← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉)

အခြားစမ်းချောင်းငယ်လေးတစ်ခုဘေးတွင် ငါးဖမ်းနေကြသော ဝမ်တာ့လီနှင့် ဟွမ်လဲ့တို့မှာတော့ ထိုမျှလောက် ကံမကောင်းကြပေ။

သူတို့နှစ်ဦး အိမ်တွင် သင့်တော်သော ပိုက်များကို ရှာတွေ့ချိန်တွင် နာရီဝက်ကျော်ခန့် ကြာမြင့်သွားခဲ့လေပြီ။

သူတို့နှစ်ဦးမှာ စိုးရိမ်ပူပန်နေကြပြီး စမ်းချောင်းဘေးသို့ ချက်ချင်းပြေးသွားချင်စိတ် ပေါက်နေကြသည်။

“ဆရာဟွမ်၊ ဒီရာသီမှာ မြစ်ရေက တော်တော်လေးအေးတယ်နော်၊ နောက်မှ ကျွန်တော်တို့ မိုးတွင်းစီးဖိနပ်တွေဝတ်ပြီး မြစ်ထဲဆင်းတဲ့အခါ ဖိနပ်ထဲ ရေမဝင်အောင် သတိထားရမယ်”

ဝမ်တာ့လီက သေချာသတိပေးလိုက်လေ၏။

ဤအပြုအမူက အွန်လိုင်းအသုံးပြုသူများထံမှ ကောင်းမွန်သော ခံစားချက်များကို ရရှိစေခဲ့သည်။

“ဒီသာမန်လူက တော်တော်လေးကောင်းတာပဲ၊ ဒီလို သေးငယ်တဲ့ အသေးစိတ်လေးတွေကိုတောင် ဆရာဟွမ်ကို သတိပေးနေတယ်”

“ဒီသာမန်လူကို ကြည့်ရတာ ရိုးသားပြီး ဖြူစင်တဲ့ပုံစံမျိုးလို့ ငါလည်းထင်တယ်၊ ဆရာဟွမ်က သူနဲ့ အဖွဲ့တွဲရတာ တော်တော်လေးကောင်းပါတယ်”

“တကယ်တော့ ဆရာဟွမ်နဲ့ ဒီသာမန်လူအတွက် ငါ နည်းနည်းစိုးရိမ်မိတယ်၊ ဒီရာသီကြီးမှာ ငါးဖမ်းတာ တကယ်ပဲ အဆင်ပြေပါ့မလား”

“ငါက ကျေးလက်ကပါ၊ ဒီရာသီမှာ မြစ်ရေက တော်တော်လေး စီးဆင်းမှုမြန်နေတုန်းပဲ၊

သတိမထားရင် ချော်လဲဖို့လွယ်တယ်၊ သူတို့ အခုသွားတဲ့ စမ်းချောင်းက မနက်ပေမဲ့လည်း နည်းနည်းတော့ အခက်အခဲ ရှိတယ်”

“မတတ်နိုင်ဘူးလေ၊ ငါးရဲ့ တန်ဖိုးက သာမန်တောသစ်သီးတွေ ဘာတွေထက် ပိုမြင့်တယ်မလား၊ အန္တရာယ်များလေလေ ဆုကြေးတွေ ပိုရလေလေပဲပေါ့”

ဝမ်တာ့လီကတော့ ကြိုတွေးထားပြီးဖြစ်သည်။

ကင်မရာရှေ့တွင် ပြီးပြည့်စုံသော ပုံရိပ်တစ်ခုကို သူ သေချာပေါက် ပြသရပေမည်။

ထို့ကြောင့် သူက ဆရာဟွမ်အရှေ့တွင် ရေထဲသို့ အရင်ဆုံး ဆင်းလိုက်လေ၏။

“ဆရာဟွမ်၊ ကျွန်တော် အရင်သရုပ်ပြပါ့မယ်”

