← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) - အဆုံးမဲ့သတ်ဖြတ်ခြင်း (၁)

'သူက တကယ်ပဲ သင်္ချိုင်းမင်းသားလား...'

ထိုအတွေးများက စိတ်ထဲတွင် တစ်ခဏသာဖြတ်ပြေးသွားပြီး ချူချင်းက ထိုခေါင်းကိုလှမ်းယူလိုက်ကာ သူ၏ခြေလှမ်းများက မြူခိုးငွေ့သဖွယ် မြင့်တက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထျန်းကျီးမျှော်စင်အပြင်ဘက်သို့ ရောက်ရှိသွားလေသည်။

သူ၏လှုပ်ရှားမှုက အလွန်လျင်မြန်လွန်းလှသဖြင့် ရှီယဲမှာ သူ့ကိုမော့ကြည့်ရန်ပင် အချိန်မရလိုက်ချေ။

"သင်္ချိုင်းမင်းသား သေသွားပြီ... မင်းတို့ လက်နက်မချသေးဘူးလား..."

ချူချင်းက ခေါင်းကိုမြင့်မြင့်မြှောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်ရာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အရပ်ရှစ်မျက်နှာလုံး တုန်ဟည်းသွား၏။

ဤသင်္ချိုင်းမင်းသား၏သေဆုံးမှုမှာ အလွန်ရိုးရှင်းလွန်းနေပြီး ပရိယာယ်တစ်ခုခုရှိနိုင်သည်ဟု သူယူဆမိသော်လည်း... ဤသည်ကို နောက်မှရှင်းလင်းနိုင်သည်။

ဦးစွာ ဤကိစ္စကို ထုတ်ဖော်အော်ဟစ်လိုက်ခြင်းက ကောင်းကင်မိစ္ဆာဂိုဏ်းသားများကို ထိတ်လန့်သွားစေနိုင်သဖြင့် အကျိုးရှိပေသည်။

နှစ်ဖက်တိုက်ပွဲတွင် ခေါင်းဆောင်ကျဆုံးသွားပါက စစ်သည်များ၏စိတ်ဓာတ်များ ပြိုလဲသွားမည်မှာ အသေအချာပင်။

ဝမ်ဖူစန်းသည် ဤမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရသဖြင့် အလွန်အားတက်သွားလေသည်။

"ကောင်လေး... တော်လိုက်တာ..."

သို့သော် ဝမ်ဖူစန်းတို့နှင့်အတူ လိုက်ပါလာသော သိုင်းလောကမှကျွမ်းကျင်သူအချို့မှာမူ စိတ်ရှုပ်ထွေးသွားကြသည်။

"သင်္ချိုင်းမင်းသားဆိုတာ ဘယ်သူလဲ..."

ကျိုးကုနှင့် ရှောက်ဇီဟန်တို့၏မျက်နှာအမူအရာများမှာ အနည်းငယ်ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွား၏။

အသားစားဘုန်းကြီးမှာမူ မျက်နှာပျက်သွားကာ တီးတိုးရေရွတ်လိုက်သည်။

"သင်္ချိုင်းမင်းသားကို သူ တကယ်သတ်လိုက်တာလား..."

ဤစကားမှာထူးဆန်းသော်လည်း မည်သူကမျှ မကြားလိုက်ချေ။

"သတ္တိကောင်းလှချည်လား..."

ရှီယဲသည် အပြေးအလွှားလိုက်ထွက်လာပြီး သူ၏မျက်လုံးမှအဝတ်စကို လက်တစ်ဖက်ဖြင့် ဆွဲဖြဲလိုက်ကာ ချူချင်းကို စူးစိုက်ကြည့်လိုက်လေသည်။

ချူချင်းသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သူ၏လက်ထဲမှခေါင်းကို ရှီယဲထံသို့ ပစ်ပေါက်လိုက်၏။

ဖုန်းဟူသော အသံတစ်သံကို ကြားလိုက်ရသည်။

ထိုခေါင်းနှင့် ရှီယဲအကြည့်ဆုံမိသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားလေသည်။

