← Chapters

အခန်း ၉၈၁

Vol. 66 Ch. 981

အခန်း ၉၈၁

Vol. 66 Ch. 981

အခန်း (၉၈၁) ကိုယ်ပွားများဖြင့် ပေါင်းစည်းခြင်း။

ချင်ယွင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် မပျက်စီးသည့် အစိတ်အပိုင်း တစ်ခုမှမရှိတော့ပါဘူး။ သူသည် သွေးစွန်းလူသားအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ကြောက်မက်ဖွယ် ကောင်းလှပါသည်။

အမှန်တကယ်ဆို၊ ချင်ယွင်သည် နဂါးနတ်ဘုရားကိုယ်ထည်နှင့် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို အသုံးပြုထားသည့် အတွက်ကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ သူသည် အစောပိုင်းက ထိုဓားချက်အောက်မှာ သေဆုံးသွားရပေလိမ့်မည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ဓားချက်လဲ..?။ ချင်ယွင်က အံကြိတ်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်ကိုက်ခဲမှုက သူ့ကို အလိုအလျောက် အော်ဟစ်မိမတတ် ဖြစ်သွားရသည်။

ချင်ယွင်သည် ဒဏ်ရာရနေသော သူ၏ခန္ဓာကိုယ်ကို ဆက်လက် ပြုပြင်နေခဲ့သည်။ သို့သော် ဤဓားချက်ကြောင့် ရရှိခဲ့သော ဒဏ်ရာများမှာ ကြီးမားလွန်းသဖြင့် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။

"ကောင်စုတ်လေး၊ ဒီဒုတိယဓားချက်ကို ခံနိုင်ရည်ရှိခြင်းကပင် မင်းရဲ့ကံကြမ္မာလို့ ပြောလို့ရ နေပြီ။ မင်းကို လက်လျှော့ဖို့ ငါ အကြံပေးချင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတတိယဓားချက်ကို မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။" ခရမ်းရောင် ဧကရာဇ်က ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

"မှန်တယ် ကောင်လေး၊ ဓားနှစ်ချက်ကို ခံနိုင်ရည်ရှိခြင်းကတင် မင်းရဲ့ ကန့်သတ်ချက် ဖြစ်နေခဲ့ပြီ။ တကယ်လို့, မင်းအနေနဲ့ တတိယဓားချက်ကို အတင်းအကြပ် ခုခံမယ်ဆိုရင် ဒီနေ့ မင်းအသက်ကို စွန့်လွှတ်လိုက်ရမှာ ငါ ကြောက်မိတယ်။" ဧကရာဇ် ရှန်းလုံကလည်း ပြောသည်။

ထင်ရှားသည်မှာ, သူတို့၏အမြင်အရဆို, ချင်ယွင်သည် ဓားနှစ်ချက်ကို ခံနိုင်ရည် ရှိခြင်းကပင် သူ၏အကန့်သတ် ဖြစ်နေပါပြီ။ သူ မည်မျှပင် ကြိုးစားနေပါစေ, သူက တတိယဓားချက်ကို မခံနိုင်တော့ပါဘူး။

"ဘယ်လိုလဲ၊ မင်း တတိယဓားချက်ကို ဖမ်းကြည့်ချင်သေးလား?" ဧကရာဇ် ဟောက်ချင်း က ပြုံးပြီး ချင်ယွင်ကို ပြောသည်။

တကယ်တော့ ချင်ယွင်အနေဖြင့် သူ၏ဓားသုံးချက်ကို တားဆီးနိုင်မည်ဟု သူလည်း မထင်ပါဘူး။ သူ၏အမြင်အရဆို ချင်ယွင်၏အရည်ချင်းသည် သူ၏ ပထမဓားချက်ကို ခံနိုင်ရည်ရှိခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်ပါသည်။ ဒုတိယဓားချက်ကို ခုခံနိုင်ခြင်း က သူ့ကို အံ့အားသင့်စေခဲ့ပြီ။ ဤတတိယဓားချက်ကို ခံယူနိုင်ရန် မျှော်လင့်ချက် မရှိပေ။

