← Chapters

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း ၉၇၈

Vol. 66 Ch. 978

အခန်း (၉၇၈) အလောင်းရုပ်သေးရုပ်။

ချင်ယွင်၏ နှလုံးသားသည်လည်း အထိတ်တလန့်ဖြစ်မူ၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ သည်။

အစောပိုင်းက, အကယ်၍ သူသာ တုံ့ပြန်မှု အနည်းငယ် နှေးကွေးခဲ့မည်ဆိုလျှင်၊ သူ၏ မမွေးသေးသော ကလေးသည် သားအိမ်ထဲတွင် သေဆုံးသွားပြီး၊ ချန်မင်ရှီပင်လျှင်, သေဆုံးသွားလိမ့်မည်။

ဤအတိုင်းသာဆိုလျှင်၊ ချင်ယွင်သည် လုံးဝ ရူးသွပ်သွားလိမ့်မည်။ ဤအရာက ချင်ယွင် လုံးဝ သည်းမခံနိုင်သည့် အရာတွေဖြစ်ပါသည်။

သူ၏ပတ်ဝန်းကျင်မှ လူတွေကို ကာကွယ်ပေးရန်အတွက် သူ ကျင့်ကြံခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍၊ သူ၏ဇနီးနှင့် သားသမီးတွေကိုတောင် မကာကွယ်နိုင်ခဲ့ဘူးဆိုလျှင်၊ သူ၏ ကျင့်ကြံမှုကို မည်သည့်နေရာမှာ သွားအသုံးချမည်နည်း?။

ထို့ကြောင့် ထိုအခိုက်တန့်တွင် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သည့် အနက်ရောင်ဝတ် အမျိုးသားကို သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အပြည့်ဖြင့် ကြည့်လိုက် သည်။ ဤလူသည် သူ၏မိန်းမနှင့် ကလေးကို သတ်ဖြတ်ချင်နေမှတော့ ထိုလူ မည်သူဘဲ ဖြစ်ဖြစ် သေရလိမ့်မည်။

အနက်ရောင်ဝတ် အမျိုးသားက ချင်ယွင်ကို ကိုယ်လုံးတီးဖြစ်နေဟန်ဖြင့် စိုက်ကြည့်နေ သည်။ အနက်ရောင်ဝတ်ရုံအောက်မှာ ရက်စက်သည့် မျက်နှာတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးများက ပြင်းထန်သော လောဘဇောများဖြင့် ပြည့်နှက်နေ၏။ ချင်ယွင်၏ ခန္ဓာကိုယ် အတွင်းရှိ ပြင်းထန်သော သွေးမျိုးဆက်စွမ်းအားကို သူ ခံစားနိုင်သည်။ ဤသွေးမျိုးဆက် စွမ်းအားသည် သူတစ်ခါမှ မမြင်ဖူးသည့် အရာဖြစ်ပြီး၊ သူ့အနေဖြင့်၊ ၎င်းသွေးမျိုးဆက်စွမ်းအးကို လွှတ်ချနိုင်စွမ်းမရှိအောင် ဖြစ်နေခဲ့သည်။

ဘန်း…။

ရှရှန်းယု၏ ပုံရိပ်သည်လည်း အိမ်ထဲတွင် ပေါ်လာပြီး သူမ၏မျက်လုံးများက အနက်ရောင်ဝတ် အမျိုးသား စူးစိုက်ကြည့်နေသည်။

"ဟမ့်၊ နောက်တစ်မျိုးပါလား။ ဒီသွေးမျိုးဆက်ကမှ တကယ်ကို အံ့သြစရာကောင်းတယ်။ ကြည့်ရတာ, ငါ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ရောက်လာတာက တကယ်ပဲ နေရာမှန်ကို ရောက်လာပုံရတယ်။" အနက်ရောင်ဝတ် အမျိုးသားက ရှရှန်းယုကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည်လည်း အလိုလောဘဇောနှင့် ပြည့်နေခဲ့ပြီး၊ သူ၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် ရက်စက်လာသည်။

ရှရှန်းယုက မျက်ခုံးကို တွန့်လိုက်ပြီး ပြောသည် "ရှင်က သေမင်းနတ်ဘုရား၊ အင်မော်တယ် ဧကရာဇ်ယာမ မဟုတ်လား။"

