ပျက်သုဉ်းခြင်းနိမိတ်များ (၁)
Vol. 78 Ch. 1203
ချူယန် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး လင်းရှန်ကို အံ့သြတကြီးကြည့်လိုက်မိသည်။
“နင်က ဒီလောက်အထိ ရိုမန်တစ်ဆန်တတ်လိမ့်မယ်လို့ ငါမထင်ထားဘူး”
“မင်းက ငါ့ရဲ့အသိစိတ်ထဲက အရာအားလုံးကို မြင်ဖူးတာပဲမဟုတ်လား… ငါ့အကြောင်းကို သိပြီးသားမဟုတ်ဘူးလား”
ချူယန်က ခေါင်းခါလိုက်ပြီး “အတိတ်မှတ်ဉာဏ်တွေကို မြင်ရတာနဲ့ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို နားလည်တာက တခြားစီလေ။ ဒါတင်မကသေးဘူး ကမ္ဘာပျက်ကပ်အောက်မှာ လူတွေရဲ့ စိတ်နေစိတ်ထားက အများကြီးပြောင်းလဲသွားတတ်ကြတယ်။ ဥပမာပြောရရင် နင့်ရဲ့စိတ်ကလည်း လွန်ခဲ့တဲ့ ရက်ပိုင်းကနဲ့မတူဘဲ သိသိသာသာပြောင်းလဲသွားတယ် မဟုတ်ဘူးလား”
လင်းရှန်က ပြုံးလိုက်သည်၊၊
“ငါက ဓားကိုင်ဆောင်သူနဲ့ ကယ်တင်ရှင်ဆိုတဲ့ ခေါင်းစဉ်တွေကို ဖြုတ်ချလိုက်ရုံတင်ပါ။ ပြီးတော့ အခုလိုအဖော်တွေရှိနေတာကြောင့် ရထားလမ်းပြဿနာကလွဲရင် ကိစ္စတိုင်းကို ငါတစ်ယောက်တည်း ဆုံးဖြတ်နေဖို့ မလိုတော့ဘူး။ ဒီလိုပုံစံကပဲ အမှန်ကန်ဆုံးလို့ ငါထင်တယ်”
“ဘာဖြစ်လို့လဲ။ နင်က တပ်မှူးယဲ့ ခန့်အပ်ထားတဲ့ အမြင့်ဆုံးစစ်သေနာပတိပဲလေ” ချူယန်က မတင်မကျဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။
လင်းရှန်က သူမကို ကြည့်ကာ တည်ငြိမ်နေသည်၊၊
“ငါက သာမန်လူတစ်ယောက်ပဲ ကယ်တင်ရှင်မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ငါက ကျောင်းတောင်မပြီးသေးတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ပဲလေ။ ဘာကြောင့်မှန်းမသိဘဲ ဒီရထားကြီးကို စီးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်။ ဒီခရီးတစ်လျှောက်မှာ ဘာတွေကြုံခဲ့ရလဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်။ ဒါပေမဲ့ ငါ့ရဲ့ အကန့်အသတ်ကို ငါသိပါတယ်။ အကယ်၍ ဒီကမ္ဘာကြီးရဲ့ ရှင်သန်မှုက ငါ့တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေမယ်ဆိုရင် ဒီကမ္ဘာကြီ ပျက်စီးသွားတာကလည်း မတရားဘူးလို့ မပြောနိုင်ဘူးလေ”
“ဘာလို့ အဲဒီလိုပြောရတာလဲ” ချူယန်က မေးသည်။
