အခန်း ၉၇၇
Vol. 66 Ch. 977
အခန်း (၉၇၇) ကလေးတစ်ယောက်ရှိလာပြီးနောက်။
ချန်မင်ရှီ ကိုယ်ဝန်ရှိသည့်အတွက် ချင်ယွင်တစ်ယောက် ကလေးတစ်ယောက်လို စိတ်လှုပ်ရှားနေသည်ကို သူမတို့ မြင်ပြီးကတည်းက အခြားအမျိုးသမီး သုံးယောက်သည် ပို၍ပင် တက်ကြွလာကြပါသည်။ သူမတို့သည့် ချင်ဝမ်ယု၏ အစီအစဉ်များကိုပင် မလိုအပ်တော့ပါ။ သူမတို့သည် ချင်ယွင်၏ကလေးအား စောစီးစွာ ကိုယ်ဝန်ရရှိစေရန် အတွက် နောက်ပိုင်းတွင် သူမတို့သည် သုံးရက်တစ်ကြိမ် ညစဉ်ညတိုင်း ချင်ယွင်ဆီသို့ အလှည့်ကျ သွားရောက်ကြတော့သည်။
ဤအရာက ချင်ယွင်ကို စိတ်ဓာတ်ကျစေသော်လည်း အမျိုးသမီး သုံးဦး၏ စိတ်ဓာတ် မြင့်မားနေမှုကို မြင်ရလျှင်၊ သူသည် ကောက်ပဲသီးနှံများ အမြန်ဆုံး စိုက်ပျိုးနိုင်ရန် မျှော်လင့်နေသော နွားအိုကြီးကဲ့သို့ ပင်ပင်ပန်းပန်း ကြိုးကြိးစားစား အားထုတ်ရုံသာ တတ်နိုင်ပါတော့သည်။
သေချာသည်မှာ၊ ဤကိစ္စမျိုးက အတင်းအကြပ် လုပ်ယူ၍ မရဘူးဆိုသည်ကို သူလည်း သိပါသည်။ အကယ်၍၊ သူသည် အင်မော်တ ယ်ဧကရာဇ်တစ်ပါး ဖြစ်သည်ဆိုလျှင်ပင်၊ ဤကိစ္စမျိုးအတွက် ကံကြမ္မာကိုသာ သူ့ကိုယ်သူ အပ်နှံထားနိုင်ပါသည်။ ထို့အပြင်၊ သူတို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလာလေ၊ ကိုယ်ဝန်ရနိုင်ခြေက နည်းပါးလေ ဖြစ်ပါသည်။ ဤအရာက အင်မော်တယ်များအတွက် အားနည်းချက်တစ်ခုလည်း ဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ကောင်းကင်ဘုံ၏ ကံကြမ္မာကို နားထောင်ရင်း အစွမ်းကုန် ကြိုးစားရန်သာ တတ်နိုင်ပါသည်။
ထိုကဲ့သို့အနေထားမျိုးနှင့် နောက်ထပ် အချိန်ဆယ်ရက် ကြာသွားခဲ့ပါသည်။ ကံမကောင်းစွာဖြင့်၊ အမျိုးသမီး သုံးယောက်တွင် တစ်ယောက်မှ ချင်ယွင်၏ ကလေးကို နောက်တစ်ကြိမ် မမွေးဖွားနိုင်ခဲ့ပါဘူး။
နံနက်စောစောတွင် ချင်ယွင်သည် တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် တံခါးအပြင်ဘက်တွင် မျှော်လင့်မထားသော လူတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရပါသည်။
ချင်ယွင်သည် အခန်းတွင်းကို တစ်ချက်ငဲ့စောင်း အိပ်ပျော်နေဆဲဖြစ်သော ကျန်းရွှန်ရှင်းကို ကြည့်လိုက်သည်။ သူသည် တံခါးကို ညင်သာစွာပိတ်ပြီး ဖိတ်ခေါ်မထားသော ဧည့်သည်ဆီသို့ တိုးတိုးတိတ်တိတ် လျှောက်သွားလိုက်သည်။