အနက်ရောင်ဝတ် အမျိုးသားသည် ထိုစကားကို ကြားလိုက်ရလျှင်၊ သူက ကျယ်လောင်စွာ ရယ်မောပြီး ပြောသည် “ဟား….၊ ဟား…၊ မင်းက ငါ့ကို မှတ်မိနေမယ်လို့ ငါ မမျှော်လင့် ထားဘူး။ တကယ်လို့၊ ငါ ခန့်မှန်းတာမမှားရင်၊ မင်းကလည်း ဧကရာဇ်မင်းမြတ် တာမင်ရဲ့ သမီး ရှရှန်းယု ဖြစ်သင့်တယ်။ မင်းရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နော ကြာခဲ့ပြီ။ မင်းက ဒဏ္ဍာရီဆန်ဆန် အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ မင်းရဲ့ အပျိုစင် အသွေးက အရမ်းကို အရသာရှိလိမ့်မယ်”။

ထိုစကားကို ကြားတော့ ရှရှန်းယု၏ မျက်လုံးများသည် ပြင်းထန်စွာ အေးစက်သွားသည်။ မြူနှင်းဓားက သူမလက်ထဲတွင် ချက်ချင်း ပေါ်လာသည်။

"ငါ့ကိုကူညီပြီး သူမကို ဂရုစိုက်ပေးထား။ သူ့ကို ငါ့တာဝန်ထားလိုက်ပါ။" ချင်ယွင်က ရှရှန်းယုကို ပြောပြီး ချန်မင်ရှီကို ရှရှန်းယုထံ လွှဲပြောင်းပေးလိုက်ပါသည်။

ရှရှန်းယုက ချင်ယွင်ကို စိုက်ကြည့်ကာ ခေါင်းညိတ်သည်။ သူမသည် ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာရှိနေသော ချန်မင်ရှီကို ခေါ်ယူပြီးနောက် အဝေးသို့ ပျံသန်း သွားခဲ့သည်။

ရှရှန်းယုနှင့် ချန်မင်ရှီသို့ အဝေးတွင် ဆင်းသက်လိုက်သည်ကို ချင်ယွင်က စောင့်ကြည့် နေခဲ့သည်။ သူ၏စိတ်ထဲတွင် ပို၍ သက်တောင့်သက်သာရှိမူကို ခံစားရသည်။ ထို့နောက် သူက အဝေးမှ အနက်ရောင်ဝတ် အမျိုးသားဆီသို့ တဟုန်ထိုး ပြေးသွားစဉ်မှာ၊ ပြင်းထန်သော ဖင်းဂေါ့ဂ်စွမ်းအင်က သူ၏ လက်သီးထဲသို့ တိုးဝင်လာခဲ့သည်။

အနက်ရောင်ဝတ် အမျိုးသားသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏ မျက်လုံးများမှ မထင်မရှား အပြုံးက ထင်ရှားပေါ်လွင်နေသည်။ သူ၏လက်ထဲမှ သွေးနီရောင် အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးအငွေ့အသက်က ကမ္ဘာတစ်ခုလုံးကို တစ်ခဏချင်း လွှမ်းခြုံသွားပါသည်။

“ဘုန်း…။

ချင်ယွင်၏ လက်သီးချက်က အနက်ရောင်ဝတ် အမျိုးသား၏ လက်ဖဝါးနှင့် ပြင်းထန်စွာ တိုက်မိသွားပြီး ကြောက်မက်ဖွယ်ရာ တုန်ခါပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ သူတို့ရှိနေသည့် နေအိမ်သည် ချက်ချင်းပေါက်ကွဲပြီး အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကာ ပြိုကျ ပျက်စီးသွားခဲ့သည်။

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်ရိုက်ခတ်မူကြောင့် တုန်ခါသွားခဲ့ပြီး၊ အဝေးသို့ မရောက်မီ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။ သို့သော်လည်း အနက်ရောင်ဝတ် အမျိုးသား၏ ရုပ်အသွင်သည် တောင်ကြီးကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။

"ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါလား..?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ သူ၏ရှေ့မှ ဤလူသည် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။

"ဟမ့်၊ တင်းနန်နဲ့ တင်းရွှဲတို့တောင် မင်းတို့ကြောင့် သေဆုံးသွားရတယ်။ ငါ့မှာ သေချာတဲ့ ခွန်အားတစ်ခုမှ မရှိဘူးဆိုရင် ဧကရီက မင်းရဲ့ခေါင်းကို ပြန်ရင်ယူလာခဲ့ဖို့ ငါ့ကို ဘာလို့ စေလွှတ်နေတော့မှာလဲ?။" အနက်ရောင်ဝတ် အမျိုးသားက ရက်စက်စွာ ရယ်မောပြီး သူ၏လေသံက မထီမဲ့မြင် ပြုခြင်းများဖြင့် ပြည့်နှက်နေသည်။

