အခန်း ၉၈၇
Vol. 66 Ch. 987
အခန်း (၉၈၇) တမန်တော်။
ချင်ယွင်သည် သူ၏လက်ထဲရှိ တံဆိပ်ပြားကို ဂရုတစိုက် ကြည့်ရူနေသည်။ ဤတံဆိပ်ပြား သည် လက်ဖဝါးအရွယ်မျှသာရှိပြီး၊ တံဆိပ်ပြား၏ရှေ့တွင် သိမ်မွေ့နက်နဲသော ပုံစံ သင်္ကေတများဖြင့် ထွင်းထုထားသည်။ ၎င်းသည် အလွန်မင်း ရိုးရှင်းပြီး လက်ရာလည်း မြောက်လှသည်။ သို့သော် နောက်ကျောဘက်တွင်မူ ”ဖန်း” ဟူသည့် စကားလုံးတစ်လုံး လည်း ရှိနေပါသည်။
ချင်ယွင်သည် ဤ “ဖန်း”ဟူသောစကားလုံးက မည်သည့်အရာကို ဆိုလိုသည်ကို နားမလည်ပါ။ သို့သော် သူ၏ထင်မြင်ချက်အရ၊ ဤတံဆိပ်ပြားသည် ထိုအထွက်အထိပ် ပုဂ္ဂိုလ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ဤစကားလုံးသည် ထိုအဓိပတိပုဂ္ဂိုလ်၏ အမည် သို့မဟုတ် ဘွဲ့အမည်လည်း ဖြစ်နိုင်ပါသည်။
"ကောင်လေးချင်၊ ဒီတံဆိပ်ပြားက အဲဒီထိုအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ တမန်တော် တံဆိပ်ပြားပဲ။ သူက ဒီတံဆိပ်ပြားမှတစ်ဆင့် တမန်တော်ရဲ့ တည်နေရာကို သိရှိနိုင်ပြီး၊ တမန်တော်ကလည်း ဒီတံဆိပ်ပြားထဲက အထွက်အထိပ်စွမ်းအားကို အသုံးပြုနိုင်တယ်။" ဧကရာဇ်ဟောက်ချင်းက ပြောသည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်ပြလိုက်သည်။ အစောပိုင်းက ဆုဟန်ယွန် အသုံးပြုခဲ့သော အထွက်အထိပ်စွမ်းအားသည် ဤတံဆိပ်ပြားမှ ဆင်းသက်လာသည်ကို တွေ့ရှိရသည်။ ချင်ယွင်သည် ဤတံဆိပ်ပြားကို ကိုင်လိုက်သည့်အခိုက်တွင် ပြင်းထန်သော အငွေ့အသက်ကို ခံစားလိုက်ရသည်မှာ အံ့သြစရာ မဟုတ်ပေ။
"စီနီယာ၊ စီနီယာက ကျွန်တော့်ကို အဲဒီအဓိပတိပုဂ္ဂိုလ်ရဲ့ တမန်တော်တစ်ဦး ဖြစ်လာဖို့ အတွက် ဒီတမန်တော် တံဆိပ်ပြားကို ထုတ်ယူခိုင်းလိုက်တာလား?။" ချင်ယွင်က အသံထုတ်လွှင့်ကာ ဆက်မေးလိုက်ပါသည်။
ရိုးရိုးသားသား ပြောရလျှင်, အထွက်အထိပ်စွမ်းအားက ချင်ယွင်၏ နှလုံးသားကို အမှန်တကယ် လှုပ်ခတ်စေခဲ့သည်။ ဤအထွက်အထိပ်စွမ်းအားကို ရယူခြင်းသည် အရေးကြီးသော အခိုက်အတန့်တွင် သူ၏ ခွန်အားကို ပြင်းထန်စွာ ပေါက်ကွဲစေနိုင်သည်။ သို့သော်, အကယ်၍, သူသည် အမှန်တကယ် တမန်တော်တစ်ဦး ဖြစ်ချင်လားဆိုလျှင်တော့၊ ချင်ယွင်သည် အလွန်မင်း ဆန္ဒမရှိပါချေ။ သူသည် လူတစ်ယောက်၏ မောင်းနှင်ခံရမည့် အဖြစ်မျိုးကို မလိုချင်ပါဘူး။
ဆုဟန်ယွန်၏ အမြင်တွင်မူ, မြင့်မြတ်သော တမန်တော်တစ်ပါး ဖြစ်လာရခြင်းသည် အလွန်ဂုဏ်ယူဖွယ်ရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ချင်ယွင်အတွက်၊ ၎င်းသည် အခြားလူများ၏ တွန်းအားပေးခြင်းကို ခံနေရသော အစေခံတစ်ဦးသာ ဖြစ်ပါသည်။