ဝမ်တာ့လီသည် ငါးဖမ်းပိုက်ကို သတိကြီးစွာ ကိုင်ဆောင်ထားပြီး မြစ်ထဲရှိ သင့်လျော်သောအချိန်ကို ချိန်ရွယ်လိုက်လေ၏။

သို့သော် ရေထဲရှိ ငါးများမှာ အလွန် လျင်မြန်လွန်းလှသည်။ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်သွက်လက်ကြသည်။ ဝမ်တာ့လီသည် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ကြိုးစားပြီးမှသာ ငါးတစ်ကောင်ကို ဖမ်းမိခဲ့လေသည်။

‘အဲဒါက ဆယ့်ငါးစင်တီမီတာလောက်ပဲ ရှည်တဲ့ပုံပဲ'

ဝမ်တာ့လီသည် အတင်းပြုံးလိုက်ပြီး မေးလိုက်လေ၏။

“ဆရာဟွမ်၊ ခင်ဗျားလည်း စမ်းကြည့်ချင်လား”

မူလက ကင်မရာအရှေ့တွင် သူ၏စွမ်းရည်ကို ပြသချင်ခဲ့သော်လည်း ဤငါးများက ဤမျှ ပူးပေါင်းဆောင်ရွက်မှု မရှိကြလိမ့်မည်ဟု မည်သူကသိမည်နည်း။

‘ကံကောင်းလို့ ငါ တစ်ကောင်မှ မမိတဲ့ အခြေအနေ မဖြစ်သွားလို့ပေါ့၊ မဟုတ်ရင် အရှက်ကွဲစရာကြီး ဖြစ်နေမှာမဟုတ်ဘူးလား'

ဟွမ်လဲ့က ရေထဲတွင် ပရမ်းပတာလှုပ်ရှားနေသည်ကို သူ စောင့်ကြည့်နေလိုက်သည်။ မူလက ရေထဲတွင် ရှိနေသော ငါးများအားလုံးမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေပြီ။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူ၏ရင်ထဲတွင်မူ ဤတုံးအသောအသင်းဖော်အပေါ် အနည်းငယ် အထင်သေးမိသွား၏။

‘ဟွမ်လဲ့က ‘Exchange Life’ ရဲ့ အမြဲတမ်း ဧည့်သည်လေ၊ ဘယ်လိုလုပ်ပြီး ဒီလောက် သေးငယ်တဲ့ ကိစ္စလေးကိုတောင် သေချာမလုပ်နိုင်ရတာလဲ'

‘ဘာလို့ လင်းယန်ကများ ဆရာဟယ်နဲ့ တွဲရလောက်အောင် ကံကောင်းနေရတာလဲ'

‘ဆရာဟယ်နဲ့ ဟွမ်လဲ့တို့ရဲ့ အရင်က တီဗီအစီအစဉ်တွေကို ငါ အထူးတလည် လေ့လာထားခဲ့တယ်လေ'

‘တချို့ တီဗီအစီအစဉ်တွေမှာ ဆရာဟယ်က ရေထဲဆင်းပြီးငါးဖမ်းတဲ့နေရာမှာ တော်တော်လေးကျွမ်းကျင်တယ်ဆိုတာကို ပြသခဲ့တယ်'

‘တောသစ်သီးခူးဖို့ သစ်ပင်တက်တာပဲဖြစ်ဖြစ်၊ ငါးဖမ်းဖို့ ရေထဲဆင်းတာပဲဖြစ်ဖြစ်၊ ဆရာဟယ်အတွက်တော့ အကုန်လုံးက လွယ်ကူနေတာပါပဲ'

တစ်ဖက်မှာကျတော့ ဒီဟွမ်လဲ့က ဟင်းချက်တဲ့နေရာမှာ အားသာချက်နည်းနည်းရှိတာကလွဲပြီး တခြားဘာကျွမ်းကျင်မှုမှ မရှိသလိုပဲ...

