ကယ်တင်ရန်တန်ဖိုးမရှိ (၂)
Vol. 78 Ch. 1201
“နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်”
ယူတိုးပီးယာမှ ရှောကလည်း ဝင်ပြောလိုက်သည်။
“ရထားတစ်စင်းချင်းစီရဲ့ စွမ်းအင်ထောက်ပံ့မှုက အဆင်ပြေပေမယ့် တွဲအတော်များများက စိမ့်ဝင်မှုတွေ အကြီးအကျယ်ဖြစ်နေတယ်။ မီးခိုးရောင်နှင်းတွေထဲက ရေဒီယိုသတ္တိကြွနှုန်းက အရမ်းမြင့်မားနေပြီး ဒီလိုစိမ့်ဝင်မှုက ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်မှုတွေရှိလာနိုင်တယ်။ အမှောင်စွမ်းအင်ပေါင်းစပ်စနစ်က အဲဒါကို လုံးဝသီးသန့်ခွဲထုတ်မပေးနိုင်ဘူး။ ငါတို့ ရထားတွဲတွေထဲမှာ အဆိပ်သင့်တာတွေနဲ့ ခန္ဓာကိုယ်မအီမသာဖြစ်တာတွေ စပြီးတွေ့နေရပြီ။ ယာဉ်တန်းကြီးတွေကို သတိပေးဖို့ လိုလိမ့်မယ်”
“လင်း...”
တိတ်ဆိတ်မြို့တော်မှ ရှင်းဂျီ၏ အသံထွက်ပေါ်လာသည်။
“ဖီးနစ်ရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့က ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွားပြီလဲ”
“ကျုပ်လည်း မသိဘူး”
လင်းရှန်က သက်ပြင်းချလိုက်ပြီး “ကျုပ်တို့ရဲ့ အဓိကတပ်ဖွဲ့က အထဲကို တစ်ခါမှ ထိုးဖောက်မဝင်နိုင်ခဲ့ဘူး။ ဒါကြောင့် အဲဒီဘက်မှာ ဘယ်လိုအခြေအနေရှိလဲဆိုတာ ကျုပ်မသိဘူး။ ကျုပ် ခန့်မှန်းရသလောက်တော့ ဒီလိုရာသီဥတုအပြောင်းအလဲက မြောက်အမေရိကမှာရှိတဲ့ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက အိန်ဂျယ်ပေါင်းစည်းမှုကို လုပ်ဆောင်နေတာကြောင့်ဖြစ်နိုင်တယ်... ဒါမှမဟုတ် အဲဒီလိုမျိုးတစ်ခုခုပေါ့။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က အလွယ်တကူထိုးဖောက်ဖို့မလွယ်သလို သံလမ်းစနစ်တွေမရှိဘဲနဲ့ သူတို့က အထဲကို ဝင်လာဖို့က ပိုပြီး ခက်ခဲလိမ့်မယ်”
“ပြီးတော့...”
လင်းရှန်က နောက်ထပ် ခေါင်းခဲစရာ ကိစ္စတစ်ခုကို ပြောပြလိုက်သည်။
“အခုကျုပ်တို့က အတော်နှေးကွေးပြီးမောင်းနေရတယ်။ တောင်အမေရိကထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်းရောက်သွားရင် ပိုပြီးတော့တောင် နှေးသွားနိုင်တယ်။ ဟတ်ကိုကျော်ပြီးတာနဲ့ ဒီဘက်က သံလမ်းတွေက မသေချာတော့ဘူး။ အခုအချိန်အထိတော့ ပြုပြင်ထားတဲ့ ဘာအမှတ်အသားမှရှာမတွေ့သေးဘူး။ မကြာခင်မှာ ပြဿနာတွေပေါ်လာတော့မယ်လို့ ကျုပ်ထင်တယ်”
“ကောင်းပြီလေ”
ရှင်းဂျီက ဆက်ပြောလိုက်သည်၊၊
“အနည်းဆုံးတော့ ကြီးမားတဲ့ ထူးဆန်းတဲ့သတ္တဝါတွေရဲ့ တိုက်ခိုက်မှုမရှိတာရယ်... S-Class အဆင့်ပေါ်မလာတာရယ်ကိုပဲ ကျေးဇူးတင်ရမယ်။ သံလမ်းပြဿနာကတော့ နှိုင်းယှဉ်ကြည့်ရင် ပြုပြင်ရတာ သိပ်မခက်ခဲလောက်ပါဘူး”
“အင်း...”