မှန်ပါသည်။ ထိုလူကတော့ သူ၏အမည်ခံ အစေခံဖြစ်သည့် ရှရှန်းယုမှလွဲ၍ တခြားသူ မဟုတ်ပါဘူး။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရှရှန်းယုသည် တံခါးပိတ်ကျင့်ကြံနေခဲ့သောကြောင့် ချင်ယွင်သည် သူမကို မတွေ့ရတော့ပေ။ သူမ သူ၏အခန်းရှေ့မှာ ပေါ်လာသည်ကို တွေ့လိုက်ရတော့ သူသည် သဘာဝအတိုင်း အံ့သြသွားမိပါသည်။ ထို့အပြင်၊ သူနှင့် ရှရှန်းယုတို့ကြားတွင် နားမလည်နိုင်သော ဆက်ဆံရေးတစ်ခု ရှိနေသောကြောင့် ယင်းက ပတ်ဝန်းကျင်တွင် သဘာဝအတိုင်း အနည်းငယ် အဆင်မပြေ ဖြစ်နေသည်။
ရှရှန်းယုသည်လည်း လေထုက တစ်ခုခု မှားယွင်းနေကြောင်းကို သဘောပေါက်သွားပုံရ သည်။ သို့သော်လည်း သူမသည် သူမ၏ ပုံမှန် မောက်မာသော အသွင်အပြင်ကို လျင်မြန်စွာ ပြန်လည် ရရှိသွားသည်။ သူမက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် "တစ်ခုခုတော့ ဖြစ်နေပြီ။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေက စည်းတံဆိပ် ပိတ်ခံလိုက်ရပြီ။ အခု၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေထဲကနေ ထွက်သွားဖို့ နည်းလမ်း မရှိတော့ဘူး"။
"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင် ချက်ချင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မူလက၊ ငါ တော်ဝင်မင် အင်မော်တယ် မင်းဆက်သို့ ပြန်သွားရန် စီစဉ်ခဲ့တယ်။ ဒါပေမယ့်၊ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံးကို ခိုင်မာတဲ့ အတားအဆီးတစ်ခုနဲ့ ဖုံးအုပ်ထားတာကို တွေ့ရှိခဲ့ရတယ်။ တစ်စုံတစ်ယောက်က ကောင်းကင်နှင်း မြင့်မြတ် နယ်မြေတစ်ခုလုံးကို တမင်တကာ စည်းတံဆိပ် ခတ်ထားပုံရတယ်။" ရှရှန်းယုက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းက ထွက်သွားချင်တာလား?" ချင်ယွင်က ရှရှန်းယုကို ကြည့်ရင်း အံ့သြစွာ မေးလိုက်သည်။
"မဟုတ်ဘူး၊ ငါက တော်ဝင်မင် အင်မော်တယ် မင်းဆက်ကို ပြန်သွားဖို့ စီစဉ်နေတာ။ မင်းအဒေါ်ကိုလည်း ငါ နှုတ်ဆက်ပြီးပြီ။" ရှရှန်းယုက ကမန်းကတန်း ရှင်းပြသည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ တကယ်တော့ ဤစကားသည် ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း၊ ရှရှန်းယုက ဒီလောက် အလေးနက် ထားပြီး ရှင်းပြနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။ ဤအချက်က သူမ၏ အေးစက်သော စရိုက်နှင့် လုံးဝ မကိုက်ညီပါ။
ရှရှန်းယုသည် သူမ၏ အဖြေသည် အနည်းငယ် မသင့်လျော်ကြောင်း နားလည်သွားပုံရပြီး၊ သူမ ပါးစပ်ကို အမြန်ပိတ်ကာ စကားရပ်လိုက်သည်။
ချင်ယွင်က ဒီကိစ္စကို သိပ်ပြီး မတွယ်ကပ်လိုတော့ပေ။ ထို့ကြောင့်၊ သူက ခေါင်းစဉ် ပြောင်းပြီး "ဒီအတားအဆီး ဘယ်လောက်ခိုင်ခံ့လဲ?" ဟု မေးလိုက်ပါသည်။
