အခန်း ၃၀၇
Vol. 21 Ch. 307
အခန်း ၃၀၇ လီယွဲ့ - နတ်ဘုရားပလ္လင် ရှစ်ခု ကျန်သေးတယ်၊ ဘယ်သူ ထိုင်ချင်လဲ
"အ... ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါးပါလား"
"လီယွဲ့က ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါး ဖြစ်နေပြီ"
"ဆဋ္ဌမအဆင့် အရာရှိတစ်ဦးပေါ့"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက ဘယ်လိုလုပ်ပြီး ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါး ဖြစ်နေရတာလဲ"
“ပေါက်ပေါက်ရှာရှာဗျာ... ငါက အဋ္ဌမအဆင့် မှာပဲ ရှိသေးတာကို သူက ဆဋ္ဌမအဆင့်ကို ရောက်နေပြီ"
"ငါ မျက်စိမှားတာလား မသိဘူး… ချန်ကျင်ပေ၊ ယွန်ချင်းဟွာနဲ့ တခြားလူတွေက သတ္တမအဆင့် နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ရုံတင် ရှိသေးတာ… သူက ဆဋ္ဌမအဆင့်ကို ရောက်နေပြီလား..."
"ဆဋ္ဌမအဆင့် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ နတ်ဘုရားစွမ်းအား ဘယ်လောက်တောင် လိုမလဲဆိုတာ ငါ တွက်ကြည့်ပါရစေဦး... ၂.၂၅ သန်း... ၂၂.၅ သန်း... သန်း ၂၂၀... ၂.၂ ဘီလီယံ... အနည်းဆုံး နတ်ဘုရားစွမ်းအား ၂ ဘီလီယံလား… ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုများမလား..."
"ဒါက ကြောက်စရာကောင်းလိုက်တာ... ဒါက ကြယ်ငါးပွင့် နတ်ဘုရားတွေထဲက နံပါတ်တစ် လူသားရဲ့ စွမ်းအားလား..."
"သူက အားကောင်းလွန်းတယ်… သူ တစ်ယောက်တည်းနဲ့ ငါတို့အားလုံးကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါ သံသယဝင်မိတယ်"
"ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါးရဲ့ ခွန်အားက အဆင့် (၁၁) အကန့်အသတ်မှာ ရှိနေတာ သံသယဖြစ်စရာ မလိုပါဘူး… သူက အချိန် လျှို့ဝှက်နယ်မြေ ထဲမှာ တာအိုကလေးငယ်အဆင့်ရှိတဲ့ သက်ရှိတစ်ဦးကို သတ်ပစ်ခဲ့တာဆိုတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဘုရားတစ်ပါးထက် အဝေးကြီးကို ကျော်လွန်နေပြီး အဆင့် (၁၂) အကန့်အသတ်ရှိတဲ့ တိုက်ခိုက်ရေးစွမ်းအား သေချာပေါက် ရှိနေတာပေါ့… ငါတို့ အဋ္ဌမအဆင့် နတ်ဘုရားတွေကတော့ သတ္တမအဆင့် အကန့်အသတ်၊ ဒါမှမဟုတ်ရင် အများဆုံး အဆင့်ရှစ်ရဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိကြတာ… တကယ်လို့ ငါတို့အားလုံး သူ့ကို သွားပြီး ရင်ဆိုင်ရင်တောင် ငါတို့က သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
"ကြောက်စရာကောင်းလိုက်တာ"
"တကယ်လို့ ကောင်းကင်ဘုံက လီယွဲ့ကို မမွေးဖွားခဲ့ရင် နတ်ဘုရားတာအိုလမ်းစဉ်က ထာဝရ မှောင်မိုက်နေဦးမှာပဲ"
ကြယ်တာရာပြာ၏ နတ်ဘုရားများသည် မျက်လုံးများ ပြူးကျယ်လျက်၊ သူတို့၏ မျက်နှာများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေကာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
သူတို့၏ အသံများကို ကြားလိုက်ရချိန်တွင်…
ပေတိုကြယ်၊ ယောင်ကွမ်ဂြိုဟ်၊ တီယန်ရှူကြယ်နှင့် ဇီဝေကြယ်တို့မှ အခြားသော နတ်ဘုရားများသည်လည်း တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏ ဦးရေပြားများ ထုံကျင်ကာ တုန်ရီသွားကြ၏။
သူတို့သည် အဋ္ဌမအဆင့် နတ်ဘုရားအဆင့်တွင်သာ ရှိနေသေးသည်။
လီယွဲ့မူကား ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါး ဖြစ်နေပြီ ဖြစ်၏။
ဤကွာခြားချက်သည် မမည်မျှပင် ကျယ်ပြောလှသနည်း။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်ပေသည်။
"ဆဋ္ဌမအဆင့် အရာရှိတစ်ဦးပါလား..."
