← Chapters

ကယ်တင်ရန်တန်ဖိုးမရှိ (၃)

Vol. 78 Ch. 1202

ကယ်တင်ရန်တန်ဖိုးမရှိ (၃)

Vol. 78 Ch. 1202

ကျန်းရှု့ဝေက ဖျော့တော့သောအပြုံးဖြင့် ပြောလိုက်သည်၊၊

“အဲဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်”

ထို့နောက် သူမသည် အရက်ပုလင်းကို လှမ်းယူလိုက်ပြီး “ဒါဆို ငါလည်း တစ်ခွက်လောက် သောက်မယ်”

နန်ကျင်းက ချန်ဆီရွှမ်ကို ကြည့်ကာ မေးလိုက်သည်၊၊

“အခု ရထားအုပ်စုထဲက လူအများစုက တိတ်ဆိတ်မြို့တော်မှာ ခိုလှုံနေကြတာလား... ကောင်းကင်အမိုးခုံးရထားက လူပြည့်သွားပြီလား”

ချန်ဆီရွှမ်က ခေါင်းခါပြသည်၊၊

“လျန်လေး၊ လူအိုကြီးမို၊ ချီလီ၊ မိုနီကာရဲ့အဖွဲ့နဲ့ ကျန်းယွမ်၊ ဝမ်ဟုန်ယွမ်၊ စွန်းဖုန်း၊ လျန်ဟောင်၊ ဟယ်လင်ချူးတို့ အဖွဲ့တွေက အထဲမှာရှိနေတုန်းပဲ... လူလေးသောင်းကျော်နဲ့ ပြည့်လုနီးပါးပဲ။ လင်းရှန်က အခြေခံအခန်းတွဲတွေကို ဆက်ပြီး တိုးချဲ့နေတုန်းပဲ... သူ စဉ်းစားထားတာက နောက်ဆုံးကျရင် ငါတို့ရဲ့ အနန္တမဟာမိတ်အဖွဲ့၊ ငွေကြယ်နဲ့ နဂါးတောင် ၁ က လူအားလုံးကို အပေါ် ခေါ်တင်ဖို့ပဲ... အနည်းဆုံးတော့ ငါတို့ ကောင်းကင်အကာကွယ်ကို ထိုးဖောက်ဖို့လိုအပ်လာရင် ငါတို့မှာ ခံတပ်တစ်ခုရှိနေတာပေါ့”

နန်ကျင်းက ခေါင်းညိတ်လိုက်ပြီး “လက်ရှိ အမြင့်ပိုင်းအခြေအနေက အတော်လေးပြင်းထန်နေတယ်... ကြယ်သင်္ဘောကြီး နည်းနည်းနဲ့ ကောင်းကင်အမိုးခုံးရထား၊ တိတ်ဆိတ်မြို့တော်တို့ကလွဲရင် ကျန်တဲ့ယာဉ်တွေအနေနဲ့ တည်ငြိမ်တဲ့ ပျံသန်းမှုအခြေအနေကို ထိန်းသိမ်းဖို့ခက်ခဲလိမ့်မယ်”

“ဟုတ်တယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ငါတို့ရဲ့ ကောင်းကင်အမိုးခုံးရထားနဲ့ တိတ်ဆိတ်မြို့တော်က အခုထိတော့ အများကြီးသက်ရောက်မှုမရှိသေးဘူး။ အခု ငါတို့က အမြင့်ကို လျှော့ချဖို့ စဉ်းစားနေတယ်... ဒါပေမဲ့ လွင်ပြင်ဒေသထဲကို ဝင်ရောက်ပြီးမှပဲဖြစ်လိမ့်မယ်”

ချန်ဆီရွှမ်က ပြောသည်။

“ကဲ... စကားပြောတာ တော်ပြီ... အသားတွေ စားကြဦး... အားလုံး အကျက်လွန်ကုန်ပြီ”

ရှားရှားက အော်ဟစ်ပြီး စကားဝိုင်းကို ဖြတ်လိုက်သည်၊၊

“မြန်မြန်... အသီးအနှံတွေလည်း စားကြဦး”

“ကောင်းပြီ... ကောင်းပြီ... အားလုံး ဟော့ပေါ့အိုးဖွင့်”