"ငါ့ရဲ့ခွန်အားနဲ့တော့ ငါ မချိုးဖျက်နိုင်ခဲ့ဘူး။ ကောင်းကင်ရေနန်းတော်က လူတွေက ကောင်းကင်နှင်း မြင့်မြတ်နယ်မြေတစ်ခုလုံးကို တမင်တကာ စည်းတံဆိပ်ခတ်ထားတာ ဖြစ်နိုင်တယ်။" ရှရှန်းယုက ပြန်ဖြေသည်။
ချင်ယွင်၏ မျက်ခုံးများက ချက်ချင်း တွန့်သွားကာ သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့သည်။
တကယ်တော့ သူသည် အမြဲလိုလို သိချင်နေခဲ့သည်။ သူသည် တင်းမောင်နှမကို သတ်ပြီးနောက် ကောင်းကင်ရေနန်းတော်၏ မဟာဧကရီသည် ဤသတင်းကို သေချာပေါက် လက်ခံရရှိလိမ့်မည်။ ယုတ္တိဗေဒအရပြောရရင်, ဧကရီက သူ့ကို နောက်တစ်ကြိမ် သတ်ဖြတ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်မည်မှာ သေချာပါသည်။ သို့သော်လည်း ယခု တစ်လကျော်ကြာလာသောအခါ၊ ကောင်းကင်ရေ နန်းတော်မှ လူများ ပေါ်လာခြင်း မရှိခဲ့ပေ။ ဤအရာက ချင်ယွင်၏ နှလုံးသားကို အလွန်မင်း သိချင်စိတ် ဖြစ်ပေါ်စေသည်။
ယခုမူ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို စည်းတံဆိပ်ခတ်လိုက်သောကြောင့် ချင်ယွင် သည် နိုးနိုးကြားကြား ရှိနေရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"တစ်ယောက်ယောက်များ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေထဲကို ခိုးဝင်နေပြီလား?" ရှရှန်းယုသည် သူမ၏ သံသယများကို ထုတ်ဖော်လိုက်သည်။
"အရမ်းကို ဖြစ်နိုင်ချေများတယ်။" ချင်ယွင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူစကားပြောပြီးသည်နှင့်၊ သူသည် သူ၏အင်မော်တယ် စိတ်အာရုံကို ချက်ချင်း လွှင့်ထုတ်ကာ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို စတင်စူးစမ်းလိုက်သည်။
သို့သော်လည်း စုံစမ်းပြီးနောက် ချင်ယွင်သည် မျက်မှောင်ကြုတ်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ထူးဆန်းသော မည်သည့်ပုံရိပ်ကိုမျှ ရှာမတွေ့သော ကြောင့် ဖြစ်ပါသည်။
"မကောင်းတော့ဘူး”။ မင်ရှီ အန္တရာယ်ရှိနေပြီ" ချင်ယွင် တစ်ခုခုကို ရိပ်မိသွားပုံရပြီး သူ၏မျက်လုံးများက ရုတ်တရက် စူးရှလာသည်။
ဘန်း…။
ချင်ယွင်သည် ချက်ချင်းဆိုသလို ချန်မင်ရှီ၏ နေအိမ်ဆီသို့ အပြေးအလွှား ရောက်ရှိ သွားခဲ့သည်။
ချန်မင်ရှီသည် လက်ရှိအချိန်တွင် သူမ၏ အခန်းထဲမှာ ထိုင်နေပြီး သူမ၏ဗိုက်ကို ပွတ်သပ်နေသည်။ သူမက ပြုံးပြီး "ကလေး၊ မင်း မြန်မြန်ကြီးပြင်းလာပြီး မင်းအဖေလိုပဲ အနာဂတ်မှာ တန်ခိုးကြီးလာရမယ်နော်" ဟု ပြောလိုက်သည်။
"ဟား…ဟား…”။
