အမြဲရှိနေမည့်အဆုံးသတ် (၁)
Vol. 78 Ch. 1198
“ဒိုင်မေးရှင်းပြိုကွဲခြင်းလား”
“ဟုတ်တယ်၊၊ ဂျင်ဂါကစားနည်းမှာ တာဝါအောက်ခြေက အတုံးတစ်တုံးမရှိတော့တာနဲ့ တာဝါတစ်ခုလုံး ပြိုကျသွားသလိုမျိုးပေါ့။ ဒိုင်မေးရှင်းတွေက အမြဲတမ်း အထက်ကနေ အောက်ကိုပဲပြိုကျတတ်တာလေ၊၊ ဆိုလိုတာက ကမ္ဘာကြီးက သုံးဖက်မြင်ဒိုင်မေးရှင်းကနေ နှစ်ဖက်မြင်ဒိုင်မေးရှင်းအဖြစ် ပြိုကျသွားနိုင်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်မျက်နှာပျက်သွားသည်။
“ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ၊၊ ကျုပ်အတွေးတိမ်သွားပုံရတယ်။ ထားလိုက်ပါတော့… ချီလီကိုလည်း အဲဒါကိုမကိုင်တွယ်ခိုင်းတာ ပိုကောင်းပါလိမ့်မယ်။ ဒီအရာက အချိန်စတင်ရေတွက်ပြီဆိုရင် ရပ်တန့်လို့မရတော့ဘူး။ အခု ကမ္ဘာကြီးက သွေးနီရောင်တွေနဲ့ ဖုံးလွှမ်းနေတယ်၊၊ ဒီလိုဒုက္ခမျိုးထပ်ဖန်တီးတာက ကိုယ့်သင်္ချိုင်းကိုယ်တူးတာနဲ့ အတူတူပဲ”
ရုတ်တရက် ရှင်းဂျီ မရယ်ဘဲမနေနိုင်ဖြစ်သွားသည်။
“လင်း… မင်းက အတော်ရယ်ရတာပဲ။ ငါတို့ရဲ့ နည်းပညာစွမ်းအားနဲ့ ယဉ်ကျေးမှုအသိပညာတွေအရ ငါတို့တွက်ချက်သမျှအရာအားလုံးက သီအိုရီအဆင့်မှာပဲ ကန့်သတ်ထားတာလေ… သီအိုရီတောင်မဟုတ်ဘူး၊၊ မှန်းဆချက်သက်သက်ပဲ။ အကယ်၍ ဒိုင်မေးရှင်းလက်နက်တွေက အဲဒီလောက်လွယ်ကူနေရင် မျှော်စင်ယဉ်ကျေးမှုက အာကာသတွင်းနက်ထဲက ပြေးနေတုန်း အဆင့်မြင့်ဒိုင်မေးရှင်းသတ္တဝါတွေရဲ့ ချေမှုန်းတာကို ဘယ်လိုလုပ်ခံရမှာလဲ”
လင်းရှန် ခေတ္တဆွံ့အသွားပြီး “ခဗျားကို တကယ်တိကျသေချာတဲ့သူလို့ ကျုပ်ထင်ထားတာ… ကောင်းပြီလေ… ခဗျားတို့ပဲ သတိထားပြီး လုပ်ကြပါ”
“ဒါဆိုရင် အခြားကော… မင်းဆီမှာ အရန်အစီအစဉ်မရှိဘူးလား”
လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး “ခဗျား အဲဒါကို သိနေတာလား”
ထိုစဉ် ရှင်းဂျီက ပြောလိုက်သည်။
“မင်းရဲ့ ငွေနဂါးဆယ်ဆပန်းက အခုဆိုရင် အဖူးအပွင့်အဆင့်တင်မဟုတ်တော့ဘူးလို့ ငါကြားထားတယ်… ဟုတ်တယ်မလား”
….
