အခန်း ၉၈၂
Vol. 66 Ch. 982
အခန်း (၉၈၂) ကောင်းကင်ရေနန်းတော်သို့ ဦးတည်ခြင်း။
ဧကရာဇ် ဟောက်ချင်းနှင့် အခြားလူများသည် ကောင်းကင်ကြီး ပေါက်ကွဲပြီးနောက်၊ သူတို့၏မျက်လုံးများတွင် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။
ချင်ယွင်သည် အဆုံးတွင် တတိယမြောက် တိုက်ခိုက်မူကို အမှန်တကယ် ခံယူနိုင်လိမ့်မည် ဟု သူတို့ မမျှော်လင့်ထားပေ။ သူသည် ဒဏ်ရာပင် မရရှိခဲ့ပေ။ ဤအရာက သူတို့ကို အံ့သြသွားစေပါသည်။
ဤဓားချက်၏စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များကိုပင် အခြေခံအားဖြင့် ခြိမ်းခြောက်နိုင်ကြောင်း သိထားရမည် ဖြစ်ပါသည်။ ယခု ချင်ယွင်သည် ဤဓားချက်၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်ခဲ့သဖြင့် သူ၏ စွမ်းအားသည် အနည်းဆုံး ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်အဖြစ်သို့ ရောက်ရှိနေပြီဟု တွေးကြည့်နိုင်ပါသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းလိုက်တာ၊ မင်းက တကယ်ပဲ ပဉ္စမညီငယ် နှစ်သက်သဘောကျသူ တစ်ယောက် ဖြစ်သင့်ပါတယ်။ မင်းက ငါ့ရဲ့တတိယဓားချက်ကို ခံယူနိုင်မှတော့ ငါ့ရဲ့သဘောတူ ခွင့်ပြုချက်ကို ရဖို့အတွက် မင်းရဲ့ အင်အားက လုံလောက်နေပါပြီ" ဧကရာဇ် ဟောက်ချင်းက စကားပြောနေရင်း ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။ သူ၏လေသံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
၎င်းသည် နှစ်သန်းပေါင်းရာနှင့်ချီ ရှိနေခဲ့ပြီး၊ နောက်ဆုံးအကြိမ် ၎င်း၏ပိုင်ရှင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရသည်မှာလည်း ကြာမြင့်နေပြီ ဖြစ်ပါသည်။ ယခု ချင်ယွင်သည် သူ၏ စမ်းသပ်မှုကို အောင်မြင်ပြီးဖြစ်၍ သူသည် အလွန်စိတ်လှုပ်ရှားနေပါသည်။
ထိုစကားကိုကြားတော့ ချင်ယွင်လည်း စိတ်လှုပ်ရှားနေသည့် အမူအရာကို ထုတ်ဖော် လိုက်မိသည်။
ဤသည်မှာ ကြည်လင်ကောင်းကင်ဓား ဖြစ်သည်။ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲ ရတနာများထဲတွင် အစွမ်းထက်ဆုံး ရတနာတစ်ခု ဖြစ်သည်။ တိုက်ခိုက်မှုစွမ်းအားအရ၊ ၎င်းသည် အစွမ်းထက်ဆုံး တိုက်ခိုက်ရေးရတနာဆိုသည့် ဘွဲ့ကို ပိုင်ဆိုင်ထားသော ပန်ဂုပုဆိန်ထက် အားနည်းမည် မဟုတ်ပေ။ ထို့အပြင်၊ ဤကြည်လင်ကောင်းကင် ဓားသည် အခြားလုပ်ဆောင်ချက်များလည်း ရှိနေပါသေးသည်။ ၎င်းသည် ဓားသမားတိုင်း အိပ်မက်မက်ခဲ့ရသော ရတနာဟု ဆိုနိုင်သည်။
"ကောင်စုတ်လေး၊ မင်း အဲဒီမှာ ဘာအတွက် ရပ်နေသေးတာလဲ?။ မင်းကို သူ့ရဲ့သခင်အဖြစ် မြန်မြန် အသိအမှတ်ပြုခိုင်းလိုက်လေ။" ဧကရာဇ် ရှန်းလုံက ချင်ယွင်အား အပြုံးနှင့်အတူ ပြောသည်။ ချင်ယွ၍်အတွက် သူလည်း ပျော်ရွှင်နေခဲ့သည်မှာ ထင်ရှားသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ဧကရာဇ် ဟောက်ချင်း၏ ရှေ့မှာ ချက်ချင်း ပေါ်လာပြီး သူ၏လက်ချောင်းတွေကို တိုက်ရိုက် လှီးဖြတ်ပြီး ဓား၏အရိုးပေါ်မှာ သူ၏သွေးတွေ စီးကျစေလိုက်ပါသည်။
ဘန်း..။
ချင်ယွင်သည် သူနှင့် ကြည်လင်ကောင်းကင်ဓားကြား ဆက်သွယ်မူရှိသည့် အရိပ်အယောင် ကို ချက်ချင်း ခံစားလိုက်ရပြီး ချင်ယွင်၏ စိတ်ထဲတွင် အချက်အလက် အများအပြား ပေါ်လာပါသည်။
"အရမ်းသန်မာတယ်၊ ငါ ဒီဓားသုံးချက်ကို အခုပဲ သုံးလို့ရပြီလား?" ချင်ယွင်က သူ၏စိတ်ထဲတွင် ပေါ်လာသည့် အချက်အလက်တွေကို ပြန်အောက်မေ့ပြီး သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်.
