← Chapters

အခန်း ၉၇၆

Vol. 66 Ch. 976

အခန်း ၉၇၆

Vol. 66 Ch. 976

အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၆)

ဘာသာပြန်သူ နေဇင်။

အခန်း (၉၇၆) ပျော်ရွှင်ဖွယ်ရာ နေ့ရက်များ။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်သည် ကောင်းကင်ဘုံ၏ ဉပဒေသများ ကို နားလည်ဆင်ခြင်ပြီးကတည်းက အချိန်တစ်လပင် ကျော်သွားခဲ့သည်။

ဤတစ်လအတွင်းမှာ၊ သူ၏အဒေါ် ချင်ဝမ်ယုနှင့် စကားစမြည် ပြောဆိုခြင်းမှလွဲ၍ ချင်ယွင် သည် သူ၏ ကျန်အချိန်အများစုကို ဓားပညာကို နားလည်အောင် အသုံးချခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ကောင်းကင်တာအိုဉပဒေသ အားလုံးသည် ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်၊ သူသည် ကောင်းကင်တာအိုဉပဒေသများ၏ စွမ်းအားကို အမြင့်ဆုံးအထိ စုစည်းချင်ပါက၊ သူသည် သူ၏ ဓားသိုင်းပညာရပ်ကို အဆက်မပြတ် သန့်စင်နေရမည် ဖြစ်သည်။

ကောင်းကင်နှင်းရေကန်တွင်, ချင်ယွင်က သူ၏လက်ထဲရှိ ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းသည် ကောင်းကင်နှင်းရေကန်တစ်ခုလုံးကို ဖုံးလွှမ်း သွားပြီး လေစွမ်းရည် ကောင်းကင်တာအိုဉပဒေသများက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် အဆက်မပြတ် ရစ်ပတ်နေလေသည်။

လေထုကာစီးခြင်းဓားသိုင်း၏ ပထမဆုံး ဓားကွက်ဖြစ်သည့် လေဝိညာဉ်ခွဲခြမ်းဓားချက်ကို ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ထောင်ပေါင်းများစွာသော ပုံရိပ်ယောင်တွေအဖြစ် ပြောင်းလဲသွားပြီး၊ သူ၏ အငွေ့အသက်က အလွန်မင်း ခက်ထန်နေ သည်။ သူသည် သူ၏ဓားကို ထုတ်လွှတ်လိုက်ပြီး တခဏအတွင်းမှာပင်၊ ကီလိုမီတာ တစ်သောင်းအကွာရှိ ဧရာမတောင်ကြီးသည် ချင်ယွင်၏ဓားချက်ဖြင့် နှစ်ပိုင်း ကွဲသွားလေသည်။

ယခုအချိန်တွင် ချင်ယွင်၏ နားလည်နိုင်စွမ်းသည် ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ချင်ယွင်၏ လေထုကာစီးခြင်းဓားသိုင်း၏ စွမ်းအားသည်လည်း သဘာဝအတိုင်း ပိုမို အားကောင်းလာပါသည်။

ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ ဓားကွက်များ ဆက်တိုက် ထွက်ပေါ်လာသည်။ ချင်ယွင်သည် ထိုဓားကွက်များကို တစ်ကွက်ပြီးတစ်ကွက် အသက်သွင်းခဲ့ပြီး သူ့ဓား၏ စွမ်းအားက အခြားတစ်ဖက်ကို ကျော်လွန်သွားခဲ့သည်။ ဓားချီသည် ဆယ်လီအထိ လွင့်မျောပါသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအမှတ်အသားများက မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေသည် မြုံနေသော လွင်တီးခေါင်းမြေပြင်များဖြင့် ဝန်းရံထားသည်။ မဟုတ်ရင် ဆယ်လီအတွင်းရှိ အရာအားလုံး ဖုန်မှုန့်တွေ ဖြစ်သွားပါလိမ့်မည်။

