← Chapters

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း ၉၈၀

Vol. 66 Ch. 980

အခန်း (၉၈၀) ငါ့ဓားသုံးချက်ကို ခံယူပါ။

ချင်ယွင်သည် ကနဦးစကြဝဠာမှ ထွက်ခွာခဲ့ပြီးနောက်၊ နောက်တကြိမ် ကနဦးစကြဝဠာထဲ သို့ ပြန်မဝင်ခင်၊ သူ၏အဒေါ်နှင့် အမျိုးသမီးလေးယောက်အား အခြေအနေကို အတိုချုံး ရှင်းပြလိုက်သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။

ပထမဦးစွာ ရှရှန်းယုသည် ချန်မင်ရှီနှင့် သူ၏သားကို ကယ်တင်ရန် အဆိပ်သင့်ခဲ့ရသည်။ ထို့ကြောင့် ချင်ယွင်သည် ရှရှန်းယုကို သေချာပေါက် သေခွင့်မပြုနိုင်ပေ။

ထို့ကြောင့် ဤတစ်ကြိမ်တွင် အင်မော်တယ် ဧကရာဇ် ယန်လျူကို ရှာဖွေရန် ကောင်းကင်ရေ နန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အဆိပ်ဖြေဆေးကို လွှဲပြောင်းပေးနိုင်ရန် တွန်းအားပေးရလိမ့်မည်။ (ဤနေရာ၌ အင်မော်တယ် ဧကရာဇ် ယန်လျူသည် နာမည်အရင်းဖြစ်ပြီး၊ အင်မော်တယ် ဧကရာဇ်ယာက ဘွဲ့နာမည် ဖြစ်ပါသည်။ ပါရှိသည့်အတိုင်း ပြန်ဆိုပေးသွားပါမည်။)

ချင်ယွင်၏နယ်ပယ်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်တွင်သာ ရှိနေဆဲဖြစ်သော် လည်း၊ သူ၏စွမ်းအားသည် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူသည် နယ်ပယ်အတွက် ကျင့်ကြံနေစရာ မလိုတော့ဘဲ စကြာဝဠာတစ်ခု လုံးအတွက်သာ ကျင့်ကြံရပါတော့မည်။ သူ၏နယ်ပယ်အဆင့်သည် သူ့အတွက် အဓိပ္ပါယ် မရှိတော့ပေ။

ယခုအချိန်တွင် ချင်ယွင်လုပ်ရမည့် အရာအားလုံးက ကြည်လင်ကောင်းကင်ဓားက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး၊ ကောင်းကင်ရေ နန်းတော်ကို သတ်ဖြတ်ရန် ဖြစ်ပါသည်။ ယခုအချိန်တွင် သူသည် ကောင်းကင်ရေနန်းတော်ကို မဖျက်ဆီးနိုင်သော်လည်း၊ အနည်းဆုံးတော့ သူချင်ယွင်သည် အနိုင်ကျင့်ရန် မလွယ်ကူကြောင်း ကြီးမြတ်သော ဧကရီမကြီးအား အသိပေးရပေလိမ့်မည်။

ချင်ယွင်၏ အင်မော်တယ်ကမ္ဘာ တိုက်ကြီးထဲတွင်, ချင်ယွင်၊ ဧကရာဇ် ဟောက်ချင်း၊ ဧကရာဇ် ရှန်းလုံနှင့် ခရမ်းရောင်ဧကရာဇ်တို့သည် ဤတိုက်ကြီးပေါ်တွင် ရပ်နေကြသည်။

"ကောင်လေးချင်, မင်းက ငါ့စမ်းသပ်မူကို လက်ခံတော့မှာလား?။" ဧကရာဇ် ဟောက်ချင်းက ချင်ယွင်ကိုကြည့်ကာ သူ၏မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ရှိနေသည်။

"အင်း..၊ စီနီယာ, စီနီယာရဲ့စမ်းသပ်မှုကို လက်ခံပြီး ကြည်လင်ကောင်းကင်ဓားရဲ့သခင် အဖြစ် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ထားတယ်။" ချင်ယွင်က ဧကရာဇ် ဟောက်ချင်းကို ပြောသည် ။

