← Chapters

အခန်း ၂၀၀

Vol. 17 Ch. 200

အခန်း ၂၀၀

Vol. 17 Ch. 200

အခန်း။ ၂၀၀

နောက်ဆုံးတွင် တရားခွင် စတင်ချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

တရားရုံးမှတ်တမ်းတင်သူက "အားလုံး မတ်တတ်ရပ်ကြပါ" ဟု ကြေညာသည်။ "တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေ ရောက်လာတာကို ကြိုဆိုကြပါ"

အားလုံး၏ အကြည့်အောက်တွင် တရားသူကြီးချုပ် ရှန်ကျားရွေ၊ တရားသူကြီး တင်ရှန်းလင်နှင့် တရားသူကြီး ချန်းရွှဲကျွင်းတို့ တရားခွင်အတွင်းသို့ ဝင်ရောက်လာကြသည်။

တရားသူကြီးချုပ် ရှန်ကျားရွေက တရားခွင်အတွင်းရှိ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ထိုင်ကြပါ"

တရားသူကြီးချုပ်က တူကို ရိုက်လိုက်သည်။

တရားရုံးမှတ်တမ်းတင်သူက "အခု တရားခွင်ရဲ့ စည်းကမ်းချက်တွေကို ကြေညာပါမယ်..." ဟု လေသံကို မြှင့်ကာ ပြောလိုက်သည်။

"တရားစွဲဆိုမှုမှာ ပါဝင်သူအားလုံးက တရားခွင် စည်းကမ်းတွေကို တိတိကျကျ လိုက်နာရမှာဖြစ်ပြီး ဆူညံတာမျိုးနဲ့ တရားခွင်ကို အနှောင့်အယှက်ဖြစ်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်ရပါမယ်...

စကားပြောတာ၊ ထွက်ဆိုချက်ပေးတာနဲ့ အပြန်အလှန် အငြင်းအခုန်ပြုတာတွေကို တရားသူကြီးချုပ်ရဲ့ ခွင့်ပြုချက် ရရှိမှသာ လုပ်ဆောင်ရပါမယ်..."

"တရားခွင်ကို လာရောက်နားထောင်သူတွေ အနေနဲ့လည်း... အောက်ပါစည်းကမ်းချက်တွေကို မပျက်မကွက် လိုက်နာရပါမယ်...။

၁။ တရားခွင်အတွင်း ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်တာ၊ ဗီဒီယိုရိုက်တာ၊ ဓာတ်ပုံရိုက်တာ သို့မဟုတ် ဖုန်းတွေအသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်တာတွေကို လုံးဝမပြုလုပ်ရပါဘူး...

၂။ တရားခွင် ဧရိယာအတွင်း... ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားသွားလာတာနဲ့ ဝင်ရောက်တာမျိုး မလုပ်ရပါဘူး...

ထို့နောက် မှတ်တမ်းတင်သူက တရားသူကြီးချုပ်ဘက်သို့ လှည့်ကာ ရိုရိုသေသေဖြင့်

"တရားသူကြီးချုပ်ခင်ဗျား အခု တရားလို ကျန်းထောင်နဲ့ တရားခံ ရန်ချန်းတက္ကသိုလ်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးအတည်ပြုပြီး ဖြစ်တဲ့အတွက်... တရားခွင်ကို စတင်နိုင်ပါပြီ ခင်ဗျာ..." ဟု တင်ပြလိုက်သည်။

တရားသူကြီးချုပ် ရှန်ကျားရွေက "အခုပဲ တရားခွင် စတင်ကြောင်း ကြေညာလိုက်တယ်" ဟု မိန့်ကြားသည်။

တရားသူကြီးချုပ်က "အခု တရားခွင်မှာ အမှုကို စတင်ပြီး စစ်ဆေးပါတော့မယ်...

