← Chapters

အခန်း ၂၀၂

Vol. 17 Ch. 202

အခန်း ၂၀၂

Vol. 17 Ch. 202

အခန်း။ ၂၀၂

"တရားသူကြီးမင်း ကျွန်တော် ကန့်ကွက်ပါတယ်"

ဂူချန်က လေသံအေးအေးနှင့် ပြောလိုက်သည်။

"တရားခံဘက်က ရှေ့နေက တရားစီရင်ရေး လုပ်ငန်းစဉ်ကို ဝင်ရောက်နှောင့်ယှက်နေပါတယ်။ ကျွန်တော့်မှာ အထောက်အထား ရှိမရှိဆိုတာကို ရှေ့နေက ဘယ်လိုလုပ် သိနိုင်မှာလဲ။ အထောက်အထား တစ်စုံတစ်ရာ မရှိဘဲနဲ့ ကျွန်တော်က ဘာကြောင့် ဒီအမှုကို တရားစွဲဆိုရမှာလဲ"

တရားသူကြီးချုပ် ရှန်ကျားရွေက ယန်ရှောင်ဒုန်းကို တစ်ချက်ကြည့်လိုက်ပြီး "ကန့်ကွက်ချက်ကို လက်ခံတယ်။ တစ်ကြိမ် သတိပေးတယ်" ဟု မိန့်ကြားလိုက်သည်။

ယန်ရှောင်ဒုန်းမှာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

တရားခွင် စစချင်းမှာပင် တရားသူကြီးချုပ်၏ သတိပေးချက်ကို ခံလိုက်ရသည်။

သုံးကြိမ် သတိပေးခံရပါက တရားခွင်မှ ထွက်ခွာပေးရမည်ဖြစ်ရာ သူ အလွန်ပင် စိတ်တိုသွားသည်။

ဂူချန်ကို စိတ်ထဲမှ ကျိန်ဆဲရင်း “သောက်ကျိုးနည်း ဒီကောင်ရဲ့စွပ်စွဲချက်တွေကို ငါ ဘယ်လို ပြန်တုံ့ပြန်ရမလဲ” ဟု စဉ်းစားသည်။

တောင်းဆိုချက် ရှစ်ခုလုံးအတွက် ဂူချန်တွင် အထောက်အထား လုံးဝမရှိဘူးဟု သူ ယုံကြည်ထားသဖြင့် ဂူချန်ကို အချုပ်ခန်းသို့ ပို့ရန် ပြင်ဆင်ထားသည်။

ပါမောက္ခတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် ယန်ရှောင်ဒုန်းသည် အလွယ်တကူ အလဲထိုးခံရမည့်သူ မဟုတ်ပေ။

တရားခံနေရာရှိ လေးဦးဖြစ်သည့် ကျောင်းအုပ်ကြီး လျိုဟန်ရှန်း၊ ဒုတိယကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာနှင့် လူငယ်အဖွဲ့ချုပ်မှ ဆရာတို့မှာ ဂူချန်၏ ရူးမိုက်လှသည့် လုပ်ရပ်ကို ကြည့်ကာ မယုံနိုင်စရာ ဖြစ်နေကြသည်။

"ဒီကောင် အရူးပဲ ဖြစ်ရမယ်။ ဒီလိုလုပ်လို့ ငါတို့ ဘာဖြစ်သွားမှာမို့လို့လဲ"

သူတို့ အချင်းချင်း တိတ်တဆိတ် တွေးတောနေကြသည်။

သူတို့ ယုံကြည်သည်မှာ ဂူချန်တွင် သက်သေအထောက်အထား ရှာရန် လုံးဝ မဖြစ်နိုင်ကြောင်းပင်။

တရားသူကြီးချုပ် ရှန်ကျားရွေက ဂူချန်ကို ကြည့်ကာ "ခုတော့ တရားလိုရှေ့နေ ခင်ဗျားရဲ့ ခုခံချေပချက်ကို တင်ပြပါ" ဟု ပြောလိုက်သည်။

သို့သော် ယန်ရှောင်ဒုန်းက စိတ်မရှည်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။