အလွန်မင်း အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်ခြင်းအပြင်၊ ဤ ကြည်လင်ကောင်းကင်ဓားသည် အမှန်တကယ်ပင် အစောပိုင်းက ဧကရာဇ် ဟောက်ချင်း အသုံးပြုခဲ့သော ဓားသုံးချက် ပါရှိနေပါသည်။ ဤအရာက သူ၏နှလုံးသားကို အဆက်မပြတ် တုန်လှုပ်သွားစေခဲ့သည်။
အစောပိုင်းက လှုပ်ရှားခဲ့သော ဓားသိုင်းသုံးကွက်သည် သာမာန် အဋ္ဌမအဆင့် အင်မော်တယ် ဧကရာဇ်များပင်၊ တားဆီးနိုင်စွမ်း မရှိသည်ကို သိထားရလိမ့်မည်။ အထူးသဖြင့် အလွန်အစွမ်းထက်သည့် နောက်ဆုံး တိုက်ခိုက်မှု ဖြစ်သည်။ ဤအရာက ချင်ယွင်၏ ခွန်အားတွေကို သံသယမရှိ အများကြီး တိုးလာစေမည်မှာ သေချာပါသည်။
"ကောင်းပြီ၊ ဒီတစ်ခါ ငါတို့ ကောင်းကင်ရေ နန်းတော်ဆီသွားတဲ့အခါ, အင်မော်တယ် ဧကရာဇ်ယာမရဲ့ ဦးခေါင်းကို သေချာပေါက်ဖြတ်ပြီး သူ့လုပ်ရပ်တွေအတွက် တန်ရာ တန်ကြေးကို ပေးဆပ်ခိုင်းရလိမ့်မယ်။" ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ၏ မျက်လုံးများက ပြင်းထန်သော အပူရှိန်များ အထိန်းကွပ်မဲ့ ထွက်ပေါ်နေသည်။
ထိုနောက်မှာတော့, ချင်ယွင်သည် ကနဦးစကြဝဠာထဲက မထွက်ခင်, ဧကရာဇ် ဟောက်ချင်း၊ ဧကရာဇ် ရှန်းလုံ, တခြားလူတွေနှင့်အတူ ခဏလောက် စကားစမြည် ပြောခဲ့ကြပါသည်။
ကနဦးစကြဝဠာမှ ထွက်ခွာပြီးနောက် ချင်ယွင်သည် သူ၏အဒေါ် ချင်ဝမ်ယုကို မရှာဖွေခဲ့ပေ။ ယင်းအစား၊ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲရှိ တွန်ဒီကို ရှာဖွေခဲ့သည်။
တွန်ဒီသည် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်မှုနည်းပညာရပ်၏ သတ္တမအဆင့်ကို ဖြတ်ကျော် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခွန်အားသည် နားမလည်နိုင်သော အရာဟု ဆိုနိုင်သည်။ လက်ရှိ ချင်ယွင်ပင်လျှင် သူ၏ရှေ့မှ တွန်ဒီကို အနိုင်ယူနိုင်မည်ဟု မယုံကြည်ပါ။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် တွန်ဒီကို ရှာဖွေရန် လာရောက်ခဲ့သည်။ သဘာဝအတိုင်း၊ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကောင်းကင်နှင်း မြင့်မြတ်နယ်မြေကို ကာကွယ်ပေးရန် တွန်ဒီအား တောင်းဆိုရန်နှင့် သူ ကောင်းကင်နှင်းမြင့်မြတ်နယ်မြေမှ ထွက်ခွာသွားပြီးနောက် မည်သည့် ရန်သူမဆို အခွင့်ကောင်းယူပြီး အမျိုးသမီး လေးဦးအား တိုက်ခိုက်ခြင်းမှ တားဆီးပေးရန် ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်သည် သူ၏အမျိုးသမီးလေးယောက်နှင့် သတ်သက်၍ မည်သည့် အမှားမျိုးကမှ မခံစားနိုင်ပေ။ ထိုကြောင့်, သူသည် အနာဂတ်အတွက် စိုးရိမ်မူ မရှိစေရန် ဤနေရာကို စနစ်တကျ စီစဉ်ထားရလေသည်။