တရားလိုဘက်က တင်ပြချင်တဲ့အချက်တွေ၊ တရားစွဲဆိုရတဲ့ လျှောက်ထားချက်အပြင် ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ အခြေခံအကြောင်းရင်းတွေကို စတင်ပြီး တင်ပြပေးပါ..." ဟု လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

အမှု စတင်တော့မည်ပင်။

အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း ဤအမှုအပေါ် အမျိုးမျိုး ဆွေးနွေးနေကြသည်။

ရှေ့နေအများအပြားကလည်း ဤအမှုကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ဖန်တဥပဒေရုံးတွင် ကောင်းရုန်သည် အခြားအမှုများဖြင့် အလုပ်ရှုပ်နေသော်လည်း ဖန်တဥပဒေရုံးမှ ထိပ်တန်းရှေ့နေတစ်ဦးဖြစ်သူ ကျောက်ဖန်ဂန်းမှာမူ ဤအမှုကို အထူးအာရုံစိုက်နေသည်။ ကျောက်ဖန်ဂန်းသည် ရွှယ်ချင်းချင်းနှင့် ရင်းနှီးပြီး သူမကို သဘောကျသူဖြစ်သည်။

ရွှယ်ချင်းချင်းက ဂူချန်ထံတွင် လက်ထောက်အဖြစ် သွားရောက်လုပ်ကိုင်နေသဖြင့် သူ မနှစ်မြို့သော်လည်း ဘာမှမတတ်နိုင်ပေ။

ဤအမှုတွင် တရားခံဘက်မှ ရှေ့နေမှာ ကျောက်ဖန်ဂန်း၏ သူငယ်ချင်းဖြစ်ပြီး ရန်ကျိုးတက္ကသိုလ်ဥပဒေဌာနမှ ပါမောက္ခ၊ မှေဋ်ပညာမြို့တော်ထိပ်တန်းဥပဒေရုံးမှ ထိပ်တန်းရှေ့နေ ကျောက်ရန်ရန် ဖြစ်သည်။

ကျောက်ဖန်ဂန်းသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ကာ အင်တာနက်အသုံးပြုသူများအတွက် အမှုကို ခွဲခြမ်းစိတ်ဖြာပေးနေသည်။

"ကျန်းထောင်က ပညာသင်ထောက်ပံ့ကြေးအတွက် ကျောင်းကို တရားစွဲတယ်ဆိုတာ ကျွန်တော့်အမြင်အရတော့ မဆင်ခြင်ရာ ရောက်တယ်။ ပညာသင်ထောက်ပံ့ကြေးနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် ပထမဆုံးအနေနဲ့ ကျောင်းက ဆရာတွေနဲ့ အရင်ဆွေးနွေးသင့်တာပါ။ အင်တာနက်ပေါ်မှာ ဗီဒီယိုတွေတင်ပြီး ကိစ္စကို ပိုကြီးအောင် လုပ်မယ့်အစားပေါ့။ ကျောင်းဘက်က အရေးယူဆောင်ရွက်ချက်တွေ လုပ်ပြီးတဲ့နောက်မှာ ကျန်းထောင်က ကျောင်းကို ချက်ချင်း တရားစွဲလိုက်တာက ပြဿနာကို ပိုဆိုးသွားစေတယ်။ ကျောင်းကို တရားစွဲတာက အဆုံးသတ်မှာ အဓိပ္ပာယ် သိပ်မရှိပါဘူး"

"ဒါပေမဲ့ ဆင်းရဲတဲ့ ကျောင်းသားတွေ အခွင့်အရေးအတွက် တိုက်ပွဲဝင်တာကိုတော့ ကျွန်တော် ထောက်ခံပါတယ်။ ကျန်းထောင်ရဲ့ နေရာကို သူဌေးသားတစ်ဦးက တကယ်ပဲ အစားထိုးလိုက်တာဆိုရင် သူက တကယ်ပဲ ဆင်းရဲတဲ့ ကျောင်းသားတစ်ဦးဆိုရင်တော့ ကျောင်းကို တရားစွဲတာက ကျိုးကြောင်းဆီလျော်ပါတယ်"

