အခန်း ၉၇၉
Vol. 66 Ch. 979
အခန်း (၉၇၉) အရိုးအဆိပ်။
ချင်ယွင်သည် သူ၏ရှေ့ရှိ အနက်ရောင်ဝတ် အမျိုးသားအား အံ့အားသင့်စွာဖြင့် ကြည့်လိုက် ပါသည်။
သူ၏ရှေ့မှ အနက်ရောင်ဝတ် အမျိုးသားသည် သေချာပေါက် လူသားတစ်ယောက် မဟုတ်ဘဲ ပုပ်ပွတော့မည့် လူသေအလောင်းတစ်လောင်း ဖြစ်နေပါသည်။
ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက်၊ သူ၏ရှေ့မှ ဤလူသည် တကယ်ကို အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ၊ အလောင်းရုပ်သေး တစ်ရုပ် ဖြစ်နေပါသည်။
အလောင်းကောင် ရုပ်သေးရုပ်များသည် အတော်လေးကို ဆိုးရွားပြီး စက်ဆုပ်ရွံရှာဖွယ် ကောင်းသော ကိုယ်ပွားနည်းပညာတစ်ခု ဖြစ်ပါသည်။ မှော်မန္တာန်ဖန်တီးသူသည် သူ၏ အင်မော်တယ် စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး သေဆုံးသွားသော အလောင်းကောင်များ၏ တူးယူကာ အလောင်းကောင်များကို ထိန်းချုပ်ရန် ထူးဆန်းသော နည်းပညာကို အသုံးပြု ထားခြင်း ဖြစ်ပါသည်။ သေချာသည်မှာ၊ သူတို့အသုံးပြုသည့် အလောင်းက ပိုသန်မာလေ, အလောင်းပိုင်ရှင်ကလည်း ပိုသန်မာလေ ဖြစ်ပါသည်။
ဤအလောင်းကောင်၏ ပိုင်ရှင်သည် သူ၏ယခင်ဘဝတွင် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သည်မှာ သေချာပါသည်။ သို့သော်လည်း၊ ဤယာမ အင်မော်တယ် ဧကရာဇ်သည် သူ၏အလောင်းကို သိမ်းပိုက်ပြီး ရုပ်သေးရုပ်အဖြစ် သန့်စင်ခဲ့သည်။
ရှရှန်းယုသည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်သောအခါတွင် သူမ၏မျက်ခုံးများက အနည်းငယ် ကော့တက်သွားခဲ့သည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် တစ်ဖက်သား၏ ခန္ဓာကိုယ် အစစ်အမှန်က ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဤအချက်က သူတို့အတွက် ကောင်းသည့်ကိစ္စ မဟုတ်ပါဘူး။
"ဘာလဲ?။ မင်းတို့ ကြောက်သွားပြီလား?။ အမှန်အတိုင်းပြောရရင် ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဒီတစ်ကြိမ် ယွန်ကျိုးကို မလာခဲ့ဘူး။ ဒီအလောင်းကောင် ရုပ်သေးက မင်းကို သတ်နိုင်မယ်လို့ ငါ အစက ထင်ထားခဲ့ပေမယ့် မင်းရဲ့ခွန်အားကို ငါ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်နေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။” အနက်ရောင်ဝတ် အမျိုးသားက သရော်ဟန်ဖြင့် ပြောလိုက်သည်။ သူ၏အသံက အလွန်မင်း အုံ့မှိုင်းနေပြီး ကြောက်မက်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။ သူ၏ရင်ဘတ်မှ အနက်ရောင်သွေးများ စီးကျနေသေးသော်လည်း၊ သူသည် ၎င်းကို ဂရုမစိုက်ပေ။ သေ၏မျက်နှာက နာကျင်မှု အရိပ်ယောင် အနည်းငယ်မျှ မရှိပါ။
သေပြီးသားလူတစ်ယောက်က နာကျင်မှုကို မည်သို့ ခံစားရမည်နည်း?။
"ဟမ့်၊ မင်းက သေပြီးသားဆိုမှတော့၊ မင်းကို မြေကြီးထဲ ပြန်ဝင်ခိုင်းရမယ်။ တကယ်လို့၊ မင်း ငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းရဲ့ စစ်မှန်တဲ့ခန္ဓာကိုယ် ကိုယ်တိုင် လာသတ်မှ ရလိမ့်မယ်။" ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှုနှင့်အတူ တဖျပ်ဖျပ် ဖျပ်ခတ်နေပြီး သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားက ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းနှင့်အတူ ချက်ချင်း မြင့်တက်လာခဲ့သည်။