‘သူနဲ့ ပါတနာ လုပ်ရတာက ကိုယ့်အတွက် အကြီးအကျယ်နစ်နာတာ မဟုတ်ဘူးလား'

ဟွမ်လဲ့သည် သူ့ပါတနာက သူ့အား မနှစ်မြို့နေသည်ကို မသိရှာဘဲ ငါးဖမ်းရန် အလွန်ကြိုးစားအားထုတ်နေလေ၏။

“ဘာလို့ ဒီငါးတွေက ဒီလောက်တောင် သွက်နေရတာလဲ”

အချိန်အတော်ကြာ ငါးဖမ်းပြီးနောက် ငါးတစ်ကောင်မှ မမိသောအခါ ဟွမ်လဲ့မှာ အနည်းငယ် စိတ်ဓာတ်ကျလာမိတော့သည်။

မှတ်ချက်များက ဟွမ်လဲ့ကို တစ်ခုပြီးတစ်ခု စတင် နှစ်သိမ့်လာကြလေ၏။

“ဆရာဟွမ်၊ စိတ်မပူပါနဲ့၊ မြစ်ထဲက ငါးတွေက အဲဒီလိုပါပဲ၊ အဲဒါ ခင်ဗျားရဲ့ ပြဿနာမဟုတ်ပါဘူး၊ ဒီငါးတွေက အရမ်း သွက်လွန်းနေတာပါ”

“ဟုတ်တယ်၊ ငါက ကျေးလက်မှာ ကြီးပြင်းလာတာ၊ အသက် သုံးနှစ်အရွယ်ကတည်းက ငါးဖမ်းတတ်နေပြီ၊

ဒါပေမဲ့ တစ်ခါဖမ်းရင် ငါးနည်းနည်းပဲ မိတာ၊ ဒီငါးတွေက ငါးရှဉ့်တွေလိုပဲ၊ ဖမ်းမိရင်တောင် လက်ထဲကနေ ချော်ထွက်သွားလိမ့်မယ်”

“ဆရာဟွမ်အတွက် ငါ တကယ် စိတ်မကောင်းဖြစ်မိတယ်၊ သူ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့တာ သိသာပါတယ်”

“ပြီးပြီ... ဆရာဟွမ်တို့အဖွဲ့များ နောက်ဆုံးအဆင့် ရသွားမလား”

“ဆရာဟွမ်က ပင်ပန်းလွန်းလို့ ချွေးတွေနဲ့ ရွှဲနစ်နေပြီ၊ နောက်ဆုံးအဆင့် ရသွားရင်လည်း ရပါစေ၊ ပထမဆုံး တာဝန်မှာ ပထမရတာက ဘာကိုမှ မဆိုလိုပါဘူး”

လိုက်ဖ်လွှင့်မှု အခန်းအတွင်းရှိ ပရိသတ် အများစုမှာ ဆရာဟွမ် ဤမျှလောက် ပင်ပန်းနေရသဖြင့် သနားနေကြလေ၏။

သို့သော် ဘေးရှိ ဝမ်တာ့လီကမူ ထိုသို့မတွေးခဲ့ပေ။

‘ပထမဆုံး တာဝန်မှာ ပထမ မရခဲ့ရင် သူက လင်းယန်ကို အစကတည်းက ရှုံးနေတယ်ဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား' ဆိုသည်ကိုပဲ သူ သိလေသည်။

‘ဒီလိုမျိုးဖြစ်လာလို့မဖြစ်ဘူး'

‘ပထမဆုအတွက် ဆုကြေးက ဘာလဲဆိုတာကို အစီအစဉ် ထုတ်လုပ်ရေးအဖွဲ့က မပြောထားပေမဲ့ လင်းယန် အနားယူနေတဲ့ အချိန်လေးမှာ တစ်ဖက်လူကို ငါ ကျော်တက်နိုင်ခဲ့ပြီးပြီလေ'