လင်းရှန်က စိတ်ပျက်လက်ပျက်ဖြင့် “ကျုပ်လည်း အရှိန်မြှင့်ချင်တာပေါ့... ဒါပေမဲ့ ဒီရထားကြီးက အရမ်းရှည်ပြီး တအားလေးလံလွန်းတယ်။ ပြီးတော့ အပူချိန်နိမ့်ကျနေတာကြောင့် သံလမ်းတွေပေါ်မှာ သက်ရောက်တဲ့ဝန်အားက ဟာသမဟုတ်ဘူး။ ကျုပ်တို့တွေ ဒီလောက်တည်တည်ငြိမ်ငြိမ်နဲ့ဆက်ပြီး မောင်းနှင်နိုင်နေသေးတာကိုပဲ ကံကောင်းတယ်လို့ ယူဆရမယ်”
ထိုစကားကြောင့် လူတိုင်းတိတ်ဆိတ်သွားကြသည်။
ကမ္ဘာပျက်ကပ်ရထားကြီး၏ ဝန်တင်အားမှာ ကမ္ဘာပျက်ကပ်နေ့မတိုင်မီက ခရီးသည်တင်ရထားများနှင့် လုံးဝမတူပေ။ လက်နက်များ၊ ရိက္ခာများ၊ အဖွဲ့သားများနှင့်အတူ သံချပ်ကာအမျိုးမျိုးကို ကြမ်းတမ်းစွာမွမ်းမံထားခြင်းဖြစ်သောကြောင့် တွဲတစ်ခုချင်းစီ၏ အလေးချိန်မှာ တင့်ကားတစ်စီးနီးပါးရှိသည်။ ထို့အပြင် တောင်အမေရိကသံလမ်းခွဲများမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်ပတ်ရထားလမ်း၏ တည်ဆောက်ရေးစံနှုန်းများနှင့် မကိုက်ညီပေ။ အလျားကီလိုမီတာရာချီရှည်လျားသော ဤရထားကြီးသည် ယခုအချိန်အထိ ကြီးမားသော လမ်းချော်မှု သို့မဟုတ် မြေကျွံမှုလိုမတော်တဆမှုမျိုး မကြုံတွေ့ရသေးခြင်းမှာ တကယ်ပင် ကံကောင်းခြင်းတစ်ရပ်ဖြစ်နေခဲ့သည်။
လူတိုင်း စိတ်ရွှင်လန်းတက်ကြွလာစေရန် ချန်ဆီရွှမ်သည် မြောင်လုနှင့် ရှောင်ချင်းတို့ကို စိုက်ပျိုးရေးတွဲထဲမှ ဟင်းသီးဟင်းရွက်များစွာ သွားရောက်ခူးဆွတ်ခိုင်းပြီး စားပွဲကြီးတစ်လုံးကို ပြင်ဆင်နေခဲ့သည်။
မြောင်လုက တွဲအမိုးပေါ်ရှိ တွဲလောင်းကျနေသော နွယ်စင်များမှ ခရမ်းချဉ်သီးများကို ခြေဖျားထောက်ကာ ခူးလိုက်ရာ ရေစက်ကလေးများ တင်ကျန်နေသည့် ရဲရဲနီနေသောအသီးများက ရှောင်ယွမ်၏ လက်ဖဝါးထဲသို့ ကျလာခဲ့သည်။
“ဒါရိုက်တာတင်းရဲ့ ကပ်ဘေးပင်အာဟာရပျော်ရည်က တကယ်ကို အံ့ဩစရာပဲ”
ရှောင်ယွမ်က သူမ၏ အင်္ကျီလက်ဖြင့် ခရမ်းချဉ်သီးပေါ်က ရေစက်များကို သုတ်လိုက်ပြီး တဂျွတ်ဂျွတ်ဝါးစားလိုက်ရာ ဘေးနားရှိ မြောင်လု၏ မျက်နှာပေါ်သို့ အရည်များစင်သွားခဲ့သည်။
“အာ... သတိထားဦးလေ”
“ဆောရီး ဆောရီး”
“မြန်မြန်... ကိုက်လန်နဲ့ သခွားသီးတွေပါ ပိုခူးဦး... တာလို့တို့အဖွဲ့က အကင်ကင်ဖို့ ပြင်နေကြပြီ”
“အကင်”
“ဟုတ်တယ်... ကပ္ပတိန်လင်းက အကင်ဖိုတစ်ခု လုပ်ပေးထားတယ်... ဒီနေ့တော့ လူတိုင်းကို အရသာတစ်မျိုးပြောင်းစားစေချင်လို့တဲ့”