သူသည် အသက် ၅၀ ကျော်ပြီဖြစ်သော ဝါရင့်ပါမောက္ခတစ်ဦး ဖြစ်သည့်အလျောက် ဂူချန်ကဲ့သို့ လူငယ်ရှေ့နေတစ်ယောက်ကို မည်သို့မျှ မကြောက်ရွံ့ပေ။

သူသည် ဥပဒေနယ်ပယ်တွင် အလွန်ထင်ရှားသူဖြစ်ပြီး သူ့ကိုယ်သူ အထင်ကြီးသူလည်း ဖြစ်သည်။

"တရားသူကြီးမင်း... ကျွန်တော် တင်ပြချင်တာကတော့... ပထမအချက်အနေနဲ့ တရားလိုဘက်က တင်ပြထားတဲ့ တရားစွဲဆိုမှု လျှောက်ထားချက်တွေက... လုံးဝအခြေအမြစ် မရှိပါဘူး...

အကယ်၍ တရားလိုရှေ့နေဘက်ကသာ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ခဲ့ဘူးဆိုရင်... ကျွန်တော့်ဘက်က တရားလိုရှေ့နေကို ဥပဒေအရ ပြန်လည်အရေးယူပေးဖို့ တောင်းဆိုပါတယ်..."

"ဒုတိယအချက်အနေနဲ့... ကျွန်တော်တို့ တက္ကသိုလ်ရဲ့ ပညာသင်ဆု ရွေးချယ်မှုမှာ ဘာအမှားအယွင်းမှ မရှိခဲ့ပါဘူး...

ကျောင်းသားဦးရေ အရမ်းများပြားတဲ့အတွက် အနည်းငယ် လွဲချော်မှုလေးတွေ ရှိနိုင်ပေမဲ့... ကျန်းထောင်ရဲ့ ပညာသင်ဆု လျှောက်ထားတဲ့ စာရွက်စာတမ်းတွေမှာလည်း အချက်အလက် ပြည့်စုံမှု မရှိခဲ့သလို... သူကိုယ်တိုင်ကလည်း ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား စံနှုန်းနဲ့ မကိုက်ညီတဲ့အတွက် ပညာသင်ဆု မရခဲ့တာပါ...

ကျောင်းဘက်ကတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ တိတိကျကျ လုပ်ဆောင်ခဲ့တာပါ..."

"တတိယအချက်ကတော့... ကျောက်ဝမ်ရွှမ်းက ကျန်းထောင်ရဲ့နေရာကို လုယူပါတယ်ဆိုတာ လုံးဝ မမှန်ကန်တဲ့ စွပ်စွဲချက်ပါ...

ကျွန်တော်တို့ စုံစမ်းစစ်ဆေးချက်တွေအရ... ကျောက်ဝမ်ရွှမ်း တင်သွင်းတဲ့ အချက်အလက်တွေက ဆင်းရဲနွမ်းပါးတဲ့ စံနှုန်းနဲ့ တကယ့်ကို ကိုက်ညီနေတဲ့အတွက် ဥပဒေနဲ့အညီ ပညာသင်ဆု ရခဲ့တာပါ။

ချမ်းသာတဲ့သူတွေကို ပညာသင်ဆု ပေးတယ်ဆိုတာ လုံးဝ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ပြီး ပညာသင်ဆုရသူတွေက အမြဲတမ်း ဆင်းရဲတဲ့ စံနှုန်းနဲ့ ကိုက်ညီသူတွေပါ..."

"စတုတ္ထအချက်အနေနဲ့... ကျန်းထောင်ကိုယ်တိုင်က ဆင်းရဲတဲ့ စံနှုန်းမမီဘဲနဲ့ အွန်လိုင်းပေါ်မှာ ကောလာဟလတွေ လျှောက်ဖြန့်ပြီး ကျောင်းရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်...

ကျောင်းဘက်က သူ့ကို ဥပဒေအရ ချက်ချင်း အရေးမယူဘဲ လူငယ်သဘာဝ လမ်းမှားမရောက်အောင် ဆုံးမအကြံပေးခဲ့တာပဲ ရှိပါတယ်...

ခြိမ်းခြောက်တာမျိုး လုံးဝ မရှိခဲ့ပါဘူး..."