ရှီယဲ၏မျက်လုံးများထဲတွင် သွေးရောင်များလွှမ်းမိုးသွားပြီး ချူချင်းကို ပြန်လည်ရှာဖွေလိုက်သော်လည်း လုံးဝရှာမတွေ့တော့ချေ။

သူသည် အလျင်အမြန် ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်စဉ် မမျှော်လင့်ဘဲ လက်ချောင်းတစ်ချောင်းက ကြယ်ကြွေသကဲ့သို့ အဆုံးမဲ့ထက်မြက်သော အဟုန်များဖြင့် ပြင်းထန်စွာဝင်ရောက်လာသည်။

မည်သူတိုက်ခိုက်သည်ကို ရှီယဲကြည့်စရာမလိုဘဲ ဝမ်ဖူစန်းမှလွဲ၍ အခြားသူမဖြစ်နိုင်ကြောင်း အသေအချာသိလိုက်၏။

ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးသိုင်းကို ဤအဆင့်အထိ ကျင့်ကြံနိုင်သူမှာ လော့ချန်အိမ်တော်တွင် ဝမ်ဖူစန်းတစ်ဦးတည်းသာ ရှိလေသည်။

ဤတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်၍မဖြစ်နိုင်သဖြင့် သူသည် လွတ်မြောက်နိုင်ရန် ကိုယ်နေဟန်ထားကို လှည့်လိုက်သည်။

သို့သော် သူ၏ခန္ဓာကိုယ်မှာ ရွှံ့နွံထဲနစ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးဖြင့် ခုခံထားလိုက်သည်။

ရှီယဲ၏ခန္ဓာကိုယ်ပတ်လည်မှ မိုးကြိုးသံများကို ကြားလိုက်ရပြီး ထိုခုခံမှုများ ချက်ချင်းလျော့ကျသွားလေသည်။ လုံးဝပြိုကွဲသွားရန် မလုံလောက်သော်လည်း အရေးပါသော နေရာများကို ရှောင်လွှဲနိုင်ခဲ့သည်။

လက်ညှိုးအဟုန်က သူ၏ပခုံးကို ပွတ်တိုက်သွားပြီး ပခုံးပေါ်တွင် လက်ချောင်းရာကြီးတစ်ခု ကျန်ရစ်ခဲ့၏။

လက်ချောင်းအဟုန်မှာ မရပ်တန့်သွားဘဲ အရာအားလုံးကို ထိုးဖောက်ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါဖြင့် ဟိန်းဟောက်ကာ အဝေးသို့ထွက်ခွာသွားသည်။

ဝုန်းဟူသော အသံကြီးထွက်ပေါ်လာပြီး ထိုလက်ချောင်းက ထျန်းကျီးမျှော်စင်တစ်ခုလုံးကို ထိုးဖောက်သွားရုံသာမကဘဲ ဧရာမကျောက်နံရံကြီးကိုပါ ဖြတ်သန်းကာ တောင်နံရံထဲသို့ တစ်လံခန့် ထိုးဖောက်ဝင်ရောက်သွားပြီးမှသာ လေထဲသို့ ပျောက်ကွယ်သွားလေသည်။

အကယ်၍ ဤလက်ချောင်းဖြင့်သာ အမှန်တကယ်ထိုးဖောက်ခံလိုက်ရပါက ရှီယဲပင်လျှင် သေချာပေါက်သေဆုံးသွားမည် ဖြစ်သည်။

ယခု သူ၏ပခုံးဒဏ်ရာရသွားသော်လည်း လက်နှစ်ဖက်ကိုမြှောက်လိုက်ရာ လက်ဖဝါးကြားတွင် မိုးကြိုးများရစ်ပတ်နေပြီး ထိုအရှိန်ဖြင့် ဝမ်ဖူစန်း၏ရင်ဘတ်ဆီသို့ လက်ဝါးရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်၏။