ချန်ကျင်ပေ၊ ခုန်းဖူဟွာ၊ စန်းမင်ယောင်၊ ယွန်ချင်းဟွာ၊ ယန်ရှန်းစီနှင့် အခြားသူများသည်လည်း အံ့အားသင့်သွားကြ၏။
လွန်ခဲ့သော လေးလကျော်ကပင် ဝေးကွာလှသော အတိတ်၌…
တစ်ဖက်လူသည် ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါးသာ ရှိသေးသော်လည်း ယခု လေးလကျော်အတွင်းမှာပင် တစ်ဖက်လူသည် ဆဋ္ဌမအဆင့် နတ်ဘုရားအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
"သူက ဆဋ္ဌမအဆင့် အရာရှိတစ်ဦး တကယ် ဖြစ်နေတာပဲ..."
ဟန်ဝူချန်က တီးတိုးရေရွတ်လိုက်၏။
ထာဝရနတ်ဘုရားမြို့တော်၏ ခြောက်ထပ်ကို သိမ်းပိုက်ထားသော နတ်ဘုရားများထဲမှ တစ်ဦးအနေဖြင့် သူသည် အမြဲတမ်း ဂုဏ်ယူဝင့်ကြွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် လုံးလုံးလျားလျား ဂုဏ်ယူနိုင်စွမ်း မရှိတော့ချေ။
"ငါက သတ္တမအဆင့်ကို အခုလေးတင် တက်လှမ်းနိုင်ခဲ့တာ၊ တစ်ဖက်လူကတော့ ဆဋ္ဌမအဆင့်ကို ရောက်နေပြီ"
"အားကောင်းလွန်းတယ်..."
"သတ္တမအဆင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းက ငါ့ကို သူ့ဆီ ပိုနီးစပ်သွားစေမယ်လို့ ငါ ထင်ခဲ့တာ..."
"ကွာဟချက်က ဒီလောက်အထိ ကျယ်ပြန့်သွားလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး..."
