← Chapters

အခန်း ၂၀၁

Vol. 17 Ch. 201

အခန်း ၂၀၁

Vol. 17 Ch. 201

အခန်း။ ၂၀၁

တရားခွင်သို့ ရောက်ရှိလာသော ကျောက်ဖန်ဂန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တရားခွင်အတွင်း ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေသည်။

တရားခွင်မှာ စတင်လိုက်ပြီဖြစ်သည်။

တရားခွင်အတွင်း၌ တရားသူကြီးချုပ် ရှန်ကျားရွေက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "အခု တရားလို ဒါမှမဟုတ် တရားခံ ရှေ့နေတွေအနေနဲ့ တရားစွဲဆိုမှု လျှောက်ထားလွှာတွေကို တင်သွင်းပေးကြပါ" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းထောင်က ဂူချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဂူချန်က မတ်တတ်ရပ်လိုက်ပြီး….

"ဂုဏ်သရေရှိ တရားသူကြီးချုပ်နဲ့ တရားသူကြီးအဖွဲ့ဝင်များခင်ဗျား ကျွန်တော့်ရဲ့ အမှုသည်ကနေ တင်သွင်းချင်တဲ့ တရားစွဲဆိုမှု လျှောက်ထားချက်တွေကတော့..."

"ပထမအချက်အနေနဲ့ ကျွန်တော့်ရဲ့ အမှုသည် ကျန်းထောင်က ရန်ချန်းတက္ကသိုလ်ရဲ့ ပညာသင်ဆု ရွေးချယ်မှုမှာ အတော်လေးကို မမျှတတဲ့ ဆက်ဆံမှုကို ခံခဲ့ရပါတယ်...

ကျန်းထောင်က ယွမ် ၅၀၀၀ တန် ပထမတန်း ပညာသင်ဆုကို တကယ် ရရှိထိုက်တဲ့သူ ဖြစ်ပေမဲ့... အဲဒီနေရာကို သူဌေးသားဖြစ်တဲ့ ကျောက်ဝမ်ရွှမ်းက ကြားကနေ လုယူသွားခဲ့တာပါ...

ဒါကြောင့် ကျွန်တော်တို့ဘက်က ကျောင်းရဲ့ တာဝန်ယူမှုကို တောင်းဆိုသလို... ချမ်းသာကြွယ်ဝတဲ့ သူဌေးသားတစ်ယောက်ကိုမှ ဘာဖြစ်လို့ ဒီပထမတန်း ပညာသင်ဆု နေရာပေးခဲ့ရတာလဲဆိုတဲ့အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်..."

"ဒုတိယအချက်ကတော့ ရန်ချန်းတက္ကသိုလ်၊ နိုင်ငံတကာကုန်သွယ်မှု အတန်း ၁ မှာ အဲဒီသူဌေးသား ကျောက်ဝမ်ရွှမ်းတင်မကဘဲ ငွေကြေးအဆင်ပြေပြီးသား တခြားကျောင်းသားတချို့လည်း ပညာသင်ဆုတွေ ရရှိခဲ့ကြပါတယ်...

တစ်ချိန်တည်းမှာပဲ အတန်းထဲက တကယ် ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကတော့ ပညာသင်ဆု လုံးဝ မရခဲ့ကြပါဘူး...

ဒီပညာသင်ဆုရသူတွေရဲ့ စာရင်းကို အတန်းပိုင်ဆရာ လီဖူက တင်သွင်းခဲ့တာဖြစ်ပြီး သူကပုဂ္ဂိုလ်ရေး ပတ်သက်မှုတွေအပေါ် အခြေခံပြီး မတရား ချီးမြှင့်ခဲ့တာဖြစ်လို့ တာဝန်ပေါ့လျော့မှု ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ပါတယ်...

ဒါကြောင့် အတန်းပိုင်ဆရာ လီဖူအနေနဲ့ တာဝန်ယူ၊ တာဝန်ခံဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်..."