“ကောင်လေး၊ မင်း စဉ်းစားပြီးသွားပြီလား။ ငါ့အစ်ကိုကြီးရဲ့ စမ်းသပ်မူက သိပ်တော့ မခက်ပါဘူး။ တကယ်လို့ မင်းအနေနဲ့ စမ်းသပ်မူကို ခံနိုင်ရည်မရှိခဲ့ရင်၊ မင်းကိုယ်တိုင် သေသွားရုံတင်မကဘူး၊ မင်းရဲ့စကြာဝဠာလည်း ပြိုကွဲသွားလိမ့်မယ်" ဧကရာဇ် ရှန်းလုံက ပြုံးပြီး ပြောသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပါသည်။ ဧကရာဇ် ရှန်းလုံ၏ စကားများက သူ့ကို ကြောက်လန့်စေသော်လည်း သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာကို အလျင်အမြန် ထုတ်ဖောက်လိုက်မိသည်။

ဧကရာဇ် ဟောက်ချင်း၏ စမ်းသပ်မှုက ပိုမိုခက်ခဲလေလေ၊ ကြည်လင်ကောင်းကင်ဓား သည် ပိုမိုအားကောင်းလေ ဖြစ်သည်။ အကယ်၍၊ သူသာ ကြည်လင်ကောင်းကင်ဓား၏ သခင်အဖြစ် အသိအမှတ် ပြုနိုင်ခဲ့ပါက၊ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် တခဏချင်း တိုးလာမည်မှာ သေချာပါသည်။

"ကောင်လေး၊ မင်းက ငါ့စမ်းသပ်မူကို လက်ခံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့, စမ်းသပ်မူကို စလိုက်ရအောင်။ ငါ့စမ်းသပ်မှုက တကယ်ကို ရိုးရှင်းပါတယ်။ မင်းအနေနဲ့ ငါ့ရဲ့ ဓားသုံးချက် ကို ခံယူနိုင်သရွေ့ မင်းကို သခင်အဖြစ် အသိအမှတ် ပြုပေးနိုင်မှာပါ" ဧကရာဇ် ဟောက်ချင်းက ပြုံးပြီး ပြောသည်။

"စီနီယာရဲ့ ဓားသုံးချက်ကို ခံယူရုံပဲလား?။ ဒီလောက်တောင် ရိုးရှင်းသလား?" ချင်ယွင်က ဗြောင်ကျကျ မေးလိုက်သည်။ ဤနေရာသည် သူ၏ ကနဦးစကြာဝဠာ ဖြစ်သည်။ သူ၏ စကြဝဠာတွင် ချင်ယွင်သည် လုံးဝ ပြိုင်ဘက်ကင်းဖြစ်သည်။ ဓားသုံးချက်ကို မပြောနှင့်၊ ဓားအချက်သုံးဆယ် သို့မဟုတ် အချက်သုံးရာပင်လျှင် ချင်ယွင်သဘောတိုင်း လိုက်ပါရနိုင် သည်။

"ကောင်လေး၊ မင်းဘာတွေတွေးနေလဲဆိုတာ ငါ သိတယ်နော်။ ငါ မင်းကို ပြောပြထားရဉီး မယ်။ မင်းက စကြဝဠာရဲ့ စွမ်းအားကို အသုံးမချနိုင်ဘူး။ မဟုတ်ရင်, မင်းအနေနဲ့ မင်းကို ငါရဲ့သခင်အဖြစ် အသိအမှတ်ပြုဖို့ ဘယ်တော့မှ အရည်အချင်းရှိလာမှာ မဟုတ်တော့ဘူး။" ဧကရာဇ် ဟောက်ချင်းက ပြုံးနေသေးသော်လည်း၊ သူ၏လေသံက ဂုဏ်သိက္ခာနှင့် ပြည့်နေခဲ့သည်။

အဆုံးမှာတော့, ဤအရာသည် ရှေးဟောင်း ဖရိုဖရဲ ရတနာတွေထဲမှာ အသန်မာဆုံး ရတနာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ဧကရာဇ် ဟောက်ချင်းသည် သဘာဝအတိုင်း သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားမူ ရှိပါသည်။