ဆူလီမန်သည် အတွေးများထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေပုံရ၏။
"ငါ့အစ်ကိုက အတော်ဆုံးပဲ"
ယွန်ဝူချီ၏ မျက်လုံးများထဲတွင် ပလ္လင်ပေါ်ရှိ ချောမောသော အမျိုးသားအား ကြည့်ရင်း ကြည်ညိုလေးစားမှုများ ပြည့်နှက်နေပေသည်။
"အဲ့ဒီတုန်းက အတိတ်ကို ပြန်တွေးကြည့်ရင်ပေါ့"
"ငါက တစ်ချိန်က နတ်ဘုရားတရားရုံးရဲ့ အရှင်သခင်နဲ့ အုပ်စုတစ်ခုတည်းမှာ ရှိခဲ့တာလေ"
ရှန်ကျင်းရှောင်က သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နက်ရှိုင်းစွာ သက်ပြင်းချလိုက်၏။
ထိုအချိန်က သူသည် အလွန် မကျေမနပ်ဖြစ်ခဲ့ပြီး နံပါတ်တစ် ဖြစ်ချင်ခဲ့သည့် အတိတ်ကို ပြန်တွေးမိကာ သူ ရှက်ရွံ့မိပေသည်။
ဤကဲ့သို့သော မိစ္ဆာကောင်နှင့် နံပါတ်တစ်နေရာအတွက် ပြိုင်ဆိုင်ရန် တွေးတောခြင်းသည် သူ စိတ်ကူးပင် မယဉ်ဝံ့သောအရာ ဖြစ်သည်ဟု သူ ခံစားလိုက်ရ၏။
အခြားသော နတ်ဘုရားခေတ်များမှ နတ်ဘုရားများကို ခေါ်ဆောင်လာလျှင်ပင် ၎င်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။
ဝုန်း……
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုသည် လီယွဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာ၏။
သူ၏ နတ်ဘုရားအရှိန်အဝါသည် ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသော နေနှင့် လကဲ့သို့ ကျယ်ပြောလှပြီး အဆုံးအစမရှိဘဲ ကိုးထပ်သော ကောင်းကင်ဘုံနှင့် ဆယ်ထပ်သော မြေကမ္ဘာကို ဖိနှိပ်ထားပေသည်။
ကမ္ဘာလောကတစ်ခုလုံးသည် ဤလွှမ်းမိုးချုပ်ကိုင်ထားသော နတ်ဘုရားစွမ်းအားအောက်တွင် အညံ့ခံတော့မည့်အတိုင်း ဖြစ်နေ၏။
နတ်ဘုရားစွမ်းအားများ ဝါးမြိုသွားခဲ့သည်။
နတ်ဘုရား သန်းပေါင်းများစွာသည် လေထဲရှိ ဗေဒါပင်များကဲ့သို့ ခံစားလိုက်ရပြီး မတ်မတ်မရပ်တည်နိုင်ကြကြချေ။
ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများအောက်တွင် အချိန်မရွေး တိမ်းမှောက်သွားနိုင်သည့် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့လည်း ခံစားလိုက်ရပေသည်။
"ဒါက ဆဋ္ဌမအဆင့် နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားလား..."
"သူတို့အရှေ့မှာ ရပ်နေရတာ ငါက ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်နေတယ်လို့ ခံစားရတယ်"
"ငါတို့အားလုံး ဒီကို တူညီတဲ့နေ့မှာ ကူးပြောင်းလာကြတာပဲ။ ဘာလို့ ဒီလောက်တောင် ကွာခြားချက် ကြီးမားနေရတာလဲ..."
"တကယ်လို့ သူသာ မလိမ်ခဲ့ရင် ငါ ဝမ်ကျင်း တစ်ယောက် မျိုးရိုးနာမည် ပြောင်းပစ်မယ်"
နတ်ဘုရား သန်းပေါင်းများစွာသည် နတ်ဘုရား ပလ္လင်ကိုးခုပေါ်တွင် ထိုင်နေသော တစ်ဦးတည်းသော ပုံရိပ်ကို အလွန်အမင်း ရိုသေလေးစားစွာဖြင့် စိုက်ကြည့်လိုက်ကြ၏။
တစ်ဖက်လူသည် ထိုနေရာတွင် ထိုင်နေပြီး နတ်ဘုရားတရားရုံး၏ အုပ်ချုပ်သူနှင့် နတ်ဘုရားအားလုံး၏ ဘုရင်ဖြစ်လာရန် မွေးဖွားလာသကဲ့သို့ နတ်ဘုရားအရှိန်အဝါများကို ထုတ်လွှတ်နေပေသည်။
"နတ်ဘုရား ပလ္လင် ရှစ်ခု ကျန်သေးတယ်..."
"ဘယ်သူ ထိုင်ချင်လဲ..."
