← Chapters

အခန်း (၇၈၇-၇၈၈)

Vol. 66 Ch. 787-788

အခန်း (၇၈၇-၇၈၈)

Vol. 66 Ch. 787-788

အခန်း(၇၈၇)

ဒါဆိုရင်တော့ ရှင်းသွားပြီ...

ဇိုဗီရု နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရတာကို ပြန်တွေးကြည့်လိုက်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားတယ်။ အဲဒီလူက လုံးဝကို စည်းကမ်းမဲ့ပြီး ဖျော်ဖြေမှုရဖို့ကလွဲလို့ တခြားဘာကိုမှ ဂရုမစိုက်တဲ့သူလေ။ သူတို့တွေ ရှေးဟောင်းအမွေအနှစ် ကိုလုပြီး တိုက်ခိုက်နေကြတာကို ကြည့်ရတာ စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုတည်းနဲ့တင် သူက အဲဒါကို လက်လွှတ်ခံခဲ့တာပဲ။

ဒီလိုလူမျိုးက တစ်ပတ်ကို နှစ်ခါ သုံးခါလောက်တော့ ဝိုင်ကောင်းကောင်း သောက်ရတာကို သေချာပေါက် သဘောကျမှာပဲ။

ဒါကြောင့် သူလည်း ကာတာရီနာ နောက်ကိုလိုက်ပြီး အနီရောင်ပေါ်တယ်ထဲ ဝင်သွားခဲ့တယ်။

အဲဒီလို ဝင်လိုက်တာနဲ့ ဇိမ်ခံအခန်းကြီးတစ်ခုက သူ့ရှေ့မှာ ပေါ်လာတယ်။ ကုလားထိုင်တွေ၊ ဆိုဖာတွေကနေစပြီး တစ်ခန်းလုံးကို လင်းထိန်နေစေတဲ့ ဖယောင်းတိုင်စင်တွေအထိ နေရာတိုင်းမှာ ရွှေတွေ တန်ဖိုးကြီး ကျောက်မျက်ရတနာတွေနဲ့ အလှဆင်ထားတယ်။

ဒါက သူ့ရဲ့ အရင်ကမ္ဘာက အလယ်ခေတ်မှာရှိခဲ့တဲ့ ဘုရင်တွေ မိဖုရားတွေ ပိုင်ဆိုင်ခဲ့တာထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်။

အသေးစိတ်အချက်လေးတစ်ခုသာ မရှိခဲ့ရင် ဒါက တကယ်ကို အထင်ကြီးလောက်စရာ မြင်ကွင်းတစ်ခု ဖြစ်နေမှာပဲ။

အကုန်လုံးက ရှုပ်ပွနေတာပဲ။

ရွှေချထားတဲ့ ပရိဘောဂတွေ၊ ပန်းချီကားတွေနဲ့ ရွှေတုံးရွှေခဲတွေက အမှိုက်ပုံကြီးတစ်ခုလို ပုံနေပြီး တကယ့်ကို တောင်ကြီးတစ်လုံးလို ဖြစ်နေတာကို သူတို့ မြင်တွေ့နေရတယ်။

မိုက်ကယ် တစ်ယောက် မယုံနိုင်အောင် ဖြစ်သွားတယ်။ နဂါးတွေက ပစ္စည်းတွေကို စုဆောင်းတတ်တယ်ဆိုတဲ့ ကောလာဟလက တကယ်ဖြစ်ပုံရတယ်။ ဒါပေမဲ့ ဒီလောက်အထိ ဆိုးရွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

"လာခဲ့လေ" လို့ ကာတာရီနာ က သူ့ကို ပြောလိုက်တယ်။ သူက ရွှေတောင်ကြီးရဲ့ တစ်ဝက်လောက်ကို ရောက်နေပြီဖြစ်ပြီး နဂါးရွှေရုပ်တုတစ်ခုကို ခြေကုပ်ယူကာ တောင်ထိပ်ကိုကျော်ပြီး တစ်ဖက်ကို ကူးသွားဖို့ လုပ်နေတယ်။

သူ လှုပ်ရှားလိုက်တာနဲ့ ရွှေဒင်္ဂါးပြား ရာပေါင်းများစွာက မိုက်ကယ် ဆီကို ရွှေမိုးရွာကျလာသလို တဝုန်းဝုန်း ကျလာတယ်။

အခုအချိန်မှာ သူက ရွှေဒင်္ဂါးတွေနဲ့ပတ်သက်ပြီး ပြောမပြတတ်အောင် ချမ်းသာနေပြီဆိုပေမယ့် ဒီအရာတွေအားလုံးကို သူ့အိတ်ကပ်ထဲ ကောက်ထည့်သွားချင်တဲ့ သွေးဆောင်မှုမျိုးကို ခံစားနေရဆဲပဲ။ ဒါတွေက နှမြောစရာကြီးလေ။ လာမယ့်နှစ်မှာ ရီနေးတားနိုင်ငံ အတွက် လိုအပ်မယ့် အိမ်တွေ၊ လမ်းတွေနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ဒီရွှေတွေကို အသုံးပြုလို့ ရနိုင်တယ်လေ။

နောက်ဆုံးမှာတော့ သူလည်း ရွှေတောင်ကြီးရဲ့ အပေါ်ကို တက်သွားပြီး တစ်ဖက်ကို လှမ်းကြည့်လိုက်တယ်။

အဲဒီအောက်ခြေက ရွှေဒင်္ဂါးပုံကြီးထဲမှာတော့ အနီရောင်ဆံပင်နဲ့ နဂါးမျိုးနွယ်ဝင် ဇိုဗီရု က နှင်းထဲက နတ်သမီးလေးတစ်ပါးလို လှဲလျောင်းနေတယ်။

သူ့ပါးပြင်တွေက နီမြန်းနေပြီး အသက်ရှူလိုက်တိုင်း အရက်နံ့တွေ ထောင်းခနဲ ထွက်နေတယ်။ မိုက်ကယ် က ခပ်လှမ်းလှမ်းကနေတောင် သူ့ဆီက အနံ့ကို ရနေတယ်။

"ဇိုဗီရု" လို့ ကာတာရီနာ က သူ့ကို လှမ်းခေါ်လိုက်တယ်။

"ဟွတ်... ဟား ဟားဟား...."