ထိုစကားကိုကြားတော့ ချင်ယွင်လည်း အုံ့မှိုင်းသည့် မျက်နှာအမူအရာ ဖြစ်ပေါ်လာသည်။ အကယ်၍၊ သူသည် စကြဝဠာ၏ စွမ်းအားကို အသုံးမပြုဘဲ ဧကရာဇ် ဟောက်ချင်း၏ ဓားသုံးချက်ကို ခံယူချင်သည်ဆိုလျှင်၊ အကယ်၍၊ သူမသေဘူးဆိုလျှင်ပင် သေချာပေါက် အရေခွံခွာခံရမည့်ကိန်း ရှိနေပါသည်။

"ကောင်လေး၊ မင်းရဲ့ ခွန်အားတွေ နည်းနည်း တိုးလာတဲအထိ စောင့်လိုက်ရင် ပိုကောင်းလိမ့်မယ်။ ငါ့အစ်ကိုကြီးရဲ့ ဓားသုံးချက်က မင်းပြောသလို ချက်ချင်းလက်ငင်း ခံယူနိုင်တဲ့အရာ မဟုတ်ဘူး။ ပထမဓားချက်မှာတင် မင်း အသတ်ခံမှာကို ငါ ကြောက်မိ တယ်။" ခရမ်းရောင် ဧကရာဇ်က ချင်ယွင်ကို လှောင်ပြောင်ပြောသည်။

ချင်ယွင်သည် ချက်ချင်းပင် ရှက်ရွှံ့သွားသည်။ သူက ဧကရာဇ် ဟောက်ချင်းကို ပြတ်သားစွာ ကြည့်ပြီး ပြောလိုက်သည် "စီနီယာ ဟောက်ချင်း ဒီဂျူနီယာက စီနီယာရဲ့စမ်းသပ်မှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး, စီနီယာရဲ့လှုပ်ရှားမှုကို စတင်လိုက်ပါ”။

ထိုသို့ပြောပြီးနောက် ချင်ယွင်၏ ရုပ်အသွင်သည် တင်းကြပ်သည့် အစီအရင်ဝင်္ကပါ အတွင်းမှာ စောင့်ဆိုင်းနေသကဲ့သို့ အဝေးသို့ လွင့်ပျံသွားခဲ့သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်း သတိထားပေါ့။ မင်းကို လမ်းတဝက်မှာ မခံနိုင်လို့ လက်လျှော့မယ်ဆိုရင် ငါခွင့်ပြုပေးမယ်။ မင်း ခံနိုင်ရည်မရှိဘူးဆိုရင် ပြောလိုက်ပါ" ဧကရာဇ် ဟောက်ချင်းက ပြောသည်။ သူပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ဧကရာဇ် ဟောက်ချင်း၏ လက်ထဲတွင် ရှေးကျပြီး ခမ်းနားထည်ဝါသော ဓားတစ်ချောင်း ပေါ်လာသည်။

ရှေးဟောင်း ဖရိုဖရဲ၏ အဖိုးတန်ဆုံးရတနာတစ်ခုအနေဖြင့် ဧကရာဇ် ဟောက်ချင်းသည် ရှေးဟောင်းခေတ်မှစ၍ ယခုအချိန်အထိ အသက်ရှင်နေထိုင်ခဲ့သည်။ သူသည် တမင်တကာ ကျင့်ကြံထားခြင်း မရှိဘူးဆိုလျှင်ပင် သူပိုင်ဆိုင်ထားသည့် စွမ်းအားတွေက ကြောက်စရာ ကောင်းပါသည်။ ယခုအချိန်တွင် သူ၏ဓားသိုင်းစွမ်းရည်ကို လျှော့တွက်၍ မရပေ။

ဘန်း…။

ဧကရာဇ် ဟောက်ချင်းသည် သူ၏လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသည်။ ဓားရှည်မှ ထုတ်လွှတ်သော စွမ်းအားများသည် တစ်ကမ္ဘာလုံးကို နှိုးဆော်ပေးနိုင်ခဲ့သည်။ ချင်ယွင်၏ အသစ်ဖွဲ့စည်းထားသော တိုက်ကြီးသည်ပင် အမှန်တကယ် ပြိုကျမည့် လက္ခဏာများ ပြသနေပါသည်။ ဧကရာဇ် ဟောက်ချင်း၏ ဓားသည် မည်မျှ ကြောက်စရာကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။

