← Chapters

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း (၉၈၅) အဓိပတိဉသျှောင်၏ တမန်တော်။

“ဒါက အဓိပတိဉသျှောင်တစ်ပါးရဲ့ တန်ခိုးအစွမ်း ဖြစ်နိုင်တယ် မဟုတ်လား?။ ဧကရာဇ် ဟောက်ချင်း၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အဓိပတိဉသျှောင်တစ်ပါးရဲ့ တန်ခိုးအစွမ်း၊ အဲဒါက ဘာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါသည်။

"ဒီအဓိပတိဉသျှောင်တန်ခိုးအစွမ်းက အဓိပတိဉသျှောင် ကျင့်ကြံခြင်းအဆင့် ရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့ အရာပေါ့။ ဒါက ဖျက်ဆီးခြင်းစွမ်းအင်တစ်ခု ဖြစ်ပြီး ၎င်းရဲ့စွမ်းအားက အကန့်အသတ် မရှိဘူး။" ဧကရာဇ် ဟောက်ချင်း၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။

"အဓိပတိဉသျှောင် ကျင့်ကြံခြင်းအဆင့်လား?။ ဒီကမ္ဘာမှာ တကယ်ပဲ အဓိပတိဉသျှောင် နယ်ပယ်ဆိုတာ ရှိလို့လား?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ရှိတာပေါ့၊ တာအိုကျင့်ကြံခြင်းရဲ့ အမြင့်ဆုံးနယ်ပယ်က အဓိပတိဉသျှောင် နယ်ပယ်ပဲ‌ပေါ့။ သေချာတာက၊ ဒီအဓိပတိဉသျှောင်နယ်ပယ်ကို ပိုပြီးအသေးစိတ် ပိုင်းခြားထားတယ်။ မူလကတော့ မင်းရဲ့ ကျင့်ကြံမှုအခြေခံက အဲဒီအထိရောကမှ ဒီအကြောင်းကို ပြောပြဖို့ ရည်ရွယ်ထားပေမယ့်, မင်းက ဒါကို အရင်ကြုံတွေ့ရမယ်လို့ ငါ မမျှော်လင့်ထားဘူး။" ဧကရာဇ် ဟောက်ချင်းက ပြန်ဖြေသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်း ရှုံ့တွသွားပြီး၊ သူ၏နှလုံးသားသည် မြူမှုန်များဖြင့် ပြည့်နှက်နေသည်။

"ဒီအင်မော်တယ်ကမ္ဘာမှာ အဓိပတိဉသျှောင် ကျွမ်းကျင်ပညာရှင်တွေ မရှိဘူး မဟုတ်ဘူး လား?။ ပြီးတော့, ဒီဆုဟန်ယွန်က ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်မှာ ရှိနေတာ ထင်ရှားပါတယ်။ သူက ဒီလိုကြီးမြတ်တဲ့ စွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာ လဲ" ချင်ယွင်က ထပ်မေးသည်။

"တကယ်လို့, ငါ ခန့်မှန်းတာ မမှားရင် ဒီဆုဟန်ယွန်ဟာ အဓိပတိဉသျှောင်ရဲ့ တမန်တော် တစ်ဦး ဖြစ်ရမယ်။" ဧကရာဇ် ဟောက်ချင်းက အသံမှတဆင့် ပြန်ကြားသော်လည်း သူ၏လေသံက လေးနက်မှုအပြည့် ရှိနေသည်။

"အဓိပတိဉသျှောင်ရဲ့ တမန်တော်လား..။?" ချင်ယွင်က ပိုလို့တောင် အံ့သြသွားပါသည်။

ဤအခိုက်အတန့်တွင် ဆုဟန်ယွန်သည် သူ့အား အဘယ်ကြောင့် ရေတွင်းအောက်ခြေက ဖားတစ်ကောင် ဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်လာခဲ့ပါပြီ။ ယခုတော့ သူသည် မည်သည့်အရာကိုမှ လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်ခဲ့ပုံရပါသည်။ သူ၏ရှေ့မှ ဤကမ္ဘာကြီးသည် သူထင်သလောက် မရိုးရှင်းခဲ့ပါဘူး။