ဒီ နဂါးမျိုးနွယ်ဝင် ဟာ တော်တော်လေး မူးယစ်နေပုံရပြီး သူ့မျှော်စင်ထဲမှာ သူစိမ်းနှစ်ယောက် ရောက်နေတာကိုတောင် သတိမထားမိဘူး။

မိုက်ကယ် လည်း ကာတာရီနာ နောက်ကနေ လိုက်သွားပြီး ရွှေဒင်္ဂါးတွေပေါ်ကနေ လျှောဆင်းသွားကာ နောက်ဆုံးမှာ ဇိုဗီရု ဆီကို ရောက်သွားတယ်။

"ဇိုဗီရု" လို့ ကာတာရီနာ က ထပ်ခေါ်လိုက်ပြီး ဒီတစ်ခါတော့ သူ့ခြေထောက်နဲ့ ဇိုဗီရု ရဲ့ လက်မောင်းကို ကန်လိုက်တယ်။

မိုက်ကယ် မျက်ခုံးပင့်လိုက်တယ်။ 'ဟေ့ ဟေ့ ဟေ့ မင်းရဲ့ ဟန်ဆောင်မှုတွေ ပျက်ကုန်ပြီ' လို့ သူ လှမ်းပြောချင်စိတ် ပေါက်သွားတယ်။

သူက ပါမောက္ခ လိုမျိုး သမိုင်းပညာရှင်တစ်ယောက် ဖြစ်ရမှာလေ။ ဉာဏ်ပညာကလွဲလို့ တခြား ခွန်အားမျိုး မရှိရဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ ကြောက်စရာကောင်းတဲ့ နဂါးတစ်ကောင်ရဲ့ ပုံစံကို မမြင်ခဲ့ရသလိုမျိုး တကယ့် နဂါး အစစ်ကြီးတစ်ကောင်အပေါ် သူက တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခက်ထန်စွာ ပြုမူနေတယ်။

သူမရဲ့ တကယ့်ဇာစ်မြစ်က သန္ဓေဝိညာဉ် အဆင့်ရှိတဲ့ မက်ဂ်နက်တစ် တစ်ယောက်ဆိုတာကို မိုက်ကယ် က ကြိုသိထားတဲ့အတွက် နဂါးမျိုးနွယ်ဝင် တစ်ယောက်နဲ့ ဆက်ဆံတဲ့နေရာမှာ ဘာလို့ ဒီလောက်တောင် ပေါ့ပေါ့ပါးပါး ဖြစ်နေရတာလဲဆိုတာကို သူ နားလည်ပါတယ်။ ဒါတောင်မှ သူမရဲ့ တကယ့်စွမ်းအားကို ဘယ်သူမဆို အလွယ်တကူ ခန့်မှန်းလို့ရနိုင်လောက်တဲ့အထိ ဖြစ်နေတယ်။

"ဟင်" ဇိုဗီရု က နိုးလာပြီး မှုန်ဝါးဝါးနဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်တယ်။ သူ့ရဲ့ အရိုင်းဆန်တဲ့ မျက်ခုံးနီနီကြီးတွေက တော်တော်လေးကို သိသာထင်ရှားလှပြီး မိုက်ကယ် က သူ့အတွေးတွေကို အခြေခံအားဖြင့် ကြားနေရသလိုမျိုးပဲ။ "ဘယ်သူက ငါ့အိပ်စက်ခြင်းကို နှောင့်ယှက်တာလဲ"

အဲဒီနောက် သူ့အကြည့်တွေက ကာတာရီနာ ဆီကို ရောက်သွားတယ်။ သူက မျက်စိမှေးကြည့်ရင်း "ဘယ်သူ... လဲ... မင်းကို အွတ်... ရင်းနှီးနေသလိုပဲ.." လို့ ပြောလိုက်တယ်။

ဇိုဗီရု ဟာ စကားတွေကို ဗလုံးဗထွေးပြောနေပြီး စကားပြောနေရင်း တစ်ဝက်လောက်မှာတင် အန်ချလိုက်တယ်။ သူက သေချာပေါက် ရှင်းရှင်းလင်းလင်း တွေးတောနိုင်တဲ့ အနေအထားမှာ ရှိမနေဘူး။

ကာတာရီနာ ကတော့ ဒါကို လုံးဝ သဘောမကျပါဘူး။ သူမရဲ့ တဆတ်ဆတ်တုန်နေတဲ့ မျက်လုံးတွေက သူမရဲ့ စိတ်မရှည်မှုကို ပြသနေတယ်။

နဂါးမျိုးနွယ်ဝင် တွေက ဘယ်လောက်တောင် ပေါ့ပေါ့နေတတ်သလဲဆိုတာကို သူမ သိပေမယ့် ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့တော့ သေချာပေါက် မမျှော်လင့်ထားခဲ့ဘူး။