ဧကရာဇ်ရှန်းလုံနှင့် ခရမ်းရောင်ဧကရာဇ်တို့သည် ဘေးတဖက်သို့ ဆုတ်ခွာသွားကာ ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

"ကောင်စုတ်လေး၊ ငါ့ရဲ့ ပထမဆုံးဓားချက်ကို ခံယူလိုက်ပါ။" ဧကရာဇ် ဟောက်ချင်းက တိုးညှင်းစွာ အော်လိုက်သည်။ ထို့နောက် သူ၏လက်ထဲတွင်ရှိသော ကြည်လင်ကောင်းကင် ဓားသည် စိတ်ကူးယဉ်ဆန်ဆန် မည်သည့်အရာမျိုးမှ ဖြစ်ပေါ်မလာဘဲ ချင်ယွင်ဆီသို့ ပျံသန်းသွားသည်။ ချက်ခြင်းပင် ဓားအလင်းသည် ဓားကို လွှမ်းခြုံသွားပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဓားအလင်းတန်းများ ဖြတ်သန်းသွားတိုင်း လေဟာနယ်သည် အက်ကွဲသွားပြီး၊ ရှည်လျားသော လေဟာနယ်အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ လေဟာနယ် အင်ကြောင်းများမှ ထုတ်လွှတ်နေသော စွမ်းအင်အတက်အကျလှိုင်းများသည် ချင်ယွင်ကို ပင် နှလုံးခုန် ရင်တုန်စေသည်။

ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ၏မျက်လုံးများက အံ့အားသင့်သွား၏။ ဤဓားတွင်ပါရှိသော စွမ်းအားသည် လေထုကာစီးခြင်းဓားသိုင်း၏ ပဉ္စမမြောက်သိုင်းကွက် ဖြစ်သည့် ရှေးဟောင်းဖရိုဖရဲ ကမ္ဘာမြေရှင်းလင်းသုတ်သင်ခြင်းဓားကွက်ထက်ပင် မြင့်မားပါသည်။ ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ သာမန် ကျွမ်းကျင်သူများ ပင်လျှင် ဤဓားချက်ကို တားဆီးနိုင်သည်ဟု မပြောဝံ့ပေ။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် နဂါးနတ်ဘုရားအဖြစ်သို့ အသွင်ပြောင်းပြီး သူ၏ ဧရာမခြေသည်းဖြင့် ဓားအလင်းဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။

“ဘုန်း..”။

ချင်ယွင်၏ ကြီးမားသော ခြေသည်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်း နှင့် အပြင်းအထန် တိုက်မိသွားသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ဖြစ်ပေါ်စေသည်။

ချင်ယွင်၏ အနှိုင်းမဲ့မာကျောသော နဂါးခြေသည်းကြီးရှိ အကြေးခွံများသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး ဓားအလင်း၏သက်ရောက်မှုအောက်တွင် ဧရာမခြေသည်းကြီးတစ်ခုလုံး သွေးအမှုန်မွှားအဖြစ် ပြောင်းလဲသွားသည်။

ဓားတစ်ချက်ကပင် ချင်ယွင်၏ နဂါးခြေသည်းကြီးကို သုံးစားမရဖြစ်သွားစေသည်။ ဤဓားချက်သည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။

ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို ဖြန့်ကျက်လိုက် ပြီး၊ ချင်ယွင်၏ လှည့်ပတ်မှုအောက်တွင်၊ ဧရာမနဂါးခြေသည်းကြီးသည် တဖြည်းဖြည်း ကြီးထွားလာသည်။