“အဓိပတိဉသျှောင် တမန်တော်ဆိုတာက အဓိပတိဉသျှောင်ပညာရှင်ရဲ့ ပလ္လင်အောက်မှာ ရှိတဲ့ သံတမန်တစ်ဦး ဖြစ်တယ်။ ပုံမှန်အတိုင်း, သူက အဓိပတိဉသျှောင်ပညာရှင်ရဲ့ တန်ခိုးစွမ်းအား နှင်းအပ်ခြင်းခံရသူပဲ။ ပေးဆပ်ရမဲ့တန်ဖိုးကတော့ သူက အဲဒီအဓိပတိ ဉသျှောင်ပညာရှင်အတွက် အလုပ်လုပ်ပေးရမယ်။ ဒီဆုဟန်ယွန်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်ကို ရောက်ရှိနိုင်ခဲ့တယ်။ သူ၏ ပါရမီ အရည်အချင်းက သာမန်ထက် ထူးကဲတယ်လို့ ဆိုနိုင်တယ်။ သူက အဓိပတိဉသျှောင် ပညာရှင်ရဲ့ မျက်နှာသာပေးခြင်း ခံရတာ အံ့သြစရာ မဟုတ်ဘူးပဲ” ဧကရာဇ် ဟောက်ချင်း က ပြန်ဖြေသည်။

ဧကရာဇ် ဟောက်ချင်း၏ စကားကိုကြားတော့ ချင်ယွင်သည် ကြီးမားသော လှိုင်းလုံးကြီး ရိုက်ခတ်သလို တုန်လှုပ်သွားရသည်။ ဧကရာဇ် ဟောက်ချင်း ပြောစကားအရဆိုလျှင်၊ အင်မော်တယ်ကမ္ဘာ မှာ အထွက်အထိပ် ကျွမ်းကျင်သူတွေ ရှိနေပါသေးသည်။

အဓိပတိဉသျှောင်နယ်ပယ်ဆိုတာ ဘယ်လိုနယ်ပယ်မျိုးလဲ?။

အဓိပတိဉသျှောင်နယ်ပယ် ကျွမ်းကျင်ပညာရှင်တွေ ဘယ်လောက်များများ ရှိနေလဲ?။ တစ်ယောက်လား?။ နှစ်ယောက်လား?။ ဒါမှမဟုတ် အများကြီးလား?။

အင်မော်တယ်ကမ္ဘာရှိ ကျွမ်းကျင်သူတွေတောင် သူတို့၏ ဖြစ်တည်မှုကို မသိရှိနိုင်ရအောင် ထိုကျွမ်းကျင်ပညာရှင်တွေကရော အဘယ့်ကြောင့် သူတို့ကိုယ်သူတို့ ကိုယ်ထင် မပြခဲ့ကြတာလဲ?။

ပြီးတော့ သူတို့ကရော ဘာကြောင့် အရိပ်ထဲမှာ ပုန်းအောင်းနေကြတာလဲ?။ သူတို့တွေ ဘာတွေများ လုပ်နေကြလဲ?။

ချင်ယွင်သည် ရုတ်တရက် သူ၏စိတ်ထဲတွင် အတွေးသံသယတွေ အများကြီး ဝင်လာခဲ့ပါ သည်။ သူသည် ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်လို အမှန်တကယ် ခံစားလာရပြီး ဤကမ္ဘာကြီးအကြောင်း ဘာဆိုဘာမှ မသိခဲ့ပါ။

သူသည် ဤမေးခွန်းအားလုံးကို ရှင်းလင်းရန် ဧကရာဇ် ဟောက်ချင်းကို အမှန်တကယ် ရှာဖွေချင်ခဲ့ သော်လည်း ယခုအချိန်တွင် ဆုဟန်ယွန်က ချင်ယွင်ကို အချိန်များစွာ မပေးခဲ့ရပေ။

ထိုအချိန်တွင် ဆုဟန်ယွန်၏ ခန္ဓာကိုယ်သည် အစိမ်းပြာရောင် အလင်းအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပုံရသည်။ အနှိုင်းမဲ့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ် စွမ်းအားကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ချင်ယွင်ကြောင့် ပြတ်တောက်သွားသော ဆုဟန်ယွန်၏ လက်သည် အမှန်တကယ်ပင် ဤကြောက်မက်ဖွယ် ကောင်းသော စွမ်းအားအောက်တွင် မြင်သာသော အရှိန်ဟုန်ဖြင့် ပြန်ပေါက်လာခဲ့သည်။

"ဒါက အဓိပတိဉသျှောင် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ တန်ခိုးစွမ်းအားပဲလား?။" ချင်ယွင်သည် ဆုဟန်ယွန်၏ ခန္ဓာကိုယ်ပေါ်မှ တဟုန်ထိုး မြင့်တက်လာသော အစိမ်းပြာရောင် စွမ်းအင်ကို ကြည့်ပြီး အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

ယခင်ကတည်းက ချင်ယွင်သည် ဆုဟန်ယွန်၏ခန္ဓာကိုယ်မှ အန္တရာယ်အရိပ်အယောင်ကို ခံစားခဲ့ရသော်လည်း ယခုအခါ ထိုအန္တရာယ်အငွေအသက်က ပို၍ပြင်းထန်လာခဲ့သည်။