ဇိုဗီရု လိုမျိုး မူးရူးနေတဲ့သူဆီကနေ ဘာမှရလာမှာမဟုတ်တဲ့အတွက် နောက်မှ အချိန်ကောင်းတစ်ခုမှာ ပြန်လာတာက ပိုကောင်းမလားလို့တောင် သူမ တွေးနေမိတယ်။

ဒါပေမဲ့ ဇိုဗီရု က မိုက်ကယ် ဆီကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ကို ချက်ချင်း မှတ်မိသွားတယ်။

"မင်း... မင်းက ပါမောက္ခ နဲ့အတူပါလာတဲ့... ကောင်လေးပဲ။ ဟားဟားဟားဟား။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်"

ဇိုဗီရု က ချက်ချင်းပဲ မတ်တတ်ထရပ်ပြီး မိုက်ကယ် ဆီကို လျှောက်လာကာ သူ့ကျောကို ပုတ်လိုက်တယ်။ သူက အခုထိ အမူးလွန်နေပုံရပေမယ့် အခုတော့ သာမန်လူတစ်ယောက်လို စကားပြောလို့ ရနေပြီ။

ဒီလို ချက်ချင်းကြီး သဘောထားပြောင်းလဲသွားတာက ကာတာရီနာ ကို လုံးဝ အံ့သြသွားစေတယ်။

"မင်းနဲ့ ပါမောက္ခကော ဘယ်လိုနေ... အွတ်။ ဆောရီးပဲ" လို့ ဇိုဗီရု က ပြောရင်း ကျောက်မျက်ရတနာတွေ စီခြယ်ထားပြီး ရှုပ်ထွေးနက်နဲတဲ့ တောအုပ်ပုံစံကို လက်နဲ့ ရေးဆွဲထားတဲ့ ရွှေပန်းအိုးတစ်လုံးကို ကောက်ကိုင်လိုက်ကာ သူ့အန်ဖတ်တွေကို ထွေးထုတ်ဖို့ သုံးလိုက်တယ်။

ရွံစရာကောင်းအောင် တစ်ချီ အန်ထုတ်ပြီးတဲ့နောက်မှာတော့ ဇိုဗီရု က တန်ဖိုးမဖြတ်နိုင်လောက်အောင် ဈေးကြီးတဲ့ အဲဒီပန်းအိုးကို ဘေးကို လွှင့်ပစ်လိုက်ပြီး မိုက်ကယ် ဘက်ကို လှည့်လာတယ်။

အခုတော့ သူ နည်းနည်း အမူးပြေသွားပုံရတာကြောင့် အတော်လေး ကောင်းသွားတယ်။

"ဟားဟားဟားဟား။ မင်းပြောတာ မှန်တယ်။ မော်ရီစီယို တကယ်ပဲ ရှုံးသွားခဲ့တယ်"

ဒါက သတင်းကောင်းပဲ။ ဇိုဗီရု က ဆဂျီယို နဲ့ လုပ်ခဲ့တဲ့ သဘောတူညီချက်ကို မှတ်မိနေတယ်။

"ကျွန်တော် ကံကောင်းသွားတာနေမှာပါ" လို့ သူက ဇိုဗီရု ကို ပြန်ဖြေလိုက်တယ်။

"ကံကောင်းတာပဲဖြစ်ဖြစ် ကံမကောင်းတာပဲဖြစ်ဖြစ် အဲဒါက ငါ့ကို သေချာပေါက် ပွဲကောင်းတစ်ပွဲ ကြည့်ခွင့်ရစေတယ်။ မင်းကို ငါသဘောကျတယ် လူသားလေး။ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကီယို လို့ ခေါ်ပါတယ်"

ဇိုဗီရု က မိုက်ကယ် ရဲ့ ကျောကို ဆက်ပုတ်နေတာကို ကာတာရီနာ က မျက်ခုံးပင့်ပြီး စိုက်ကြည့်နေတယ်။

သူမက နဂါးမျိုးနွယ်ဝင် တွေနဲ့ ရင်းနှီးတယ်။ သူတို့တွေက တစ်စုံတစ်ယောက်ကို ဒီလောက်လွယ်လွယ်နဲ့ သဘောကျတတ်တဲ့ အမျိုးအစားတွေ မဟုတ်ဘူး။ သူတို့က တစ်ယောက်တည်း အချိန်ဖြုန်းရတာကို ပိုသဘောကျတဲ့အတွက် သူတို့နဲ့ ပေါင်းသင်းဆက်ဆံမယ့် လူအုပ်စုကို ရွေးချယ်တဲ့နေရာမှာ အရမ်းကို စိစစ်လေ့ရှိတယ်။ သူတို့ မှတ်မိအောင် ရွေးချယ်တဲ့ လူတွေဆိုရင်တော့ ပိုပြီးတော့တောင် စိစစ်တတ်သေးတယ်။

အခုတော့ ကီယို က အဲဒီလိုလူတွေထဲက တစ်ယောက် ဖြစ်လာပုံရတယ်။

ဒီကောင်လေးဆီမှာ ထူးခြားတာတစ်ခုခု ရှိနေတယ်ဆိုတာကို ပါမောက္ခ တစ်ယောက်တည်းက မြင်နေတာမဟုတ်ဘူး။ ဇိုဗီရု ကလည်း မြင်နေတာပဲ။

ဒီကောင်လေးဆီမှာ သူမ မမြင်နိုင်တဲ့ ထူးခြားချက်တစ်ခုခု ရှိနေတယ်ဆိုတာကို ဒါက ပိုပြီး သက်သေပြနေတယ်။