"ပဉ္စမအချက်အနေနဲ့... ကျောင်းခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေက အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ သက်သက်သာပါ။

တရားလိုရှေ့နေ ဂူချန်အနေနဲ့ သက်သေအထောက်အထား မပြနိုင်ရင်တော့ သူ့ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တင်းကျပ်စွာ အရေးယူပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်..."

"ဒါကြောင့်... ကျွန်တော်တို့အနေနဲ့ ဂူချန်ကို ပြင်းထန်စွာ ပြစ်ဒဏ်ချမှတ်ပေးဖို့နဲ့... ဂူချန်ရော ကျန်းထောင်ကိုပါ ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုပါတယ်...

သူတို့နှစ်ယောက်ဟာ ကျောင်းတော်ကြီးကို မတရား စွပ်စွဲပြောဆိုပြီး ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ခဲ့ကြတာပါ...

အထူးသဖြင့် ဂူချန်ဟာ ရှေ့နေတစ်ယောက် ဖြစ်ပါလျက်နဲ့ ဥပဒေကို သိသိကြီးနဲ့ ချိုးဖောက်ခဲ့တဲ့အတွက် ပြစ်မှုက ပိုပြီး လေးနက်ပါတယ်...

ဒါကြောင့် သူ့ကို အကြီးမားဆုံး ပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

"ကျွန်တော်တို့ရဲ့ အမှုလိုက်ပါဆောင်ရွက်ချက်ကို... ဒီနေရာမှာပဲ နိဂုံးချုပ်ခွင့်ပြုပါ ခင်ဗျာ..."

ယန်ရှောင်ဒုန်းသည် သူ၏ ခုခံချေပချက်ကို အဆုံးသတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် အွန်လိုင်းမှ ကြည့်ရှုသူများ၏ မှတ်ချက်များမှာ မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲထွက်လာသည်။

[ရန်ချန်းတက္ကသိုလ်ရဲ့ ပါမောက္ခဆိုတော့လည်း တကယ်ကို အနှစ်သာရရှိတယ်။ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ]

[ဒါပေါ့ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ ဝါရင့်ပါမောက္ခတစ်ယောက်ဆိုတော့ အတွေ့အကြုံကတော့ ပြောစရာမလိုတော့ဘူး]

[အခုတော့ ဖိအားက ရှေ့နေဂူချန်ဆီ ရောက်သွားပြီ။ အထောက်အထားသာ မပြနိုင်ရင် သူ တကယ် ထောင်ကျသွားတော့မှာ]

[ဒါက... ပညာသင်ဆုကိစ္စပါဆိုမှ ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ]

[စိတ်မပူပါနဲ့ ဥပဒေမဲ့မိုက်ရူးရဲဂူချန် တရားခွင်မှာ ရှုံးဖူးလို့လား။ တစ်ခါမှ မရှုံးဖူးပါဘူး။ ကျွန်တော် ဂူချန်ကိုပဲ ထောက်ခံတယ်။ ဒီအမှုကို သူ အနိုင်ယူနိုင်မှာပါ]

[ကျွန်တော်လည်း ဥပဒေမဲ့မိုက်ရူးရဲကို ထောက်ခံတယ် ဂူချန်ကို ထောက်ခံတယ် ဆင်းရဲတဲ့ ကျောင်းသားတွေကို ထောက်ခံတယ်]

ထိုအချိန်တွင် တရားသူကြီးချုပ် ရှန်ကျားရွေက တူကို ရိုက်လိုက်သည်။

ရှန်ကျားရွေ "အခု တရားလိုဘက်က ရှေ့နေအနေနဲ့ သက်ဆိုင်ရာ ဥပဒေအခြေခံ အချက်အလက်တွေကို တင်သွင်းပေးပါ"

ဂူချန်က မတ်တတ်ရပ်လိုက်သည်။

"ကျွန်တော် ဥပဒေအခြေခံ အချက်အလက်တွေ မတင်သွင်းခင်မှာ ကျွန်တော့်အမှုသည် ကျန်းထောင် ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို အားလုံးကို အရင်ရှင်းပြချင်ပါတယ်"

"တရားသူကြီးမင်း ကျန်းထောင်ကို သူ့ရဲ့ ဖြစ်ရပ်မှန်ကို ထွက်ဆိုခွင့်ပေးဖို့ တောင်းဆိုပါတယ်"

ရှန်ကျားရွေ "ကျန်းထောင် အချက်အလက်တွေကို တင်ပြပါ"

ကျန်းထောင်သည် မတ်တတ်ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ကျန်းထောင် "တရားသူကြီးမင်းခင်ဗျား... တကယ်တမ်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းရင်းက ဒီလိုပါ...