သို့သော်၊ ဤသည်မှာ လွန်ခဲ့သော ဆယ်ရက်အတွင်း ချင်ယွင်၏ နားလည်မှု ရလာဒ် မဟုတ်ခဲ့ပေ။ ချင်ယွင်၏ ခွန်အားကို အမှန်တကယ် တိုးလာစေသည်မှာ လေထုကာစီးခြင်း ဓားသိုင်း၏ ပဉ္စမမြောက် သိုင်းကွက်ဖြစ်သည့် ရှေးဟောင်းဖရိုဖရဲ ရှင်းလင်း သုတ်သင်ခြင်း ကို သူ နားလည်ခဲ့ခြင်း ဖြစ်သည်။

အစွမ်းထက်သော ကောင်းကင်တာအိုဉပဒေသများသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။ လေစွမ်းရည် ဉပဒေသ သုံးခုစလုံးကို မြူနှင်းချောက်နက်ဓားတွင် ထည့်သွင်းထားသောကြောင့် ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် လွှမ်းခြုံသွားစေသည်။

ဝှီး…။

ချင်ယွင်က သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ချက်ချင်းဆိုသလို ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တိုက်ရိုက် အက်ကွဲသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် ကောင်းကင်ယံ၌ ပေတစ်ရာ ရှည်လျားသည့် ကြီးမားသော လေဟာနယ် အက်ကြောင်းကို ဖြိုခွဲပစ်လိုက်လေသည်။

ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် အက်ကြောင်းကြီးသည် တုန်လှုပ် ချောက်ချားဖွယ်ကောင်းပြီး၊ လေဟာနယ် အက်ကြောင်းကြီးမှ ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားမှုက မြင်ရသူလူတိုင်း၏ နှလုံးသားကို ပို၍ပင် ရင်တုန်စေသည်။

မည်သူမဆို ဤဓားချက်ကို မြင်တွေ့သွားပါက၊ ချင်ယွင်၏ ဓားအစွမ်းကြောင့် သူတို့သည် ကြောက်ရွံ့ထိတ်လန့်သွားကြမည်မှာ သေချာပါသည်။ ကောင်းကင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များအတွက်မူ၊ သူတို့သည် ချက်ချင်းပင် အသတ်ခံရလိမ့်မည်။

ကောင်းကင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်နှင့် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမ အဆင့်တို့သည် မတူညီသော မြစ်ရေပြင်များသို့ စီးဆင်းနေသောရေများကို ပိုင်းခြားထား သော ကုန်းမြေတစ်ခုကဲ့သို့ ဖြစ်ပါသည်။ ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော အင်မော်တယ် ဧကရာဇ်များကိုသာလျှင် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်များဟု ခေါ်ဆိုနိုင်ပြီး ၎င်းတို့၏ကိုယ်ပိုင်ဘွဲ့များကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်သည် ကောင်းကင်ယံရှိ ကြီးမားသော လေဟာနယ် အက်ကွဲကြောင်းကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက တောက်ပသော အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်ဘုံလမ်းစဉ်၏ ဉပဒေသများကို နားလည်ခဲ့ပြီး သူ၏ ခွန်အားသည် ချက်ချင်း တိုးမြင့်လာခဲ့သည်။ ယခု၊ သူသည် တင်းနန်နှင့် တင်းရွှဲတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်ရန်အတွက် နဂါးနတ်ဘုရားအသွင်ပြောင်းခြင်းကိုပင် အားကိုးနေစရာ မလိုတော့ပေ။

ဘန်း….။

အတွေးတစ်ချက်ဖြင့်၊ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် ကောင်းကင်နှင်း မြင့်မြတ် နယ်မြေထဲရှိ ခန်းမကြီးတစ်ခုပေါ်သို့ ပစ်မှတ်ထားပြီးနောက် သူသည် တယ်လီပို့စနစ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ဤခန်းမကြီး ကောင်းကင်နှင်း မြင့်မြတ်နယ်မြေ၏ ကပ်ဘေးဆိုးကြီးကြောင့် ပြန်လည် တည်ဆောက်ထားသည့် ပင်မခန်းမ ဖြစ်ပါသည်။ ထိုအချိန်တွင် အမျိုးသမီးလေးဦးသည် သူ၏အဒေါ် ချင်ဝမ်ယုနှင့် စကားစမြည် ပြောဆိုနေကြသည်။