သို့သော် ထိုအချိန်၌ ချန်မင်ရှီ၏ နားထဲတွင် အေးစက်သော ရယ်မောသံ ထွက်ပေါ်လာ သည်။ ထို့နောက် အခန်းထဲတွင် အနက်ရောင် ၀တ်စုံဝတ်ထားသော အမျိုးသားတစ်ဦး ထူးထူးခြားခြား ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက အေးစက်ပြီး ကြောက်စရာကောင်းသည်။ အနက်ရောင်ဝတ်စုံအောက်တွင် အနက်ရောင် အကွက်တစ်ခု ရှိနေသဖြင့် သူ၏မျက်နှာအစစ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"ရှင် ဘယ်သူလဲ?" ချန်မင်ရှီသည် အချက်ပေးသံဖြင့် ချက်ချင်း အော်ဟစ်ပြီး ချက်ချင်း နောက်ပြန် ဆုတ်သွားခဲ့သည်။
'"ငါ ဘယ်သူလဲ?။ ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းဗိုက်ထဲက ကလေးဟာ မင်းမျိုးမင်းနွယ် မိသားစုက ဖြစ်တဲ့အတွက် ရှားပါးတဲ့ဆေး တစ်မျိုး ဖြစ်တယ်ဆိုတာ သေချာပါတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ပါ၀င်တဲ့ အစွမ်းထက်တဲ့ သွေးမျိုးဆက်ကို ငါ ခံစားနိုင်တယ်။ ဒါက ဒီကမ္ဘာကြီးထဲမှာ သေချာပေါက် အရသာကောင်းတဲ့ စားသောက်ဖွယ်တစ်ခု ဖြစ်လိမ့်မယ်။" အနက်ရောင် ဝတ်ရုံအောက်မှ အေးစက်စက် အသံက ထွက်ပေါ်လာသည်။ အသံက ကြောက်စရာကောင်းလွန်းသည်။
ချန်မင်ရှီသည် ထိုစကားကိုကြားသောအခါ သူမ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူမ ဗိုက်ကို အမြန်ဖုံးအုပ်ကာ နောက်ပြန် ဆုတ်လိုက်သည်။ ထို့နောက် “ယောင်္ကျား..၊ ငါ့ကို ကယ်ပါ” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဒါက အသုံးမဝင်ဘူး။ ငါ ဒီကိုမလာခင်ကတည်းက ဒီအခန်းထဲမှာ အစီအရင်ဝင်္ကပါတစ်ခု ဖွဲ့စည်းထားပြီးသား။ သူ မင်းအသံကို မကြားနိုင်ဘူး။ မင်း ဗိုက်ထဲက ကလေးက ငါကိုက်စားမယ့် အချိန်ကို စောင့်နေတယ်။ ဟား…၊ ဟား…။" အနက်ရောင်ဝတ် အမျိုးသားသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချန်မင်ရှီကို တိုက်ခိုက်တော့မည် ဖြစ်သည်။
"ရှင်...မလာနဲ့။" ချန်မင်ရှီက ကြောက်လန့်တကြား အမြန် အော်ဟစ်လိုက်သည်။ သို့သော်လည်း သူမ၏ ခွန်အားသည် အလွန်နိမ့်ကျလွန်းပြီး သူမရှေ့ရှိ အနက်ရောင်ဝတ် အမျိုးသားနှင့် မယှဉ်နိုင်ခဲ့ပေ။
အကြည့်တစ်ချက်ဖြင့်ပင် ချန်မင်ရှီသည် ထိုနေရာ၌ အကျဉ်းချခံလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