ဒီကိစ္စလေးကြောင့် ငါ့အဆင့်သတ်မှတ်ချက်ကို ထပ်ပြီး မကျဆင်းစေချင်ဘူး'

“ဆရာဟွမ်၊ ခင်ဗျား ပင်ပန်းနေရင် ဘေးမှာ အရင်နားနေလို့ရပါတယ်၊ လောလောဆယ် ကျွန်တော်တစ်ယောက်တည်း ငါးဖမ်းလိုက်ပါ့မယ်”

ဝမ်တာ့လီ၏သဘောထားမှာ ညင်သာနေသဖြင့် ယင်းက ဟွမ်လဲ့ကို အနည်းငယ်အပြစ်ရှိသလို ခံစားသွားစေခဲ့သည်။

“တောင်းပန်ပါတယ် တာ့လီ၊ မင်းကို ငါ ဒုက္ခပေးနေသလိုဖြစ်နေပြီ”

ဝမ်တာ့လီ၏ မျက်နှာပေါ်တွင် ဂရုမစိုက်သည့်အမူအရာ ပေါ်လွင်နေလေ၏။

“ဆရာဟွမ်၊ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် ဖိအားတွေ မပေးပါနဲ့၊ ပြိုင်ပွဲအဆင့်သတ်မှတ်ချက်က အရေးမကြီးပါဘူး”

“ခင်ဗျား ခဏလောက်နားလိုက်ပါ၊ ကျွန်တော် ခဏလောက် ထပ်ဖမ်းကြည့်လိုက်ဦးမယ်၊ အဆင်မပြေရင် ကျွန်တော်တို့ ပြန်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နောက်ကျလို့တော့မဖြစ်ဘူး”

ဟွမ်လဲ့သည် ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

သို့သော် အပြောင်းအလဲမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပေါ်လာခဲ့သည်။

သူ အပေါ်တက်ရန် ပြင်ဆင်နေစဉ် ကျောက်တုံးတစ်တုံးကို တက်နင်းမိကာ ခြေချော်ပြီး ရေထဲသို့ ဖင်ထိုင်လျက်လဲကျသွားလေတော့သည်။

ယင်းက ဝမ်တာ့လီကို လန့်ဖျပ်သွားစေပြီး ဟွမ်လဲ့ကို ကူညီထူမပေးရန် သူ့လက်ထဲရှိ တံငါပိုက်ကို အလျင်အမြန် ပစ်ချလိုက်လေ၏။

“ဆရာဟွမ်၊ အဆင်ပြေရဲ့လား”

နာကျင်မှုကြောင့် ဟွမ်လဲ့၏မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားလေ၏။

စမ်းချောင်းအောက်ခြေတွင် အရွယ်အစားအမျိုးမျိုးရှိသော ကျောက်တုံးများဖြင့် ပြည့်နှက်နေရာ ထိုသို့ လဲကျခြင်းက လုံးဝ သက်သောင့်သက်သာမရှိပေ။

“အိုး... မျက်နှာပြင်ကနေတစ်ဆင့် ကြည့်ရုံနဲ့တင် နာကျင်မှုကို ခံစားနေရတယ်”

“ဆရာဟွမ်တော့ ထိခိုက်ဒဏ်ရာရသွားပြီထင်တယ်၊ ကြည့်ပါဦး၊ သူ စကားတောင်မပြောနိုင်တော့ဘူး”

“ဒီအခြေအနေမှာ ငါးဆက်ဖမ်းနေဖို့ မလိုတော့ဘူးလို့ ငါထင်တယ်၊ ဟုတ်တယ်မလား”

“ဒီရာသီဥတုကြီးမှာ သူတို့ မြန်မြန်ပြန်ပြီး အဝတ်အစားသွားလဲသင့်တယ်၊ မဟုတ်ရင် အအေးမိသွားလိမ့်မယ်”