ကော်လိုရာဒိုချောက်ကမ်းပါးမှ အကြီးအကျယ်ဆုတ်ခွာခဲ့ပြီးနောက် ၇၂ နာရီ ကြာမြင့်ခဲ့ပြီဖြစ်ရာ ပေါင်းစည်းယာဉ်တန်း၏ တောင်-မြောက်ခရီးစဉ်သည် မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့နေပုံရသည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် မြူထုထဲမှ ပြတင်းပေါက်များကို အဆက်မပြတ်ကုတ်ခြစ်နေကြသော နေရာအနှံ့ရှိဖုတ်ကောင်များမှလွဲ၍ ရထားတွဲများတစ်လျှောက် အမဲလိုက်သတ္တဝါများ၏ ရံဖန်ရံခါ တိုက်ခိုက်မှုဖြစ်စဉ်အချို့သာရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ သို့သော် ရထား၏ အရှိန်ပြင်းစွာ မောင်းနှင်မှုနှင့် တင်းကျပ်စွာ ကာကွယ်ထားသော သံချပ်ကာအကာအကွယ်တို့ကြောင့် ဆုံးရှုံးမှုများမှာ မများပြားလှပေ။
ထို့အပြင် နှင်းများပိုမိုထူထပ်လာသည်နှင့်အမျှ ဖုတ်ကောင်ဒီရေလှိုင်းများပင် သိသိသာသာလျော့နည်းသွားခဲ့သည်။ ထိုထူးဆန်းသော သတ္တဝါများသည် ရေခဲနှင့် နှင်းများကြောင့် နှင်းပုံများထဲတွင် အေးခဲနေပုံရသော်လည်း ရထားက နှင်းလွှာများကို ဖြတ်ကျော်သွားသည့်အခါ ထူးဆန်းသော ပုံသဏ္ဌန်ရှိပြီး တစ်ကိုယ်လုံးတွင် လက်တံများဖုံးလွှမ်းနေသော သွေးနီရောင်ဖုတ်ကောင်များက ရထားဆီသို့ တစ်ခါတလေပြေးဝင်လာရာ ရထားတွဲများအတွင်းရှိ ခရီးသည်များထံမှ အော်ဟစ်သံများကို ထွက်ပေါ်လာစေသည်။
ထိုသို့ဖြစ်လင့်ကစား ရထားသည် ဘေးကင်းသောခိုလှုံရာအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ဤသို့ကာလရှည်ကြာပျောက်ဆုံးနေခဲ့သော လုံခြုံမှုခံစားချက်ကြောင့် လူများစွာမှာ ကမ္ဘာပျက်ကပ်အတွင်းရောက်နေသည်ကို တစ်ခါတစ်ရံမေ့လျောနေကြလေသည်၊၊
သံချပ်ကာရထားတွဲများ၏ ပြင်ပတွင် ရေခဲနှင့် နှင်းကမ္ဘာ၊ ကမ္ဘာပျက်ကပ်၏ အအေးဒဏ်၊ ထူးဆန်းသော ဖုတ်ကောင်များ စွမ်းအင်ဝါးမျိုပိုးကောင်အုပ်စုနှင့် မြူထုထဲတွင် ရံဖန်ရံခါပေါ်လာတတ်သော အမဲလိုက်သတ္တဝါများရှိနေသည်။
သို့သော် သတ္တုစပ်သံချပ်ကာအပြည့်တပ်ဆင်ထားသော ရထားတွဲများအတွင်း၌မူ အသက်ရှင်ကျန်ရစ်သူများအတွက် ဘေးကင်းသောဆိပ်ကမ်းတစ်ခုဖြစ်နေသည်။
အတွင်းပိုင်း၌ မီးရောင်များလင်းထိန်နေပြီး နေရာလွတ်အလုံအလောက်ရှိကာ အိပ်စက်အနားယူရန် အိပ်ရာများ၊ သုံးစွဲရန်နှင့် ရေချိုးရန် ရေချိုးခန်းများ၊ ချက်ပြုတ်ရန် မီးဖိုချောင်များရှိပြီး လုံလောက်သော စွမ်းအင်ပေးဝေမှုနှင့်အတူ အမျိုးမျိုးသောဖျော်ဖြေရေးကိရိယာများနှင့် ရထားပေါ်ရှိ အင်တာနက်ကိုပင် အသုံးပြုနိုင်သည်။