"ဒါပေမဲ့ ဒါက ကျောင်းကို အခက်တွေ့စေတယ်။ သူ အမှုနိုင်သွားရင်တောင်... ဘာဆက်ဖြစ်မလဲ"

ကျောက်ဖန်ဂန်းက တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ခေါင်းခါရင်း ပြောသည်။

သူသည် ပညာသင်ထောက်ပံ့ကြေး ငွေအနည်းငယ်အတွက်နှင့် ကျောင်းကို ရန်သူပြုရန် ဝန်လေးနေပုံပင်။

တကယ်လို့... နောက်ဆုံးကျမှ ကျောင်းဘက်က ကျန်းထောင်ကို တေးမှတ်ပြီး ပစ်မှတ်ထားလာရင်... ဘယ်လိုလုပ်ကြမလဲ...

အဲဒါတင်မကသေးဘူး... ဒီကျန်းထောင်ကလည်း တကယ့်ကို ရဲတင်းလွန်းတယ်...

"ကျောင်းကို တရားစွဲရုံတင်မကဘူး...

ဆရာတွေတင်မကဘဲ နောက်ဆုံး ကျောင်းအုပ်ကြီးနဲ့ ဒုတိယကျောင်းအုပ်ကြီးကိုပါ တစ်ခါတည်း ဆွဲထည့်ပြီး တရားစွဲလိုက်တာဆိုတော့... ဒါက အလွန်အကျွံ ဖြစ်မနေဘူးလား...။ ကျန်းထောင်လို သာမန်ကျောင်းသားတစ်ယောက် အနေနဲ့ ဒီလောက်အထိ ရဲတင်းရဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...

သေချာတယ်... ဒါ နောက်ကွယ်ကလုပ်နေတဲ့ ရှေ့နေဂူချန်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..."

"ဒီဂူချန်ဆိုတာကလည်း... အမှုပေါင်း ဆယ်ခုတောင် ပြည့်အောင် မလိုက်ဖူးသေးတဲ့ အတွေ့အကြုံမရှိသေးတဲ့ ရှေ့နေပေါက်စလေး မဟုတ်ဘူးလား...

ပညာသင်ဆုကိစ္စနဲ့ပဲ တရားစွဲချင်တယ်ဆိုရင်တော့ နားလည်ပေးလို့ ရပါသေးတယ်...

ဒါပေမဲ့ သူက ဘာဖြစ်လို့ ကျောင်းရဲ့ အထက်လူကြီးတွေကိုပါ ပစ်မှတ်ထားပြီး တရားစွဲဖို့ ဒီလောက်တောင် ဇွတ်အတင်း လုပ်နေရတာလဲ...

သူက အားယားနေလို့ အလုပ်ရှုပ်ခံနေတာလား... ဒါမှမဟုတ် တမင်သက်သက် ပြဿနာရှာချင်နေတာလား..."

ကျောက်ဖန်ဂန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ရွှင်စွာဖြင့် တွေးတောနေသည်။

ဤတရားစွဲဆိုမှုမှာ အနိုင်ရလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

အွန်လိုင်းပေါ်မှ ပရိသတ်များကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း မှတ်ချက်အမျိုးမျိုးကို တရစပ် ရေးသားနေကြသည်။

"ရှေ့နေဂူချန်အတွက်တော့ ဒီအမှုက ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ ကျောင်းဘက်က ဆင်းရဲတဲ့ကျောင်းသားတစ်ယောက်ရဲ့ နေရာကို ပိတ်ပင်ဖို့က ဘယ်လောက်လွယ်လိုက်မလဲ။ မင်းရဲ့ အထောက်အထားတွေ မပြည့်စုံဘူး၊ မင်းရဲ့ လုပ်ငန်းစဉ်တွေ မှားယွင်းနေတယ်လို့ ပြောလိုက်ရုံနဲ့ ပြီးသွားမှာပဲ။ ဒါပေမဲ့ သူဌေးသားနဲ့ အစားထိုးတယ်ဆိုတာကို သက်သေပြဖို့ကျတော့ အထောက်အထားလိုတယ်လေ။ အထောက်အထားမရှိရင် ဘာအဓိပ္ပာယ်ရှိမှာလဲ"