…
“မီးပိုမြှင့်လိုက်ဦး”
တွဲ ၆ အတွင်း၌ တာလို့၏ အော်ဟစ်သံကြောင့် ထမင်းစားတွဲ၏ သတ္တုနံရံများပင် တုန်ခါသွားရသည်။ သူသည် လက်တစ်ဖက်တွင် မီတာဝက်ခန့် ရှည်လျားသော စတီးတံစို့ကို ကိုင်ထားပြီး အိတ်ဆောင်ဂတ်စ်မီးဖိုပေါ်တွင် ကြက်တောင်ပံ အခု ၂၀ကို တရှဲရှဲမြည်အောင် ကင်နေခဲ့သည်။ အသားကင်အနံ့နှင့် ငရုတ်သီးမှုန့်နံ့များမှာ လေဝင်လေထွက်ပြွန်များဆီသို့ ပျံ့လွင့်သွားခဲ့သည်။
ရှားရှားက မီးဖိုရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ဒိန်ခဲသုတ်ထားသော ကန်စွန်းဥများကို စိုက်ကြည့်နေရင်း ရုတ်တရက်ခုန်ထကာ လော့ယန်၏ ပုခုံးကို ပုတ်ပြီး အော်လိုက်သည်၊၊
“တူးတော့မယ်... တူးတော့မယ်... မီးပိတ်လိုက်တော့”
အေးခဲအသားရိက္ခာအများအပြားကို ထုတ်ယူလာခဲ့ကြသဖြင့် ရထားတွဲအတွင်း၌ ဘူဖေးစားပွဲကြီးတစ်ခုကျင်းပနေသည့်အလား ထင်မှတ်ရသည်။
“ရှဲ—“
စွန်းယုကျန်းက အာလူးကွင်းများကို အိုးကင်းပူထဲက ထောပတ်များထဲသို့ ထည့်လိုက်ရာ နီရဲသော ဆီပူများမှာ စိမ်းစိုနေသော ဟင်းနုနွယ်များကို လွှမ်းခြုံသွားပြီး အငွေ့ထောင်းထောင်းထသွားသည်။
ချန်ဆီရွှမ်၊ လီယီနှင့် တခြားလူများသည် အိုးအကြီးကြီးတစ်လုံးကို အသုံးပြုကာ ဟော့ပေါ့စားရန် ဝိုင်းဖွဲ့နေကြသည်။ ၎င်းက လူစုလူဝေးပွဲဖြစ်သောကြောင့် နဂါးတောင် ၁ နှင့် ငွေကြယ်မှ လူများပင် ရောက်လာကြပြီး ရှီတိယွမ်သည် ဘီယာကို တဂွတ်ဂွတ်သောက်ကာ အားရပါးရအော်ဟစ်နေခဲ့သည်။
“အရက်တွေ အများကြီးရှိတာပဲ”
ချန်ဆီရွှမ်က ရယ်မောကာ “လင်းရှန်က ပြောတယ်... ငါတို့တွေ ပျော်ပျော်ပါးပါးမနေရင် အားလုံးအေးခဲသွားလိမ့်မယ်တဲ့”
“ဒါကတော့ မဖြစ်နိုင်ပါဘူး”
နန်ကျင်းက တွဲအမိုးကို လက်ညှိုးထိုးပြကာ “အနှုတ် ၁၀၀ ဒီဂရီ ဖြစ်နေရင်တောင် ငါတို့ မကြောက်ဘူး... ရထားရဲ့ အပူပေးစနစ်က ငါတို့ကို နွေးထွေးစေမှာပဲ”
အားဖေးက စိတ်ကျေနပ်စွာ အသံတိတ်စားသောက်နေပြီး ရှောင်ချင်းကတော့ ဘီယာကို ငြိမ်သက်စွာ သောက်ရင်း လူအုပ်ကြီးကို ကြည့်နေခဲ့သည်။
“လိုက်ကြည့်မနေပါနဲ့တော့”
ချန်ဆီရွှမ်က ခပ်ဖွဖွရယ်မောလိုက်သည်၊၊
“မီးတောက်ကို လင်းရှန်က ကောင်းကင်အမိုးခုံးရထားပေါ်က နှင်းခဲတွေ သွားဖယ်ခိုင်းထားတယ်”
ရှောင်ချင်း၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး “ကျွန်မ သူ့ကိုရှာနေတာမဟုတ်ပါဘူး...”