အမှောင်စွမ်းအင်ပေါင်းစပ်ထပ်တူပြုကိရိယာသည် သွေးနီရောင်ရောင်တိုက်စားမှုမှ ကြောက်ရွံ့ခြင်းစွမ်းအားကို ခုခံပေးထားပြီး အပူပေးစက်များ၊ လေထုသန့်စင်သည့် ကိရိယာများနှင့် ရေသန့်စင်စက်များက အတွင်းပိုင်းတွင် ကောင်းမွန်သောလူနေမှုပတ်ဝန်းကျင်ကို အာမခံပေးထားသည်။
လူများသည် ရထားပေါ်ရှိ ခုခံရေးလက်နက်များကိုသုံး၍ ဝင်ရောက်လာသော ဖုတ်ကောင်များကို တွန်းလှန်ကြပြီး စုဆောင်းရရှိထားသော သွေးပဲစေ့ကို သုံးကာ အမှောင်စွမ်းအင်ပေါင်းစပ်ထပ်တူပြုကိရိယာလည်ပတ်မှုကို ထိန်းသိမ်းထားကြသည်။
အရင်းအမြစ်များ အပြန်အလှန်ဖလှယ်ခြင်းမှတစ်ဆင့် ကမ္ဘာပျက်ကပ်အတွင်းရှိ လူနေမှုဘဝမှာ စစ်မဖြစ်မီကငြိမ်းချမ်းမှုအတိုင်း ပြန်လည်စတင်နေပြီဖြစ်သည်။
လူသန်းပေါင်းများစွာ တင်ဆောင်ထားသော ဤစူပါရထားကြီးသည် မြူထဲတွင် အဆက်မပြတ်မောင်းနှင်နေပြီး ရထားတွဲတိုင်း၌ အချိန်တိုင်းတွင် မတူညီသောဇာတ်လမ်းများ ဖြစ်ပျက်နေသည်။
အချို့က ရယ်မောပျော်ရွှင်နေကြပြီး အချို့က အော်ဟစ်ဆဲဆိုနေကြကာ အချို့က ချစ်တင်းနှောနေကြပြီး အချို့က အလုပ်လုပ်နေကြကာ အချို့က ဘေးအန္တရာယ်များအမြန်ဆုံးပြီးဆုံးစေရန် ဆုတောင်းနေကြပြီး အချို့ကလည်း မနက်ဖြန်က တောက်ပလာမည်လားဆိုသည်ကို ငြင်းခုံနေကြသည်။
စာကြည့်တိုက်တစ်ခု၊ စိုက်ပျိုးမွေးမြူရေးခြံ၊ ယာယီစာသင်ခန်းများ၊ စွမ်းအားရှင်လေ့ကျင့်ရေးအတန်းများ၊ စက်ရုပ်ပြုပြင်ရေးဌာနများ၊ ယန္တရားခြေတုလက်တုပြုပြင်မွမ်းမံရေးအလုပ်ရုံများရှိပြီး ဘားများ၊ စားသောက်ဆိုင်များ၊ ထူးဆန်းသောကုန်ပစ္စည်းများရောင်းဝယ်ရာ ရထားတွဲများနှင့် ပြည့်တန်ဆာလုပ်ငန်းများပင် စုံလင်စွာရှိနေသဖြင့် ပြည့်စုံသော လူ့အဖွဲ့အစည်းငယ်လေးတစ်ခုဖြစ်ပေါ်နေသည်။
နီကာရာဂွါအိုင်ကို ဖြတ်ကျော်မောင်းနှင်နေစဉ်အတွင်း လင်းရှန်သည် စိုးရိမ်ပူပန်နေသော်လည်း တစ်ချိန်တည်းမှာပင် ဤခေတ္တငြိမ်းချမ်းမှုကို ခံစားနေမိသည်။
သူ့စိတ်ထဲတွင်မူ ဤခံစားချက်ကို တကယ်ပင် သဘောကျမိသည်။ အဘယ်ကြောင့်ဆိုသော် သူက ကျိအန်းမြို့တွင် အနန္တရထားအစီအစဉ်ကို ပထမဆုံးစတင်ကြံစည်ခဲ့စဉ်က ရထားလမ်းပေါ်ရှိ ရွေ့လျားခံတပ်တစ်ခုဖန်တီးရန် မျှော်လင့်ခဲ့သောကြောင့်ဖြစ်သည်။
ပြင်ပရှိ ကမ္ဘာပျက်ကမ္ဘာကြီးက မည်သို့ပင်ရှိစေကာမူ အတွင်းပိုင်းမှာမူ နွေးထွေးပြီးဘေးကင်းနေဆဲဖြစ်သည်။
သူသည် ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ခေတ္တမစဉ်းစားတော့ဘဲ သို့မဟုတ် ကမ္ဘာကြီးသည် တစ်ချိန်ချိန်တွင် ရုတ်တရက် ပေါင်းစပ်သွားမလား သို့မဟုတ် ယန္တရားနှလုံးသားကို မည်သို့အဆင့်မြှင့်တင်ရမည်ကိုပင် အလွန်ကျွံစိုးရိမ်ပူပန်ခြင်းမရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် ဝါးမျိုရန်အရာများစွာလည်း မကျန်တော့ချေ။