"ကျွန်တော်မှာ မေးစရာရှိတယ်။ ဒါက ပညာသင်ဆုကိစ္စ မဟုတ်ဘူးလား မတရားမှု ဖြစ်ရမှာလေ ဘာလို့ ရာဇဝတ်မှု ဖြစ်သွားရတာလဲ"

"ကျန်းထောင် တစ်ယောက်ယောက်များ အထိအခိုက်ခံလိုက်ရလို့လား ဒါမှမဟုတ် ကျောင်းဘက်က ပြစ်မှုတစ်ခုခု ကျူးလွန်ထားလို့လား။ ဒီအမှုက ထင်သလောက် ရိုးရှင်းပုံမပေါ်ဘူး"

"ရှေ့နေဂူချန်ကတော့ တကယ့်ကို ရက်စက်ပါ့လား။ ကျောင်းခေါင်းဆောင်တွေကို တန်းတရားစွဲတယ်၊ အဲဒါတင်မကဘူး လူလေးယောက်ကိုပါ တစ်ပြိုင်နက်တည်း တရားစွဲလိုက်တာ။ တစ်ယောက်ကနေ ငါးယောက်ကို ရင်ဆိုင်တဲ့ ပွဲပဲ တကယ်ကို အံ့ဩဖို့ကောင်းတယ်"

"ဒါပေမဲ့ သူ အနိုင်ရနိုင်ပါ့မလား ပညာသင်ဆုကိစ္စက ကျောင်းခေါင်းဆောင်ပိုင်းအထိ ရောက်စရာ အကြောင်းမရှိပါဘူး။ လူငယ်အဖွဲ့ချုပ်နဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူးလား"

"ဘယ်သူသိမှာလဲ ကျောင်းအုပ်ကြီးနဲ့ ဒုတိယကျောင်းအုပ်ကြီးကို တရားစွဲလို့ ဘာအကျိုးရှိမှာလဲ။ သူတို့နှစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ပြီး ဂူချန်လက်ထဲမှာ မိသွားလို့လား"

"ရှေ့နေဂူချန်ကတော့ အမှုတိုင်းမှာ သူ့ပြိုင်ဘက်တွေကို အမြဲတမ်း ဒုက္ခပေးနေကျပဲ"

"တစ်ယောက်ကနေ ငါးယောက်ကို ရင်ဆိုင်ရတာ ရှေ့နေဂူအတွက် အနိုင်ရဖို့ ခက်ခဲလိမ့်မယ် မဟုတ်လား"

အင်တာနက်အသုံးပြုသူများမှာ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည်။

ကျောက်ဖန်ဂန်းကလည်း တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း….

"တကယ်တော့... ရှေ့နေဂူချန်အနေနဲ့ ကျောင်းခေါင်းဆောင် လေးဦးအထိပါ ဆွဲထည့်ပြီး တရားစွဲလိုက်တာက လုံးဝ မလိုအပ်တဲ့အရာပဲဗျ...

ပညာသင်ထောက်ပံ့ကြေး ကိစ္စလေးတစ်ခုကို ဒီလောက်အထိ အဝေးကြီး ဆွဲဆန့်နေစရာ မလိုသလို... ရာဇဝတ်မှုအဆင့်အထိလည်း မဖြစ်သင့်ဘူး..."

"တကယ်လို့ ဒါကို ရာဇဝတ်မှုအနေနဲ့ တရားစွဲမယ်ဆိုရင်... ကျောင်းရဲ့ ခေါင်းဆောင်ပိုင်းတွေက အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲသလို ဖြစ်သွားလိမ့်မယ်...