လီယွဲ့က နတ်ဘုရားများကို ငုံ့ ကြည့်ပြီး ပြောဆိုလိုက်၏။
ဧရာမ ပုံရိပ်ယောင်ကြီး စီမာကျင်း က ပါးစပ်ကို ဟလိုက်သည်။
သူသည် ဤပွဲကို ဦးဆောင်ကျင်းပမည့်သူ ဖြစ်သင့်ကြောင်း အမှန်တကယ် ပြောဆိုချင်ခဲ့၏။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ တိတ်ဆိတ်သွားပေသည်။
သူ သေချာသွားခဲ့၏။
သူတို့ရှေ့ရှိ မြင်ကွင်းသည် ယခင် နတ်ဘုရားခေတ် ကိုးခုတွင် မြင်တွေ့ခဲ့ရသည်များနှင့် လုံးလုံးလျားလျား မတူညီချေ။
ကမ္ဘာလောကအားလုံးကို လွှမ်းမိုးထားသည့် အမတေ များ၏ အုပ်ချုပ်မှုကို ချိုးဖျက်ပြီး မျိုးနွယ်စုအားလုံးကို အမတေလမ်းစဉ် ကျခြေံရန် လမ်းပြခဲ့သည့် ပထမဦးဆုံးသော ဒဏ္ဍာရီလာ နတ်ဘုရားခေတ်တွင်ပင် ဤကဲ့သို့သော အရာမျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။
"ငါ ထိုင်ချင်တယ်"
ချန်ကျင်ပေက ရှေ့သို့ လှမ်းထွက်လာပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။
သူသည် ယောင်ကွမ်ဂြိုဟ်၏ နံပါတ်တစ် နတ်ဘုရားဖြစ်ပြီး သဘာဝအတိုင်း ရည်မှန်းချက်များ ရှိပေသည်။
အနာဂတ် နတ်ဘုရားတရားရုံးတွင် သူသည် မဟာဧကရာဇ် ငါးပါးနှင့် ကြီးမြတ်သော နတ်ဘုရားသခင် ဆယ့်နှစ်ပါးထဲမှ တစ်ဦး ဖြစ်ရပေမည်။
"ငါလည်း ထိုင်ချင်တယ်"
ဆူလီမန်က လှမ်းထွက်လာ၏။
"ငါ ထိုင်ချင်တယ်"
"ငါ ထိုင်ချင်တယ်"
"ငါ ထိုင်ချင်တယ်"
စန်းမင်ယောင်၊ ခုန်းဖူဟွာ၊ ဟန်ဝူချန်၊ ယွန်ချင်းဟွာ၊ ယန်ရှန်းစီ၊ ရှန်ယန်ချူး၊ ရှန်ကျင်းရှောင်၊ ယွန်ဝူချီနှင့် အခြားသူများသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့ လှမ်းထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
လီယွဲ့က သူတို့ကို ကြည့်လိုက်၏။
ချန်ကျင်ပေက ယောင်ကွမ်ဂြိုဟ်၏ ပထမမြောက် နတ်ဘုရားဖြစ်သည်။
ဟန်ဝူချန်က တီယန်ရှူကြယ်၏ နံပါတ်တစ် နတ်ဘုရားဖြစ်သည်။
ယွန်ချင်းဟွာက ပေတိုကြယ်၏ ပထမမြောက် နတ်ဘုရားဖြစ်သည်။
ရှန်ယန်ချူးက ဇီဝေကြယ်၏ ပထမမြောက် နတ်ဘုရားဖြစ်သည်။
ဆူလီမန်က သူ့အပြင် ကမ္ဘာမြေပေါ်ရှိ နံပါတ်တစ် နတ်ဘုရားဖြစ်သည်။
"ချန်ကျင်ပေ၊ ဟန်ဝူချန်၊ ယွန်ချင်းဟွာ၊ ရှန်ယန်ချူးနဲ့ ဆူလီမန်တို့က နတ်ဘုရားပလ္လင် တစ်ခုစီကို ရယူစေ..."