ရထားတွဲအတွင်းရှိ လေထုမှာ နွေးထွေးပြီး ပျော်ရွှင်စရာကောင်းနေခဲ့သည်။ တွဲ ၆ မှာ ယခုအခါ ဘူဖေးစားပွဲကြီးတစ်ခုနှင့် တူနေခဲ့ပြီ။

…

“ဖွင့်လိုက်— အခုချက်ချင်း”

လုရှင်းချန်သည် ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်ဘီးပေါ်တွင် ရပ်နေရင်း တိတ်ဆိတ်မြို့တော်၏ ကွပ်ကဲအခန်းအပြင်ဘက်တွင် ပျံသန်းနေခဲ့သည်။ သူ၏ လက်ဖဝါးထဲမှ ကြက်သွေးရောင်မီးတောက်များထွက်ပေါ်လာပြီး မီတာထောင်ချီ ရှည်လျားသော မီးနဂါးကြီးတစ်ကောင်ဖြစ်သွားခဲ့သည်။

ပြတင်းပေါက်များပေါ်ရှိ နှင်းခဲအလွှာများမှာ ကွဲအက်ကာ ပေါက်ကွဲသွားခဲ့ပြီး အရည်ပျော်သွားသော နှင်းခဲရေများသည် အောက်သို့ မကျဆင်းမီမှာပင် အဖြူရောင်မြူခိုးများအဖြစ်အငွေ့ပျံသွားခဲ့သည်။

အောက်ဘက်ရှိ ကောင်းကင်အမိုးခုံးရထား၏ ကုန်းပတ်ပေါ်မှ ကြီးမားသော နှင်းခဲပြင်ကြီးမှာ နှင်းပြိုကျသကဲ့သို့ ပြုတ်ကျသွားပြီး ထူထပ်သော မြူများထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

“ကောင်းတယ်”

ကျန်းယွမ်၏ အသံသည် ယာဉ်တန်းဆက်သွယ်ရေးလှိုင်းထဲတွင် ပဲ့တင်ထပ်သွားသည်၊၊

“အော်တိုမက်တစ်နှင်းခဲဖယ်စနစ်မရှိတော့ မင်းကိုပဲ အားကိုးရတော့တာပေါ့”

“အစ်ကိုကျန်းကလည်း အားမနာစမ်းပါနဲ့”

…

ထိန်းချုပ်ခန်းအတွင်း၌ ပြတင်းပေါက်အပြင်ဘက်တွင် မီးခိုးရောင်နှင်းမှုန်များက လိုက်ကာကြီးတစ်ခုကဲ့သို့ ကျဆင်းနေခဲ့ပြီး ဗိုင်အိုလာ၏ မျက်ဝန်းများထဲတွင် အပြာရောင်အလင်းတန်းများ စီးဆင်းနေခဲ့သည်။

[အရှေ့ ၃.၂ ကီလိုမီတာမှာ သံလမ်းကျွံမှုရှိနေပါတယ်။ နှင်းများကို ဖယ်ရှားပြီးနောက် ခံနိုင်ရည်ရှိသော တိုင်များ၏ အောက်ခြေကို အားဖြည့်ရန် အကြံပြုလိုပါသည်]

“သိပြီ”

လင်းရှန် စကားပြော၍ပင် မဆုံးသေးမီ နွေးထွေးသောခန္ဓာကိုယ်လေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ ရုတ်တရက်တိုးဝင်လာခဲ့သည်။ ကီကီက သူ၏ အင်္ကျီကော်လံကို ဆွဲကိုင်ပြီး ခေါင်းကို မော့၍ နမ်းလိုက်ရာ အေးမြသောပူစီနံနံ့နှင့် သခွားသီးအရသာနှုတ်ခမ်းတို့က သူ၏ နှုတ်ခမ်းအတွင်းသို့ ချက်ချင်းပင် စိမ့်ဝင်သွားခဲ့သည်။

စိတ်စွမ်းအားသည် ဖောက်ထွင်းမြင်ရသော ဒီရေလှိုင်းကြီးကဲ့သို့ ထိုးတက်သွားပြီး ရထားအပြင်ဘက်က မီတာရာချီ ထူထပ်သော နှင်းလိုက်ကာကြီးကို ဆွဲဖြဲပစ်လိုက်ရာ သံလမ်းကျွံနေသည့်နေရာမှ သံချေးတက်နေသော သံလမ်းများ ပေါ်ထွက်လာခဲ့သည်။

လင်းရှန်က ကီကီကို ရင်ခွင်ထဲ၌ ပွေ့ဖက်နမ်းရှုံ့နေကြစဉ် ကီကီက သူမ၏ စိတ်စွမ်းအားကို အသုံးပြုကာ နှင်းဖယ်ရှားခြင်းကို ကူညီပေးနေခဲ့သည်။ အကြောင်းမှာ ရှေ့ဘက်တွင် ပျက်စီးနေသော သံလမ်းများကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ ကီကီက နှင်းများကို ဖယ်ရှားပေးပြီး လင်းရှန်က သူ၏ ယန္တရားစွမ်းအားကို အသုံးပြုကာ ပြုပြင်ပေးနေခဲ့သည်။ ဒရုန်းများ၏ အကူအညီဖြင့် ဤအရာက ပြဿနာမဟုတ်ပေ။ ၎င်းတို့နှစ်ဦးစလုံးမှာ နမ်းရှိုက်ခြင်းအပေါ်၌သာ အာရုံစိုက်နေကြသည်။

[ခန္ဓာကိုယ် အပူချိန် ၀.၇ ဒီဂရီ ဆဲလ်စီးယပ်စ် မြင့်တက်လာပြီး နှလုံးခုန်နှုန်း တစ်မိနစ်လျှင် ၁၁၂ ကြိမ်အထိ မြန်ဆန်လာသည်]

ဗိုင်အိုလာ၏ လက်ဖဝါးမှ ပြုပြင်ထိန်းသိမ်းမှုပုံကြမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

[နမ်းရှုံ့ခြင်းသည် ဒိုပါမင်ထွက်ရှိမှုကို အဆက်မပြတ်လှုံ့ဆော်ပေးနိုင်ပြီး ၎င်းက အက်ဒရီနယ်လင်ပမာဏကို မြင့်တက်စေကာ ဟော်မုန်းများနှင့် ပက်ပတိုက်များထွက်ရှိမှုကို တိုးပွားစေပြီး စိတ်ပျက်အားငယ်မှုခံစားချက်များကို လျော့နည်းစေသည်။ တစ်နေ့လျှင် သုံးကြိမ်ပြုလုပ်ရန် အကြံပြုလိုပါသည်...]

“တော်ပြီ... တော်ပြီ”

လင်းရှန်က ကီကီ၏ နဖူးကို လက်ဖြင့်တွန်းက ခပ်အုပ်အုပ်ရယ်မောလိုက်ပြီး သူ၏ ညာလက်ကို လေထုထဲ၌ လှမ်းဆွဲလိုက်သည်။

ဒရုန်းအုပ်စုသည် သံမဏိတန်းများကို အေးခဲနေသော မြေဆီလွှာထဲသို့ သယ်ဆောင်သွားကြပြီး ယန္တရားနှလုံးသားမှာ စတင်လည်ပတ်ကာ ငွေရောင်စီးကြောင်းတစ်ခုဖြင့် ကျိုးပဲ့နေသော ဇလီဖားတုံးများကို ပုံသဏ္ဌာန်ပြန်ဖော်ပေးခဲ့သည်။

ကီကီ၏ သွားကလေးများက သူ၏ မေးစေ့ကို အသာအယာ မထိတထိကိုက်လိုက်ရင်း “ဟေးဟေး... သံလမ်းက ကောက်နေတယ်... ကပ္ပတိန်...”

စိတ်စွမ်းအားနယ်ပယ်က ရုတ်တရက် ကျုံ့ဝင်သွားပြီး လဲလုနီးပါးဖြစ်နေသော သံမဏိတန်းကြီးက အက်ကွဲသံနှင့်အတူ ဖြောင့်တန်းသွားခဲ့သည်။

“ငါက သံလမ်းကို ပြင်နေတာလေ... ဒါပေမဲ့ မင်းက ငါ့ရင်ခွင်ထဲတိုးဝင်နေတော့ ငါ ဘယ်လိုလုပ်အာရုံစိုက်လို့ရမှာလဲ”

ကီကီက တဟီးဟီးရယ်မောကာ လင်းရှန်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း “ရှင်ပဲ ကျွန်မကို လမ်းရှင်းခိုင်းတာမဟုတ်ဘူးလား... အဲဒီလိုလုပ်မှ ရှေ့ကသံလမ်းကို ကြိုပြီး ပြင်နိုင်မှာပေါ့... မဟုတ်ရင် ရှင်က မျက်စိမှိတ်ပြီးပြင်မလို့လား”

“ဒါဆိုရင်လည်း ရှေ့ကလမ်းကိုပဲ ရှင်းလေ... ဘာလို့ ငါ့ဘက်ကို လှည့်နေတာလဲ” လင်းရှန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒီလောက်လွယ်ကူတဲ့အလုပ်မျိုးကို ကြည့်နေဖို့လိုလို့လား”

ကီကီက လင်းရှန်၏ မေးစေ့ကို ခပ်ဖွဖွကိုက်လိုက်သည်။

“ငါ ဆိုလိုတာက...”

“အဟမ်း”

ချောင်းဆိုးသံတစ်ခုက ထွက်ပေါ်လာပြီး လင်းရှန်နှင့် ကီကီတို့၏ အကြည့်များမှာ ဖြည်းညင်းစွာ ရွှေ့လျားသွားရာ ချူယန်သည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိလိုက်ဘဲ ထိန်းချုပ်ခန်းအတွင်း၌ လက်ပိုက်လျက် သူတို့ကို ငြိမ်သက်စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ငါ နှောင့်ယှက်မိသွားတာလား”

ကီကီ၏ မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွားပြီး လင်းရှန်၏ ရင်ခွင်ထဲမှ ထိတ်လန့်တကြားပျံထွက်သွားသည်၊၊

“ဟေး... ကျွန်မက သူ့ကိုကူညီနေတာပါ...”

“ရှင်းပြမနေပါနဲ့တော့... ငါတို့ နမ်းနေတာကို သူ သိပါတယ်... ငါတို့ အသိစိတ်ချင်းချိတ်ဆက်ထားတာပဲ”

လင်းရှန်က ကိုးရိုးကားရားဟန်ဖြင့် ရယ်မောလိုက်သည်။

ထိုစကားကြောင့် ကီကီ၏ မျက်နှာက ပို၍နီမြန်းသွားပြီး လင်းရှန်ကို ဒေါသတကြီးစိုက်ကြည့်ကာ နှာမှုတ်ပြီး လှည့်ထွက်ပြေးသွားတော့သည်။

“သူမက စိတ်ထားကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ”

ကီကီ ထွက်ခွာသွားသည်ကို ကြည့်ရင်း ချူယန်က တည်ငြိမ်စွာ ပြောလိုက်ပြီး လင်းရှန်ဘက်သို့ လှည့်ကာ “နင်က မိန်းကလေးကံတကယ်ကောင်းတာပဲ”

လင်းရှန်က ရထားကြီး ရပ်တန့်မသွားစေရန် သူ၏ ယန္တရားစွမ်းအားကို အသုံးပြုကာ ရှေ့ဘက်ရှိ ပျက်စီးနေသော သံလမ်းများကို ပြုပြင်ရင်း ပြောလိုက်သည်၊၊

“ကမ္ဘာပျက်ကပ်ကြီးကို ကျေးဇူးတင်ရမှာပေါ့... ဒါကြောင့်ပဲ ပတ်သက်မှုတွေကို လွတ်လွတ်လပ်လပ်တည်ဆောက်လို့ရတာလေ”

ချူယန်က ရယ်မောလိုက်သည်၊၊

“ဘာလို့လဲဆိုတော့ ကမ္ဘာပျက်ကပ်အောက်မှာ လူမှုပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေ မရှိတော့လို့ပဲ... ဒါကပဲ လိင်ကိစ္စနဲ့ အချစ်ကို ရိုးရှင်းစေတယ်”

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“လိင်ကိစ္စဆိုရင်တော့ ငါ သဘောတူတယ်။ အချစ်ဆိုရင်တော့ ငါ သဘောမတူဘူး”

“နင်က အချစ်ဆိုတာရှိနေသေးတယ် ထင်လို့လား” ချူယန်က မေးလိုက်သည်။

လင်းရှန်သည် အရှေ့ကို စိုက်ကြည့်လိုက်ပြီး သူ၏ အမူအရာက ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“တကယ်လို့ မရှိတော့ဘူးဆိုရင်... ဒီကမ္ဘာကြီးဟာ ကယ်တင်ဖို့ တန်ဖိုးမရှိတော့ဘူးပေါ့”

All Chapters