ကျွန်တော်က ရန်ချန်းတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ...

ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ မကြာခဏ ပါဝင်လေ့ရှိတော့ နိုင်ငံတကာကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးဌာနက ကျောင်းသားတွေနဲ့လည်း အသိတွေ ဖြစ်ခဲ့ကြပါတယ်...

အဲဒီဌာနနှစ်ခုမှာ ရှိတဲ့သူတွေက အများအားဖြင့်တော့ မိသားစု အခြေအနေ အတော်လေး ကောင်းကြပါတယ်...

မကြာသေးခင်က ပညာသင်ဆု ရွေးချယ်မှုမှာ ကျွန်တော် ပညာသင်ဆု မရခဲ့ဘူးဆိုတာ သိလိုက်ရပါတယ်...

အဲဒီအချိန်မှာပဲ ကျွန်တော့် အခန်းဖော် သုံးယောက်စလုံးကလည်း ပညာသင်ဆု မရခဲ့ကြဘူးဗျ...

သူတို့တွေရဲ့ မိသားစုတွေက တကယ့်ကို အရမ်းဆင်းရဲကြတာပါ...

အခန်းဖော် တစ်ယောက်ဆိုရင်... ဆင်းရဲလွန်းလို့ နေ့တိုင်း မုန့်ခြောက်နဲ့ အချဉ်ရည်ပဲ စားနိုင်ပြီး... ငွေရဖို့အတွက် အချိန်ပိုင်းအလုပ်တွေကို နေ့မနား ညမနား လုပ်နေရတဲ့သူပါ...

ကျွန်တော်တို့ အားလုံးက ဆင်းရဲနွမ်းပါးသူတွေအတွက် သတ်မှတ်ထားတဲ့ ပညာသင်ဆုကို စနစ်တကျ လျှောက်ထားခဲ့ကြသလို... လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးလည်း အသင့်ရှိနေခဲ့ပါတယ်...

ဒါပေမဲ့... ကျွန်တော်တို့တစ်စုလုံး လုံးဝ မရွေးချယ်ခံခဲ့ရပါဘူး...

နောက်ပိုင်းကျမှပဲ... ဘဏ္ဍာရေးဌာနက သူဌေးသား ကျောင်းသားအချို့ ပညာသင်ဆု ရသွားတယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတယ်...

အဲဒါတင်မကသေးဘူးဗျာ... သူတို့ရသွားတာတွေက အဆင့်အမြင့်ဆုံး ပထမတန်း ပညာသင်ဆုတွေကြီးပဲ...။

အဲဒီအချိန်တုန်းက ကျောင်းသား တော်တော်များများ မကျေမနပ် ဖြစ်ခဲ့ကြပေမဲ့... ကျောင်းဘက်က ပြန်ပြီး လက်တုံ့ပြန်တာ၊ အရေးယူတာမျိုး လုပ်မှာကို ကြောက်ကြတဲ့အတွက် ဘယ်သူမှ အပြင်ထုတ်ပြီး မပြောရဲကြပါဘူး...

ဒါကြောင့် ကျွန်တော်ကပဲ မခံမရပ်နိုင်ဖြစ်ပြီး... ဘာဖြစ်လို့ မိသားစုအခြေအနေ အလွန်ကောင်းတဲ့ သူဌေးသား ကျောက်ဝမ်ရွှမ်းကိုမှ ဆင်းရဲနွမ်းပါးသူများ ပညာသင်ဆု ပေးအပ်ရတာလဲဆိုတာကို မေးမြန်းစုံစမ်းဖို့ ကြိုးစားခဲ့ပါတယ်...

အဲဒီနောက်ပိုင်းမှာလည်း တခြားသူဌေးသားအချို့ ဆင်းရဲသူ ပညာသင်ဆု ရသွားတာတွေ ရှိခဲ့ပါသေးတယ်...