"ကျန်ရှိတဲ့ ပလ္လင်သုံးခုကတော့..."
လီယွဲ့သည် ကျန်ရှိနေသော စန်းမင်ယောင်၊ ခုန်းဖူဟွာ၊ ယန်ရှန်းစီ၊ ရှန်ကျင်းရှောင်၊ ယွန်ဝူချီနှင့် အခြားသူများကို တည်ငြိမ်စွာ ကြည့်လိုက်ရာ အတွေးတစ်ခု လက်ခနဲ ဖြစ်သွားပေ၏။
ရုတ်တရက်ပင်…
သူ့အရှေ့တွင် အရောင်ငါးမျိုး အလင်းတန်းများ ထွက်ပေါ်လာပြီး အရောင်ငါးမျိုးရှိသော ပုံရိပ်များအဖြစ် ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။
ပုံရိပ်တစ်ခုစီသည် အဆင့် (၉) အကန့်အသတ်၏ အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အရောင်ငါးမျိုးဖြင့် တောက်ပနေကာ သူတို့၏ မျက်နှာများသည် မှုန်ဝါးနေပြီး သူတို့၏ လက်ထဲတွင် ဓားတစ်လက်စီ ကိုင်ဆောင်ထားကြ၏။
"မင်းတို့တွေက ငါ စုစည်းထားတဲ့ ဒြပ်စင်ငါးပါး စစ်သည်တော်များ နဲ့ တိုက်ခိုက်ရမယ်..."
"ဒြပ်စင်ငါးပါး စစ်သည်တော် တစ်ဦးစီက တူညီတဲ့ ခွန်အားရှိပြီး အဆင့် (၉) အကန့်အသတ်ကို ရောက်နေကြတယ်..."
"အကြာဆုံး ကြံ့ကြံ့ခံနိုင်တဲ့ နတ်ဘုရားသုံးပါးက ကျန်ရှိတဲ့ နတ်ဘုရား ပလ္လင်သုံးခုပေါ်ကို တက်လှမ်းခွင့် ရလိမ့်မယ်..."
သူက တည်ငြိမ်အေးဆေးသော အသံဖြင့် ပြောဆိုလိုက်၏။
ဒြပ်စင်ငါးပါး စစ်သည်တော်များ…
၎င်းသည် သူ၏ ဒြပ်စင်ငါးပါး လည်ပတ်ခြင်း နတ်ဘုရားအလင်းနည်းစနစ် ၏ အပေါ်ယံ အသုံးချမှုမျှသာဖြစ်ပြီး ထွက်ပေါ်လာသော စစ်သည်တော်များသည် အလွန်အမင်း အားမကောင်းကြချေ။
သို့သော် ဤနေရာရှိ နတ်ဘုရားများကို စမ်းသပ်ရန်အတွက်မူ အတော်လေး သင့်တော်ပေသည်။
"ဟုတ်ကဲ့ပါ"
ခုန်းဖူဟွာ၊ စန်းမင်ယောင်၊ ယန်ရှန်းစီ၊ ရှန်ကျင်းရှောင်၊ ယွန်ဝူချီ၊ ထိုက်ဟွာလင်း၊ ကျူးရင်ထုံ၊ ယုစုထန်၊ ပိုင်ချီအန်း၊ ယွီရှီမင်... စုစုပေါင်း သတ္တမအဆင့် နတ်ဘုရား သုံးဆယ့်ငါးပါးသည် သူတို့၏ မျက်လုံးများ တောက်ပလျက်၊ အသက်ကို ပြင်းပြင်းရှူကာ ပြောဆိုလိုက်ကြ၏။
သူတို့အားလုံး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။
လူတိုင်း အလွန် ထိတ်လန့်တုန်လှုပ်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ…
ပလ္လင်သုံးခုသာ ကျန်တော့သည် မဟုတ်ပါလား။
သို့သော် သူတို့က သုံးဆယ့်ငါးဦး တောင် ရှိနေပေသည်။
