာပဲ။ ပြောပါဦး… မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ”

လင်းရှန်က ရယ်မောလိုက်ပြီး “ခဗျား ကျုပ်ကို အမြင်ကောင်းရှိတာသိပါတယ်၊၊ ဒါပေမဲ့ ကျုပ်ကို ပါရမီရှင်တစ်ယောက်လိုမျိုး အများကြီးမြင်မနေပါနဲ့။ ဒီအရာက တွင်းနက်ထဲမှာ သွားလာနိုင်စွမ်းရှိတယ်လို့ ခဗျားကို ကျုပ်ပြောခဲ့ဖူးသားပဲ။ အဲဒါက သွေးနီရောင်မြူအောက်က အန္တရာယ်ရှိတဲ့ နယ်မြေတွေကို စူးစမ်းရှာဖွေတဲ့နေရာမှာ အသုံးဝင်လိမ့်မယ်။ ကျုပ် အခုတင်ပဲ ကောင်းကင်လွှမ်းခြုံမွန်းစတားကြီးရဲ့ ဒေတာမိတ္တူကို ခဗျားဆီပို့ပေးထားတယ် မဟုတ်လား။ ဒါကို သုံးပြီး ဝေဟင်ကင်းထောက်မှုတွေ လုပ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ ကျုပ်အကြံပြုချင်တယ်”

“ဟမ့်... ဒါက အစီအစဉ်ကောင်းတစ်ခုပဲ”

“ဟုတ်တယ်” လင်းရှန်က ထပ်ပြောလိုက်သည်။

“ဒီအနက်ရောင်ဂီယာမှာ ဆိုးကျိုးသက်ရောက်မှုတစ်ခုရှိတယ်၊၊ ဒါကြောင့် သတိထားပါ”

“ဆက်ပြောပါ၊၊ ငါ နားထောင်နေတယ်”

“အသက်သွင်းလိုက်တာနဲ့ အဲဒါက တနည်းနည်းနဲ့ ဂန်မာရောင်ခြည်ပေါက်ကွဲမှုကြောင့် ပစ်မှတ်ထားခံရပြီး အချိန်အတိုင်းအတာတစ်ခုပြည့်သွားရင် တွင်းနက်တစ်ခုကို ဖန်တီးပေးလိမ့်မယ်။ သွေးနီရောင်ဒိုင်‌မေးရှင်းအောက်မှာ အဲဒီတွင်းနက်ပေါ်လာရင် ဘယ်လိုဖြစ်စဉ်တွေ ဖြစ်ပျက်လာမလဲဆိုတာ ကျုပ်မသိပေမဲ့ ကောင်းတဲ့နိမိတ်တော့ မဟုတ်တာသေချာတယ်။ ဒါကြောင့် လှုပ်ရှားရလွယ်ကူတဲ့သူတစ်ဦးကို သုံးခိုင်းဖို့ ကျုပ်အကြံပြုတယ်။ ဒါမှမဟုတ် ခဗျားကို တစ်ယောက်ညွှန်းပေးရမလား၊၊ ချီလီ… သူက ဒီအရာရဲ့ အန္တရာယ်ကို ကိုယ်တိုင်မြင်ဖူးထားတော့ ကောင်းကောင်းအကြံပေးနိုင်လိမ့်မယ်”

ချီလီသည် လက်ရှိတွင် သူ၏အဖွဲ့နှင့်အတူ ကောင်းကင်အမိုးခုံးရထားပေါ်တွင် ရှိနေသော်လည်း ဤအချိန်တွင် သူသည် တိတ်ဆိတ်မြို့တော်၌ ပျော်မွေ့နေလိမ့်မည်၊၊ အကြောင်းမှာ ဤကမ္ဘာပျက်ကပ်ထဲတွင် တိတ်ဆိတ်မြို့တော်ကဲ့သို့ ပြည့်စုံသောမြို့ပြပတ်ဝန်းကျင်ရှိသည့် မြို့များမှာ ရှားပါးလှသောကြောင့် ဖြစ်သည်။

“တွင်းနက်ဖြစ်ပေါ်မှုလား... တကယ်ကို စိတ်ဝင်စားစရာပဲ”

ရှင်းဂျီ၏ မျက်လုံးများထဲတွင် မြင့်မားသောတွက်ချက်မှုဆိုင်ရာ စွမ်းအားအလင်းတန်းများ တဖျတ်ဖျတ်လက်သွားသည်။

“မင်းရဲ့ ရည်ရွယ်ချက်ကို ငါ နားလည်သွားပြီ လင်း။ မင်းက ဒီတွင်းနက်ပေါက်ကွဲမှုကို အာကာသလက်နက်တစ်ခုအဖြစ်သုံးဖို့ စဉ်းစားနေတာမဟုတ်လား”

လင်းရှန်က ပြုံးလိုက်ပြီး “ခဗျားက ကျုပ်ကို ရိပ်မိသွားတာပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ အဓိကအကြံအစည်ကတော့ ကျုပ်တို့ရထားယာဉ်တန်းရဲ့ အန္တရာယ်တွေကို ဆန်းစစ်ဖို့အတွက် တွင်းနက်ထဲ လှုပ်ရှားဖို့ပါပဲ”

“နောက်ဆုံးတော့ တွင်းနက်ပေါက်ကွဲမှုဆိုတာ ကောင်းတဲ့အရာတော့ မဟုတ်ဘူးလေ”

“အဲဒါတော့ သိပ်မသေချာဘူး” ရှင်းဂျီက ပြောသည်။

“တွင်းနက်ကို အချိန်ဒိုင်မေးရှင်းပေါ် အခြေခံထားတဲ့ သီအိုရီဆိုင်ရာကမ္ဘာလို့ သတ်မှတ်နိုင်ပြီး သွေးနီရောင်ကတော့ အာကာသဒိုင်မေးရှင်းထဲမှာရှိတယ်။ ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် မျှော်စင်ယဉ်ကျေးမှုရဲ့ ဒိုင်မေးရှင်းအလွှာကို တည်ဆောက်နိုင်လိမ့်မယ်။ အကယ်၍ ထုတ်လွှတ်ပြီး ထိတိုက်မိခဲ့ရင် ဖြစ်နိုင်ခြေတွေ အများကြီးရှိလာနိုင်တယ်။ ပထမဆုံးဖြစ်နိုင်ခြေကတော့ ဒြပ်ထုတွေ ပြိုကွဲပြီး တားဆီးလို့မရတဲ့ တွင်းနက်အဖြစ်ပြောင်းလဲသွားတာပဲ။ ဒုတိယဖြစ်နိုင်ခြေကတော့ ဒြပ်ထုတွေ ထွက်ပေါ်လာပြီး စွမ်းအင်မြင့်မားတဲ့ အရာတွေကို မှုတ်ထုတ်တဲ့ အဖြူရောင်တွင်းနက်ဖြစ်လာတာပဲ။ တတိယတစ်ခုကတော့ တော်တော်လေးကြောက်စရာကောင်းတယ်၊၊ အဲဒါကတော့ ဒိုင်မေးရှင်းပြိုကွဲခြင်းပဲ”

All Chapters