ဒါပေမဲ့ အဲဒါက လက်ရှိအမှုနဲ့ လုံးဝ သီးခြားစီဖြစ်နေပြီး... နည်းနည်းတော့ ဝေးကွာလွန်းတယ်မထင်ဘူးလား..."

"အခုလက်ရှိ အမှုရဲ့ အဓိက သော့ချက်က... ပညာသင်ထောက်ပံ့ကြေး ကိစ္စရပ်တွေကိုပဲ သက်ဆိုင်တာ...

ကျောင်းဘက်က ဆုံးဖြတ်ချက်ကို မှားယွင်းပါတယ်လို့ ပယ်ဖျက်ပစ်ချင်ရင်တော့... သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ထုတ်ပြနိုင်ဖို့ပဲ လိုတယ်..."

"ပထမအချက်အနေနဲ့... ကျန်းထောင်ရဲ့ ပညာသင်ဆု လျှောက်ထားတဲ့ စာရွက်စာတမ်းတွေက ဘာအပြစ်အနာအဆာမှ မရှိဘဲ ပြည့်စုံနေရမယ်...

ပြီးတော့... ကျန်းထောင်ကိုယ်တိုင်က တကယ်ပဲ ဆင်းရဲနွမ်းပါးတဲ့သူဖြစ်ကြောင်းကို သက်သေပြဖို့ လိုတယ်ဗျ...

ဘာဖြစ်လို့လဲဆိုတော့... တကယ်လို့ ကျန်းထောင်က ချမ်းသာနေတဲ့သူဖြစ်နေရင်... သူ့ကို ကျောင်းက ပညာသင်ဆု မပေးတာက လုံးဝ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားမှာမလို့ပဲ..."

"ဒုတိယအချက်ကတော့... ကြားဖြတ်ဝင်ယူသွားတဲ့ သူဌေးသားက တကယ်ပဲ ချမ်းသာတဲ့သူဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အရေးကြီးတယ်...

ဒါကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်ရမယ်...

အဲဒီလိုမှ မဟုတ်ရင်တော့... ကျောင်းဘက်က နေရာချင်း အစားထိုးလိုက်တာပါလို့ ငြင်းခုံဖို့ လမ်းစမရှိတော့ဘူး..."

"ဒါကြောင့်ပဲ... ရှေ့နေဂူချန်အနေနဲ့ ဒီအမှုကို အနိုင်ရဖို့အတွက်... ရှေ့လျှောက် အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်ပြောရတာပေါ့..."

ကျောက်ဖန်ဂန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များကို ရှင်းပြနေသည်။

သူက ဆက်လက်၍ "မင်းတို့ သိတဲ့အတိုင်းပဲ... ရှေ့နေဂူချန်က အခုအချိန်ထိတော့ ရှုံးပွဲမရှိသေးတာ အမှန်ပဲ...။ ဒါပေမဲ့ ဒီအမှုမှာသာ ဂူချန်ရဲ့လက်ထဲမှာ တကယ့်ကို အရေးပါတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘူးဆိုရင်တော့... သူ ရှုံးသွားဖို့ အလားအလာက တော်တော်လေးကို များနေတယ်..."

"ပြီးတော့ ဒီကိစ္စကို မတရားမှုကနေ ရာဇဝတ်မှုအဖြစ် လမ်းကြောင်းပြောင်းပစ်ဖို့ဆိုတာကလည်း... လုံလောက်တဲ့ အကြောင်းပြချက်နဲ့ အထောက်အထားတွေ ရှိမှဖြစ်မှာလေ...

ဘာသက်သေမှ မရှိဘဲနဲ့ ဇွတ်တိုးပြီး ရာဇဝတ်မှုအနေနဲ့ တရားစွဲဖို့ တောင်းဆိုနေမယ်ဆိုရင်... ပြောင်းပြန် တရားစွဲခံရပြီး ဥပဒေအရ အရေးယူခံရနိုင်တယ်ဆိုတာကိုလည်း မမေ့နဲ့ဦး..."