“ဒီကမ္ဘာကြီးက သူရဲကောင်းဝါဒအပေါ်မှာ အခြေခံထားတာမဟုတ်ဘူး။ မျှော်စင်လူသားတွေမှာ မှိုမျှင်ကွန်ရက် ရှိတယ်၊ သူတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ ဉာဏ်ပညာကို စုစည်းပြီး ငါတို့ထက် နှစ်ပေါင်းရာနဲ့ချီ၊ ထောင်နဲ့ချီစောတဲ့ နည်းပညာ ဒါမှမဟုတ် ယဉ်ကျေးမှုအဆင့်အတန်းကို ရယူထားကြတယ်။ အခုအချိန်အထိ ငါတို့က ငါတို့ခေါင်းပေါ်က အကာကွယ်ကိုတောင် မဖွင့်နိုင်သေးဘူး။ ကမ္ဘာပျက်ကပ်နေ့ပြီးတဲ့နောက်မှာ လူသားအားလုံးပျက်သုဥ်းနီးပါးဖြစ်ခဲ့ရတယ်။ ကျန်ခဲ့တဲ့လူတွေကလည်း ထွက်ပြေးနေရုံပဲ တတ်နိုင်တယ်လေ၊၊ အာရုဏ်ဦးမြို့တော်က တိုက်ပွဲဆိုတာလည်း ကံကောင်းလို့ ကပ်သီးကပ်သတ်လွတ်မြောက်ခဲ့တာဖြစ်ပြီး တကယ့်အောင်ပွဲမဟုတ်ဘူး”
“ဒီလိုအခြေအနေမျိုးမှာ …ဒီလိုယဉ်ကျေးမှုစနစ်အောက်မှာ လူသားတွေရဲ့ အားအကောင်းဆုံးစွမ်းရည်က လူတစ်ယောက်တည်းရဲ့ ဉာဏ်ပညာမဟုတ်ဘဲ လူတိုင်းရဲ့ ဉာဏ်ပညာဖြစ်သင့်တယ်။ ဒီလိုတွေးလိုက်မှပဲ လူသားတွေအတွက် ငါက မျှော်လင့်ချက်မြင်ရသလို ကိစ္စရပ်တွေအပေါ်မှာ စိတ်ပူပန်နေတာတွေလည်း ရပ်တန့်သွားပြီး စိတ်သက်သာရာရစေတယ်”
ချူယန်က အံ့အားသင့်သွားကာ မေးလိုက်သည်၊၊
“နင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒါတွေကို သဘောပေါက်သွားရတာလဲ”
လင်းရှန်က သူမကို ကြည့်ကာ “မင်းကြောင့်လေ… ငါတို့တွေ အသိစိတ်ချင်းဆက်သွယ်ခဲ့ကြတယ် မဟုတ်ဘူးလား”
ချူယန်က သူမ၏ အကြည့်ကို ချက်ချင်းလွှဲဖယ်လိုက်ပြီး အေးစက်စွာ ပြောသည်၊၊
“ငါက အဲဒီလိုပုံစံမျိုးမဟုတ်ပါဘူး၊၊ နင့်ကို ဘယ်လိုလုပ်လွှမ်းမိုးနိုင်မှာလဲ”
“မင်းရဲ့ ပင်ကိုယ်စရိုက်ကြောင့်မဟုတ်ပါဘူး” လင်းရှန်က ပြုံးလိုက်သည်၊၊
“ဒါပေမဲ့ စိတ်ဝိဉာဉ်နှစ်ခုအတူတွေးတောခဲ့ရတဲ့ အတွေ့အကြုံပြီးနောက်မှာတော့ မျှော်စင်လူသားတွေ ဘာကြောင့် ဒီလောက်အထိ အလျင်မြန်ဖွံ့ဖြိုးတိုးတက်လာလဲဆိုတာ ငါသဘောပေါက်သွားတယ်”
“ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးထဲမှာတော့ သူတို့ရဲ့ လူမှုဖွဲ့စည်းပုံက သီအိုရီအရ ငါတို့ထက် အများကြီးပိုကြံ့ခိုင်တယ်။ အတားအဆီးတွေ မရှိဘူး၊ လူမျိုးစုတွေ မရှိဘူး၊ လူတန်းစားတွေ မရှိဘူး၊ ဆက်သွယ်ရေးအခက်အခဲတွေ မရှိသလို လှည့်စားမှုတွေတောင်မရှိဘူး။ အသိစိတ်အားလုံးက တစ်သားတည်းပဲ။ ဒါကို အခြေခံပြီးတော့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုက တစ်ခုတည်းသောအောင်မြင်မှုဆီကိုပဲ ဦးတည်တာကြောင့် သဘာဝအတိုင်းမြန်ဆန်လာတာပေါ့။ သူတို့က သတ္တဝါဆန်းတွေလိုပုံစံမျိုးဖြစ်နေဦးတော့ သူတို့ရဲ့နည်းပညာက ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းတစ်ခုမှာရှိနေတယ်”