ချင်ယွင်သည် နောက်ဆုံးအကြိမ် အဆင့်ချိုးဖြတ်ပြီးနောက်၊ သူသည် အင်မော်တယ် ဘုရင်၏ စံအိမ်ကြီးကို ထုတ်ယူပြီး ကောင်းကင်နှင်းမြင့်မြတ်နယ်မြေတွင် ထားရှိခဲ့သည်။

အမျိုးသမီးလေးယောက်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲမှ သဘာဝအတိုင်း ထွက်လာကြသည်။ ချင်ယွင်သည် အမှောင်ထုချောက်နက်ကြီးထဲသို့ ဝင်ရောက်ပြီး ကတည်းက သူမတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲတွင် နေထိုင်ကြရသည်။ ချင်ယွင်က သူမတို့ကို တွေ့ဆုံရန် မကြာခဏ ဝင်သွားသော်လည်း သူမတို့အနေဖြင့် ငြီးငွေ့ပြီး လှုပ်ရွှရွှဖြစ်နေကြဆဲပင်။ ထို့ကြောင့် သူမတို့သည် အပြင်ထွက်နိုင်သည်ဟု ကြားသောအခါတွင် သဘာဝအတိုင်း ဝမ်းသာသွားကြသည်။

ချင်ဝမ်ယုသည် ထိုအမျိုးသမီးလေးယောက်ကို တွေ့ပြီးနောက် သူမသည် အလွန် ဝမ်းသာသွားခဲ့သည်။ သူမတို့ကို ပို၍ကြည့်မိလေလေ၊ သူမသည် သူမတို့ကို ပိုသဘောကျလေ ဖြစ်သည်။ သူမတို့နှင့် တွေ့ဆုံသည့်အခိုက်မှာပင် အမျိုးသမီး လေးယောက်ကို ဆွဲခေါ်ထုတ်ပြီး စကားစမြည် ပြောကြတော့သည်။ စကားဝိုင်းတော့ အမျိုးသမီး လေးယောက်က ချင်ယွင်အတွက် ဝဖြိုးသည့် အရုပ်လေးတစ်ရုပ်ကို မည်သို့ မွေးဖွားပေးကြမည်နည်း..? ဆိုသည့်စကားဝိုင်းဖြစ်ပြီး၊ ယင်းကြောင့် သဘာဝအတိုင်း အမျိုးသမီးလေးယောက်ကို အလွန်အမင်း ရှက်ရွှံ့ပြီး မျက်နှာများပင် နီရဲသွားစေပါသည်။

ချင်ယွင်သည် မူလက သူ့အဒေါ်နှင့်အတူ အမျိုးသမီးလေးဦးကို ထားရှိခြင်းက သူ့အတွက် မည်သည့်ပြဿနာမှ မရှိဟု ထင်ခဲ့သော်လည်း၊ သူ မမျှော်လင့်ထားသည့် အရာက ချင်ဝမ်ယုသည် အမှန်တကယ်ပင် အမျိုးသမီးလေးဦးကို သူနှင့်အတူ တစ်ညတာ အလှည့်ကျ နေထိုင်ရန် စေခိုင်းခဲ့ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူတို့ချင်မိသားစု၏ အမွှေးနံ့သာတိုင်ကို ဆက်ခံရန်အတွက် အမျိုးသမီးလေးဦးကို ကလေးတစ်ယောက် စောစောစီးစီး ရယူခိုင်းခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့မှုကို ထုတ်ဖော်ပြရင်း၊ သူ့အဒေါ်၏ အကြံအစည်ကို လက်ခံရုံသာ တတ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ဤကာလတွင်း ညစဉ်ညတိုင်း နာကျင်မူနှင့်အတူ ပျော်ရွှင်သောဘဝကို ဖြတ်သန်းခဲ့ရသည်။

သို့သော် ချင်ယွင်သည် သူ၏စိတ်ထဲတွင်လည်း ကျေနပ်နေခဲ့သည်။ သူ့အဒေါ်နှင့်အတူ အမျိုးသမီးလေးယောက် အဆင်ပြေနေခြင်းကလည်း သူ့ကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေပါသည်။