“အာ... ဒီလိုမျိုး မစားရတာ ကြာပြီပဲ”
ရှားရှားက အသားတုံးကြီးတစ်ခုကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး အလွန်အမင်းကျေနပ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်၊၊
“ကော်လိုရာဒိုချောက်ကြီးထဲမှာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေတုန်းက တကယ်ကို စိတ်ညစ်ဖို့ကောင်းခဲ့တယ်”
ချန်ဆီရွှမ်က လူတိုင်းကို ကရုဏာမျက်ဝန်းများဖြင့် ကြည့်ကာ “ဒါဆိုရင်လည်း အများကြီးစားကြပေါ့... ဒီလိုမျိုးအေးချမ်းတဲ့ အချိန်က ရခဲတယ်။ အပေါ်က ချီလီနဲ့ ကျန်းယွမ်တို့ပဲ အလွယ်တကူဆင်းမလာနိုင်တာ... ဒါပေမဲ့ ကောင်းကင်အမိုးခုံးရထားပေါ်က သူတို့ရဲ့ ပတ်ဝန်းကျင်က ငါတို့ထက် ပိုကောင်းပါတယ်... ရေတောင်ချိုးလို့ရသေးတယ်”
“ညီမကတော့ အဲဒါကို မနာလိုမဖြစာပါဘူး”
ရှားရှားက တဟီးဟီးရယ်ကာ “အမှန်တော့ ညီမက ကျွန်မရဲ့ တွဲ ၂ ကိုပဲ ကြိုက်တယ်... ပျင်းရင် အစ်မကီကီနဲ့ ဂိမ်းဆော့လိုက်... တီဗီကြည့်လိုက်နဲ့... အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”
ချန်ဆီရွှမ် အသားကင်တုတ်ချောင်းကို ကောက်ကိုင်ရန် နောက်ကျနေသည့် ကျန်းရှု့ဝေကို တစ်ချက်ကြည့်ကာ မေးသည်၊၊
“နင်က စပ်တာမကြိုက်ဘူးလား”
ကျန်းရှု့ဝေက ခေါင်းခါပြီး ပြန်ပြောသည်၊၊
“မဟုတ်ပါဘူး... ငါက လက်ရှိ အခြေအနေကိုပဲ စဉ်းစားနေမိလို့ပါ”
“အမှန်တော့ ကပ္ပတိန်လင်းပြောတာမှန်တယ်”
ရှုချင်းက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။
“အခုအချိန်မှာ စိုးရိမ်နေလည်း အပိုပဲ... ရထားတွဲ ၆၀၀၀ က ခေါင်းကနေအမြီးထိချိတ်ဆက်ထားပြီးသား... လမ်းကြောင်းကလည်း ရှင်းနေတာပဲ... ရှေ့ကိုပဲ ဆက်သွားရုံပဲ... တခြားအရာတွေကို စိုးရိမ်နေတာက အလကားပဲ”
“ငါ သိပါတယ်”
“ဒါပေမဲ့ ငါသိချင်တာက ဝင်ရိုးစွန်းဒေသကို ရောက်သွားတဲ့အခါ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပဲ”
ကျန်းရှု့ဝေက ရေရွတ်လိုက်သည်၊၊
“အော်... ဘာဖြစ်လဲ… အဲဒီကျမှပဲ ဖြေရှင်းကြတာပေါ့...”
ရှီတိယွမ်က အားရပါးရ ရယ်မောလိုက်သည်၊၊
“အခုက တစ်ရက်အသက်ရှင်ရင် တစ်ရက်မြတ်တယ်... ငါတို့ ချောက်နက်ငရဲနဲ့ ကစဥ့်ကလျားမွန်းစတားလက်ထဲကနေ လွတ်မြောက်လာပြီး အသက်ရှင်နေသေးတာကိုပဲ ပျော်ရွှင်သင့်တယ်မဟုတ်လား။ ငါဆိုရင် အဲဒါကို လက်ခံထားတာကြာပြီ... ငါတို့ နဂါးတောင် ၁ က ညီအစ်ကိုတွေအားလုံးလည်း လက်ခံထားကြတယ်... ဒါက အရမ်းကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး”