အခန်း ၉၈၄
Vol. 66 Ch. 984
အခန်း (၉၈၄) လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား။
"မင်းရဲ့ခွန်အားက မဆိုးပါဘူး၊ ဒါပေမယ့် မင်းက ငါ့ညီလေးကို သတ်ပစ်လိုက်တယ်။ မင်း ဒီနေ့ သေရမယ်။ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး။" ဆုဟန်ယွန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး ချင်ယွင်ဆီသို့ ပြေးသွားပြန်သည်။
သူသည် သူ၏လက်ကို ဓားအဖြစ် အသုံးပြုကာ ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် ချက်ချင်းပင် ပျံထွက်သွားပြီး လေထဲတွင် ကြီးမားသော လေဓား ကြီးတစ်လက် ဖြစ်ပေါ်လာသည်။ လေဓားကြီးသည် ချင်ယွင်ကို ပြင်းထန်စွာ ချေမွတော့ အတိုင်း ၎င်းသည် အကန့်အသတ်မဲ့ ရှေးဟောင်း ဖရိုဖရဲစွမ်းအင်များဖြင့် ပျံ့နှံ့လာခဲ့သည်။
ချင်ယွင်သည် ကြီးမားသော လေဓါးကြီးကို ကြည့်ပြီး သူ၏မျက်လုံးများက စူးရှလာသည်။
ဤလေဓါးကြီးအတွင်းပါရှိသော ရှေးဟောင်း ဖရိုဖရဲ ဉပဒေသ၏ စွမ်းအားသည် အမှန်တကယ်ပင် မနှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။ ထင်ရှားသည်မှာ၊ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်တာအို ဉပဒေသနှင့် ပတ်သက်၍ ဆုဟန်ယွန်၏ နားလည်နိုင်စွမ်းသည် ချင်ယွင်ထက် အများကြီး သာလွန်နေပါသည်။ သေချာသည်မှာ၊ ဤအချက်ကြောင့် ချင်ယွင်က ဤလူနှင့် မယှဉ်နိုင်ဟု မဆိုလိုပါဘူး။
"ဟမ့်၊ မင်းက ဒီလောက်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား?။ မင်း ငါ့ကို သိပ်လျှော့တွက် လွန်းရာ မကျဘူးလား?” ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ ပြင်းထန်သည့် ကောင်းကင်တာအိုစွမ်းအားက သူ၏လက်ထဲတွင် ချက်ချင်း ပျံ့နှံ့လာခဲ့သည်။ သူသည်လည်း သူ၏လက်ကို ဆေဘာအဖြစ် အသုံးပြုကာ ခုတ်ပိုင်းလိုက်သည်။
ဆေဘာအလင်းသည် တခဏချင်း ပေါက်ကွဲထွက်ပြီး ကြီးမားသော လေဓားကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
“ဘုန်း..”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ကောင်းကင်တာအို၏ စွမ်းအားကြောင့် ဖြစ်ပေါ် လာသော ဆေဘာ နှစ်ချောင်းစလုံးသည် လေထဲတွင် ပေါက်ကွဲသွားသည်။ ထွက်ပေါ်လာ သော စွမ်းအင်မုန်တိုင်းက ပတ်ဝန်းကျင်ကို ကပ်ဆိုးသဖွယ် ပျက်ဆီးသွား စေခဲ့ပြီး သူတို့၏ ခြေရင်းအောက် မြေပြင်ပေါ်တွင် နက်ရှိုင်းသော လျှိုမြောင်ကြီးများ ကျန်ရစ်ခဲ့သည်။
ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားကာ အရပ်မျက်နှာ အသီးသီးတွင် လေပြင်းများ တိုက်ခတ်လာပါသည်။
ဆုဟန်ယွန်သည် လေအတားအဆီးကို ဖြတ်ကျော်ပြီး သူ၏ဆေဘာကို ချင်ယွင်ဆီသို့ ထပ်မံ ဝှေ့ယမ်းကာ တိုက်ခိုက်သည်။ သူ၏လက်ထဲမှ ဆေဘာအလင်းတွေ လင်းလက် သွားတိုင်း၊ နှိုင်းစာ၍မရသည့် ဧရာမ လျှိုမြောင်နက်ကြီးတွေ ဖြစ်ပေါ်လာသည်။ မြင်ကွင်း က အလွန်မင်း တုန်လှုပ်ချောက်ချားစရာ ကောင်းလှသည်။
သဘာဝအတိုင်း၊ ချင်ယွင်သည်လည်း အကျော်တက်ခံရန် ဆန္ဒမရှိဘဲ၊ ကောင်းကင်တာအို လေစွမ်းရည်သုံးပါးနှင့် ပေါင်းစပ်ထားသော လေဓားများကို အဆက်မပြတ် ပြန်လည် တိုက်ခိုက်သည်။ သူ့လေဓားများ၏ စွမ်းအားက ဆုဟန်ယွန်ထက် လုံးဝ မနိမ့်ကျပါဘူး။
ဆုဟန်ယွန်နှင့် ချင်ယွင်တို့၏ လက်ဖဝါးများသည် ပြင်းထန်စွာ တိုက်မိသွားကြသည်။ သူတို့လက်ဖဝါးအပေါ် လွှမ်းခြုံထားသည့် လေစွမ်းရည် ကောင်းကင်တာအို စွမ်းအင်တွေ က အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး၊ စူးရှကျယ်လောင်သော တုန်ခါသံက ထွက်ပေါ်လာ သည်။