ချင်ယွင်၏ ရုပ်အသွင်သည် ပင်မခန်းမထဲတွင် ပေါ်လာသည်။ အတူတူ ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသော လူငါးယောက်ကို ကြည့်လိုက်ရင်း သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။

"ချင်ယွင်, မင်းကို ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပြောမလို့ရှိတုန်း မင်းကတော့ အချိန်မီ ရောက်လာတာပဲ" ချင်ဝမ်ယုက ပြုံးပြုံးလေး ပြောလိုက်သည်။

ချင်ယွင်ကို ကြည့်ရင်း အမျိုးသမီးလေးယောက်လည်း ပြုံးနေသည်။ သိသာထင်ရှားစွာ၊ သူမတို့သည် အလွန်ပျော်ရွှင်နေခဲ့ကြသည်။

"ဖြစ်နိုင်တာက..?" ချင်ယွင်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ စိတ်လှုပ်ရှားမှု ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်ပါသည်။

ရိုးရိုးသားသားပြောရရင် သူ၏အဒေါ်က မိန်းကလေး လေးယောက်ကို ညစဉ်ညတိုင်း အလှည့်ကျ အိပ်ဖို့ စီစဉ်ပေးခြင်းဖြစ်သော်လည်း၊ ချင်ယွင်ကိုယ်တိုင်လည်း သူ၏စိတ်ထဲ တွင် ကလေးရဖို့ မျှော်လင့်နေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် အဒေါ်၏စီစဉ်မှုကို မကန့်ကွက်ခဲ့ခြင်း ဖြစ်ပါသည်။ မိန်းကလေးလေးယောက်အနေဖြင့်လည်း၊ သူမတို့ အားလုံးက ချင်ယွင်အတွက် အိပ်မက်ထဲမှာပင် ကလေးရယူပေးချင်ကြသည့်အတွက် ရှက်ရွှံ့ကြသော်လည်း သူ့အဒေါ်၏ စီစဉ်ပေးမှုကို လိုလိုချင်ချင်ဖြင့် လက်ခံခဲ့ကြသည်။

ကလေးယူရန် အစီအစဉ်ကို တစ်လလောက် အကောင်အထည် ဖော်ပြီးနောက် ကိုယ်ဝန် ရနိုင်ချေက အမှန်တကယ် ရှိကောင်းရှိလာနိုင်ပါသည်။ ထို့ကြောင့် သူ၏အဒေါ်က ကြီးကြီးမားမား ကောင်းမွန်သည့်အရာဟု ပြောသောအခါ ချင်ယွင်၏ ပထမဆုံး တွေးမိသည့်အရာက ဤအရာဖြစ်ပါသည်။

"မင်းမှန်းတာ မှန်တယ်။ မင်း အဖေတစ်ယောက် ဖြစ်လာတော့မယ်။" ချင်ဝမ်ယုက ပြုံးပြုံးလေး ပြောလိုက်သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားဟန် အပြုံးက ထွက်ပေါ်လာသည်။ သူ၏အကြည့်တွေက အမျိုးသမီးလေးယောက်ဆီကို ဝှေ့ယမ်းကြည့်လိုက်ပြီး၊ “ဘယ်သူ့မှာ ကိုယ်ဝန်ရှိနေတာလဲ?”ဟု စိတ်လှုပ်ရှားစွာ မေးလိုက်ပါသည်။

ချင်ယွင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်သောအခါ အမျိုးသမီး လေးယောက်သည် အပြုံးများဖြင့် ဖုံးလွှမ်းသွားကြသည်။ ရန်စီချီက "ယောင်္ကျား, ဒါဆို ဘယ်သူ့မှာ ကိုယ်ဝန်ရှိနေပြီလဲဆိုတာ ကိုယ်တိုင် ခန့်မှန်းကြည့်စမ်းပါဦး။"

"လျူရန်လွင်လား?" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လျူရန်လွင်က ပြုံးပြီး " ယောင်္ကျား၊ ငါ မင်းကို စိတ်ပျက်စေမိပြီ။ ငါက အဲဒီလောက် ကံမကောင်းဘူး"