လီယွဲ့က ချန်ကျင်ပေ၊ ဟန်ဝူချန်နှင့် အခြားသူများကို နတ်ဘုရားပလ္လင်များ တိုက်ရိုက် ရယူခွင့်ပေးလိုက်ခြင်းအပေါ် သူတို့ ကန့်ကွက်မှု မရှိကြချေ။
ခွန်အားကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။
ထိုငါးဦးသည် သူတို့အားလုံးထက် အမှန်တကယ် ပိုမို အားကောင်းကြ၏။
အထူးသဖြင့် ချန်ကျင်ပေ၊ ဟန်ဝူချန်နှင့် ယွန်ချင်းဟွာတို့သည် ထာဝရ နတ်ဘုရားမြို့တော်၏ ခြောက်ထပ်ကို သိမ်းပိုက်ထားကြပြီး ၎င်းသည် သူတို့ လက်လှမ်းမမှီနိုင်သော အရာဖြစ်၏။
ရှန်ကျင်းရှောင်နှင့် ဆူလီမန်တို့သည်လည်း…
သူတို့သည် ထာဝရ နတ်ဘုရားမြို့တော်သို့ ပထမဆုံး ဝင်ရောက်ခဲ့သော နတ်ဘုရားများထဲမှ ဖြစ်သလို၊ သတ္တမအဆင့် နတ်ဘုရားအဆင့်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့ကြသူများလည်း ဖြစ်သည်။
"စတင်စေ..."
လီယွဲ့သည် တည်ငြိမ်နေဆဲဖြစ်သည်။
သူသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ ချမ်းစိမ့်မှုများကို ထုတ်လွှတ်နေသော တစ်ဆယ့်ရှစ်ထပ် ငရဲဘုံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ထွက်လာ၏။
ဝူး……
တစ်ဆယ့်ရှစ်ထပ် ငရဲဘုံသည် ကျယ်ပြောလှပြီး အဆုံးအစ မရှိချေ။
မျက်တောင်တစ်ခတ်အတွင်း ၎င်းသည် ခုန်းဖူဟွာ၊ ယန်ရှန်းစီနှင့် အခြားသူများကို လွှမ်းခြုံသွားပေသည်။
ထို့နောက်… တစ်ဆယ့်ရှစ်ထပ် ငရဲဘုံသည် ပွင့်လင်းမြင်သာလာ၏။
နတ်ဘုရား သန်းပေါင်းများစွာသည် ၎င်းအတွင်းရှိ မြင်ကွင်းကို မြင်တွေ့နိုင်ကြပေသည်။
နတ်ဘုရားတစ်ပါးနှင့် ဒြပ်စင်ငါးပါး စစ်သည်တော် တစ်ဦး၏ တိုက်ပွဲ။
ဝုန်း……
တိုက်ပွဲ စတင်လေပြီ။
နတ်ဘုရားတိုင်းသည် သူတို့၏ နတ်ဘုရားစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြပြီး ပေါင်းစပ်နတ်ဘုရားပညာရပ်များကို ရူးသွပ်စွာ အသုံးပြုလိုက်ကြ၏။
သူတို့အားလုံးတွင် ပေါင်းစပ်နတ်ဘုရားပညာရပ်များ ရှိကြပေသည်။
သို့သော်လည်း…
ပေါင်းစပ်မှု အတိုင်းအတာချင်းကား ကွာခြားလှ၏။
သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း သဘာဝအတိုင်း ကွဲပြားသွားပေလိမ့်မည်။
မကြာမီမှာပင်…
တိုက်ပွဲ ပြီးဆုံးသွားခဲ့၏။
နောက်ဆုံး နတ်ဘုရားပလ္လင် သုံးခုကို သိမ်းပိုက်မည့် နတ်ဘုရားများလည်း ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။