"ချင်ယွင်၊ ဒီနေ့ မင်း သေမယ့်နေ့ပဲ။ သေလိုက်တော့.." ဆုဟန်ယွန်က အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရူးသွပ်နေသော ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်ကဲ့သို့ ပျံထွက်သွားသည်။ သူ၏လက်ထဲရှိ ဆေဘာသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများကို သယ်ဆောင်လာရင်း ချင်ယွင်ဆီသို့ ခုတ်ပိုင်းလိုက် သည်။

ကောင်းကင်နှင့်မြေကြီးသည် တခဏချင်း အက်ကွဲသွားပုံရသည်။ ကြောက်မက်ဖွယ် ကောင်းသော တန်ခိုးအစွမ်းက ကီလိုမီတာထောင်ပေါင်းများစွာတိုင် ပျံ့နှံ့သွားကာ၊ ကီလိုမီတာ တစ်ထောင်အတွင်းရှိ သက်ရှိအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ယခုအချိန်တွင် ချင်ယွင်သည် ပို၍ပင် ကြောက်စရာကောင်းသော ဖိအားအောက်တွင် ရှိနေသည်။ ဆုဟန်ယွန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းနေသည်။ သူ နည်းနည်းလေး ဂရုမစိုက်မိ သည်နှင့် ဆုဟန်ယွန်က သူ့ကို သတ်ပစ်မည်မှာ သေချာပါသည်။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားကို သူ၏အစစ်အမှန် ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် လျင်မြန်စွာ ခွင့်ပြုလိုက်ပြီး၊ လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည် ကောင်းကင်တာအို ဉပဒေသ စွမ်းအားကို ပေါင်းစပ်ကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်တစ်ခုအဖြစ် ပေါင်းစပ်နိုင်ခဲ့သည်။

ချင်ယွင်၏ဓားသည် ဆုဟန်ယွန်၏ဆေဘာနှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိပြီး ပေါက်ကွဲသံတစ်ချက် ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှစ်ခုသည် ပြင်းထန်စွာ တိုက်မိခဲ့သည်။

“ဘုန်း..”။

ချင်ယွင်သည် သူ၏ မြူနှင်းချောက်နက်ဓားမှတဆင့် ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခု တိုးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားပြီး သူ၏ရင်ဘတ်ထဲမှာ ပေါက်ကွဲသွားပါ သည်။

ချင်ယွင်သည် အော်ငြီးလိုက်ရပြီး၊ သူ၏ပါးစပ်ထဲမှ သွေးများ အန်ထွက်သွားသည်။ သူသည် နောက်သို့ လွင့်ပျံသွားကာ မြေပြင်ပေါ်သို့ အရှိန်ဟုန်ပြင်းစွာ ပြုတ်ကျပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖန်တီးခဲ့သည်။

ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏မျက်နှာက ထိတ်လန့်မူများဖြင့် ပြည့်နေခဲ့သည်။ ထိုအထွက်အထိပ် စွမ်းအားက အမှန်တကယ်ပင် အလွန်မင်း ကြောက်စရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား၏ တန်ပြန်ရိုက်ခတ်မူကြောင့် သူ၏ခန္ဓာကိုယ် အတွင်းရှိ အရိုးများအားလုံး ကွဲကြေသွားကာ ပြင်းထန်သော နာကျင်မှုက သူ၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသလိုပင်။

ဘန်း…။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် တုနှိုင်းမရအောင် ကြောက်စရာကောင်းပြီး အန္တရာယ်ရှိသည့် အငွေအသက်ကို ခံစားလိုက်ရသည်။ ရုတ်တရက် သူသည် ခေါင်းကို မော့ကြည့်လိုက်တော့ နတ်တောင်ကြီးကဲ့သို့ ကောင်းကင်မှ ကြီးမားလှသည့် ဧရာမဆေဘာ အလင်းတန်းကြီးတစ်ခု သူ့ဆီကို ပြင်းပြင်းထန်ထန် ထိုးထွင်း ဝင်ရောက် လာနေသည်ကို တွေ့လိုက်ရပါသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် သည် ချင်ယွင်ကို ခေါင်းမှ ခြေဖျားအထိ အေးစိမ့်သွားစေခဲ့သည်။

ချင်ယွင်သည် အကယ်၍၊ သူသည် ဤဆေဘာအလင်းတန်းကြီး ထိမှန်ခဲ့လျှင်၊ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် အသက်စွမ်းအားနှင့် ဖင်းဂေါ့ဂ်စွမ်းအားများ ရှိနေသော် လည်း၊ သူ သေဆုံးသွားလိမ့်မည်ဟု သေချာပေါက် ခံစားမိနေသည်။ အဘယ့်ကြောင့် ဆိုသော် ဤတန်ခိုးအစွမ်း၏ ဖျက်ဆီးခြင်းစွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သော ကြောင့် ဖြစ်ပါသည်။