တွန်ဒီသည် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ သူက ပြတ်ပြတ်သားသား သဘောတူပေးခဲ့သည်။ ဤအရာက ချင်ယွင်ကို အလွန်ပျော်ရွှင်စေခဲ့သည်။
ကလေးဧကရာဇ်၏ ကာကွယ်မှုဖြင့်၊ ကောင်းကင်ဘုံနှင်းမြင့်မြတ် နယ်မြေသည် ရွှေရောင်စွပ်ပြုတ်ကဲ့သို့ ခိုင်မာသည်ဟု မပြောနိုင်သော်လည်း အနည်းဆုံး၊ ထိပ်တန်း အင်မော်တယ် ဧကရာဇ်များကိုယ်တိုင် မလှုပ်ရှားပါက, ကောင်းကင်နှင်း မြင့်မြတ် နယ်မြေရှိ မည်သူ့ကိုမဆို ဒုက္ခရောက်အောင်ပြုလုပ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ (the Heavenly Snow Sacred Realm couldn't be said to be as firm as gold soup, unless a top Immortal Emperor made a move, it would be very difficult for anyone to cause trouble in the Heavenly Snow Sacred Realm)။ ရွှေရောင်စွပ်ပြုတ်ဟု ပြန်ဆိုရခြင်းမှာ အခြား အီဒီယံလိုအသုံးနှုန်းမျိုးလည်း မတွေ့ရသည့်အတွက် ရှိသည့်အတိုင်း ပြန်ဆိုလိုက်ပါသည်။ အခြားအဓိပ္ပာယ် သိရှိသူများရှိပါ ကျေးဇူးပြု၍ ပြောပြပေးကြပါခင်ဗျာ)။
အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် ချင်ယွင်သည် အင်မော်တယ်ဘုရင်၏စံအိမ်မှ ထွက်လာကာ သူ၏ရည်ရွယ်ချက်များကို သူ၏အဒေါ်နှင့် အမျိုးသမီးလေးယောက်အား ရှင်းပြသည်။
အမျိုးသမီးလေးယောက်သည် ချင်ယွင်၏ လုံခြုံရေးအတွက် စိတ်ပူနေသော်လည်း၊ သူမတို့ လုပ်နိုင်သည့်အရာ ဘာမှမရှိဘူးဆိုသည်ကို သူမတို့ သိပါသည်။ ရှရှန်းယုသည် ချန်မင်ရှီအတွက် ဒဏ်ရာရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ချင်ယွင်က သူမကို ကယ်တင်ရ လိမ့်မည်။ ဤအရာက သူမကို အကြွေးတင်နေခြင်း ဖြစ်သည်။
အဒေါ်နှင့် အမျိုးသမီးလေးယောက်ကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် သူတကိုယ်တည်း ဝိညာဉ်စီရင်စုကို ခြေချခဲ့ပါသည်။
ချင်ယွင်သည် ဝိညာဉ်စီရင်စုသို့ ဦးတည်သွားခါနီးတွင်, ဝိညာဉ်စီရင်စုရှိ ဇိမ်ခံစံအိမ်ကြီး တစ်ခုအတွင်းရှိ ခန်းမကြီးတစ်ခုတွင် လူနှစ်ယောက် အရက်သောက်ပြီး စကားစမြည် ပြောနေကြသည်။
၎င်းတို့ထဲမှ တစ်ယောက်သည် အလောင်းကောင်ရုပ်သေးကို ကောင်းကင်နှင်း မြင့်မြတ် နယ်မြေသို့ ပို့ဆောင်ခဲ့သည့် အင်မော်တယ် ဧကရာဇ် ယန်လျူ ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ကျောင်းလန်ဆီသို့ သတင်းပြန်ပို့လာခဲ့သည့် အသက်လတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။
ဤအသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျိုးရိုးအမည်မှာ ဟူဖြစ်ပြီး၊ ၎င်း၏အမည်မှာ ဟူထန်း ဖြစ်သည်။ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူသည် ဓားရေးကျွမ်းကျင်ပြီး ကောင်းကင်ဓားဟု လူသိများသည်။
"ယန်လျူ၊ ဧကရီက မင်းကို ယွန်ကျိုးစီရင်စုဆီ ပို့လိုက်တုန်းက, မင်းကို ချင်ယွင်ကို သတ်ဖို့ စီစဉ်ခိုင်းခဲ့တယ်။ ဘယ်လိုလဲ မင်းကို ချင်ယွင်ကို သတ်လိုက်ပြီလား?” ဟူထန်းက ပြောသည်။
ဤအင်မော်တယ် ဧကရာဇ် ယန်လျူ၏စွမ်းအားသည် သူ့ထက် အဆင့်နိမ့်ကျသော်လည်း၊ သူ၏နည်းလမ်းများက အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။ ထို့ကြောင့်၊ သူသည် သူ၏ရှေ့တွင် ဤလူကို ရန်စရန် ဆန္ဒမရှိပေ။
"ငါ မအောင်မြင်ခဲ့ဘူး။ ငါလွှတ်လိုက်တဲ့ ရုပ်သေးရုပ်ကို ချင်ယွင်ကို သတ်ဖြတ်လိုက်တယ်” ယန်လျူက ပြုံးပြီး သူ၏လက်ထဲက ဝိုင်အားလုံးကို မော့သောက်လိုက်သည်။
"ဒါတောင်မှ မင်းက ဒီမှာသောက်ဖို့ အချိန်တွေ အားလပ်နေတုန်းပဲလား?။ တကယ်လို့၊ မင်း ဧကရီရဲ့ကိစ္စကို နှောင့်နှေးအောင်လုပ်မိရင်, မင်းကို သတိမပေးဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်။ ဒီချင်ယွင်က သခင်လေးရဲ့ အင်မော်တယ်စိတ်ဝိညာဉ်ကို အကျဉ်းချ ထားတယ်။ ဧကရီက သခင်လေးအပေါ် ဘယ်လောက် တွယ်တာပြီး၊ ဒီကိစ္စက ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းလည်း သိသင့်တယ်နော်" ဟူထန်းက ကမန်းကတန်း ပြောလိုက်သည်။
"သခင်ဟူ၊ ခင်ဗျား စိုးရိမ်နေတဲ့ပုံစံကိုလည်း ကြည့်စမ်းပါဦး၊ ဒီတစ်ခါ ရုပ်သေးရုပ်က အသတ်ခံလိုက်ရပေမယ့် အကျိုးအမြတ် မရတာတော့ မဟုတ်ပါဘူး။ ချင်ယွင်က ငါ့ကိုရှာဖို့ ကောင်းကင်ရေနန်းတော်ဆီကို သိပ်မကြာခင်မှာပဲ ကိုယ်တိုင်ကိုယ်ကျ ရောက်လာ လိမ့်မယ်လို့ ငါ ထင်တယ်" ဒီငါးအကြီးကြီး ပိုက်ကွန်ထဲကို တူးဝင်လာမှာကို စောင့်စားရင်း၊ ကောင်းကင်ဘုံပိုက်ကွန်ကို ငါ ချထားပြီးပါပြီ။" ယန်လျူက ရက်စက်သော အပြုံးဖြင့် ပြောသည်။ သူ၏ နဂိုက ပိန်လှီသော မျက်နှာသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။