"ကီယို ဆိုပါလား။ မင်း ဒီကို ဘာလာလုပ်တာလဲ။ အာ။ ဟုတ်သားပဲ။ ရှေးဟောင်းအမွေအနှစ် ပဲ"

ဇိုဗီရု က ချက်ချင်းပဲ အခန်းထဲကို ပတ်ကြည့်လိုက်ပြီး ဟိုတစ်ပုံ ဒီတစ်ပုံ ဖြစ်နေတဲ့ တန်ဖိုးကြီး ရတနာပုံတွေထဲမှာ စတင်ပြီး မွှေနှောက်ရှာဖွေတော့တယ်။

"အဲဒါကို ငါဘယ်နားမှာ ထားလိုက်ပါလိမ့်..." လို့ သူက ရေရွတ်လိုက်တယ်။

နောက်ဆုံးမှာတော့ ဇိုဗီရု ဟာ ငြီးငွေ့လာပြီး အဲဒီအစား ရှာရလွယ်ကူမယ့် နည်းလမ်းကို ရွေးချယ်လိုက်တယ်။

သူ့လက်နှစ်ဖက်ကို မြှောက်ပြီး ကြမ်းပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တဲ့အတွက် ရွှေရတနာပုံကြီးတစ်ခုလုံး လေထဲကို ခဏလောက် မြောက်တက်သွားတယ်။

အရာအားလုံး လေထဲမှာ ပေါလောပေါ်နေတဲ့ အဲဒီအချိန်လေးမှာပဲ ကြမ်းပြင်ပေါ်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတစ်ခုတည်း ရှိနေတယ်။

အဲဒါက တခြားအရာမဟုတ်ဘဲ ဧရာမ အဖြူရောင် ခြေသလုံးရိုး အရိုးကြီး ဖြစ်တဲ့ ရှေးဟောင်းအမွေအနှစ် ပင် ဖြစ်တယ်။

"အာ အဲဒီမှာရှိနေတာကိုး" လို့ ဇိုဗီရု က ပြောရင်း လက်တစ်ဖက်နဲ့ အဲဒါကို ကိုင်လိုက်တယ်။ "ကတိအတိုင်းပဲ ဒီ ရှေးဟောင်းအမွေအနှစ် က အခု ပါမောက္ခ ပိုင်သွားပြီ။ သူ ဘယ်မှာလဲ"

"သူ အလုပ်ကိစ္စနဲ့ အပြင်သွားနေတယ်" လို့ ကာတာရီနာ က ဖြေလိုက်တယ်။ "အဲဒါကို ကျွန်မဆီ ပေးလို့ရပါတယ်"

ဒါပေမဲ့ သူမက သူ့လက်ထဲက ရှေးဟောင်းအမွေအနှစ် ကို ယူဖို့လုပ်လိုက်တဲ့ အချိန်မှာပဲ သူက အဲဒါကို နောက်ကို ဆွဲဖယ်လိုက်တယ်။

"မင်းကို... ငါမသိဘူး" လို့ သူက ပြောတယ်။ "ဒီ ရှေးဟောင်းအမွေအနှစ် က ပါမောက္ခ ပိုင်တာ။ ပြီးတော့ မင်း အဲဒီမှာရှိနေခဲ့တယ်ဆိုတာကို ငါ မမှတ်မိဘူး"

အဲဒီနောက် သူက မိုက်ကယ် ဘက်ကို လှည့်လာတယ်။ "ဒီ ရှေးဟောင်းအမွေအနှစ် က လောလောဆယ် မင်းအတွက်ပဲ။ ပါမောက္ခ ပြန်လာရင် သူ့ကို ပေးလိုက်"

မိုက်ကယ် က သူ့ရှေ့မှာရှိနေတဲ့ ဧရာမ အရိုးဖြူကြီးကို စိုက်ကြည့်နေတယ်။ အနီးကပ်ကြည့်လိုက်တော့ အပေါ်ယံမှာရှိနေတဲ့ ခြစ်ရာထောင်ပေါင်းများစွာကို သူ မြင်တွေ့နိုင်ပြီး တချို့က လက်မအနည်းငယ်လောက် နက်ပေမယ့် တချို့ကတော့ အပေါ်ယံလောက်သာ ရှိတယ်။

သူက လက်ကို ဆန့်ထုတ်ဖို့ တုံ့ဆိုင်းနေတယ်။

ဘာပဲဖြစ်ဖြစ် ဒီ ရှေးဟောင်းအမွေအနှစ် မှာ ထူးဆန်းတဲ့ တန်ခိုးစွမ်းရည် တစ်ခု ကိန်းအောင်းနေတယ်ဆိုတာကို သူ သိထားတယ်လေ။ အဲဒါက အမွေဆက်ခံဖို့ ထိုက်တန်မှု ရှိမရှိ သိရအောင် ထိတွေ့မိသူတိုင်းရဲ့ သွေးကို စမ်းသပ်လေ့ရှိတယ်။

* * * * * * * *

စာစဉ်(၆၆)

အခန်း(၇၈၈)

ပုံမှန်ဆိုရင်တော့ မိုက်ကယ် က ဒီအခွင့်အရေးကို ချက်ချင်းလက်ဝိုင်းဖမ်းမိမှာပဲ။ ဒါပေမဲ့ ဒီ ရှေးဟောင်းအမွေအနှစ် ကို ထိလိုက်ရင် ဒီအခန်းထဲမှာရှိနေတဲ့ လူတွေအားလုံး မြင်နိုင်တဲ့ တုံ့ပြန်မှုတစ်ခုခုများ ဖြစ်လာမလားဆိုတာကို သူ သေချာမသိဘူးလေ။