ထို့ကြောင့် သူသည် ထိန်းချုပ်ခန်းကို တွက်ချက်မှုဆိုင်ရာပါရမီရှင်ဖြစ်သော ဗိုင်အိုလာထံလွှဲပြောင်းပေးလိုက်ပြီး သူကိုယ်တိုင်မှာမူ နောက်ဘက်ရထားတွဲများဆီသို့ လျှောက်သွားနေလိုက်သည်။
တစ်ခါတရံတွင် ကီကီနှင့် ရှားရှားတို့နှင့်အတူ ဗီဒီယိုဂိမ်းများဆော့ကစားပြီး အခြားအချိန်များတွင် မီးတောက်၊ တာလို့တို့နှင့်အတူ လက်ဖက်ရည်သောက်ရင်း စစ်တုရင်ကစားကာ ကောင်လေးမာရှောင်ထန်းကို စွမ်းအားများအသုံးပြုပုံနှင့် ပတ်သက်၍ အကြံပေးနေလိုက်သည်။ သူ မသိလိုက်ဘဲနှင့် ဤကောင်လေးမှာ လျှပ်စီးအရှိန်ဖြင့် မြန်ဆန်စွာ ပြေးနိုင်နေပြီဖြစ်ရာ ချီလီ၏ ရွှေရောင်လျှပ်စီးနှင့်ပင် ယှဉ်နိုင်လုနီးပါးဖြစ်လာသည်။
ကောင်းကင်အမိုးခုံးရထား၏ ကိစ္စရပ်များကို တာဝန်ယူထားသော ကျန်းယွမ်သည် တစ်ခါတရံတွင် သူနှင့် ဆက်သွယ်လာတတ်ပြီး လင်းရှန်သည် မမျှော်လင့်ဘဲ အားလပ်နေသဖြင့် အပန်းဖြေရန်အတွက် ဆရာမချန်ကိုပင် ရုပ်ရှင်နှစ်ကားကြည့်ရန် ဖိတ်ခေါ်လိုက်သေးသည်။ ညအချိန်တွင် သူသည် ရှီတိယွမ်၊ နန်ကျင်းနှင့် အခြားလူများနှင့်အတူ အရက်သောက်ရင်း စကားစမြည်ပြောကာ အလွန်ပင် ပေါ့ပါးလွတ်လပ်မှုကို ခံစားနေရသည်။
ချန်ဆီရွှမ်ကပင် သူ့ကို ကောင်းကင်လွှမ်းခြုံမွန်းစတားကြီးကို စောင့်ကြည့်ကာကွယ်ခြင်းမရှိတော့ဘူးလားဟု မေးလာသည်။
ထိုအခါ လင်းရှန်က သူလုပ်နိုင်သမျှအရာအားလုံးဖြစ်သော ဒရုန်းအုပ်စု၊ ကင်းထောက်အဖွဲ့၊ ကောင်းကင်ရေဒါတို့အပြင် ဗိုင်အိုလာနှင့် ဂရေ့စ်တို့၏ AI ဦးနှောက်နှစ်ခုကလည်း တစ်ခုကဝေဟင်တွင် တစ်ခုကမြေပြင်တွင် စောင့်ကြည့်ပေးနေသဖြင့် သူသည် ထိန်းချုပ်ခန်းထဲ၌ ထိုင်နေလျှင်ပင် လုပ်ဆောင်နိုင်သည်မှာ အထွေထူးမရှိတော့ကြောင်း ပြန်ဖြေလိုက်သည်။
လင်းရှန် ဤကဲ့သို့ တွေးတောနိုင်ခြင်းအပေါ် ချန်ဆီရွှမ်လည်း ဝမ်းသာမိပြီး ခဏချင်းမှာပင် လင်းရှန်၏ လွှမ်းမိုးမှုကြောင့် ရထားတွဲများအတွင်းရှိ ပတ်ဝန်းကျင်မှာ အများကြီးပေါ့ပါးသွားခဲ့သည်။
ညအချိန်တွင် မီးရောင်များ မှိန်ပျပျရှိနေပြီး ရထားတွဲ ၄၏ စိုက်ပျိုးရေးအခန်းသည် စိမ်းလန်းသောမိုးသစ်တောစင်္ကြံတစ်ခုနှင့်တူကာ သစ်သီးဝလံအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များ၊ စိမ်းလန်းသောအပင်များက တစ်တွဲလုံးတွင် အလှဆင်ထားပြီး သက်ဝင်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသည်။
စိုက်ပျိုးရေးစင်ပေါ်တွင် အေးနေသော သစ်တော်သီးစွပ်ပြုတ်တစ်ခွက်ရှိနေပြီး အနားယူခန်းထဲမှမူ ပြင်းထန်သော အသက်ရှူသံများထွက်ပေါ်လာသည်။