ထိုစကားကို ကြားသောအခါ ချူယန် တိတ်ဆိတ်သွားသည်။ သူမက ရှေ့တွင် လွင့်မျောနေသော နှင်းပွင့်များနှင့် ပတ်ဝန်းကျင်တွင် ပျံသန်းနေသော ဒရုန်းအုပ်ကြီးကို အကြာကြီးငေးကြည့်နေပြီးမှ ရုတ်တရက်ပြောလာသည်။
“ဒီလိုလူမှုအဖွဲ့အစည်းက တကယ်ပဲ ထိရောက်မှုရှိတာမှန်ပေမဲ့ အသိစိတ်တွေ တစ်သားတည်းဖြစ်နေတာကကော အမြဲတမ်းမှန်ကန်နေပါ့မလား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊
“မင်း ဘာကိုဆိုလိုတာလဲ”
ချူယန်က ခေါင်းခါပြကာ “ငါလည်း မသိဘူး၊၊ ဒီတိုင်းပြောကြည့်တာပါ။ ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သဘာဝအတိုင်း ရောထွေးရှုပ်ထွေးနေတယ်လို့ ငါ ခံစားရလို့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က လူတွေဟာ နောက်ထပ် နှစ်ပေါင်း ၁၀၀ ကြာရင် ကမ္ဘာကြီး ဘယ်လိုဖြစ်လာမလဲဆိုတာ မသိခဲ့ကြဘူး။ မတူညီတဲ့ အတွေးအခေါ်တွေက မတူညီတဲ့ရလဒ်တွေကို ဖြစ်စေပြီး ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွေကို သက်ရောက်မှုရှိစေတယ်။ ဒါကြောင့်မလို့လည်း ကမ္ဘာကြီးက အခုလိုပုံစံမျိုးဖြစ်လာခဲ့တာဖြစ်နိုင်တယ်”
“ဒါပေမဲ့ အသိစိတ်အားလုံးက တစ်သားတည်းဖြစ်သွားပြီး လမ်းကြောင်းတစ်ခုတည်းနောက်ကိုပဲ လိုက်နေမယ်ဆိုရင် မြန်ဆန်တာတော့ မှန်ပေမဲ့ ကျန်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း ၉၉ ခုကို ဆုံးရှုံးသွားရတာ မဟုတ်ဘူးလား”
ချူယန်က ဖြည်းဖြည်းချင်း ပြောသည်၊၊
“ဘာလို့လဲဆိုတော့ ငါတို့က ဘယ်လမ်းကြောင်းက အမှန်လဲ… ဒါမှမဟုတ် ဘယ်လမ်းကြောင်းက ပိုပြီး သင့်တော်လဲဆိုတာ မသိနိုင်လို့ပဲ”
“အတိအကျပြောရရင် မြားပစ်ဆရာတစ်ယောက်က မြားပစ်ပညာကို အထွတ်အထိပ်ရောက်အောင် လေ့လာခဲ့ပေမဲ့ ယမ်းမှုန့်ကြောင့် ရှုံးနိမ့်သွားရသလိုမျိုးပေါ့။ သစ်သားမှာ ရေပေါ်ပေါ်နိုင်စွမ်းရှိပေမဲ့ ရေပေါ်က သင်္ဘောတွေအားလုံးကို သတ္တုနဲ့ပဲလုပ်ကြတယ်မဟုတ်ဘူးလား”
“ငါတို့ရဲ့ ရထားတွေ အားလုံးချိတ်ဆက်ထားပြီး လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲ ရှေ့ဆက်သွားနေသလိုမျိုးပေါ့၊ အဲဒါကော တကယ်ပဲ မှန်ကန်ရဲ့လား။ အကယ်၍ ဒီရထားလမ်းက ယူရှူးယာကို ဦးတည်မနေဘူးဆိုရင် ဘာဖြစ်လာမလဲ”
ထိုစကားကို ကြားသောအခါ လင်းရှန်၏ မျက်နှာအမူအရာက ဖြည်းဖြည်းချင်းတောင့်တင်းသွားပြီး ရှေ့ကို စိုက်ကြည့်ရင်း တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားတော့သည်။
[ရေဒါကနေ သက်ရှိအုပ်စုတုံ့ပြန်မှု သိပ်သည်းဆမြင့်တက်လာတာကို ထောက်လှမ်းမိပါတယ်]
ထိုအချိန်တွင် ဗိုင်အိုလာ၏ အသံထွက်ပေါ်လာသည်။
“ဘယ်လောက်အထိမြင့်တက်လာတာလဲ”
ချူယန်က မေးလိုက်သည်။
ဗိုင်အိုလာက ဟိုလိုဂရမ်ပုံရိပ်တစ်ခုကို ပြသလိုက်သည်။ ရုပ်ပုံထဲတွင် ယခင်က ကျဲပါးနေသော သက်ရှိတုံ့ပြန်မှုအမှတ်များသည် လွန်ခဲ့သောရက်ပိုင်းကထက် အနည်းငယ်ပိုမိုများပြားလာသည်ကို တွေ့ရသည်။
“ငါတို့ မြို့နားကိုချဉ်းကပ်လာနေပြီထင်တယ်”
လင်းရှန် သက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ပြီး “ဒီအရာတွေ အများစုက မလှုပ်ရှားနိုင်ကြဘူး၊၊ နှင်းပြင်ပေါ်မှာ ငါတို့ ကြုံခဲ့ရတဲ့ နှင်းတစ္ဆေနဲ့ မတူဘူး။ သူတို့က ပိုပြီး သိပ်သည်းလာတယ်ဆိုရင်တောင် ငါတို့ဆီကို ဦးတည်တိုက်ခိုက်လာနေတာတော့ မဟုတ်ဘူး”
[ရေဒါရဲ့ ထောက်လှမ်းမှုလှိုင်းကန့်သတ်ချက်တွေအပြင် လက်ရှိ ကျွန်မတို့ရဲ့ ထောက်လှမ်းရေးကိရိယာတွေရဲ့ စွမ်းဆောင်ရည်က ကျဆင်းလာနေတယ်ဆိုတာ သတိပေးဖို့ လိုပါလိမ့်မယ်၊၊ အထူးသဖြင့် သံလိုက်လှိုင်းအချက်ပြမှုပါပဲ]
ဗိုင်အိုလာက လင်းရှန်ကို ကြည့်ပြီး ဆက်ပြောသည်၊၊
[ဒီဒေသတွင်းမှာ ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်နေတယ်လို့ ကျွန်မ ခန့်မှန်းမိပါတယ်၊ ဒါက နိမိတ်ကောင်းတော့ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ လက်ရှိဆွဲငင်အားကိန်းဂဏန်းတွေက စမ်းသပ်ချက်အရ အနည်းငယ် ပြောင်းလဲမှုတွေ ပြသနေပါတယ်]
လင်းရှန်နှင့် ချူယန်တို့ အကြည့်ချင်း ဆုံသွားကြပြီး ချူယန်က ချက်ချင်းပြောလိုက်သည်၊၊
“ဒီနယ်မြေက ဒိုင်မေးရှင်းပြောင်းလဲမှုတွေ ကြုံတွေ့နေရတဲ့ပုံပဲ”
လင်းရှန်က ဂရေ့စ်ကို ချက်ချင်းဆက်သွယ်လိုက်သည်၊၊
“ဂရေ့စ်… မြောက်အမေရိကရဲ့ အခုအခြေအနေက ဘယ်လိုရှိလဲ”
ကမ္ဘာ့ပတ်လမ်းပေါ်တွင်ရှိနေသော ဂရေ့စ်က အခုအခါ သွေးနီရောင်ဂြိုဟ်ကြီးဖြစ်နေသော ကမ္ဘာမြေကို စောင့်ကြည့်ရင်း ချက်ချင်း ပြန်ဖြေခဲ့သည်၊၊
[ပစ်မှတ်နယ်မြေမှာ ကြယ်တာရာအဆင့် မုန်တိုင်းဝဲဂယက်တစ်ခု ဖြစ်ပေါ်နေပြီး ပြင်းထန်တဲ့ စွမ်းအင်ဓာတ်ပြုမှုတွေနဲ့အတူ တွဲလျက်ရှိနေပါတယ်။ တခြားတိုက်ကြီးတွေဆီက စွမ်းအင်တွေနဲ့ နေရောင်ခြည်ဖြာထွက်မှုအလွှာတွေက လက်ရှိအဲဒီလမ်းကြောင်းဆီကို စုဆုံနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်]
“နားလည်ပြီ”
လင်းရှန် မျက်မှောင်ကြုတ်လိုက်ပြီး “အိန်ဂျယ်ပေါင်းစပ်မှု စတင်နေပြီ ထင်တယ်”
ချူယန်က ရှေ့ကို မျှော်ကြည့်လိုက်သည်၊၊
“ဒီအရှိန်နဲ့ဆိုရင် ငါတို့ ဘယ်အချိန်မှရောက်မယ်ဆိုတာ မမှန်းဆနိုင်ဘူး”
လင်းရှန်လည်း အနည်းငယ် အံ့အားသင့်သွားသည်၊၊
“ထူးဆန်းတယ်...”
“ဘာဖြစ်လို့လဲ” ချူယန်က မေးသည်။
“အကယ်၍ အမှောင်စွမ်းအင်တွေက မြောက်အမေရိကဆီကို စုဆုံနေတာဆိုရင် သီအိုရီအရ ငါတို့ရဲ့ မူလမုန်တိုင်းဗဟိုချက်က သက်ရောက်မှုလျော့နည်းသွားရမှာလေ။ ဒါဆို ဘာဖြစ်လို့ သတ္တဝါဆန်းတွေက ပိုပြီးများလာတာလဲ”
“ဒါက...”
ချူယန်က လင်းရှန်ကို ကြည့်လိုက်ပြီး “S-Class အဆင့် သက်ရှိတစ်ကောင်ရှိနေတာကလွဲလို့ အခြားမရှိနိုင်ဘူး”
လင်းရှန်သည် ဆက်သွယ်ရေးခလုတ်ကို ချက်ချင်းနှိပ်ပြီး သတိပေးလိုက်သည်၊၊
“အားလုံး သတိထားကြပါ၊ S-Class အဆင့် မွန်းစတားတစ်ကောင်ပေါ်လာနိုင်ခြေရှိနေတယ်၊၊ အားလုံးတိုက်ပွဲအတွက် ပြင်ဆင်ထားကြ”
သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် နံပါတ် ၆ တွဲထဲတွင် အားရပါးရစားသောက်နေကြသော လူများလည်း ချက်ချင်းတိတ်ဆိတ်သွားကြသည်။ အနန္တရထားကြီးပေါ်တွင်သာမက အခြားသောအဓိကယာဉ်တန်းများ၏ ခေါင်းဆောင်များလည်း ချက်ချင်းတုံ့ပြန်လိုက်ကြတော့သည်။
“တိုက်ပွဲအတွက် ပြင်ဆင်”
“ကာကွယ်ရေးစနစ်တွေ ပြင်ဆင်ထား… လူတွေကိုရွှေ့ပြောင်းပေး”
“ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်အားလုံးကို အသက်သွင်းလိုက်တော့”
ပင်လယ်ဖိနှိမ်သင်္ဘော၏ ကွပ်ကဲစင်တာအတွင်းရှိ လော့ရှောင်ခိုင်၏ ကွပ်ကဲစခန်းသည်လည်း ချက်ချင်းပင် အလုပ်ရှုပ်သွားခဲ့သည်၊၊
“ယာဉ်တန်းတစ်ခုလုံး တိုက်ပွဲဝင်အနေအထား အသင့်ပြင်… ပြုပြင်ထိန်းသိမ်းထားတဲ့ စစ်သင်္ဘောအားလုံး တန်းစီပူးပေါင်းကြ”