"မှန်တယ်။ မင်း ငါ့ရဲ့ပထမဓားချက်ကို တားဆီးနိုင်လိုက်တယ်ဆိုတော့, မင်းရဲ့ခွန်အားက အနည်းဆုံး ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်မှာ ရှိနေပြီ။ ဒါပေမယ့် ဒါက ပထမဓားချက်ပဲလေ။ အခု မင်းက နဂါးနတ်ဘုရားအသွင် ပြောင်းပြီးသွားပြီဆိုတော့ နောက်ဓားနှစ်ချက်ကို မင်း ခံယူနိုင်စွမ်းမရှိမှာ ငါ ကြောက်မိတယ်။ မင်း လက်လျှော့မှာ မဟုတ်ဘူးလား?။ ဧကရာဇ် ဟောက်ချင်းသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

"လက်မလျော့ဘူး”။ ချင်ယွင် အံကြိတ်ကာ ပြောလိုက်သည်။ မာနလှိုင်းလုံးကြီးက နဂါးနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးမှ ချက်ချင်း ထွက်ပေါ်လာသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ဒုတိယဓားချက်ကို စမ်းကြည့်ပါဦး။" ဧကရာဇ် ဟောက်ချင်းက ချီးမွမ်းသော်လည်း သူ၏မျက်လုံးများက ထက်ရှသော အရိပ်အယောင် ထင်ရှားစေသည်။

ဘန်း..။

ဤသည်မှာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သည့် ဓားချက်ဖြစ်ပါသည်။ ဤဓားချက်၏ စွမ်းအားက ယခင်ဓားချက်ထက် ပို၍ ပြင်းထန်ပါသည်။ ကြည်လင် ကောင်ကင်ဓားမှ ဖြတ်သန်းသွားသော ဓားအလင်းသည် အနှိုင်းမဲ့ တောက်ပနေသော ကြယ်များကဲ့သို့ ဖြစ်ပြီး အလွန်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဓားမှ ထုတ်လွှတ်သော ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများကပင် ချင်ယွင်၏ ဦးရေပြားကို ထုံကျင်စေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ၏နဂါးမျက်လုံးများထဲသို့ လေးနက်မှု အာရုံများ ပျံ့နှံ့တိုးဝင်လာခဲ့သည်။ သူသည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ နတ်နဂါးကျောက်စိမ်း တံဆိပ်ကို ချက်ချင်း အသက်သွင်းပြီး ကြောက်မက်ဖွယ် ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက်က ကြီးမားလှသော နဂါးကြီး၏ခန္ဓာကိုယ်ပေါ်သို့ ပျံ့လွင့်သွားခဲ့သည်။

"နတ်နဂါးလက်သီးသိုင်း၏ ဆဋ္ဌမသိုင်းကွက်၊ ငါက နတ်နဂါးဖြစ်တယ်” ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ရင်း သူ၏နဂါးအစွမ်းက ပေါက်ကွဲထွက်လာခဲ့သည်။ ကြီးမားသော နဂါးခြေသည်းကြီးသည် သူ့ဆီသို့ ဦးတည်ပျံသန်းလာသော ဓားအလင်းဆီသို့ အပြင်းအထန် ရိုက်ခတ်လိုက်လေသည်။

“ဘုန်း..”။

ချင်ယွင်၏ နဂါးခြေသည်းကြီးနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတို့သည် အပြင်းအထန် တိုက်မိသွားကြသည်။ တခဏအတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးတို့ တုန်လှုပ်သွားကြသည်။ ပြင်းထန်သော အလင်းရောင်သည် အလွန်တောက်ပနေ၏။ သူတို့၏ ခြေအောက်ရှိ တိုက်ကြီးသည်လည်း ကြောက်မက်ဖွယ် ဟိန်းဟောက်သံ အောက်တွင် ကွဲအက်သွားပါသည်။

ဝှီး…။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တိုက်ရိုက် လွင့်ထွက်သွားပြီး၊ သူ၏ နဂါးနတ်ဘုရား အသွင်ပြောင်းထားသည့် အခြေအနေမှ လူသားအသွင်သို့ ပြန်ပြောင်းသွားကာ သူ၏ ခန္ဓာကိုယ်တွင် သွေးစွန်းနေသော ဒဏ်ရာများဖြင့် ပြင်းထန်စွာ လဲကျသွားပါသည်။

All Chapters