“ဘုန်း..”။
ဆုဟန်ယွန်နှင့် ချင်ယွင်တို့သည် တဖန် တုန်ခါသွားကြပြီး သူတို့နှစ်ဦးကြားတွင် အားကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ဟမ့်၊ မင်းမှာ အခုလိုခွန်အားမျိုးပဲ တကယ်ရှိနေရင်တော့ ဒီနေ့ တွေ့ဆုံမူက ပြီးဆုံးသွား လိမ့်မယ်။" ဆုဟန်ယွန်သည် ချင်ယွင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ပြီး သရော်သံဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ဆုဟန်ယွန်၏ အငွေ့အသက်သည် ရုတ်တရက် တိုးမြင့်လာခဲ့သည်။ သူ၏လက်ထဲတွင် ဆေဘာတစ်ချောင်း ပေါ်လာပြီး ဆေဘာထံမှ ပြင်းထန်သော ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။ ထက်ရှသော ဆေဘာပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းသည် သူ၏နှလုံးကို အဆုံးမရှိ ခုန်လာစေသည်။
"အိုး.. ငါ့မှာလည်း ဖုံးကွယ်ထားတဲ့ အင်အား မရှိတော့ဘူးလို့ မင်း ထင်နေတာလား?" ချင်ယွင်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ပေါ်လာပါသည်။
ကြည်လင်ကောင်းကင်ဓားသည် ချင်ယွင်၏ဝှက်ဖဲ ဖြစ်ပါသည်။ မလိုအပ်ပါက, သူသည် ကြည်လင်ကောင်းကင်ဓားကို အသုံးပြုမည် မဟုတ်ပါ။ ထို့အပြင်, မြူနှင်းချောက်နက်ဓား သည် ဆုဟန်ယွန်ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ဟု သူ ခံစားမိသည်။
"ဒါဆို မင်းရဲ့ လျှို့ဝှက်စွမ်းအားက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ကြည့်ရအောင်။" ဆုဟန်ယွန်က အေးစက်စွာ အော်ပြောလိုက်ပြီး သူ၏လက်ထဲမှ ဆေဘာက ချင်ယွင်ဆီသို့ ခုတ်ပိုင်းလာသည်။
ရှေးဟောင်းဖရိုဖရဲ ကောင်းကင်တာ အိုဉပဒေသသည် ဆေဘာအလင်းပေါ် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ ကောင်းကင်ယံ၌ ကြီးမားသော လေဟာနယ် အက်ကြောင်းကြီးကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းသည် ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဖြတ်သန်းသွားသည်။
ချင်ယွင်၏ မျက်လုံးများတွင် ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓား၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မူနှင့်အတူ ဆေဘာအလင်းသည် အစိပ်စိပ်မွှာမွှာ ကြေမွသွားပြီးနောက် သူ၏ခန္ဓာကိုယ်က ထူးဆန်းစွာ ပျောက်ကွယ် သွားခဲ့သည်။
ဆုဟန်ယွန်သည် ချင်ယွင် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ၊ သူ၏ မျက်လုံးများတွင် ထိတ်လန့်ခြင်း အရိပ်အယောင် အနည်းငယ်မျှ ရှိမနေခဲ့ပေ။ ယင်းအစား၊ မထီမဲ့မြင်ပြုသည့် အမူအရာပင် ဖြစ်ပေါ်လာသည်။ သူသည် သူ၏လက်ထဲမှ ဆေဘာကို တုန့်ဆိုင်းမနေဘဲ သူ၏နောက်ကို ဖြတ်ခုတ်လိုက်သည်။
ချွင်…။
ဓားရှည်များသည် အချင်းချင်း ပြင်းထန်စွာ တိုက်မိကြပြီး အလွန်မင်း စိတ်မသက်မသာ ဖြစ်စေသည့် အသံများ ထွက်ပေါ်နေပါသည်။ သူ့ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်း ပေါက်ကွဲသွားပြီး ကောင်းကင်နှင့်မြေကြီးသည် ပြင်းထန်စွာ မြည်ဟီးသွားသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး မြူနှင်းချောက်နက် ဓားမှ တဆင့် တိုးဝင်လာသည့် စွမ်းအားကြောင့် သူ၏လက်ပင် ထုံကျင်သွားသည်။
"ဟမ့်၊ သေလိုက်တော့..”။
ဆုဟန်ယွန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ဆေဘာကို ကိုင်ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။ အဖြူရောင်နှင်းတွေက နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားပြီး၊ စူးရှသော အငွေ့အသက်ဖြင့် ချင်ယွင်၏လည်ပင်းကို လျင်မြန်စွာ သုတ်သင်လိုက်သည်။
ချင်ယွင်သည် သူ၏ရှေ့တွင် လင်းလက်နေသော နှင်းဖြူရောင်ဆေဘာသွားကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် သတိထားဟန် အရိပ်အယောင် မတွေ့ရသည့် အပြင်၊ ကောက်ကျစ်သော အကြည့်က သူ၏မျက်လုံးများတွင် တောက်ပနေသည်။
“ဘုန်း…”။
ဆုဟန်ယွန်၏ ဆေဘာသည် ချင်ယွင်၏လည်ပင်းကို ဖြတ်တောက်ခါနီးတွင်၊ နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် လျှပ်စီးစွမ်းရည်ကိုယ်ပွားက ဆုဟန်ယွန်၏ အနားတွင် ထူးထူးခြားခြား ပေါ်လာပါသည်။ အနက်ရောင်လျှပ်စီးကြောင်းများ ဖုံးအုပ်ထားသော လက်သီးက ကြီးမားလှသော စွမ်းအားကို သယ်ဆောင်လာပြီး ဆုဟန်ယွန်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။
ဆုဟန်ယွန်၏ ဝမ်းဗိုက်သည် ကောင်းကင်ဘုံခွဲခြင်းတိုက်ကွက်ကို ခံစားခဲ့ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ဝမ်းဗိုက်အတွင်းမှာ ချက်ချင်း ပေါက်ကွဲသွားပြီး အနက်ရောင် လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း လွှမ်းသွားသည်။
ထွက်ပေါ်လာသော လျှပ်စီးစွမ်းရည်ကိုယ်ပွားပုံရိပ်ကို ရုတ်တရက် ကြည့်လိုက်ရင်း၊ ဆုဟန်ယွန်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ် သည် နောက်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် လျှပ်စီးစွမ်းရည် ကောင်းကင်တာအို ဉပဒေသ စွမ်းအား သုံးမျိုးနှင့် ပေါင်းစပ်ထားပြီး အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းကို အသုံးပြုထားကာ၊ ဤလက်သီး၏ စွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်၊ သာမာန် ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး စွမ်းအား အပြည့်ဖြင့် တိုက်ခိုက်မူထက် နိမ့်ကျမည် မဟုတ်သည်မှာ သေချာပါသည်။
ဆုဟန်ယွန်၏ ခန္ဓာကိုယ်သည် နောက်သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သူ၏နှုတ်ခမ်း ထောင့်စွန်းက သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ဖရိုဖရဲလျှပ်စီးနှင့် ရောနှောထားသည့် ကောင်းကင်တာအို၏ စွမ်းအားက သူ၏ဦးနှောက်ကို တခဏအတွင်း စဉ်းစားနိုင်စွမ်း ဆုံးရှုံးသွားစေသည်။
"လခွမ်း..၊ ဒီကောင်မှာ တကယ်ကို ကိုယ်ပွားတစ်ခု ရှိနေတာပဲ။" ဆုဟန်ယွန်သည် အဝေးမှ လျှပ်စီးစွမ်းရည်ကိုယ်ပွားဖြစ်သည့် ချင်ယွင်ကို စူးစိုက်စိုက်စိုက် ကြည့်ရင်း သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။
"မင်းက ငါ့ရဲ့အစစ်အမှန် ခန္ဓာယ်ကိုယ်ကို မေ့နေပုံရတယ်။" ထိုအချိန်တွင် ဆုဟန်ယွန်၏ နားထဲတွင် သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဆုဟန်ယွန်သည် သူ၏နောက်မှ သိသာထင်ရှားသည့် စူးရှသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤစူးရှသော အငွေ့အသက်သည် သူ၏ ဦးရေပြား ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