ထို့အပြင်, ဆုဟန်ယွန်ကို သတ်ပြီးနောက် ဤတံဆိပ်ပြားကို ချင်ယွင်မှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအထွက်အထိပ် ကျွမ်းကျင်ပညာရှင်က သူ့အား သူ၏တမန်တော် ဖြစ်လာရန် မည်သို့ လွယ်ကူစွာ ခွင့်ပြုနိုင်မည်နည်း?။
ထို့ကြောင့် ဧကရာဇ် ဟောက်ချင်းက ဤအရာက တမန်တော် တံဆိပ်ပြားဖြစ်သည် ဟူသော စကားကို ကြားသောအခါ၊ ချင်ယွင်သည် ၎င်းကို စိတ်ဝင်စားမှု မရှိတော့ပေ။
"ကောင်လေးချင်၊ မင်းက တခြားလူတွေရဲ့ လက်အောက်ခံဖြစ်လိုစိတ် မရှိဘူးဆိုတာ ငါ သိပါတယ်။ တကယ်တော့၊ ငါက မင်းကို မြင့်မြတ်တဲ့ တမန်တော်တစ်ဦး ဖြစ်လာစေချင်တဲ့ အတွက် ဒီတမန်တော် တံဆိပ်ပြားကို ထုတ်ယူခိုင်းတာ မဟုတ်ပါဘူး" ဧကရာဇ် ဟောက်ချင်းက ဆက်ပြောပါသည်။
"စီနီယာ၊ စီနီယာက ဘာကို ဆိုလိုတာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
"ငါလိုတာက မင်းက အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်ခြင်းမခံရဘဲနဲ့ ဒီတမန်တော် တံဆိပ်ပြားမှာရှိနေတဲ့ အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်" ဧကရာဇ် ဟောက်ချင်းက စိတ်ပိုင်းဆိုင်ရာဖြင့် ပို့လိုက်သော်လည်း သူ၏လေသံအရ အပြုံးရိပ်တွေ ပြည့်နေခဲပါသည်။
"အထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ တန်ခိုးအစွမ်းကို အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ ထိန်းချုပ်မူမခံရ ဘဲ ဘယ်လိုလုပ် အသုံးပြုနိုင်မှာလဲ?။" ချင်ယွင်က အံ့သြစွာ ပြောသည်။
မြင့်မြတ်သော တံဆိပ်ပြားသည် တမန်တော်များကို ထိန်းချုပ်ရန်အတွက် ထိုအဓိပတိ ပုဂ္ဂိုလ်များ အသုံးပြုသော ရတနာတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့်၊ တမန်တော်များသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းရန် သဘာဝအားဖြင့် မဖြစ်နိုင်ပေ။ ထိုသို့ မဟုတ်လျှင်၊ ထိုတမန်တော်များသည် ထိုအဓိပတိပုဂ္ဂိုလ်တို့၏ တန်ခိုးအစွမ်းကို အချည်းနှီး အသုံးပြုနိုင်ပြီး သူတို့အတွက် လုပ်ဆောင်ပေးနေစရာ မလိုတော့ဘူး မဟုတ်ပါလား?။
"အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်တွေက ဒီတံဆိပ်ပြားကနေ တဆင့် အဲဒီတမန်တော်တွေကို ထိန်းချုပ်နိုင်ရတဲ့ အကြောင်းရင်းက အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်တွေ နောက်မှာ ချန်ရစ်ထား ခဲ့တဲ့ စိတ်ဝိညာဉ်အမှတ်သားတွေကြောင့်ပဲ။ အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်တွေ ချန်ရစ်ထားတဲ့ စိတ်ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးပစ်ပြီး တံဆိပ်ပြားရဲ့ ပိုင်ရှင်အဖြစ် အသိအမှတ်ပြု လိုက်တာနဲ့ သူတို့ကတည်း အဲဒီတမန်တော်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးပေါ့။ တမန်တော်တွေက အထွက်အထိပ်ပုဂ္ဂိုလ်တွေရဲ့ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မယ့်အပြင်၊ တံဆိပ်ပြားအတွင်းမှာရှိတဲ့ အဲဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ တန်ခိုးအစွမ်းကိုလည်း အသုံးပြု နိုင်လိမ့်မယ်" ဧကရာဇ် ဟောက်ချင်းက ပြုံးပြုံးလေး ပြောလိုက်ပါသည်။