ချင်ယွင် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏နှလုံးသားထဲတွင် အတွေးနက်နက်ထဲ နစ်မြုပ်သွားခဲ့သည်။ အမှန်ပင်၊ ဤဓားနှစ်ချက်သည် သူ၏ နည်းလမ်းအားလုံးကို ထုတ်ဖော်အသုံးပြုခဲ့ရသည်။ ထို့အပြင်၊ ဤတတိယဓားချက်၏ စွမ်းအားသည် ဒုတိယဓားချက်ထက်ပင် ပိုမိုအားကောင်းလာမည် ဖြစ်သည်။ ဤဓားချက်ကို တားဆီးဖို့က သူ့အတွက် မဖြစ်နိုင်လောက်ပါဘူး။

"စီနီယာ, ခဏလောက် အနားယူပြီးမှ တတိယဓားချက်ကို ဖမ်းယူလို့ရမလား?" ချင်ယွင်က ဧကရာဇ် ဟောက်ချင်းကို ပြောသည်။

ဧကရာဇ် ဟောက်ချင်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြုံးပြီး ပြောသည် "မင်း ဘယ်လောက်ကြာကြာ အနားယူပါစေ၊ အဲဒါက ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တတိယဓားချက်ကို လက်လျော့လိုက်ဖို့ မင်းကို ငါ အကြံပေးချင်တယ်။ အနာဂတ်မှာ မင်းရဲ့ ကျင့်ကြံမူက တိုးတက်လာမှာ ဖြစ်တဲ့အတွက်၊ အဲဒီအချိန်ကျမှဆိုရင် လည်း သိပ်ပြီး နောက်မကျသေးပါဘူး”။

"စီနီယာ၊ ကျွန်တော် ဆုံးဖြတ်ချက် ချပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီတတိယ ဓားချက်ကို ခံယူမယ်။ ဒါပေမယ့် ကျွန်တော့်ကို ခဏတော့ စောင့်ပေးရမယ်" ချင်ယွင်က ဧကရာဇ် ဟောက်ချင်းအား ပြောလိုက်သည် ။

ချင်ယွင်၏ စကားကိုကြားတော့ ဧကရာဇ် ဟောက်ချင်းသည် ချင်ယွင်ကို နောက်ထပ် ဆွဲဆောင်ရန် မကြိုးစားတော့ပေ။ သူက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ သိပ်ပြီး မကြာသ၍ မင်းကို စောင့်ပေးမယ်" ဟု ပြောလိုက်ပါသည်။

ဧကရာဇ် ဟောက်ချင်းသည် ချင်ယွင် တတိယမြောက်ဓားချက်ကို ခံနိုင်ရည်ရှိမည်ဟု မထင်ထားသော်လည်း အံ့ဩဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာမည် မဟုတ်ဟု မဆိုလိုပါ။ အဆုံးမှာတော့၊ သူ၏ရှေ့မှ ဤလူငယ်သည် အံ့ဖွယ်အမြောက်အမြားကို ဖန်တီးခဲ့ဖူးပါ သည်။

ခရမ်းရောင် ဧကရာဇ်နှင့် ဧကရာဇ်ရှန်းလုံတို့လည်း သူတို့၏ နှလုံးသားထဲတွင် တူညီသော အရာကို တွေးတောနေခဲ့သည်။ သူတို့ ရှင်သန်နေထိုင်ခဲ့သည် နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီလဲ? ပုံမှန်အားဖြင့်၊ သူတို့သည် လူတစ်ယောက်ကို လွယ်လွယ်နှင့် ငြင်းဆန်မှာ မဟုတ်ပါဘူး။ ထို့ကြောင့်၊ ချင်ယွင်၏ ယုံကြည်မှုသည် မည်သည့်နေရာမှ လာသည်ကို သူတို့လည်း သိလိုကြပါသည်။ ဤတိုက်ခိုက်မှုကို သူသည် တကယ် ခံနိုင်ရည်ရှိနိုင်သည်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ပြုပြင်နေသည်။ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

သို့ရာတွင်၊ ဤကာလအတွင်း အံ့ဖွယ်အဖြစ်ပျက်များ မရှိခဲ့ပါချေ။ ယင်းက ပစ္စည်းဝိညာဉ် သုံးယောက်ကို စတင် အံ့သြသွားစေခဲ့သည်။

ဘန်း…၊

ပစ္စည်းဝိညာဉ်တို့ စတင်ပြီး စိတ်မရှည်ဖြစ်လာသည့် အချိန်မှာ ကနဦးစကြာဝဠာထဲတွင် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပေါ်လာပါသည်။ အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထား သော လူငယ်တစ်ယောက်သည် ချင်ယွင်၏အနားတွင် ပေါ်လာပါသည်။