ဒီအမွေအနှစ်က ကောင်းမလား ဆိုးမလားဆိုတာကိုတောင် သူ မသိဘူး။ ထောင်ချောက်တစ်ခုလည်း ဖြစ်နေနိုင်တာပဲ။

| အဲဒါကို ထိလိုက် | လို့ ဟာဘင်ဂျာ က တိုက်တွန်းတယ်။ သူ့အသံမှာ စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေ ပါနေတယ်။

| အဲဒီအထဲမှာ ငါနဲ့ ရင်းနှီးနေတဲ့ အရာတစ်ခုခုကို ခံစားမိတယ် |

'ရင်းနှီးနေတဲ့ အရာတစ်ခုခု ဟုတ်လား။ ဘာကိုပြောတာလဲ'

| ဒီအတိုင်းလေး ထိလိုက်စမ်းပါ။ အန္တရာယ် မရှိနိုင်ပါဘူး။ အနည်းဆုံးတော့ မင်းအတွက်ပေါ့။ ငါတို့ရဲ့ ထူးခြားတဲ့ အခြေအနေကြောင့် ဒီလမ်းကြောင်းထဲကနေ ဘေးကင်းကင်းနဲ့ ဖြတ်သွားနိုင်လိမ့်မယ် |

မိုက်ကယ် မျက်ခုံးပင့်သွားတယ်။ 'လမ်းကြောင်း ဟုတ်လား'

သူ့ရဲ့ သိချင်စိတ်ကို ဆက်ပြီး မထိန်းထားနိုင်တော့တဲ့အဆုံးမှာတော့ ရှေးဟောင်းအမွေအနှစ် ဆီကို လက်လှမ်းလိုက်တယ်။

သူ့လက်ချောင်းထိပ်လေးတွေ အရိုးရဲ့ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ထိတွေ့သွားချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံးမှာရှိနေတဲ့ အရာရာပေါင်းများစွာကို သူ ခံစားလိုက်ရတယ်။ အဲဒီအရာရာတွေ အားလုံးက ထက်မြက်နေတယ်။ အဏုကြည့်မှန်ပြောင်းနဲ့သာ သေချာကြည့်မယ်ဆိုရင် မျက်နှာပြင်တစ်ခုလုံး အကြွင်းမဲ့ ကွဲကွာနေတာကို မြင်ရလိမ့်မယ်လို့ သူ ခန့်မှန်းမိတယ်။ သာမန်လက်နက်မျိုးနဲ့ဆိုရင် ဒီလောက် ပြီးပြည့်စုံတဲ့ ဖြတ်ရာမျိုး ရနိုင်မှာ မဟုတ်ဘူး။

[ခွင့်ပြုချက်မရှိဘဲ သွေးယူဆောင်မှုကို ထောက်လှမ်းတွေ့ရှိပါသည်] လို့ နိုဗာ က သတိပေးတယ်။ [စနစ်ရဲ့ လုံခြုံရေးကို ယာယီ ပိတ်ထားချင်ပါသလား]

[ပိတ်ထားလိုက်ပါ]

နိုဗာ က မိုက်ကယ် ရဲ့ စကားကို စောင့်ရင်း တိတ်ဆိတ်နေတယ်။

"လုပ်လိုက်" လို့ သူ က ပြောလိုက်တယ်။

သူ့လက်တွေကို ဝန်းရံထားတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ရောင်စဉ်တန်းအကာအကွယ် ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် လက်ညှိုးမှာ စူးခနဲ ဖြစ်သွားတာကို သူ ချက်ချင်း ခံစားလိုက်ရတယ်။ အကြွင်းမဲ့သဟဇာတအကာအကွယ်ကို ပိတ်လိုက်တဲ့အတွက် ပြင်ပစွမ်းအားတစ်ခုက သူ့ကို အပ်နဲ့ ထိုးသလိုမျိုး ဒဏ်ရာရသွားစေတာပဲ။

သွေးတစ်စက်က ရှေးဟောင်းအမွေအနှစ် ရဲ့ မျက်နှာပြင်ပေါ်ကို ကျသွားပြီး အရိုးတစ်ဝိုက်က အရာရာတွေထဲကို ချက်ချင်း စိမ့်ဝင်သွားတယ်။

အဲဒီနောက် ရုတ်တရက် သူ့ရဲ့ သူငယ်အိမ်တွေ ကျယ်လာပြီး မျက်ဝန်းတွေနဲ့ အရွယ်အစား အတူတူလောက်နီးပါး ဖြစ်သွားတယ်။

သူ့အမြင်အာရုံတွေ ဝါးလာပြီး သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်လာတယ်။ တော်တော်လေးကို မူးနောက်ချင်စရာကောင်းတယ်။

'ဟာဘင်ဂျာ ဘာတွေဖြစ်နေတာလဲ'

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ငါတို့ ခရီးထွက်ရတော့မယ် |

ဟာဘင်ဂျာ အဲဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် မယုံနိုင်စရာကောင်းတဲ့ ဆွဲငင်အားတစ်ခုက မိုက်ကယ် ကို အရိုးဆီကို ဆွဲယူသွားတော့တယ်။ ရှေးဟောင်းအမွေအနှစ် ကြီးက တွင်းနက်ကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး အလင်းတောင် မလွတ်မြောက်နိုင်လောက်တဲ့ ပြင်းထန်တဲ့ အားတစ်ခုနဲ့ သူ့ကို ဆွဲသွင်းနေသလို သူ ခံစားလိုက်ရတယ်။