"တတိယအချက်အနေနဲ့... ဒီလိုမတရားမှုတွေ ဖြစ်ပြီးတဲ့နောက် ကျန်းထောင်က အွန်လိုင်းပေါ်မှာ အကူအညီတောင်းခဲ့ပေမဲ့... ကျောင်းဘက်ကနေ ဗီဒီယိုတွေကို အတင်းအကျပ် ဖြတ်ခိုင်းတာ၊ ပြင်းထန်တဲ့ သတိပေးချက်တွေ ထုတ်ပြန်တာအပြင်... ကျန်းထောင်ကို စောင့်ကြည့်ကာ ခြိမ်းခြောက်ပြီး အွန်လိုင်းပေါ် ဗီဒီယိုတင်တာတွေကို ပိတ်ပင်တားဆီးခဲ့ပါတယ်...

ပြီးတော့ ဘွဲ့လက်မှတ်နဲ့ ကျောင်းဆင်းလက်မှတ်တွေကို ဓားစာခံလုပ်ပြီး နှုတ်ပိတ်ဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်...

ဒီကိစ္စမှာ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ လူငယ်အဖွဲ့ချုပ်ဆရာနဲ့ အတန်းပိုင်ဆရာ... ဒီလေးဦးစလုံး ပါဝင်ပတ်သက်နေကြတဲ့အတွက် သူတို့ လေးဦးစလုံးကို ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံစေချင်ပါတယ်..."

"စတုတ္ထအချက်ကတော့ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရန်ချန်းတက္ကသိုလ်မှာ နှစ်ပေါင်းများစွာကြာအောင် ဆင်းရဲတဲ့ကျောင်းသားတွေ ပညာသင်ဆု မရခဲ့ကြဘဲ အဲဒီပညာသင်ဆုတွေဟာ လျှို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့တာကို စိစစ်တွေ့ရှိရပါတယ်...

ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနဲ့ လူငယ်အဖွဲ့ချုပ် တာဝန်ရှိသူတွေက အဂတိလိုက်စားနေပြီး... ပညာသင်ဆုတွေကို အလွဲသုံးစားလုပ်ပြီးတော့ ကျောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငွေကြေးအဖြစ် ပြောင်းလဲအသုံးပြုနေတဲ့ သက်သေအထောက်အထားတွေလည်း ရှိပါတယ်...

ဒါကြောင့် ဒီပါဝင်ပတ်သက်သူ လေးဦးစလုံးကို ရာဇဝတ်မှုနဲ့ တာဝန်ယူစေချင်ပါတယ်..."

"ပဉ္စမအချက်အနေနဲ့ ရန်ချန်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး လျိုဟန်ရှန်းနဲ့ ဒုတိယကျောင်းအုပ်ကြီးတို့က မသမာတဲ့ ငွေကြေးဆိုင်ရာ ပတ်သက်မှုတွေ ရှိနေတဲ့အတွက်... သူတို့နှစ်ဦးစလုံးကို အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ပေးဖို့ တောင်းဆိုပါတယ်..."

"ဆဋ္ဌမအချက်ကတော့... နိုင်ငံတော်အဆင့်အနေနဲ့ ရန်ချန်းတက္ကသိုလ်ကို စုံစမ်းစစ်ဆေးဖို့၊ တက္ကသိုလ်ရဲ့ ကျင့်ဝတ်တွေကို ပြုပြင်ပြောင်းလဲဖို့နဲ့... ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ လူငယ်အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ အခြားပါဝင်ပတ်သက်သူအားလုံးကို အသေးစိတ် စစ်ဆေးပေးဖို့ တောင်းဆိုပါတယ်..."

"သတ္တမအချက်အနေနဲ့... ရန်ချန်းတက္ကသိုလ်ဘက်ကနေ ကျန်းထောင်ကို တောင်းပန်ဖို့၊ ကျန်းထောင်ရဲ့ ပညာသင်ဆုကို ပြန်လည်ပေးအပ်ဖို့နဲ့... ပညာသင်ဆု လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းသား ၁၂၈ ဦးရဲ့ ပညာသင်ဆုတွေကို ပြန်လည်သတ်မှတ် ပေးအပ်ဖို့ တောင်းဆိုပါတယ်..."

"နောက်ဆုံး အဋ္ဌမအချက်ကတော့... ရန်ချန်းတက္ကသိုလ်အနေနဲ့ ဒီတရားစွဲဆိုမှု ကုန်ကျစရိတ် အားလုံးကို ကျခံပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ..."