အနက်ရောင်ဝတ် အမျိုးသားသည် ချန်မင်ရှီဆီသို့ လျှောက်လာခဲ့သည်။ အနက်ရောင် ဝတ်စုံအောက်မှ မျက်လုံးတစ်စုံက ချန်မင်ရှီ၏ ဝမ်းဗိုက်ကို စိုက်ကြည့်နေပြီး သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ချင်ယွင်ရဲ့ ကလေးမှာ ဒီလောက်အစွမ်းထက်တဲ့ သွေးမျိုးဆက် ရှိနေတာပဲ။ ဒါဆို ချင်ယွင်ရဲ့ သွေးမျိုးဆက်စွမ်းအားက ပိုပြီးတော့ အားကောင်းနေလိမ့်မယ်။ ဒီတစ်ခေါက် ခရီးက တကယ်ကို အချည်းနှီး လာခဲ့ရတာ ဟုတ်ပုံမရဘူး”။
ထိုသို့ပြောပြီးနောက် အနက်ရောင်ဝတ် အမျိုးသားသည် ချန်မင်ရှီ၏ ဝမ်းဗိုက်မှ သန္ဓေသား လောင်းကို ချန်မင်ရှီ၏ဗိုက်မှ ထုတ်ယူလိုဟန်ဖြင့် ချန်မင်ရှီ၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်လိုက် သည်။
"မဟုတ်ဘူး" ချန်မင်ရှီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံးများ သည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။ ဤကလေး ရှိလာပြီးကတည်းက၊ ဤကလေးသည် သူမအတွက် အရာအားလုံး ဖြစ်သည်။ အကယ်၍၊ သူမ သေဆုံးသွားလျှင် ပင်၊ ဤကလေးသည် သူမနှင့် ချင်ယွင်တို့၏ သန့်စင်သော ချစ်ခြင်းမေတ္တာမှ ဖြစ်ပေါ်လာခြင်းကြောင့် ကလေးကို အမှန်တကယ် မထိခိုက်စေချင်ခဲ့ပါဘူး။ သို့သော် လည်း ယခုအခါတွင် နတ်ဆိုးကြီးက သူမ၏ကလေးကို ဖမ်းဆုပ်လာခဲ့ပြီး၊ သူမသည် ခိုကိုးရာမဲ့ ကြည့်နေရုံသာ တတ်နိုင်ပါသည်။
ဘန်း…။
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုက လေဟာနယ်ထဲမှ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာပြီး အနက်ရောင်ဝတ် အမျိုးသား ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားသည်။
အနက်ရောင်ဝတ် အမျိုးသားသည် အနည်းငယ် ထိတ်လန့်သွားပြီး ဘေးတဖက်သို့ ရှောင်ထွက်သွားစဉ် သူ၏ရုပ်အသွင်သည် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ ရုပ်အသွင်သည် ချန်မင်ရှီ၏ အနားတွင် ချက်ချင်းပေါ်လာပြီး ချန်မင်ရှီကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းထားလိုက်သည်။
ချန်မင်ရှီ ထိတ်လန့်တုန်လှုပ်နေသော်လည်း ခင်ပွန်းဖြစ်သူ ချင်ယွင်က သူမအနားတွင် ရောက်လာသည်ကို မြင်လိုက်ရသောအခါ၊ သူမသည် မထိန်းနိုင်ဘဲ ငိုကြွေးလိုက်ပြီး၊ ချင်ယွင်လက်မောင်းကို တွယ်ဖက်ထားမိသည်။
"ကလေး၊ သူက ငါတို့ကလေးကို သတ်ချင်နေတာ" ချန်မင်ရှီသည် အလွန်မင်း ကြောက်ရွှံ့ ထိတ်လန့်နေဟန်ဖြင့် အော်ပြောလိုက်သည်။
"အဆင်ပြေပါပြီ။ ကလေးလည်း အဆင်ပြေပါတယ်”။ ချင်ယွင်က ကမန်းကတန်း နှစ်သိမ့် လိုက်သည်။ သူပြောပြီးသည်နှင့် သူ၏မျက်လုံးတစ်စုံက သူ၏ဘေးနားရှိ အနက်ရောင်ဝတ် အမျိုးသားအား စိုက်ကြည့်ကာ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။