သူ့အမြင်အာရုံတစ်ခုလုံး အမည်းရောင်ဖြစ်သွားတဲ့အထိ အရိုးဆီကို အရှိန်နဲ့ ပြေးဝင်သွားချိန်မှာတော့ တစ်ကမ္ဘာလုံး ဝါးထွက်သွားတယ်။

တစ်စက္ကန့်အကြာမှာတော့ သူ ရှေ့ကို ယိုင်သွားပြီး သူ့ခြေထောက်အောက်က ခိုင်မာတဲ့ မြေကြီးကို နောက်ဆုံးမှာ ခံစားလိုက်ရတယ်။

သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်ဖို့အတွက် တစ်စက္ကန့်လောက် အချိန်ယူလိုက်ရတယ်။ အဲဒီ 'ခရီးစဉ်' အသေးစားလေးအပြီးမှာ သူ နည်းနည်း မူးနောက်နောက် ဖြစ်နေတုန်းပဲ။

'ဟူး... ငါ ဘယ်ရောက်နေတာလဲ'

သူ ပတ်ဝန်းကျင်ကို စတင်ကြည့်ရှုလိုက်တဲ့အခါ သူ့ပတ်ပတ်လည်မှာ ရွှေရောင်အနားကွပ်ထားတဲ့ အလင်းပြန်နိုင်တဲ့ မီးတောင်မှန်ကျောက် တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ လွင့်မျောနေတဲ့ အပျက်အစီးတွေကိုပဲ တွေ့လိုက်ရတယ်။

အမည်းရောင်စစ်စစ် ကောင်းကင်ယံမှာ အမိုးကြွေပြားတွေက ရည်ရွယ်ချက်မရှိ လွင့်မျောနေပြီး ပြတ်တောက်နေတဲ့ လသာဆောင်တစ်ခုက ပြောင်းပြန်တွဲလောင်းကျနေတယ်။ အဆုံးသတ်မရှိတဲ့ ကျယ်ဝန်းတဲ့ လှေကားအကွေ့အကောက်ကြီးတစ်ခုက အပေါ်ကို တက်သွားပေမဲ့ ကျန်တဲ့အပိုင်းတွေကတော့ အပိုင်းပိုင်းကွဲထွက်ပြီး လေထဲမှာ လွင့်မျောနေတယ်။

မားမားမတ်မတ် ရပ်တည်နေတဲ့ တစ်ခုတည်းသောအရာကတော့ ရွှေရောင်အစင်းကြောင်းတွေပါတဲ့ အဲဒီ မီးတောင်မှန်ကျောက် လိုမျိုး ပစ္စည်းနဲ့ လုပ်ထားတဲ့ ကျောက်တိုင်ကြီးတစ်ခုပဲ ဖြစ်တယ်။ အဲဒီကျောက်တိုင်မှာ ဟောင်းနွမ်းပျက်စီးနေတဲ့ အရိပ်အယောင် လုံးဝမရှိဘဲ မကြာသေးခင်ကမှ ဖန်တီးထားသလိုမျိုး ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေတယ်။

"ဒီမှာ ကမ္ဘာ့ဆွဲအား မရှိဘူးပဲ" လို့ သူ မှတ်ချက်ချလိုက်တယ်။ သူ အလေးချိန်မဲ့နေသလို ခံစားနေရတယ်။ အာကာသထဲမှာ ပျံသန်းနေရသလိုမျိုး ဘာကန့်သတ်ချက်မှမရှိဘဲ အရပ်မျက်နှာအားလုံးကို လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။

ကောင်းကင်ကြီးက လုံးဝ အမည်းရောင်နဲ့ မှောင်မည်းနေတာကို ကြည့်ပြီး သူ အာကာသထဲ ရောက်နေတယ်လို့ ထင်ကောင်းထင်မိမှာပဲ။ ဒါပေမဲ့ ကောင်းကင်ယံမှာ ပြည့်နှက်နေရမယ့် ကြယ်တွေ ဒါမှမဟုတ် ကောင်းကင်တန်ဆာတွေ တစ်ခုမှ မရှိတာကလွဲရင်ပေါ့။ ပတ်ဝန်းကျင်တစ်ခုလုံးက ခြောက်ကပ်နေတယ်။

"ဒါက တစ်ယောက်ယောက်က ငါ့ကို ဆွဲထုတ်သွားတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုပဲလား"

ဒီလို အတင်းအကျပ် နေရာရွှေ့ပြောင်းခံရတာက သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကူနို က သူ့ကို အဲဒီလို လုပ်ခဲ့ဖူးတယ်လေ။

ဒါပေမဲ့ အခုအခြေအနေကတော့ ကွဲပြားတယ်လို့ သူ ခံစားရတယ်။ ဒီနေရာလိုမျိုး ကမ္ဘာ့ဆွဲအားမရှိတဲ့ နေရာဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးဆိုတာ သူ သိထားတယ်။

ဘာပဲဖြစ်ဖြစ် သူ ပထမဆုံး စစ်ဆေးချင်တဲ့အရာကတော့ ဒီနေရာကနေ ထွက်သွားလို့ရမလား ဆိုတာကိုပဲ။