ကင်မရာမန်းသည်လည်း ရုတ်တရက် အခြေအနေကြောင့် အလန့်တကြားဖြစ်သွားပြီး တင်ဆက်သူအား အကြောင်းကြားရန် ဖုန်းဆက်ဖို့ လိုအပ်သလားဟု မေးမြန်းလိုက်လေ၏။

ဝမ်တာ့လီသည် ဟွမ်လဲ့ကို ကမ်းစပ်သို့ ကူညီခေါ်ဆောင်သွားခဲ့ပြီး ဟွမ်လဲ့က ခေါင်းခါယမ်းလိုက်လေ၏။

“ရပါတယ် တာ့လီ၊ ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး၊ ငါ ဒီမှာပဲ ခဏလောက်ထိုင်နေလိုက်မယ်”

ဝမ်တာ့လီ၏ မျက်နှာပေါ်တွင် ပြုံးနေသော်လည်း သူ၏ ရင်ထဲတွင်မူ တစ်ဖက်လူကို အပြတ်အသတ် ကျိန်ဆဲနေလေပြီ။

သူ့ရှေ့တွင် ဤမျှကြီးမားသော ကင်မရာကြီး ရှိနေချိန်တွင် အကယ်၍ သူသာ ဟွမ်လဲ့ကို လျစ်လျူရှုပြီး ငါးဆက်ဖမ်းနေမည်ဆိုပါက အွန်လိုင်းအသုံးပြုသူများ၏ ကျိန်ဆဲခြင်းကို သေချာပေါက် ခံရမည်မဟုတ်လော။

“ဆရာဟွမ်၊ ခင်ဗျား အဝတ်အစားလဲဖို့ ကျွန်တော် အရင်ပြန်လိုက်ပို့ပေးတာ ပိုကောင်းမယ်၊ ရာသီဥတုက ပိုအေးလာပြီဆိုတော့ ဒီကိစ္စကြောင့် ခင်ဗျား အအေးမိခံလို့ လုံးဝမဖြစ်ဘူး”

ဟွမ်လဲ့သည်လည်း အေးစက်မှုကို ခံစားနေရပြီး ရေက ဤမျှလောက် အေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ဆက်နေရန် အတင်းအကျပ်မတောင်းဆိုတော့ပေ။

“တကယ်ကိုတောင်းပန်ပါတယ် တာ့လီ၊ ငါက မင်းကို ဒုက္ခပေးနေသလို ဖြစ်သွားပြီ”

ဝမ်တာ့လီက ခေါင်းခါယမ်းလိုက်လေ၏။

“ဆရာဟွမ်၊ ဒီလိုစကားမျိုး ထပ်မပြောပါနဲ့တော့၊ အခု ကျွန်တော်တို့က အသင်းဖော်တွေဖြစ်နေပြီလေ၊

ဒီလိုပြောနေတာက ကျွန်တော့်ကို အပြင်လူ တစ်ယောက်လို သဘောထားနေတာနဲ့ မတူဘူးလား”

ဟွမ်လဲ့သည် ဤစကားများကြောင့် အလွန်အမင်းစိတ်လှုပ်ရှားသွားလေ၏။

“ဒီတစ်ခါတော့ ငါတို့ သေချာပေါက် နောက်ဆုံးအဆင့်ရပြီ”

ဝမ်တာ့လီ၏ မျက်နှာပေါ်တွင် ဂရုမစိုက်သည့်အမူအရာ ပေါ်လွင်နေလေ၏။

“ရပါတယ် ဆရာဟွမ်၊ တစ်ကြိမ်လောက် နောက်ဆုံးအဆင့် ရတာက ဘာကိုမှ မဆိုလိုနိုင်ပါဘူး၊ အဆိုးဆုံးအခြေအနေဆိုရင်လည်း နောက်တာဝန်တွေကျမှ ကျွန်တော်တို့ ပြန်လိုက်ကြတာပေါ့”