သောင်းချီပျက်သုဉ်း ယင်မိုးကြိုးကျင့်စဉ်ပင်။

ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်၏ နယ်ပယ်သည် တစ်ခဏအတွင်း ဖြန့်ကြက်သွားပြီး မိုးကြိုးများပါဝင်သော လက်ဝါးအဟုန်သည် ဝမ်ဖူစန်း၏ရင်ဘတ်ရှေ့ သုံးလက်မအကွာအထိ ရောက်ရှိလာသော်လည်း ထိုနေရာမှ ရှေ့သို့ဆက်လက်တိုးဝင်နိုင်ခြင်း မရှိတော့ချေ။

ဝမ်ဖူစန်းက ရုတ်တရက်မော့ကြည့်လိုက်ပြီး ကောင်းကင်ကိုးလွှာကြယ်တာရာလက်ညှိုးကို နောက်တစ်ဖန် ထုတ်ဖော်လိုက်သည်။

ရှီယဲ၏သူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားကာ မျက်လုံးများမှ သွေးများစီးကျလာပြီး ယူမင်ဝမ်ရှန်းကျင့်စဉ်၏ သေလုမတတ် အေးစက်သော အကြည့်များကလည်း ပေါ်ထွက်လာတော့သည်။

သို့သော် ထိုအချိန်၌ပင် လူနှစ်ဦးကြားရှိ လေပြင်းများကို လက်တစ်ဖက်က ရုတ်တရက်ဖောက်ထွက်လာပြီး ရှီယဲ၏ပခုံးကို ဆွဲကိုင်ကာ လွှင့်ပစ်လိုက်၏။

ရှီယဲသည် လေထဲတွင် အလျင်အမြန်လှည့်ကြည့်လိုက်ရာ ထိတ်လန့်ဒေါသထွက်မှုများက ချက်ချင်းဝမ်းသာအားရမှုအဖြစ် ပြောင်းလဲသွားလေသည်။

"မင်းသား..."

သူ့ကိုလွှင့်ပစ်လိုက်သူမှာ သင်္ချိုင်းဟူသော စာလုံးရေးထိုးထားသည့် မျက်နှာဖုံးတပ်ထားသော မီးခိုးရောင်ဝတ်လူတစ်ယောက်ပင် ဖြစ်သည်။

အတိအကျဆိုရလျှင် သင်္ချိုင်းမင်းသားပင် ဖြစ်၏။

သို့သော် ရှီယဲ၏ဝမ်းသာမှုမှာ တစ်ခဏသာကြာလိုက်ပြီး သူ၏စိတ်ထဲတွင် ကြီးမားသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။

သူကိုယ်တိုင် သင်္ချိုင်းမင်းသားကို ဓားရူးသခင်လေးသုံး၏ ဓားချက်အောက်တွင် သေဆုံးသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။

ယခု အဘယ်ကြောင့် အထိအခိုက်မရှိဘဲ ပြန်လည်ပေါ်လာရသနည်း။

မေးခွန်းများ အဖြေမရသေးခင်မှာပင် သူ၏ခြေအောက်မှ ထက်မြက်သော အဟုန်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။

သူသည် ဤနေရာတွင် ခြေချတော့မည်ဖြစ်ရာ ယခုအခါ ရှောင်လွှဲစရာနေရာမရှိတော့ပေ။ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ သူ၏တစ်ကိုယ်လုံးတွင် မိုးကြိုးသံများ ချက်ချင်းဟိန်းထွက်လာသည်။

နောက်တစ်ကြိမ် သောင်းချီပျက်သုဉ်းယင်မိုးကြိုးကျင့်စ‌ဥ်ကို ထပ်မံထုတ်ဖော်လိုက်သည်။

ဤသိုင်းပညာသည် ကောင်းကင်မှမိုးကြိုးနှင့် မီးစွမ်းအင်တို့ကိုထုတ်ယူကာ အတွင်းအားထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်း ဖြစ်သည်။