နီမြန်းနေသောမျက်နှာဖြင့် ရှောင်ယွမ်သည် နောက်ဆုံးတွင် အဝတ်အစားအားလုံးကို လုံးဝချွတ်ပစ်လိုက်ပြီး သူမ ကာလကြာရှည်မျှော်လင့်တောင့်တခဲ့သောသူကို တင်းကျပ်စွာ ပွေ့ဖက်ထားကာ အဆက်မပြတ်တိုးဝင်လာသော လှုပ်ရှားမှုများကို ဆက်တိုက်တုံ့ပြန်နေသည်။
သူမသည် ရှက်ရွံ့ခြင်းကြောင့်သာမက ရထားတွဲ ၄မှာ ကျယ်ဝန်းလွန်းလှပြီး မြောင်လုနှင့် သူမသည် ရထားတွဲ၏ ဘေးတစ်ဖက်တစ်ချက်ရှိ မျက်နှာချင်းဆိုင်သီးသန့်အနားယူခန်းများတွင်ရှိနေကြသောကြောင့် အသံထွက်ရန် မဝံ့မရဲဖြစ်နေသည်။
လင်းရှန်က ရှောင်ယွမ်၏ တိတ်တခိုးမေတ္တာတရားကို ထပ်မံ၍ ငြင်းပယ်ခြင်းမပြုတော့ဘဲ သူမကို အနားယူခန်းထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားကာ ယန္တရားစစ်သည်တော်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာကြီးပြိုလဲတော့မည်ဆိုလျှင် မည်သည့်နောင်တမှ မထားခဲ့ခြင်းက အကောင်းဆုံးဖြစ်သည်ဟု သူယုံကြည်ပေသည်။ ရှောင်ယွမ်သည် သူ့နောက်သို့ အချိန်အတော်ကြာလိုက်ပါခဲ့ပြီး သူ့အတွက် သူမ မဆင်မခြင်ပြုလုပ်ခဲ့သော အခိုက်အတန့်များစွာကို သူ မှတ်မိနေဆဲဖြစ်ရာ ယခုအချိန်တွင် သူမကို ဂရုစိုက်ပေးခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
သူသည် မိမိကိုယ်ကို ဤသို့ပင် ဖျောင်းဖျလိုက်သော်လည်း တကယ့်အကြောင်းရင်းမှာ သူ၏ စိတ်ထဲတွင်ဖိနှိပ်ထားသော စိတ်ပျက်အားငယ်မှုတစ်မျိုးဖြစ်ပြီး ၎င်းကို မစဉ်းစားရန်ရွေးချယ်ကာ အနည်းငယ်စိတ်အပန်းဖြေလိုပြီး အခြားသူများအပေါ်တွင် ပိုအာရုံစိုက်လိုခြင်းဖြစ်သည်။
ငြင်းပယ်၍မရနိုင်သည်မှာ ဤနည်းလမ်းသည် တကယ့်ကို ပိုမိုပေါ့ပါးလွတ်လပ်စေသည်ဟူ၍ ဖြစ်သည်။
သူ့အောက်တွင် ရှောင်ယွမ်သည် ချစ်စရာကောင်းပြီး နူးညံ့လှသော ရေဘဝဲတစ်ကောင်ကဲ့သို့ သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။ ဤမိန်းကလေးသည် ရထားပေါ်သို့ရောက်သည့်အခါမှသာ သူ့ကို ဤကဲ့သို့ နွေးထွေးစွာချဉ်းကပ်ကာ တုံ့ပြန်နိုင်ပုံရသည်။
ထို့ကြောင့် လင်းရှန်က ပြင်းပြင်းပြပြနမ်းရှုပ်ပြီး နွေးထွေးစွာပွေ့ဖက်လိုက်ကာ ပျားရည်ထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားရင်း ညများစွာက သစ်တော်သီးစွပ်ပြုတ်၏ ချိုမြိန်နွေးထွေးမှုအားလုံးကို ထုတ်လွှတ်လိုက်သည်။
ရှောင်ယွမ်က ဘာမှမပြောဘဲ ကမ္ဘာပျက်ကပ်အကြောင်းလည်းမပြောသလို အနာဂတ်ကိုလည်း ဆွေးနွေးခြင်းမပြုဘဲ သူ၏နားထဲကိုသာ အဆက်မပြတ်ပြောနေသည်။
“ကျွန်မ ရှင့်ကိုချစ်တယ် ကပ္ပတိန်လင်း… အရမ်းချစ်တယ်”