"နောက်ပြီး... ရန်ချန်းတက္ကသိုလ်ဘက်က လိုက်ပေးမယ့် တရားခံရှေ့နေအကြောင်းကို ငါ အနည်းအကျဉ်း သိထားတယ်...

သူမက မှော်ပညာမြို့တော်ဥပဒေရုံးရဲ့ ထိပ်တန်းရှေ့နေကြီးဖြစ်သလို... ရန်ချန်းတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးလည်း ဟုတ်တယ်...

အလုပ်မှာ အရမ်းတော်သလို တရားခွင်ထဲ ရောက်ပြီဆိုရင်လည်း ပြတ်သားလွန်းပြီး တစ်ဖက်လူကို ဖိအားပေးနိုင်စွမ်း ရှိလွန်းလို့... ဒီနယ်ပယ်ထဲမှာ သံမဏိအမျိုးသမီးလို့တောင် အမည်ပြောင် ပေးထားကြတာ..."

"ဂူချန်က အမှုလိုက်တဲ့နေရာမှာ ဘယ်လောက်ပဲ ကျွမ်းကျင်တယ်ပြောပြော... ဒီလို သံမဏိအမျိုးသမီးနဲ့ ထိပ်တိုက်တွေ့ပြီဆိုရင်တော့... တကယ့်ကို ခါးသီးတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရတော့မှာ သေချာသလောက်ပဲဗျာ..."

ကျောက်ဖန်ဂန်း၏ မှတ်ချက်စကားများကို ကြားလိုက်ရသည့်အခါတွင် အင်တာနက်အသုံးပြုသူများမှာ ဤအမှုမှာ လွယ်ကူလိမ့်မည်မဟုတ်ဟု တွေးတောမိကြသည်။

ကျောက်ဖန်ဂန်းက ဆက်လက်၍ “ဒါတင်မကသေးဘူး... တကယ်လို့ ဂူချန်က ကျန်းထောင်ကို အမှုနိုင်အောင် ကူညီပေးနိုင်ခဲ့ရင်တောင်မှ... ကျောင်းတော်ကြီးကိုတော့ ဘာမှ သိသိသာသာ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး...။

ကျောင်းဘက်ကနေ "လူငယ်အဖွဲ့ချုပ်ရဲ့ ကြီးကြပ်မှု အားနည်းချက်ကြောင့် ပညာသင်ဆုနေရာ လွဲချော်သွားတာပါ" ဆိုပြီး အပေါ်ယံလေး တောင်းပန်လိုက်ရုံနဲ့ ပြီးတော့ ပညာသင်ဆုငွေလေး ပြန်ပေးလိုက်ရုံနဲ့တင် ဒီအမှုက ပွဲပြတ်သွားနိုင်တာပဲလေ...

ဒါပေမဲ့... ဂူချန်က ကျောင်းအုပ်ကြီးနဲ့ ဒုတိယကျောင်းအုပ်ကြီးကိုအထိ ဘာဖြစ်လို့ လိုက်ပြီး တရားစွဲရတာလဲဆိုတာကိုတော့... ကျွန်တော် တကယ်ပဲ လုံးဝ နားမလည်နိုင်တော့ဘူး...

တကယ်လို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့... တရားစွဲဆိုမှုကို ဒီအတိုင်း ပေါ့ပေါ့ဆဆ ဇွတ်တိုးပြီး တင်သွင်းမယ်ဆိုရင်တော့... တရားသူကြီးချုပ်ကလည်း ကျောင်းဘက်ကိုပဲ အသာစီးပေးပြီး ဆုံးဖြတ်ပေးသွားဖို့ ရာခိုင်နှုန်း တော်တော်များတယ်...

အဲဒီအချိန်ကျရင်တော့... ဂူချန်တစ်ယောက် ဒီအမှုမှာ ရေရေလည်လည် ရှုံးနိမ့်သွားဖို့ပဲ ရှိတော့တယ်...

All Chapters