သူ မျက်လုံးမှိတ်ပြီး သူ့ရဲ့ အထွတ်အထိပ်ပါရမီ ကို အသုံးပြုလိုက်တယ်။ ရီနေးတားနိုင်ငံ မှာ သူ ချန်ခဲ့တဲ့ အရိပ်တွေနဲ့ ချိတ်ဆက်လို့ရမလားဆိုတာကို သိဖို့အတွက် လေထဲမှာရှိတဲ့ မှော်စွမ်းအင် အမှုန်လေးတွေ အားလုံးကို အာရုံခံလိုက်တယ်။

ကွဲပြားတဲ့ မှော်စွမ်းအင် ဒြပ်စင်တွေကို ကိုယ်စားပြုတဲ့ အရောင်အသွေးစုံလင်တဲ့ မှော်စွမ်းအင် အစက်အပြောက်လေးတွေ သူ့အမြင်အာရုံထဲမှာ ပေါ်လာတယ်။ အဲဒါက

'အနည်းဆုံးတော့ ဒီမှာရှိတဲ့ မှော်စွမ်းအင် သိပ်သည်းဆက ပုံမှန်ပါပဲ'

သူ သိနိုင်သလောက်တော့ ကူနို ရဲ့ မြေအောက်ရဲတိုက်မှာလို သူ့ကို ဒီနေရာမှာ ပိတ်လှောင်ထားတဲ့ မှော်ပညာ တစ်နည်းအားဖြင့် မှော်စွမ်းအင် ဒါမှမဟုတ် တန်ခိုးစွမ်းရည် တစ်ခုမှ မရှိဘူး။ သီအိုရီအရဆိုရင်တော့ သူ လိုချင်တဲ့အချိန်တိုင်း ဒီကနေ ထွက်သွားလို့ရတယ်။

မျှော်လင့်ချက်တွေနဲ့အတူ သူ မှော် မန္တန် တစ်ခုကို ဖန်တီးဖို့ ကြိုးစားလိုက်တယ်။

အဲဒီ မှော်စွမ်းအင် အလုံးလေးတွေ အားလုံးက သူ့ခန္ဓာကိုယ်ဆီကို လွင့်မျောလာပြီး အသဘာဝအကျဆုံးနည်းလမ်းနဲ့ သူ့အသားအရေထဲကို စိမ့်ဝင်သွားတယ်။ သူ့ခန္ဓာကိုယ်က အခုတော့ အဖြူရောင်အလင်းတန်းလေးတွေနဲ့ တောက်ပနေတယ်။

သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် တွေ ပြည့်ဝသွားတဲ့အချိန်မှာတော့ သူ့ခြေထောက်အောက်မှာ အမည်းရောင် မှော်စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်တယ်။

အဲဒီလိုလုပ်လိုက်တာကြောင့် သူ့ရဲ့ ကိုယ်ပိုင်အရိပ်က လှုပ်ရှားလာပြီး အပြင်ဘက်ကို ကျယ်ပြန့်သွားတယ်။ အဲဒီအရိပ်က ဒိုင်မန်းရှင်းနှစ်ခုရဲ့ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပိုးအိမ်တစ်ခုလိုမျိုး ဖုံးလွှမ်းသွားတယ်။

သူ့ရဲ့ မှော်စွမ်းအင် က အမြင့်ဆုံးအမှတ်ကို ရောက်သွားတဲ့အခါ သူ့အရိပ်ကို ဒီဒိုင်မန်းရှင်းကို ကျော်လွန်ပြီး သူ့ကို ရီနေးတားနိုင်ငံ ဆီ ပြန်ခေါ်သွားဖို့ အမိန့်ပေးလိုက်တယ်။

ပတ်ဝန်းကျင်က မှော်စွမ်းအင် တွေ ပိုပိုပြီး ပြင်းထန်တဲ့ ဆွဲငင်အားတစ်ခုနဲ့ သူ့ဆီကို ပြေးဝင်လာတယ်။

အဲဒီပိုးအိမ်က အောက်ခြေကနေ စတင်ပြီး ဖြည်းဖြည်းချင်း အပေါ်ကို ရောက်တဲ့အထိ အဖြူရောင် တောက်ပလာတယ်။

ဒါပေမဲ့ အလင်းရောင်က တစ်ဝက်လောက် ရောက်သွားချိန်မှာပဲ သူ မှော်စွမ်းအင် ကို ဆက်ပြီး မထောက်ပံ့ပေးနိုင်တော့တာကို ရုတ်တရက် တွေ့လိုက်ရတယ်။

မိုက်ကယ် က မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ဒီနေရာမှာရှိတဲ့ မှော်စွမ်းအင် တွေ အားလုံး ပျောက်ကွယ်သွားပြီဆိုတာကို သတိထားမိလိုက်တယ်။

အဲဒါတွေအားလုံးက အရိပ် နေရာရွှေ့ပြောင်းခြင်း မန္တန် ကို ငါးဆယ် ရာခိုင်နှုန်းလောက်ပဲ လုပ်ဆောင်နိုင်ဖို့အတွက် အသုံးပြုသွားတာပဲ။

မိုက်ကယ် မယုံနိုင်အောင် ဖြစ်သွားတယ်။ 'ငါ ဘယ်ရောက်နေတာလဲ'

ဒီ မန္တန် အတွက် လိုအပ်တဲ့ မှော်စွမ်းအင် ပမာဏက မယုံနိုင်လောက်အောင်ကို ကြီးမားလွန်းတယ်။ သူ အယ်လ်ဖ်ဘုရင့်နိုင်ငံ ထဲက တားမြစ်ကျွန်း ကို ခရီးသွားတုန်းကထက်တောင် အများကြီး ပိုများနေသေးတယ်။ ပြီးတော့ သူတွေ့ခဲ့တဲ့ မြေပုံတွေအရဆိုရင် အဲဒါက တစ်ကမ္ဘာလုံးရဲ့ တစ်ဝက်လောက်ကို ရောက်နေပြီလေ။