"တကယ်ကို ကောင်းကင်ရေ နန်းတော်ပဲ..”။ ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ သူသည် ကောင်းကင်ရေ နန်းတော်မှ သူတို့လူများကို ထပ်မံစေလွှတ်မည်ဟု မျှော်လင့်ထားသော်လည်း ဤလူသည် သူ၏ကလေးကို အမှန်တကယ် တိုက်ခိုက်လိမ့် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ချာတိတ်လေး၊ မင်းသိတတ်ရင် ပိုကောင်းလိမ့်မယ်။ မင်းက သခင်လေးရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို အကျဉ်းချပြီး ကောင်းကင်ရေနန်းတော်ရဲ့ ရတနာတွေကို လုယက်သွားခဲ့ တယ်။ ကြီးမြတ်လှတဲ့ ဧကရီက မင်းကို သဘာဝအတိုင်း လွတ်လွတ်လပ်လပ် အသက်ရှင်ခွင့် ပေးနိုင်မှာတဲ့လား?။ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေက မင်းနဲ့ ပတ်သက်နေတဲ့ ဘယ်သူမဆို သေရလိမ့်မယ်။ ဒါက ကြီးမြတ်လှတဲ့ ဧကရီကိုယ်တိုင် ပေးထားတဲ့ အမိန့်ပဲ။” အနက်ရောင်ဝတ် အမျိုးသားက ပြောသည်။

"ငါတို့ အားလုံး သေရမယ်။ ဒီနေ့ ငါချင်ယွင် ဒီမှာရှိနေမှတော့ မင်း သူတို့ကို ဘယ်လို သတ်မလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ချင်ယွင်၏ မျက်လုံးများသည် စူးရှသော အေးစက်စက် အလင်းရောင်များဖြင့် လင်းလက်နေပြီး ပြင်းထန်သော အမျက်ဒေါသက သူ၏နှလုံးသားမှ ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုက ကောင်းကင်နှင့် မြေကြီးမှ ချက်ချင်း ထွက်ပေါ်လာသည်။ ချင်ယွင်၏ ကိုယ်ခန္ဓာမှ လေစွမ်းရည် ကောင်းကင်တာအို ဉပဒေသ များက ချင်ယွင်၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာကာ မြူနှင်းချောက်နက်ဓားက ချင်ယွင်၏ လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။

"တတိယအဆင့်ရှိ ကောင်းကင်တာအို ဉပဒေသလား?။ မင်းက သိပ်မကြာသေးခင်ကမှ ကောင်းကင်နဲ့မြေကြီး တုန်ခါလောက်တဲ့ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေခဲ့တဲ့ လူမဟုတ်လား?။ မင်းက အဆင့်ချိုးဖြတ်မူ တကြိမ်တည်းနဲ့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ တတိယအဆင့်ထဲကို ခြေလှမ်းဝင်ရောက်နိုင်တဲ့ တစ်ဦးတည်းလူ ဖြစ်နိုင်တယ်။ ကံမကောင်းတာက, ဒီနေ့ မင်းရဲ့ ပါရမီအရည်အချင်းက ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ၊ အဲဒါက အသုံးမ၀င်ဘူး။ အနက်ရောင်ဝတ် အမျိုးသားက ပြုံးပြီး သူ၏လက်ထဲ တွင် ဓားမောက်တစ်ချောင်း ပေါ်လာသည်။ ဓားမောက်သည် လခြမ်းကဲ့သို့ ကွေးနေသော် လည်း ၎င်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ သွေးရနံ့များဖြင့် ပြည့်နှက်နေသည်။

“ဘုန်း…”။

အနက်ရောင်ဝတ် အမျိုးသားထံမှ ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့် စွမ်းအားများက ချက်ချင်း ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေအသက်က သန်မာသော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်အလား ချင်ယွင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။

ဝှီး…။

အနက်ရောင်ဝတ် အမျိုးသားသည် ချက်ချင်း ပျံထွက်ပြေးသွားပြီး သရဲတစ္ဆေတစ်ကောင်လို ချင်ယွင်၏ ရှေ့မှာ ပေါ်လာပါသည်။ သူ၏လက်ထဲမှ ဓားမောက်က ချင်ယွင်ဘက်ကို အညှာတာကင်းမဲ့စွာ ခုတ်ချလိုက်ပါသည်။

ဓားမောက်သည် အလွန်လျင်မြန်ပြီး ၎င်းတွင်ပါရှိသော အငွေ့အသက်က အနှိုင်းမဲ့ ကြောက်စရာကောင်းသည်။

ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ချက်ချင်း ခုတ်ပိုင်းစဉ် ကောင်းကင်တာအို၏ စွမ်းအားများက ပျံ့နှံ့သွားခဲ့သည်။