အွန်လိုင်းအသုံးပြုသူများကမူ ဝမ်တာ့လီ တကယ်ဂရုမစိုက်ဘူးဟု ထင်မှတ်သွားကြလေ၏။

“ဝမ်တာ့လီဆိုတဲ့ဒီလူက တကယ်ကို တည်ငြိမ်တဲ့စိတ်ဓာတ် ရှိတာပဲနော်”

“ငါ အခုလေးတင် သူ့အကောင့်ကို သွားပြီး Follow လုပ်ခဲ့တယ်၊ သူက Follow လုပ်ခံရတာနဲ့ ထိုက်တန်တယ်လို့ ငါထင်တယ်”

“ တခြားတစ်ယောက်ယောက်သာဆိုရင် သူတို့ရဲ့ စိတ်ဓာတ်က ပေါက်ကွဲသွားလောက်ပြီ”

“မင်းတို့က ဟိုဘက်လိုက်ဖ်လွှင့်မှုကို ပြောနေတာလား”

ဟန်ရှင်းချန်နှင့် လီထင်တို့သည် အစားအသောက်ရှာဖွေခြင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲနေကြလေ၏။

သူတို့နှစ်ဦးလုံးမှာ အလွန်အမင်း မကျေမနပ်ဖြစ်နေကြသည်။

လီထင်သည် ဟန်ရှင်းချန်ကို သစ်အယ်သီးခူးရန် ခေါ်သွားခဲ့သော်လည်း ဟန်ရှင်းချန်က ခါးကိုကိုင်းကာ ဖင်ထောင်ပြီး သစ်အယ်သီးကောက်ရခြင်းမှာ သူ့အဆင့်အတန်းနှင့် မသင့်တော်ဟု ခံစားနေရသည်။

သူတို့နှစ်ဦးမှာ ကင်မရာရှေ့တွင်ပင် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြ၏။

ထို့နောက် လီထင်သည် သူ့ကို သလဲသီးပင်တစ်ပင်ဆီသို့ ခေါ်သွားပြီး သလဲသီးခူးရန် နားချလေ၏။

သို့သော် ဟန်ရှင်းချန်က ထိုတောသလဲသီးများကို အထင်သေးကာ လီထင်အား သလဲသီးပင်အောက်တွင် တစ်ယောက်တည်း ထားရစ်ခဲ့ပြီး အနီးအနားတွင် လှည့်ပတ်ကြည့်ရှုမည်ဟု ပြောဆိုသွားလေ၏။

ယင်းက လီထင်ကို ဒေါသထွက်လွန်း၍ အံကြိတ်မိစေခဲ့သည်။

သလဲသီးခူးရန် သူမ ရွေးချယ်ရသည့်အကြောင်းရင်းမှာ ယောကျ်ားလေးတစ်ယောက်ဖြစ်သော ဟန်ရှင်းချန်က အနည်းငယ်မျှအသုံးဝင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောကြောင့်ပင်။

ယနေ့ သူမသည် ဂါဝန်အဖြူလေးကို ဝတ်ဆင်ထားပြီး ဖြူစင်ရိုးသားသော ကောင်မလေးပုံစံမျိုးကို ပုံဖော်နေခြင်းဖြစ်သည်။

‘ဘယ်လိုလုပ်ပြီး ကင်မရာမန်း ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း သစ်ပင်တက်ရမှာလဲ'

“အချိန်သိပ်မကျန်တော့ဘူး၊ ငါတို့ ဒီသလဲသီးတွေကို အရင်ခူးကြရင်ရော၊ နင်က သစ်ပင်ပေါ်တက်ပြီး ခူးလေ၊ ငါက အောက်ကနေဖမ်းပေးမယ်”

လီထင်သည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ မတရားသလို ခံစားနေရသည့် အမူအရာဖြင့် ပြောလိုက်လေ၏။

ဟန်ရှင်းချန်၏ လေသံတွင် စိတ်မရှည်မှုများ သိသိသာသာ ပေါ်လွင်နေလေ၏။

“သလဲသီးခူးတယ်ဆိုတာက ဒီလောက်သေးငယ်တဲ့ ကိစ္စလေးကို မင်းဘာသာမင်း မလုပ်နိုင်ဘူးလား”