ဘန်း…။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် အနက်ရောင်ဝတ်ထားသည့် အမျိုးသားဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။
ရှေးဟောင်းဖရိုဖရဲ ကမ္ဘာမြေရှင်းလင်းသုတ်သင်ခြင်းဓားကွက်သည် အဖျက်စွမ်းအား ကြီးမားပြီး၊ ဓား၏အစွမ်းက ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော်လည်း အနက်ရောင်ဝတ် အမျိုးသားသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများ သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသောအခါ, သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိခဲ့ဘဲ သူ၏မျက်လုံးများက စဉ်းလဲကောက်ကျစ်သော အပြုံးကို ထုတ်ဖော်ပြသနေသည်။
အနက်ရောင်ဝတ် အမျိုးသား၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အပြုံးကို ချင်ယွင် မြင်လိုက်ရသောအခါ, သူ၏စိတ်နှလုံးထဲတွင် အလွန်ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
ဟုတ်ပါသည်။ ထိုအချိန်မှာပင် အနက်ရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသား၏ ခန္ဓာကိုယ်ထဲမှ အနီရောင်ပုံရိပ်လေးတစ်ခုက အရှိန်ဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။ ၎င်း၏ အရှိန်ဟုန်သည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ကြောင့် ဖျတ်ခနဲ လင်းလက်သွား သော ဥက္ကာပျံနှင့်ပင် တူသေးသည်။ အနီရောင်အလင်းတန်းသည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားခြင်းမဟုတ်ဘဲ ဘေးနားရှိ ချန်မင်ရှီဆီသို့ ဦးတည်သွားခြင်း ဖြစ်ပါသည်။ အလောင်းရုပ်သေးကတော့ ချင်ယွင်၏ ဓားအလင်းကြောင့် နှစ်ခြမ်း ကွဲသွားခဲ့သည်။
ချန်မင်ရှီသည် သူမဆီသို့ ပြေးလာနေသော အနီရောင်အလင်းတန်းကို ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာဖြင့် ကြည့်နေသည်။ ဤအနီရောင်အလင်းတန်းက မည်သည့် အရာဖြစ်သည်ကို သူမ မသိသော်လည်း၊ ဤအရာက ကောင်းသည့်အရာ မဟုတ်သည်မှာ သေချာပါသည်။
"မလုပ်နဲ့" ချင်ယွင်၏ မျက်နှာသည်လည်း ထိတ်လန့်သွားခဲ့ပြီး၊ သူသည် အနီရောင် အလင်းတန်းနောက်သို့ အလျင်အမြန် ပြေးသွားခဲ့ပြီး၊ ၎င်းအနီရောင်အလင်းတန်း ချန်မင်ရှီကို မထိမှန်ခင် တားဆီးချင်သော်လည်း၊ သူသည် အနီရောင်အလင်းတန်း၏ အရှိန်ဟုန်ကို လိုက်မမီနိုင်ခဲ့ပေ။
“ဟား…၊ ဟား…၊ ချင်ယွင်၊ ဒီတစ်ကြိမ်, ငါ မင်းကို မသတ်နိုင်ပေမယ့်၊ မင်းရဲ့ ဇနီးနဲ့ သားကို သတ်လိုက်တာနဲ့တင် လုံလောက်ပါပြီ။ နောင်တတရားနဲ့အတူ စောင့်စားနေလိုက်ဦး" အနီရောင်အလင်းတန်းထံမှ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာခဲ့ပြီး၊ ချန်မင်ရှီ၏ ဝမ်းဗိုက်ဆီသို့ နစ်ဝင်သွားတော့မည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပြင်းထန်သော နာကျင်မှု အရိပ်အယောင်က သူ၏မျက်လုံးထဲတွင် ထင်ပေါ်လာခဲ့သည်။ သူ၏မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုနှင့် နောင်တတရားတို့က ရောယှက်နေသည်။