အနည်းငယ်မျှ တုံ့ဆိုင်းမှုမရှိဘဲ ဆုဟန်ယွန်သည် ထိုပြင်းထန်သော နာကျင်မှုကို အလျှင်အမြန် ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ပြီး သူ၏ အင်မော်တယ် အနှစ်သာရကို အတင်းအကျပ် ပြောင်းလဲပစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ခြေဖဝါးတစ်လှမ်းစာ ဘေးတစ်ဖက်သို့ အတင်းရွှေ့လိုက်ရသည်။
“ဖူး..”။
ဓားအလင်းတန်းတစ်ခုက ချက်ချင်း ဖြတ်သန်းသွားကာ ဆုဟန်ယွန်၏ လက်မောင်း တဖက်လုံး ဤကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကြောင့် ရက်စက်စွာ ဖြတ်တောက်ခံလိုက်ရပြီး လုံးလုံးလျားလျား တွဲလောင်းကျသွားခဲ့သည်။
ဆုဟန်ယွန်သည် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားရင်း သနားစဖွယ် အော်ဟစ်သံဖြင့် အော်ဟစ်လိုက်သည်။ ဖြတ်တောက်ခံထားရသော လက်မောင်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာသည်။
အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက၊ ချင်ယွင်၏ ဓားချက်က သူ၏ လက်တစ်ဖက် ကို ဖြတ်တောက်လိုက်ခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။ ယင်းအစား သူ့တစ်ကိုယ်လုံးကို နှစ်ပိုင်း ခွဲသွားလိမ့်မည်။
ချင်ယွင်နှင့် လျှပ်စီးစွမ်းရည်ကိုယ်ပွား နှစ်ယောက်လုံးသည် လေထဲတွင် ရပ်နေကြပြီး ဆုဟန်ယွန်ကို ပြုံးပြုံးလေး ကြည့်နေကြသည်။
ထိုအချိန်တွင် ဆုဟန်ယွန်သည် လုံး ဝဒေါသအမျက် ချောင်းချောင်းထွက်နေသည်။ ယခုလို သနားစရာ အခြေအနေမျိုး သူ တစ်ခါမှ မဖြစ်ဖူးပါဘူး။ တစ်စုံတစ်ယောက်၏ လက်မောင်း တဖက်ဖြတ်ခံရခြင်းသည် သူ့အတွက် လုံးဝ အရှက်ကွဲခြင်းပင်။
"ခွင့်မလွှတ်နိုင်စရာပဲ။ ချင်ယွင်၊ မူလက ငါ ဒီစွမ်းအားကို မသုံးချင်ပေမယ့် မင်း ငါ့ကို ဒီအရာအားလုံးကို လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့တယ်။ ဒီနေ့ မင်းကို ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး စွမ်းအားက ဘာလဲဆိုတာ ငါ ပြောပြမယ်။" ဆုဟန်ယွန်က စကား တစ်ခွန်းပြီး တစ်ခွန်းပြောကာ၊ သူ၏လေသံက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ မကြုံစဖူး အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ထိုအငွေ့အသက်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"နောက်ဆုံးတော့ မင်း ဒီစွမ်းအားကို အသုံးပြုတော့မှာလား?။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
မှန်ပါသည်။ သူသည် ဆုဟန်ယွန်၏ ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ရှိနေသည်ကို ကြာမြင့်စွာကတည်းက ခံစားသိရှိထားခဲ့သည်။ ထို့ကြောင့် ဆုဟန်ယွန်ကို သူ၏ခန္ဓာကိုယ်ထဲမှ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အသုံးပြုရန် အတင်းအကြပ် ဖိအားပေးဖို့အတွက် ချင်ယွင်က လျှပ်စီးစွမ်းရည် ကိုယ်ပွားကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
“ဘုန်း..”။
ဆုဟန်ယွန်၏ ခန္ဓာကိုယ်မှ စူးရှ တောက်လောင်နေသော အငွေ့အသက်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ၏ခြေဖဝါးအောက်မှ မြေပြင်သည် ချက်ချင်း အက်ကွဲလာသည်။ မြေပြင်သည် ပြင်းထန်စွာ တုန်ခါပြီး ကွဲထွက်သွားပါသည်။ ထိုအချိန်တွင် ဆုဟန်ယွန်သည် ကြောက်မက်ဖွယ်ကောင်းသော စိမ်းပြာရောင်စွမ်းအင်ဖြင့် လွှမ်းခြုံထားပါသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စိမ်းပြာရောင် ပိတ်စများဖြင့် ဖုံးအုပ်ထားသည့်အတိုင်းပင်။