ယုတ္တိဆန်စွာ စဉ်းစားကြည့်ပါက ဤကျင့်စဉ်မှာ အမှန်တကယ်ပင် အလွန်အဆင့်မြင့်သော လျှို့ဝှက်သိုင်းပညာတစ်ခု ဖြစ်၏။

သို့သော် ဤနည်းလမ်းသည် အလွန်အန္တရာယ်များလှသည်။ မိမိခန္ဓာကိုယ်ဖြင့် မိုးကြိုးကိုဆွဲယူခြင်းဖြစ်ရာ သာမန်လူ့ခန္ဓာကိုယ်ဖြင့် မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။

ထို့ကြောင့် မိစ္ဆာလမ်းစဉ်မှလူများက နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ကြသည်။ သူတို့သည် သာမန်လူများကိုဖမ်းဆီးကာ မိုးသက်မုန်တိုင်းကျသည့်နေ့များတွင် တောင်ထိပ်ရှိ သံတိုင်များ၌ ချည်နှောင်ထားကြ၏။

ထို့နောက် မိုးကြိုးကိုဆွဲယူကာ ထိုသူများကို သတ်ဖြတ်ပစ်ကြသည်။

ထိုသူများသည် မိုးကြိုးပစ်ခံရသဖြင့် သေဆုံးသွားသောကြောင့် ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးနှင့်မီးစွမ်းအင်များ သဘာဝအလျောက် ဖုံးလွှမ်းနေတော့သည်။

ဤသို့ဖြင့် မိုးကြိုးစွမ်းအင်မှာ အနည်းငယ်အားနည်းသွားပြီး သဘာဝအတိုင်း နူးညံ့သိမ်မွေ့သွားလေသည်။ ထိုအခါ ကျင့်ကြံသူများသည် ထိုမိုးကြိုးမီးကို စုပ်ယူကာ မိမိခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထည့်သွင်း၍ ကျင့်ကြံမှုကို မြှင့်တင်ကြသည်။

လူတစ်ယောက်မှရရှိနိုင်သော မိုးကြိုးမီးပမာဏမှာ ကန့်သတ်ချက်ရှိသဖြင့် လူပိုမိုဖမ်းဆီးရလေသည်။

အကြိမ်ကြိမ်စမ်းသပ်ပြီးနောက် ပါရမီပါသူများအနေဖြင့် တစ်ကြိမ်လျှင် အများဆုံးခြောက်ဆယ့်သုံးယောက်အထိ အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ကြ၏။

ထိုထက်များသွားပါက စုပ်ယူ၍မနိုင်တော့ဘဲ မိုးကြိုးမီးများ ပျောက်ကွယ်သွားတတ်သည်။

နည်းသွားပါကလည်း မလုံလောက်ချေ။

သာမန်ကျင့်ကြံသူများအတွက်မူ တစ်ကြိမ်လျှင် အများဆုံးလူသုံးဆယ်ခန့်သာ အသုံးပြုနိုင်သည်။

အဆင့်နိမ့်သူများလျှင်ပင် တိုးတက်မှုတစ်စုံတစ်ရာ ရရှိရန်အတွက် တစ်ကြိမ်လျှင် အနည်းဆုံးလူဆယ်ယောက် လိုအပ်လေသည်။

ဖေ့ဝူကျိနှင့် ရှီယဲတို့နှစ်ဦးလုံးသည် ဤသောင်းချီပျက်သုဉ်းယင်မိုးကြိုးကျင့်စဉ်ကို ကျင့်ကြံထားကြသော်လည်း ရှီယဲတွင် သင်္ချိုင်းမင်းသား၏အကူအညီရှိသဖြင့် ကျင့်ကြံရာတွင် ပို၍လွယ်ကူချောမွေ့လေသည်။

မရေမတွက်နိုင်သောအသက်များကို အသုံးပြုခဲ့ပြီး ဤသိုင်းပညာကို အဆင့်ခုနစ်အထိ ကျင့်ကြံထားပြီးဖြစ်၏။

All Chapters