ဘန်း…။
သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ချန်မင်ရှီ၏ အနားတွင် ရပ်နေသော ရှရှန်းယုသည် ရုတ်တရက် ပေါ်လာပြီး အနီရောင်အလင်းတန်းကို ခုတ်ဖြတ်လိုက်သည်။
“ဖူး..”။
ရှရှန်းယု၏လက်ထဲမှ မြူနှင်းဓားသည် အနီရောင်အရိပ်ကို အလွယ်တကူ အစိပ်စိပ်မွှာမွှာ ဖြိုခွဲပစ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများလည်း တောက်ပလာကာ သူ၏စိတ်ထဲတွင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။
သို့သော် ဤအခိုက်အတန့်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ ကွဲအက်သွားသော အနီရောင်အလင်းတန်းသည် အမှန်တကယ်ပင် သွေးနီဥ အမှုန်အမွှား တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှရှန်းယု၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက် သွားခဲ့ပါသည်။
“အွတ်..”။
အနီရောင် အလင်းတန်းသည် ရှရှန်းယု ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရှရှန်းယု၏ အနီရောင်နှုတ်ခမ်းများသည် ချက်ချင်းပင် မဲမှောင်သွားပြီး သူမ၏ပါးစပ်မှ သွေးများ စီးထွက်လာပါသည်။
"ရှရှန်းယု မင်း ဘာဖြစ်နေတာလဲ?" ချင်ယွင်သည် စိုးရိမ်စိတ်ဖြင့် ရှရှန်းယု၏ နံဘေးသို့ ပြေးသွားခဲ့သည်။
"သူမ အဆိပ်သင့်နေပုံရတယ်။" ချန်မင်ရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရှရှန်းယု သည် သူမကို ကယ်တင်ရန် ကြိုးစားခဲ့သည့်အတွက် ဤကဲ့သို့ ဖြစ်လာခဲ့ရသည်။ သူမသည် ရှရှန်းယုအပေါ် ကျေးဇူးတရားက သဘာဝအတိုင်း အပြည့်ရှိနေခဲ့သည်။ အကယ်၍၊ ရှရှန်းယုသာ အစောပိုင်းက မလုပ်ရှားခဲ့ဘူးဆိုလျှင်၊ သူမနှင့် သူမ၏ဗိုက်ထဲမှ သန္ဓေသားလေးသည် အင်မော်တယ် ဧကရာဇ်ယာမ၏ တိုက်ခိုက်မူအောက်မှာ ကြေကွဲဖွယ် သေဆုံးသွားရပါလိမ့်မည်။
“အဲဒါ…အရိုးအဆိပ်ပဲ။” ရှရှန်းယု အားနည်းစွာ ပြောလိုက်သည်။ သူမ၏ ပါးစပ်ထောင့်မှ သွေးများက မည်းနက်နေပြီး၊ သူမ၏ နူးညံ့သော ခန္ဓာကိုယ်က နောက်သို့ ပစ်လဲကျသွား သည်။
ချင်ယွင်က အလျင်အမြန် လှမ်းဖမ်းပြီး ရှရှန်းယုကို ပွေ့ဖက်လိုက်သည်။ ရှရှန်းယု၏ မွဲခြောက်ခြောက်နှင့် အနက်ရောင် မျက်နှာကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေခဲ့သည်။
ချင်ယွင်သည် ရှရှန်းယု၏ အဆိပ်များကို တွန်းထုတ်ရန် သူ၏လက်ထဲတွင် စွမ်းအားကို စုစည်းလိုက်သည်။ သို့သော်၊ ၎င်းအဆိပ်သည် သူ၏အသက်စွမ်းအား၊ သူ၏ဖင်းဂေါ့ဂ် စွမ်းအား သို့မဟုတ် စကြာဝဠာ၏ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ပင် ဖြစ်ပါစေ၊ ရှရှန်းယု၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို တွန်းထုတ်နိုင်စွမ်း မရှိခဲ့ပါ။
ယခုအချိန်တွင် ရှရှန်းယု၏ အဆိပ်သည် သူမသွေးများနှင့်အတူ သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးသို့ စိမ့်ဝင်နေပြီ ဖြစ်သည်။ ချင်ယွင်တောင်မှ အဆိပ်မပြန့်ပွားအောင် မတားနိုင်ခဲ့ပါဘူး။