"အယ်? ကိုယ်ပွားလား..?" ဧကရာဇ် ဟောက်ချင်းနှင့် အခြားလူများသည် အံ့အားသင့်သွား ဟန် အမူအရာများကို ထုတ်ဖော်လာကြသည်။

ချင်ယွင်မှာ ကိုယ်ပွားရှိနေမှန်း သူတို့သိထားကြသော်လည်း၊ ယခုအချိန်တွင် ချင်ယွင်က အဘယ့်ကြောင့် သူ၏ကိုယ်ပွားကို ဆင့်ခေါ်ရသည်ကို နားမလည်ပါဘူး။ နောက်ထပ် ကိုယ်ပွားတစ်ခုကို ထည့်သွင်းခြင်းဖြင့် သူ၏တတိယမြောက် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်ဟု သူ ထင်နေပါသလား?။

ချင်ယွင်သည် အဝေးမှ ဧကရာဇ်သုံးပါး၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုကာ သူ၏ဘေးတွင် ပေါ်လာသည့် လျှပ်စီးစွမ်းရည် ကိုယ်ပွားကို လှည့်ကြည့် လိုက်သည်။

ဤအခိုက်အတန့်တွင် လျှပ်စီးစွမ်းရည် ကိုယ်ပွား၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် ကောင်းသော အဖျက်စွမ်းအင် အငွေ့အသက်များဖြင့် ထွက်ပေါ်နေသည်။ သူ့ခန္ဓာကိုယ် ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီး၏ တရားသူကြီးများကဲ့သို့ပင် လူတို့၏နှလုံးသားကို ရင်တုန်စေပါသည်။

ဤကာလအတွင်း လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် မြေအောက်ကမ္ဘာခန်းမထဲတွင် ကျင့်ကြံနေခဲ့ပါသည်။ ကျင့်ကြံမှုရလာဒ်အရ ကြီးမားသည်မှာ သံသယရှိစရာပင် မလိုပါချေ။ ချင်ယွင်သည် တတိယဓားချက်ကို တောင်းဆိုရဲသည့် အကြောင်းရင်းမှာ သူ့တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွား ရှိနေသောကြောင့် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်၏ ခန္ဓာကိုယ်မှ အခြားရုပ်အသွင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ သစ်သားစွမ်းရည် ကိုယ်ပွားသည် လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။

"ပြန်လည်ပေါင်းစည်းဖို့ အချိန်တန်ပြီ ထင်တယ်" ချင်ယွင်က သူ့ကိုယ်သူ ရယ်မောရင်း ပြောလိုက်သည်။

ထိုစကားကို ပြောပြီးနောက် သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်မှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခုသည် ပေါင်းစပ်သွားသည်ကို လူတိုင်း တွေ့လိုက်ရပါသည်။

တခဏအတွင်းမှာပင် ချင်ယွင်၏ စိတ်နေစိတ်ထားက ရုတ်တရက် မြင့်တက်လာခဲ့ပြီး၊ သူ၏တစ်ကိုယ်လုံး ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။

“ဘုန်း…”။

ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။ အနက်ရောင် လျှပ်စီးကြောင်းများသည် အလွန်ရက်စက်ကြမ်းကြုတ်သော စွမ်းအားများ ပါ၀င်ပြီး ကောင်းကင်နှင့်မြေကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအား များဖြင့် ပြည့်နေခဲ့ပါသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်က ထွက်ပေါ်လာသည်။ ဤနဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်၏ ခံ့ညားထည်ဝါသော အငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖရိုဖရဲ လျှပ်စီးကြောင်းများကို ပေါင်းစပ်ပြီးနောက်မှ နဂါးကြေးခွံအနက်ရောင်ချပ်အသွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ လျှပ်စီးစွမ်းရည်ကိုယ်ပွား သည် ဖရိုဖရဲ လျှပ်စီးကြောင်းများကို ဆက်လက်စုပ်ယူနေချိန်တွင်၊ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်သည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ဖရိုဖရဲ ကောင်းကင်ရတနာများထက် အားနည်းတော့မည် မဟုတ်ပေ။ ထို့အပြင် ချင်ယွင်သည် နဂါးနတ်ဘုရားစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ယခုအချိန်တွင် ဤနဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကို အသုံးပြုခြင်းက ကျားတစ်ကောင်ကို အတောင်ပံများ တပ်ပေးလိုက်သကဲ့သို့ပင်။