"အဲ့ဒါ ရွှန်ရှင်းလား?" ချင်ယွင်သည် ကျန်းရွှန်ရှင်းကို ကြည့်ကာ ပြောလိုက်သည်။

ကျန်းရွှန်ရှင်းက ပြုံးကာ ခေါင်းယမ်းပြီး " ယောင်္ကျား၊ ငါ အလုပ်ကြိုးစားရဦးမယ်”။

ထိုစကားကြားတော့ ချင်ယွင်လည်း ချက်ချင်း စိတ်ရှုပ်သွားသည်။ သူသည် ကျန်ရှိသော ချန်မင်ရှီနှင့် ရန်စီချီကို လှည့်ကြည့်ကာ "စီချီ၊ မင်းရော မဖြစ်နိုင်ဘူးလား..?"

ရန်စီချီသည် ချက်ချင်း သူမမျက်လုံးတွေကို လှိမ့်ပတ်ကစားလိုက်ပြီး သူမဘေးတွင် ရပ်နေသော ချန်မင်ရှီကို လက်ညှိုးထိုးကာ ချင်ယွင်ကို ပြောလိုက်သည်။ "ယောင်္ကျား၊ နင်က တော်တော်တုံးအတာပဲ။ အစ်မ မင်ရှီရဲ့ မျက်နှာက မှည့်လုနီးပါး နီရဲနေပြီဆိုတာ မမြင်ဘူးလား"

ချင်ယွင်လည်း ချန်မင်ရှီကို ချက်ချင်း ကြည့်လိုက်သည်။ သေချာတာက၊ ထိုအချိန်တွင် သူမက ရှက်ရွံ့တဲ့အမူအရာဖြင့် ခေါင်းငုံ့ထားသည့်အတွက် သူ သိလိုက်ရပါသည်။ သူမသည် ပွင့်လန်းနေသည့် ပန်းတစ်ပွင့်ကဲ့သို့ အမှန်တကယ် လှပနေလေသည်။

"တကယ်ကို မင်ရှီပဲ"

ချင်ယွင်၏ မျက်လုံးများသည် တုနှိုင်းမရအောင် စိတ်လှုပ်ရှားဖွယ် အမူအရာတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ကလေးကို ကိုယ်ဝန်ဆောင်သည့် ပထမဆုံးလူက ခဏခဏ ထိုစကားပြောတတ်သည့် ချန်မင်ရှီ ဖြစ်လာမည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပါဘူး။

ဘန်း…။

ချင်ယွင်၏ ရုပ်အသွင်သည် ချန်မင်ရှီ၏အနားတွင် ပေါ်လာပြီး ချန်မင်ရှီ၏ ဗိုက်ပေါ်သို့ သူ၏နားရွက်အပ်ကာ မှီလိုက်လေသည်။ သူ၏မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့က သူ့ကို အလွန်ပျော်ရွှင်နေမှန်း သိသာထင်ရှားစေသည်။

ချန်မင်ရှီသည် ချင်ယွင်၏ ခေါင်းကို ပွေ့ဖက်ကာ သူမမျက်နှာပေါ်တွင် စိတ်လှုပ်ရှားစွာ ပြုံးနေလေသည်။

ဤမြင်ကွင်းကို အခြားအမျိုးသမီး သုံးဦး မြင်သောအခါ၊ သူမတို့သည် ချင်ယွင်အတွက် သူမတို့၏ နှလုံးသားထဲတွင် ပျော်ရွှင်နေကြပါသည်။ ချန်မင်ရှီကိုကြည့်နေသည့် သူတို့၏ အကြည့်များကပင် မနာလို ငြူစူခြင်းများဖြင့် ပြည့်နှက်နေသည်။

သူမတို့လေးယောက်စလုံး ချင်ယွင်ကို ရိုးရိုးသားသား ချစ်ချင်ကြပါသည်။ ထို့ကြောင့်၊ ချင်ယွင်၏ကလေးကို အရင်ကိုယ်ဝန်ဆောင်သည့် မည်သူ့ကိုမဆို တစ်ယောက်နှင့် တစ်ယောက် ကောင်းချီးပေးကြပါလိမ့်မည်။

All Chapters