ဂူချန်သည် တရားစွဲဆိုမှု လျှောက်ထားချက် ၈ ခုကို ချက်ချင်း တင်သွင်းလိုက်သည်။

အဆိုပါ တောင်းဆိုချက်များအပေါ် တရားသူကြီးချုပ်နှင့် တရားသူကြီးများပင် အံ့အားသင့်သွားကြသည်။

"ဟား... မယုံနိုင်စရာပဲဗျာ...

ဂူချန်က ပထမဆုံးအကြိမ် တရားခွင် စစချင်းမှာတင် ဘာမပြောညာမပြောနဲ့ တရားစွဲဆိုချက်ပေါင်း ၈ ခုတောင် တစ်ပြိုင်နက်တည်း ဗုံးကြဲချလိုက်တာလား...

ဒီပုံစံအတိုင်းဆိုရင်တော့ သူက ကျောင်းသားလေး ကျန်းထောင်အတွက် ပညာသင်ဆုလေး ယွမ် ၅၀၀၀ ပြန်ရရုံတင်မကဘဲ ကျောင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင် အားလုံးကိုပါ တစ်ခါတည်း အမြစ်ပြတ် တိုက်ထုတ်ပြီး ရှင်းလင်းပစ်ဖို့ ကြံစည်နေတာ လုံးဝသေချာတယ်….

ရိုးရိုးပညာသင်ဆုအမှုကနေ တစ်ကျောင်းလုံးရဲ့ အဂတိလိုက်စားမှု အရှုပ်ထုပ်တွေကို ဆွဲထုတ်ပြီး ရာဇဝတ်မှုအဖြစ် ပြောင်းပစ်လိုက်တာ...

ကျောင်းအုပ်ကြီးတွေကိုပါ ထောင်ဒဏ် ၁၅ နှစ်အထိ ချပစ်ဖို့ ဇွတ်တောင်းဆိုနေတာကို ကြည့်ဦး...

ဒါက... ကျောင်းခေါင်းဆောင်ပိုင်း တစ်ဖွဲ့လုံးကို အရှင်လတ်လတ် မြေမြှုပ်ပစ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ..."

အင်တာနက်ပေါ်တွင်လည်း တုံ့ပြန်မှုများမှာ ပေါက်ကွဲကာ ထွက်လာတော့သည်။

[အို... ဂူချန်ရေ]

[သူက တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲပါပဲ တကယ်ကို ကြက်သီးထစရာပဲ]

[စောက်ကျိုးနည်း ဒီအမှုက ကျောင်းအုပ်ကြီးနဲ့ ဒုတိယကျောင်းအုပ်ကြီးကို တကယ်ပဲ ဖြုတ်ချတော့မှာလား]

[ခဏလေး ဒီအမှုက ကျန်းထောင်ရဲ့ ပညာသင်ဆု လုယူခံရတဲ့ကိစ္စ မဟုတ်ဘူးလား ကျောင်းအုပ်ကြီးကို ထောင်ချတဲ့အထိ ဘယ်လိုဖြစ်သွားတာလဲ]

[ဟားဟားဟား ဂူချန်က ဘာလို့ ဒီအမှုကို ရာဇဝတ်မှုအဖြစ် ပြောင်းလဲလိုက်လဲလို့ တွေးနေတာ။ သူက လူတွေကို ထောင်ထဲပို့ဖို့ပဲ အာရုံစိုက်နေတာပဲ]

[မဖြစ်နိုင်ပါဘူး... ရန်ချန်းတက္ကသိုလ်က တော်တော်ကောင်းတယ်လို့ ထင်ခဲ့တာ ဘာလို့ ဂူချန်က ကျောင်းခေါင်းဆောင်အားလုံးကို ဖြုတ်ချဖို့ ကြိုးစားနေတာလဲ]

[အံ့ဩဖို့ကောင်းလိုက်တာ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ]

[ဒီအမှုက တကယ့်ကို ရက်စက်တာပဲ ရှေ့နေဂူက ဒီလောက်ထိ ကြောက်စရာကောင်းတာလား... သူ့လက်ကနေ လွတ်မြောက်မယ့်သူ ရှိပါဦးမလား]

[အခုဆို ရှေ့နေဂူချန်က တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲဖြစ်နေပြီ။ တကယ့်ကို ကြောက်စရာပဲ ငါကော မှတ်ချက်တစ်ခုလောက် ရေးလိုက်မိရင် ထောင်ကျသွားဦးမလား]