ဒါပေမဲ့... ကျောက်ဝမ်ရွှမ်းကတော့ အဲဒီလူတွေနဲ့ မတူဘူးဗျ...

သူက တကယ့်ကို သူဌေးကြီးမိသားစုက ဆင်းသက်လာတဲ့သူပါ...

အဝတ်အစားဝတ်ရင်လည်း အမြဲတမ်း အမှတ်တံဆိပ်ပါတဲ့ တန်ဖိုးကြီးဘရန်းတွေပဲ ဝတ်ဆင်လေ့ရှိတယ်...

ဒါ့အပြင်... ပညာသင်ဆုရပြီး လဝက်အကြာမှာပဲ... ကျောက်ဝမ်ရွှမ်းက ပေါ်ရှာပြိုင်ကားအကောင်းစားကြီးတစ်စီးကို မောင်းပြီး ကျောင်းထဲ ဝင်လာတာကို ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ရပါတယ်...

နောက်တစ်နေ့မှာတော့... ကျောက်ဝမ်ရွှမ်းက ဖာရာရီကားတစ်စီးကို မောင်းပြီး ကျောင်းထဲကို ထပ်ဝင်လာပြန်ပါတယ်...

ကျွန်တော် တကယ် သိချင်တာကတော့... ဒီလောက်တောင် ကြွယ်ဝချမ်းသာနေတဲ့ သူဌေးသားတစ်ယောက်ကို... ဘယ်လိုလုပ်ပြီး ဆင်းရဲနွမ်းပါးသူလို့ သတ်မှတ်ပြီး ပညာသင်ဆု ပေးအပ်ခဲ့ရတာလဲ... ဘာကြောင့်လဲ ဆိုတာပါပဲ...

ကျွန်တော် ဒီကိစ္စကို ကျောင်းကို အစီရင်ခံတင်ပြခဲ့ပါတယ်...

အဲဒီအချိန်တုန်းက အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံဆရာတို့က စုံစမ်းစစ်ဆေးပေးမယ်လို့ ပြောခဲ့ကြပါတယ်...

ဒါပေမဲ့ တစ်လတိတိ ကြာသွားတဲ့အထိ ဘာစုံစမ်းစစ်ဆေးမှု ရလဒ်မှ ထွက်မလာခဲ့ပါဘူး...

ကျွန်တော်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ထပ်ပြီး သွားမေးတဲ့အခါကျတော့... ကျောက်ဝမ်ရွှမ်း ဆင်းရဲသူ ပညာသင်ဆု ရတာဟာ ပုံမှန်ပါပဲ... သူက တကယ်ကို ဆင်းရဲနွမ်းပါးသူတစ်ဦးပါလို့ပဲ ကျွန်တော့်ကို မျက်နှာပြောင်တိုက်ပြီး ပြန်ပြောခဲ့ကြပါတယ်...

ဒီအချက်ကို ကျွန်တော် လုံးဝ လက်မခံနိုင်တဲ့အတွက်... လူငယ်အဖွဲ့ချုပ်ဆရာဆီအထိ သွားရောက်ပြီး ဆက်လက် အစီရင်ခံ တင်ပြခဲ့ပါသေးတယ်...

ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆရာက ကျွန်တော့်ကို ဒီလိုကိစ္စတွေထဲ အများကြီး ဝင်မပါဖို့ ကိုယ့်စာကိုယ်ပဲ အာရုံစိုက်ပြီး သူတစ်ပါးကိစ္စကို လျှောက်ပြီး စိတ်မပူဖို့ပြောပြီး နှုတ်ပိတ်ခဲ့ပါတယ်...

ကျွန်တော် တကယ်ပဲ ဒေါသထွက်မိပါတယ် တရားသူကြီးမင်း...

ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဆီအထိ သွားရောက်ပြောဆိုခဲ့ပေမဲ့လည်း သူကလည်း ဒီလိုမျိုးကိစ္စတွေက ကျောင်းမှာ သာမန်ပါပဲ... ဒီအတိုင်းပဲ ထားလိုက်ပါဆိုပြီး ဖုံးဖုံးဖိဖိပဲ ပြောခဲ့ပါတယ် ခင်ဗျာ..."

All Chapters