"ဘာဖြစ်နေတာလဲ?။ ချင်ယွင်က ကောင်းကင်ရေ နန်းတော်ကို ဘာကြောင့် ကိုယ်တိုင် ကိုယ်ကျ ရောက်လာမှာလဲ?။" ဟူထန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ယန်လျူက ပြုံးပြီး ပြောသည် " ငါ့ရုပ်သေးရုပ်က အသေခံပြီး ငါ့ရဲ့ အထူးအရိုးအဆိပ်ကို ရှရှန်းယုရဲ့ ခန္ဓာကိုယ်ထဲကို ထိုးထည့်လိုက်တာလေ။ အခု ရှရှန်းယုက အဆိပ်သင့်သွားပြီ၊ တကယ်လို့, ချင်ယွင်က ရှရှန်းယုကို အဆိပ်ဖြေဆေးနဲ့ ကယ်တင်ချင်တယ်ဆိုရင်, သူက ငါ့ကိုလာရှာဖို့ ကောင်းကင်ရေ နန်းတော်ကို လာရမယ်လေ"။
"ရှရှန်းယု..? မင်းက ဧကရာဇ်မင်းမြတ် ရှဟောင်ချင်းရဲ့ သမီးကို ဆိုလိုတာလား?။ မင်းက သူမကို အဆိပ်ခတ်ဖို့တောင် သတ္တိရှိတယ်ပေါ့"ဟူထန်းက ထိတ်လန့်စွာ မေးလိုက်သည်။
"မှန်တယ်၊ အဲဒါ သူမပဲ။ မူလကတော့ ငါက ချင်ယွင်ရဲ့ မိန်းမကို အဆိပ်ခတ်ပစ်ချင်ပေမယ့် ရှရှန်းယုက အဲဒီအဆိပ်ကို နှုတ်ဆက်ကြိုဆိုဖို့ အမှန်တကယ် အစပြုလှုပ်ရှားလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားခဲ့ဘူးလေ။ အဲဒီတော့ သူမကို တိုက်ခိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။" ယန်လျူက ပြောသည်။
"ဒါဆို ဧကရာဇ် တာမင်က မင်းကို အခုပဲလာသတ်မှာ မင်း မကြောက်ဘူးလား?" ဟူထန်း က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မင်း ဘာတွေကို တွေးကြောက်တာလဲ?။ ချင်ယွင်ရဲ့သွေးမျိုးဆက် စွမ်းအားကို ငါ မျိုချနိုင်သရွေ့, ရှဟောင်ချင်း ကိုယ်တိုင်ကိုယ်ကျ ရောက်လာရင်တောင် ငါ မကြောက်ဘူး။ ငါက အနှစ်တစ်ထောင်လောက် ပုန်းအောင်းနေဖို့ပဲ လိုအပ်တယ်။ အဲဒီအချိန်ရောက်ရင် ... ဟီး...၊ ဟီး.....၊ ရှဟောင်ချင်းလည်း ငါ့ကို ဘာမှ မလုပ်နိုင်တော့ဘူး" ယန်လျူက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပြီး၊ သူ၏လေသံက အလွန်မင်း မောက်မာလွန်းသည်။
ထိုစကားကိုကြားတော့ ဟူထန်း၏ မျက်ခုံးတွေက တွန့်သွားခဲ့သည်။ သူ၏ရှေ့မှ ဤယန်လျူသည် အရူးတစ်ယောက်ဆိုသည်မှာ သေချာပါသည်။ သူ တစ်စုံတစ်ယောက်ကို စိုက်ကြည့်လာသည်နှင့်၊ ထိုလူအတွက် ကောင်းမွန်သည့် အဆုံးသတ်ဆိုတာ မရှိနိုင်တော့ ပါဘူး။
"ကောင်းပြီလေ၊ မင်းက ဒီချင်ယွင်ကို တတ်နိုင်သမျှ အမြန်ဆုံး သတ်ပစ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ အဲဒီအချိန်ရောက်ရင် မင်းလည်း ကြီးမြတ်တဲ့ ဧကရီကို ရှင်းပြဖို့ ပိုလွယ်သွားလိမ့်မယ်" ဟူထန်းက ပြောသည်။
သို့သော်လည်း ယန်လျူ၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ သူ၏မျက်လုံးများက ကောက်ကျစ်ပြီး သစ္စာမဲ့သော အမူအရာကို ထုတ်ဖော်ပြသနေဆဲပင်။