ချွင်..။

မြူနှင်းချောက်နက်ဓားသည် ဓားမောက်နှင့် အပြင်းအထန် တိုက်မိပြီး ပြင်းထန်သော တုန်ခါအသံက ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် မြေပြင်တခွင်လည်း ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ပေပေါင်းများစွာ နစ်မြုပ်သွားခဲ့သည်။

အနက်ရောင်ဝတ် အမျိုးသားသည် သူ၏လက်ထဲမှ ဓားမောက်ကို လှည့်လိုက်ပြီး ချင်ယွင်၏ လည်ပင်းကို မထင်မှတ်ထားသော ထောင့်မှ ထပ်မံ ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် စူးရှလာပြီး သူ၏ရုပ်အသွင်သည် ပုံရိပ်ယောင် အမျှင်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားရင်း နောက်သို့ ဆုတ်သွားခဲသည်။ သူ ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် သူ၏ဓားက လေဝိညာဉ်ခွဲခြမ်းဓားချက်ကို ခုတ်ပိုင်းခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

"ဟမ့်၊ ဒီအဆင့်တိုက်ခိုက်မှုလေးနဲ့ ငါ့ကို ထိခိုက်စေချင်တယ်။ အိပ်မက်ဆက်မက်လိုက်ဦး" အနက်ရောင်ဝတ် အမျိုးသားက ညင်သာစွာ ပြုံးပြီး သူ၏လက်ထဲက ဓားမောက်ကို ပေါ့ပေါ့ပါးပါး ခုတ်ဖြတ်ပြီး ချင်ယွင်၏ လေဝိညာဉ်ခွဲခြမ်းဓားချက်ကို ဖြိုခွဲပစ်လိုက်သည်။

"ဒါဆိုရင်ရော၊ ရှေးဟောင်းဖရိုဖရဲ ကမ္ဘာမြေရှင်းလင်းသုတ်သင်ခြင်း ဓားကွက်" ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ထပ်မံ ကျဆင်းသွားသည်။ တခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် တုန်ခါသွားပါ သည်။ ကောင်းကင်တစ်ခုလုံးသည် ကြီးမားသော လေဟာနယ်အက်ကြောင်းကြီး အဖြစ်သို့ အက်ကွဲသွားကာ ဓားအလင်းတန်းက အနက်ရောင်ဝတ် အမျိုးသားဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။

အနက်ရောင်ဝတ် အမျိုးသား၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ဤဓားအလင်းတန်းအတွင်း ပါရှိသော ပြင်းထန်သော ခြိမ်းချောက်မှုကို သူပင် ခံစားရ သည်။

သူသည် နည်းနည်းလေးမှ လျစ်လျူမရှုဝံ့တော့ဘဲ သူ၏လက်ထဲမှ ဓားမောက်က ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုနှင့် မြင့်တက်သွားခဲ့သည်။

"တလှိမ့်လှိမ့်တက်လာသော သွေးပင်လယ်.." အနက်ရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ အော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးပင်လယ်ကြီးသည် ချက်ချင်းဆိုသလို ကောင်းကင်မှ လျှံထွက်ကာ ချင်ယွင်၏ဓားအလင်းနှင့် အပြင်းအထန် တိုက်မိသွားသည်။

“ဘုန်း…”။

ဓားအလင်းသည် စီးဆင်းနေသော သွေးပင်လယ်ကြီးနှင့် အပြင်းအထန် တိုက်မိကာ ကြောက်မက်ဖွယ်ရာ ကျယ်လောင်သော ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ ဓားအလင်းကြောင့် သွေးပင်လယ်ကြီးသည် တစ်ဝက်တစ်ပျက်မှ တိုက်ရိုက် ကွဲသွားပြီး အနက်ရောင်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးထွင်း ဝင်ရောက် သွားသည်။

“ဖူး…”။

အနက်ရောင်ဝတ် အမျိုးသား၏ ရင်ဘတ်သည် စုတ်ပြဲနေပြီး အရိုးများအထိ မြင်ရသည့် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် လူတိုင်းကို ထိတ်လန့် စေသည့်အရာက အနက်ရောင်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်မှ စီးဆင်းနေသော သွေးများ သည် အမှန်တကယ်ပင် အနက်ရောင်ဖြစ်နေပြီး ပြင်းထန်သော အနံ့အသက်များ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

"မင်းက အစစ်အမှန် လူသားမဟုတ်ဘူးလား။" ချင်ယွင် ချက်ခြင်း မျက်လုံးပြူးပြီး ပြောလိုက်သည်။

All Chapters