“ဒီသလဲသီး နည်းနည်းလောက်က သိပ်တန်ဖိုးရှိတာ မဟုတ်ဘူး၊ တန်ဖိုးရှိတဲ့ အစားအသောက်တွေများ ရှိမလားလို့ အနီးအနားမှာ ငါသွားမရှာဘူးဆိုရင်၊

ငါတို့ကို ဒီတန်ဖိုးမရှိတဲ့ တောသလဲသီး နည်းနည်းကိုပဲ အပ်ခိုင်းပြီး နောက်ဆုံးအဆင့် ရစေချင်တယ်လို့ ဆိုလိုတာလား”

“မင်း တီဗီအစီအစဉ်တွေမှာ မပါဖူးဘူးဆိုတော့ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ဒါပေမဲ့ နောက်ဆုံးအဆင့် ရရင် ပြစ်ဒဏ်ရှိတယ်လေ၊ လူအများကြီးရှေ့မှာ ငါ ပြစ်ဒဏ်မခံချင်ဘူး”

ဤစကားကို ကြားလိုက်ရသောအခါ လီထင် မျက်ရည်များပင် ကျလာလုနီးပါး ဖြစ်သွားလေ၏။

“ဒါပေမဲ့ ငါလည်း သစ်ပင်မှမတက်တတ်တာ”

သူတို့နှစ်ဦး၏အငြင်းပွားမှုကို ရင်ဆိုင်နေရသော လိုက်ဖ်လွှင့်မှု အခန်းအတွင်းရှိ အွန်လိုင်းအသုံးပြုသူများမှာလည်း အုပ်စုနှစ်စုကွဲသွားကြလေ၏။

တစ်စုက လီထင်ကို ထောက်ခံပြီး နောက်တစ်စုက ဟန်ရှင်းချန်ကို ထောက်ခံကြလေ၏။

“မင်း သစ်ပင်မှ မတက်တတ်တာကို၊ ဘာလို့ သလဲသီးခူးဖို့ ရွေးချယ်ခဲ့တာလဲ၊ သလဲသီးခူးဖို့ သစ်ပင်တက်ရမယ်ဆိုတာကို မင်း မသိဘူးလို့တော့ လာမပြောနဲ့နော်”

“နင်က တကယ်ကို ဟန်ဆောင်လွန်းတာပဲ၊ သလဲသီးပင်က မြင့်တာမှ မဟုတ်တာ၊

အဲဒီအမြင့်လောက်ကိုတော့ ငါ ဒေါက်ဖိနပ်စီးပြီးတောင် တက်ရဲတယ်၊ နင်က ငါတို့ရဲ့ စတားလေးကို အမိန့်ပေးချင်ရုံ သက်သက်ပဲဆိုတာ သိသာမနေဘူးလား”

“ဒီမှာလာပြီး ဖြူစင်တဲ့ ယုန်လေးလို ဟန်ဆောင်မနေနဲ့၊ အဲဒီ မျက်နှာအမူအရာက တကယ်ကို ရွံစရာကောင်းတာပဲ၊ ဒါက ဒဏ္ဍာရီလာ လက်ဖက်ရည်စိမ်း (Green Tea - ဟန်ဆောင်ကောင်းသော မိန်းကလေး) လား”

“ရိုးရိုးသားသားပြောရရင် ငါတို့ရဲ့စတားလေးအတွက် ငါ တကယ် စိတ်မကောင်းဖြစ်မိတယ်၊ သူက ဘာလို့ ဒီလောက် အသုံးမကျတဲ့ ပါတနာကို ရထားရတာလဲ၊

ဒါရိုက်တာ... ရှင် ငါတို့ရဲ့ စတားလေးအပေါ် အငြိုးရှိနေတာတော့ မဟုတ်ပါဘူးနော်”

All Chapters