[ဒါပေမဲ့ ဒီအမှုက မသေချာသေးဘူး။ ရှေ့နေဂူချန်က အထောက်အထားပြဖို့ လိုအပ်တယ်။ အထောက်အထားမရှိရင် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ စွပ်စွဲခံရပြီး သူကိုယ်တိုင် ထောင်ကျသွားနိုင်တယ်]

ဂူချန်၏ တရားစွဲဆိုမှု လျှောက်ထားချက် ၈ ချက်ကို မြင်လိုက်ရသည့်အခါ ကျောက်ဖန်ဂန်းပင်လျှင် သက်ပြင်းချမိသည်။

ဂူချန်သည် တကယ်ပင် ရက်စက်လွန်းလှသည်။

ထိပ်တန်းရှေ့နေတစ်ဦးဖြစ်သည့် သူကိုယ်တိုင်ပင်လျှင် ဤမျှအထိ ရဲတင်းသော တောင်းဆိုချက်များကို တင်သွင်းရန် မဝံ့မရဲ ဖြစ်မိသည်။

ကျောက်ဖန်ဂန်းက "ဂူချန် တင်သွင်းလိုက်တဲ့ တောင်းဆိုချက် ရှစ်ခုက တကယ်ကို ပေါက်ကွဲအားကောင်းလွန်းပါတယ်။ ဒါပေမဲ့... သူ့ရဲ့ လက်ရှိ ဂုဏ်သတင်းကိုကြည့်ပြီး အားမကျလိုက်ပါနဲ့။ ဒီအမှုမှာ သူ ရှုံးဖို့ အခွင့်အရေး များပါတယ်။ တောင်းဆိုချက် တစ်ခုချင်းစီတိုင်းအတွက် အထောက်အထား မပြနိုင်ရင် ဒါက ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြစ်သွားမှာပါ။ အဲဒီအခါကျရင် သူကိုယ်တိုင်ပဲ ထောင်ထဲ ရောက်သွားနိုင်တယ်" ဟု ပြောလိုက်သည်။

ဂူချန်သည် ရှုံးပွဲမရှိသေးသည့် ရှေ့နေတစ်ဦး ဖြစ်သည်ကို သူ အသိအမှတ်ပြုသည်။

သို့သော် ဤအမှုတွင်မူ ဂူချန်ကိုယ်တိုင် အချုပ်ခန်းထဲ ရောက်သွားနိုင်သည်ဟု သူ ယုံကြည်

နေသည်။

"ဒါပေမဲ့... ဒီလူတွေက ရိုးရိုးလူတွေမှ မဟုတ်တာ... ကျောင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလေ။

တကယ်လို့ သူတို့မှာ အပြစ်တစ်ခုခု ရှိနေတယ်ပဲ ထားဦး... ဂူချန်ရဲ့ လက်ထဲမှာကော အဲဒါကို သက်သေပြနိုင်မယ့် အထောက်အထား ခိုင်ခိုင်လုံလုံ ရှိပါ့မလား...

တကယ်လို့သာ ဘာသက်သေမှ မရှိဘဲ ဇွတ်စွပ်စွဲထားတာဆိုရင်တော့... ဒါက တမင်သက်သက် သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်တာပဲ ဖြစ်သွားလိမ့်မယ်..."

...

တရားသူကြီးနေရာ၌ တရားသူကြီးချုပ် ရှန်ကျားရွေနှင့် တရားသူကြီး တင်ရှန်းလင်၊ ချန်းရွှဲကျွင်းတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဤမျှ ဆန်းကြယ်သော တရားစွဲဆိုမှု လျှောက်ထားချက်မျိုးကို သူတို့၏ တရားစီရင်ရေး သက်တမ်းတစ်လျှောက်တွင် တစ်ခါမျှ မကြားဖူးပေ။

ဂူချန်၏ တင်ပြချက်များသာ အမှန်ဖြစ်နေပါက ဤအမှုမှာ အလွန်ပင် ကြီးမားသည့် ကိစ္စဖြစ်လာမည်။

ပညာသင်ဆုကိစ္စမျှသာ မဟုတ်တော့ဘဲ ဂူချန်သည် ထောင်ကျမည်ကိုပင် မမှုဘဲ ဤမျှ ရဲရင့်စွာ တင်ပြနေခြင်းပင်။

တစ်ချိန်တည်းတွင် တရားခံနေရာရှိ လေးဦးမှာလည်း တုန်လှုပ်ချောက်ချားသွားကြသည်။ကျောင်းအုပ်ကြီး လျိုဟန်ရှန်းသည် ဂူချန်ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်

နေသည်။

"မဖြစ်နိုင်ဘူး... ဘယ်လိုမှ မဖြစ်နိုင်တာ...