ဒါက အဓိပ္ပာယ်တောင် မရှိဘူး။ ဒီ နေရာရွှေ့ပြောင်းခြင်းက သူ အယ်လ်ဖ်ဘုရင့်နိုင်ငံ ကို ခရီးသွားတုန်းကထက် အနည်းဆုံး နှစ်ဆလောက် ပိုလိုအပ်နေတယ်။

ဆိုလိုတာက ဒီနေရာက အယ်လ်ဖ်ဘုရင့်နိုင်ငံ နဲ့ တော်ဝင်တိုက်ကြီး တို့ထက် အနည်းဆုံး နှစ်ဆလောက် ပိုဝေးရမယ်။

ဒါပေမဲ့ အဲဒီထက် ပိုဝေးနိုင်တဲ့နေရာဆိုတာ မရှိတော့ဘူး။

သူ ကောက်ချက်ချနိုင်တဲ့ တစ်ခုတည်းသောအရာက ဒါဟာ မှော်ကမ္ဘာငယ်လေး တစ်ခု ဖြစ်ရမယ်ဆိုတာပဲ။ ရှေးဟောင်းအမွေအနှစ် ကို ရှေးဦးခေတ် တုန်းက ဖန်တီးခဲ့တာဖြစ်တဲ့အတွက် သူ့ကို အခုလို အဝေးကြီးကို ရောက်သွားစေတဲ့ မှော်ပညာ တစ်မျိုးမျိုး အဲဒီအထဲမှာ ပါနေတာလည်း ဖြစ်နိုင်တယ်။

"ဟာဘင်ဂျာ ငါ ဒီနေရာကနေ ဘယ်လို ထွက်ရမလဲ"

သူ အခုထိတော့ ထိတ်လန့်မသွားသေးဘူး။ ဟာဘင်ဂျာ က သူ့ကို ရှေးဟောင်းအမွေအနှစ် ကို ထိဖို့ တိုက်တွန်းခဲ့တာဖြစ်တဲ့အတွက် သူ့ရဲ့ ဒီဗာ က ဘာလုပ်နေလဲဆိုတာကို သိပြီး အဲဒီစက်ရုပ်ရဲ့ ခေါင်းထဲမှာ ထွက်ပေါက်အစီအစဉ် တစ်ခုခုတော့ ရှိလိမ့်မယ်လို့ သူ ယူဆလိုက်တယ်။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ငါက ဘယ်လိုလုပ် သိမှာလဲ |

မိုက်ကယ် သူ့နဖူးသူ ပြန်ရိုက်လိုက်တယ်။

| စိတ်မပူပါနဲ့။ ဒီနေရာက လွတ်မြောက်ဖို့အတွက် ဖန်တီးထားတဲ့ပုံ မပေါ်ဘူး။ အောင်နိုင်ဖို့အတွက် ဖန်တီးထားတဲ့ပုံပဲ။ ဟို ကျောက်တိုင်ကြီးကို ကြည့်လိုက် |

သူ ဟာဘင်ဂျာ ညွှန်ကြားတဲ့အတိုင်း ကျောက်တိုင်ကြီးကို စိုက်ကြည့်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ ကံကောင်းထောက်မစွာနဲ့ ဒီနေရာကို သူနဲ့အတူ ရောက်လာတဲ့ ဒရုန်း ကို သူ ထုတ်လိုက်တယ်။

သူ့ရဲ့ ဒရုန်းအမြင်အာရုံ ကို အသုံးပြုလိုက်တဲ့အခါ အံ့ဩစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ရုတ်တရက် တွေ့လိုက်ရတယ်။

အဲဒီကျောက်တိုင်ကြီးက တန်ခိုးစွမ်းရည် တွေနဲ့ ပြည့်နှက်နေတာပဲ။

တန်ခိုးစွမ်းရည် တွေ ပြည့်နေတဲ့ ပစ္စည်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါတွေကို မက်ဂ်နက်တစ် တွေ ဒါမှမဟုတ် မှော်သားရဲ တစ်ပိုင်းသတ္တဝါ တွေဆီမှာပဲ တွေ့ရသင့်တာလေ။

ဒါပေမဲ့ ကျောက်တိုင်ကြီးနဲ့ ပတ်သက်ပြီး အံ့ဩစရာကောင်းတဲ့ အရာက တန်ခိုးစွမ်းရည် တွေ ရှိနေတာ တစ်ခုတည်း မဟုတ်ဘူး။

အဲဒါတွေ စီစဉ်ထားတဲ့ ပုံစံကြောင့်ပဲ။

သူ့ရဲ့ ဒရုန်းအမြင်အာရုံက တန်ခိုးစွမ်းရည် ကြိုးမျှင်လေးတွေကို ရင်းနှီးနေတဲ့ ပုံစံတွေအဖြစ် စီစဉ်ထားတာကို မြင်တွေ့ခွင့်ပေးလိုက်တယ်။

အဲဒီတည်ဆောက်ပုံရဲ့ အလယ်ဗဟိုမှာတော့ လက်ဗွေရာတစ်စုံရှိနေပြီး ဘေးပတ်ပတ်လည်ကနေ အဲဒီဆီကို ညွှန်ပြနေတဲ့ မြားတွေလည်း ပါရှိတယ်။

* * * * * * * *

All Chapters