ထိုဆေဘာအလင်းသည် လျှပ်စီးလက်သလိုလို မြန်ဆန်လွန်း၏။ ထို့ကြောင့် ၎င်းအလင်းတန်းသည် ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ဤကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းကို တားဆီးရန် ရွှေရောင်ဒြဗ်စင်ဒိုင်းကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

ချွင်..။

ဆေဘာအလင်းသည် ရွှေရောင်ဒြဗ်စင်ဒိုင်းနှင့် အပြင်းအထန် တိုက်မိပြီး၊ ကျယ်လောင် သော ရှေးဟောင်းအသံနှင့် ခေတ်သစ်အသံများ အစီအရီ ထွက်ပေါ်လာသည်။ ဤကြောက်စရာကောင်းသော စွမ်းအားကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် အဝေးသို့ အဆက်မပြတ် လွင့်ထွက်သွားပါသည်။

“ဘုန်း..”။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော တောင်ထွတ်တစ်ခုသို့ ပစ်တိုက်သွားပြီး တောင်ထိပ်တစ်ခုလုံးကို ဖြိုခွင်းလိုက်သည်။

ဧရာမတောင်ကြီး ပြိုကျသွားကာ အပျက်အစီးများက လှိမ့်ဆင်းပြီး ကောင်းကင်နှင့် မြေပြင်အနှံ့ ဖုန်မှုန့်များ လွင့်ပျံသွားပါသည်။

မည်သူမဆို ဤတိုက်ပွဲကို မြင်မိလျှင် တုန်လှုပ်သွားကြပါလိမ့်မည် ။

ချင်ယွင်သည် အပျက်အစီးများကြားမှ ထလာကာ သူ၏ရင်ဘတ်ပေါ်ရှိ ၀တ်စုံသည် သွေးများဖြင့် အနီရောင်ဆိုးနေဆဲဖြစ်ပြီး ပြုပြင်ထားသော အရိုးများလည်း ကျိုးကြေ သွားပြန်သည်။

"ဟမ့်၊ ပုရွက်ဆိတ်တွေကများ နေနဲ့လကို ယှဉ်ပြိုင်ဝံ့တယ်ပေါ့။ ဒီနေ့ မင်းရဲ့ဦးခေါင်းကို ခုတ်ဖြတ်ပြီး၊ မင်းရဲ့သွေးတွေနဲ့ ငါ့ညီငယ်အတွက် ယဇ်ပူဇော်ပေးမယ်။" ဆုဟန်ယွန်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ အင်မော်တယ် စွမ်းအင်များသည် လှိုင်းလုံးများကဲ့သို့ တဟုန်ထိုး ပေါက်ကွဲသွားပုံရသည်။ ဆုဟန်ယွန်၏ ရုပ်အသွင်သည် ချင်ယွင်ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည် ။

ဆုဟန်ယွန် ဖြတ်သန်းသွားတိုင်း ကမ္ဘာကြီးသည် တုန်လှုပ်ချောက်ချားသွားသည်။ သူ၏ လက်ထဲတွင်ရှိသော ဆေဘာသည် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများဖြင့် တစ်ကြိမ်ပြီး တစ်ကြိမ် မြင့်တက်လာကာ ချင်ယွင်ဆီသို့ သူ၏ဆေဘာကို တစ်ဖန် ဝှေ့ယမ်းလိုက်သည်။

ဆေဘာ၏အသံသည် တစ်ကမ္ဘာလုံးသို့ ပဲ့တင်ထပ် ထွက်ပေါ်လာကာ ဤဆေဘာ တိုက်ခိုက်မူက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ တစ်ဖန် ပြေးဝင်လာသော ဆုဟန်ယွန်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင် ပေါ်လာသည်။

ဤအခိုက်အတန့်တွင်, အကယ်၍ သူသည် ကြည်လင်ကောင်းကင်ဓားကို မသုံးခဲ့ပါက၊ ၎င်းကို နောက်တစ်ကြိမ် အသုံးပြုရန် အခွင့်အရေးရှိမည် မဟုတ်တော့ပေ။

"ဟမ့် အဲဒီလိုဆိုရင်ရော ဘာဖြစ်လဲ?။ ငါချင်ယွင်က မင်းကို ဖြိုခွဲနိုင်တုန်းပဲ။" ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။ ရှေးဟောင်း ဖရိုဖရဲထဲက နံပါတ်တစ် အကြီးမြတ်ဆုံး ရတနာဖြစ်သည့် ကြည်လင်ကောင်းကင်ဓားက သူ၏လက်ထဲတွင် ပေါ်လာသည်။

ကြည်လင်ကောင်းကင်ဓား ထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး အရောင်ပြောင်း သွားပါသည်။ မိုးခြိမ်းသံတွေ ပြည့်နှက်နေသည့် တိမ်စိုင်တိမ်ခဲတွေက ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားပါသည်။

All Chapters