"မဟုတ်ဘူး၊ ငါ မင်းကို သေချာပေါက် သေခွင့်မပြုနိုင်ဘူး” ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ယခုအချိန်တွင် အကြောင်းတစ်ခုခုကြောင့်၊ သူ၏စိတ်နှလုံးက အလွန်မင်း မသက်မသာ ဖြစ်မူကို ခံစားလိုက်ရသည်။ သူ၏စိတ်နှလုံးထဲ တစ်ခုခု ရုတ်တရက် ပျောက်ဆုံးသွား သလိုပင်။ သူ၏စိတ်နှလုံးက ရုတ်တရက် ဗလာဟင်းလင်း ဖြစ်နေပုံရသည်။
"ကောင်စုတ်လေး၊ သူမကို ကနဦးစကြဝဠာထဲကို မြန်မြန် သွင်းလိုက်ပါ။ တကယ်လို့၊ မင်းသာ သူမကို ဆက်ပြီး အချိန်ဆွဲနေရင်၊ သူမ အဆိပ်ကြောင့် သေသွားမှာ ငါ ကြောက်မိ တယ်" ထိုအချိန်တွင် ဧကရာဇ် ဟောက်ချင်း၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်က ချက်ချင်း နားလည်ပြီး၊ ရှရှန်းယုကို ကနဦးစကြဝဠာထဲသို့ ဆောလျင်စွာ ခေါ်ဆောင်သွားပြီး ဧကရာဇ်ဟောက်ချင်း၏ ရှေ့မှောက်တွင် ပေါ်လာပါသည်။
"စီနီယာ၊, သူမကို ကယ်တင်ဖို့ စီနီယာ ဘာလုပ်နိုင်လဲ?။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ကောင်လေးချင်, သိပ်လည်း စိတ်မပူပါနဲ့။ သူမက အလောင်းကောင်ရဲ့ အဆိပ်ကြောင့် အဆိပ်မိသွားတာပါ။ ဒီအဆိပ်က ကုသရခက်ပေမယ့် ကုသလို့မရတဲ့ အဆိပ်မျိုးတော့ မဟုတ်ပါဘူး။ အဆိပ်ဖြေဆေး ရှာတွေ့တာနဲ့ကို သူမကို ကယ်တင်နိုင်ပါသေးတယ်။" ဧကရာဇ် ဟောက်ချင်းက ပြောသည်။
"ဒါဆို အဆိပ်ဖြေဆေးကို ဘယ်မှာ ရှာရမလဲ?" ချင်ယွင်က ကမန်းကတန်း ပြန်မေးလိုက် သည်။
"ဒီအဆိပ်ကို အဆိပ်ဖော်စပ်သူရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကနေ သန့်စင်ထားတာ။ ဒါကြောင့် အဆိပ်ဖြေဆေးလိုချင်ရင် မင်းအနေနဲ့ သူမကို အဆိပ်ခတ်တဲ့လူကို ရှာရလိမ့် မယ်။ သူ့မှာ ဖြေဆေးရှိရမယ်။" ဧကရာဇ် ဟောက်ချင်းက ထပ်ပြော လိုက်သည်။
"စီနီယာ၊ စီနီယာက အင်မော်တယ် ဧကရာဇ်ယာမဆီမှာ အဆိပ်ဖြေဆေး ရှိတယ်လို့ ပြောနေတာလား။" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
"မှန်တယ်.." ဧကရာဇ် ဟောက်ချင်းက ပြောသည်။
ချင်ယွင်သည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ၏ရင်ခွင်ထဲတွင် သတိလစ်နေသော ရှရှန်းယုကို ကြည့်လိုက်သည်။ "စိတ်မပူပါနဲ့၊ ငါ မင်းအတွက် အဆိပ်ဖြေဆေး ရှာတွေ့အောင် သေချာပေါက် ကူညီပေးမယ်။ မင်းကို ဒီလိုမျိုး သေခိုင်းမှာ မဟုတ်ဘူး" ဟု အခိုင်အမာ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်က ရှရှန်းယုကို ရှောင်ဘိုင်၏ဘေးသို့ ခေါ်ဆောင်သွားပြီး သူမ၏ ခန္ဓာကိုယ်ရှိ အဆိပ်များ မပြန့်နှံ့အောင် တားဆီးလိုက်သည်။
"ကောင်းကင်ရေ နန်းတော်၊ ဒီတစ်ခါ ခင်ဗျားတို့က ကျုပ်ဆီ ထပ်ခါထပ်ခါ လာတွေ့ခဲ့ တယ်။ ဒီတစ်ခါတော့ ကျုပ်ချင်ယွင်ကိုယ်တိုင် ခင်ဗျားတို့ဆီကို လာလည်မယ်။ ကျုပ်ချင်ယွင်ရဲ့ မင်းလူတွေကို ခင်ဗျားတို့တွေ ထိခိုက်အောင် လုပ်လို့မရဘူးဆိုတာ ခင်ဗျားတို့ကို သိစေချင်တယ်။ ပြီးတော့ အင်မော်တယ် ဧကရာဇ် ယာမလည်းပါတယ်။ ကျုပ် ခင်ဗျားကို အလောင်းကောင်အဖြစ် လုံးဝ ပြောင်းလဲပေးမယ်။” ချင်ယွင်က သတ်ဖြတ်လိုစိတ်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ကနဦးစကြာဝဠာထဲမှ ထွက်သွား လေသည်။