နှစ်ပေါင်းများစွာကြာအောင် ငါတို့ အရမ်းလျှို့ဝှက်ပြီး လုပ်ဆောင်ခဲ့ကြတာတွေကို... ဒီကောင် ဂူချန်က ဘယ်လိုနည်းနဲ့ သိနိုင်မှာလဲ...

မဖြစ်နိုင်ဘူး... လုံးဝကို မဖြစ်နိုင်တာ…

ဂူချန်ရဲ့လက်ထဲမှာ ဘာအထောက်အထားမှ ရှိမလာနိုင်ဘူး...

ဘာလို့လဲဆိုတော့ သက်သေအထောက်အထား အားလုံးကို ငါတို့ကိုယ်တိုင် သေချာဖျက်ဆီးပစ်ခဲ့ပြီးပြီပဲလေ...

အဲဒီတော့ သက်သေသာ မပြနိုင်ရင်တော့... ဒါက တမင်သက်သက် ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်တဲ့အမှုပဲ ဖြစ်သွားမှာပေါ့..."

"ဒါတင်မကသေးဘူး... ငါတို့ဘက်မှာလည်း အရမ်းကျွမ်းကျင်တဲ့ ရှေ့နေကြီးတစ်ဦး ရှိနေသေးတယ်...

သူက ရန်ချန်းတက္ကသိုလ်ရဲ့ ဥပဒေပါမောက္ခဖြစ်သလို... ထိပ်တန်းရှေ့နေကြီးဖြစ်တဲ့ ယန်ရှောင်ဒုန်းပဲ...။

ယန်ရှောင်ဒုန်းက ဂူချန်လို ဘာမဟုတ်တဲ့ ရှေ့နေပေါက်စမျိုးကို တစ်ခါမှ ကြုံဖူးတာ မဟုတ်ဘူး...

ဂူချန်ကတော့ သူလုပ်လိုက်တဲ့ လုပ်ရပ်က ဘယ်လောက်အထိ အကျိုးဆက် ပြင်းထန်သွားမလဲဆိုတာကို သိပုံမရဘူး...

တရားရုံးကို ကလေးကစားစရာ ထင်နေတာလား….

ယန်ရှောင်ဒုန်းက လက်ကိုမြှောက်ကာ

"ရှေ့နေဂူချန်...ခင်ဗျား တင်သွင်းလိုက်တဲ့ ဒီတောင်းဆိုချက် ၈ ချက်မှာ... ဘယ်လို အထောက်အထား အခြေခံချက်တွေ ရှိလို့လဲ.."

"ခိုင်လုံတဲ့ အထောက်အထားသာ မရှိဘူးဆိုရင်တော့... ခင်ဗျားကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှု၊ ကောလာဟလဖြန့်မှုတွေအပြင်... ကျောင်းခေါင်းဆောင်တွေကို မဟုတ်မမှန် စွပ်စွဲမှုတွေနဲ့ ကျွန်တော်တို့ဘက်က ချက်ချင်း ပြန်ပြီး တရားစွဲသွားမှာပါ...

အနည်းဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရလိမ့်မယ်ဆိုတာ သတိထားပါ...

ဒါ့အပြင်... အခုက တရားခွင်ဖြစ်တဲ့အတွက်ကြောင့်... ခင်ဗျားရဲ့ ဒီလိုလျှောက်ထားချက်တွေက လုံးဝ ဥပဒေကြောင်းအရ မဝင်ဘူးလို့ပဲ ကျွန်တော် ယူဆပါတယ်..."

"အခု စစ်ဆေးနေတဲ့အမှုက... ကျန်းထောင်ရဲ့ ပညာသင်ဆုကိစ္စနဲ့ပဲ သက်ဆိုင်တာပါ...

အဲဒါကို ခင်ဗျားက ကျောင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုအထိ အတင်းဆွဲထည့်နေတာက... တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ လုံးဝကို မကိုက်ညီပါဘူး..."

All Chapters