ချင်ယွင်သည် လေထဲတွင် ရပ်နေပြီး သူ၏ အငွေ့အသက်က နဂါးနတ်ဘုရား အသွင်ပြောင်းစဉ်ကထက်ပင် မကြုံစဖူး အတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့သည်။

"စီနီယာ၊ ကျေးဇူးပြုပြီး တတိယဓားချက်ကို အသုံးပြုပါ။" ချင်ယွင်သည် ဧကရာဇ် ဟောက်ချင်းကို ကြည့်ကာ ပြောလိုက်သော်လည်း သူ၏သူငယ်အိမ်များက အနက်ရောင် ဖြစ်နေသည်။

"ကောင်းပြီ..”။ ဧကရာဇ် ဟောက်ချင်းက ချင်ယွင်ကို ကြည့်ကာ သဘောတူလိုက်သည်။

သူသည်လည်း အရမ်းကို အံ့သြသွားသည်ဟု ပြောရပါမည်။ ကိုယ်ပွားသုံးခုနှင့် ပေါင်းစပ်ပြီးနောက် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပိုင်ဆိုင်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ လက်ရှိတိုက်ခိုက်ရေး စွမ်းအားသည် သာမန် ကောင်းကင်တာအိုနယ်ပယ် အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးထက် အားမနည်းတော့ပေ။

ဧကရာဇ် ဟောက်ချင်း၏ စကားကိုကြားလျှင် ချင်ယွင်၏ မျက်လုံးများသည် အလွန်မင်း လေးနက်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်တာအို စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

မှန်ပါသည်။ ဤစွမ်းအားသည် လေစွမ်းရည်၊ လျှပ်စီးစွမ်းရည် သစ်သားစွမ်းရည်တို့ကို ပေါင်းစပ်ပြီး နောက် ဖြစ်ပေါ်လာသည့် ကောင်းကင်တာအို၏ စွမ်းအားဖြစ်ပါသည်။

ဘန်း…။

ဧကရာဇ် ဟောက်ချင်းသည်လည်း ထိုအခိုက်အတန့်တွင် တိုက်ခိုက်ခဲ့ပြီး တတိယဓားချက် သည် ချင်ယွင်ဆီသို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး မှေးမှိန်သွားခဲ့သည်။ ကြောက်စရာကောင်း သော စွမ်းအားသည် လေဟာနယ်ကို ချက်ချင်း ဆုတ်ဖြဲသွားပြီး တောက်ပသော ဓားအလင်းက ချင်ယွင်ဆီသို့ ရက်စက်စွာ ပျံသန်းသွားပါသည်။

ချင်ယွင်သည် အဝေးမှ ပျံသန်းလာသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်း ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။

“ချိုးဖျက်လိုက်စမ်း..”။

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ပေါင်းစပ်ထားသည့် ကောင်းကင် တာအို စွမ်းအားသုံးမျိုးသည် ချင်ယွင်၏ လက်သီးပေါ်တွင် စုစည်းလာပြီး၊ ၎င်းစွမ်းအား သည် ဓားအလင်းဘက်သို့ ပြောင်ပြောင်တင်းတင်းနှင့် ပြတ်ပြတ်သားသားဖြင့် ပစ်ဝင်သွားလေသည်။

“ဘုန်း..”။

ကောင်းကင်နှင့်မြေကြီးသည် တဟုန်းဟုန်း မြည်ဟီးကာ သူ၏ခြေအောက်ရှိ တိုက်ကြီး သည် အပိုင်းပိုင်း ကွဲထွက်သွားလေသည်။ ဤကြောက်မက်ဖွယ် တုန်ခါသံကြီးအောက်တွင် ကောင်းကင်နှင့်မြေကြီးသည် ပြင်းထန်သော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာသည်။

ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး၊ သူသည် ထိုဓားချက်ကို အတင်းအကြပ် ခုခံကာ တတိယဓားချက်၏ လွှမ်းမိုးလာသော စွမ်းအားကို ဖြိုခွဲပစ်လိုက်ပါသည်။

All Chapters