"ဟုတ်တာပဲ” ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပါသည်။ သို့သော် လည်း မကြာခင်မှာ မှေးမှိန်သွားခဲ့သည်။ “စီနီယာ၊ ဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စိတ်ဝိညာဉ် အမှတ်အသားက တကယ်ရော လွယ်လွယ်ကူကူနဲ့ ဖျောက်ဖျက်လို့ ရနိုင်ပါ့မလား?။ ဒီလိုသာဆို, တမန်တော်တချို့က ဟိုးအရင်ကတည်းက လုပ်ပြီးဖြစ်နေမှာ ကျွန်တော် စိုးရိမ်မိတယ်”။
"မင်းပြောတာ မှန်ပါတယ်။ သာမန် အဓိပတိဉသျှောင်ပုဂ္ဂိုလ်တစ်ပါး ချန်ထားရစ်ခဲ့တဲ့ စိတ်ဝိညာဉ် အမှတ်အသားရဲ့ တစွန်းတစကိုတောင်မှ အင်မော်တယ် ဧကရာဇ်တစ်ပါး အနေနဲ့ ဖျက်ဆီးလို့ မရနိုင်ပါဘူး။ ဒါပေမယ့် တခြားလူ မလုပ်နိုင်ပေမယ့် မင်းကတော့ လုပ်နိုင်တယ်လေ။" ဧကရာဇ် ဟောက်ချင်းက နောက်ထပ် သတင်းတစ်ခု ပေးပို့လိုက်ပါ သည်။
"ကျွန်တော် လုပ်နိုင်တာလား?”။ ချင်ယွင်က အံ့အားသင့်သော အမူအရာကို ထုတ်ပြလာ ရင်း, လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"စီနီယာ၊ စီနီယာက ကနဦးစကြာဝဠာကို အသုံးပြုဖို့ ပြောနေတာလား?။" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မှန်တာပေါ့။ မင်းမှာ ကိုယ်ပိုင်စကြာဝဠာ ရှိနေတယ်လေ။ မင်းရဲ့စကြာဝဠာထဲမှာဆို မင်းက အုပ်ချုပ်သူဖြစ်သလို၊ မင်းကိုယ်တိုင်ကလည်း ကောင်းကင်ဘုံရဲ့ တန်ခိုးစွမ်းအားပဲ လေ။ အဲဒီအဓိပတိဉသျှောင်ပုဂ္ဂိုလ် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ, မင်းရဲ့ စကြာဝဠာထဲမှာတော့၊ စိတ်ဝိညာဉ် အမှတ်အသားလေးတစ်ခု အသာထား၊ သူကိုယ်တိုင်ဆို ရင်တောင် မင်းကို အညံ့ခံရမှာပဲလေ။" ဧကရာဇ် ဟောက်ချင်းက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။
ချင်ယွင်သည် ထိုအထွက်အထိပ် စွမ်းအားကို ယခင်က မြင်ဖူးထားသည်။ ၎င်းသည် မနှိုင်းယှဉ်နိုင်လောက်အောင် အစွမ်းထက်ခဲ့သည်မှာ သေချာပါသည်။ ထို့အပြင်၊ အကယ်၍၊ ဤအထွက်အထိပ်စွမ်းအားသာ သူ၏လက်ထဲတွင် ရှိနေပါက၊ ၎င်းသည် ဆုဟန်ယွန်၏ လက်ထက်တွင်ရှိစဉ်ကထက် အဆပေါင်းများစွာ အားကောင်းလိမ့်မည်ဟု ချင်ယွင် ယုံကြည်သည်။
ချင်ယွင်သည် တုန့်ဆိုင်းမနေတော့ဘဲ တမန်တော် တံဆိပ်ပြားကို ကိုင်ဆောင်ကာ ကနဦးစကြာဝဠာထဲသို့ ဝင်ရောက်သွားခဲ့သည်။ ကနဦးစကြဝဠာ၏ အင်မော်တယ်ကမ္ဘာ တိုက်ကြီးထဲတွင် ချင်ယွင်၏ ရုပ်အသွင်က ပြန်ပေါ်လာခဲ့ပြီး မြင့်မြတ်ဆုံးသော တမန်တော် တံဆိပ်ပြားက သူ၏ရှေ့တွင် လွင့်မျောနေသည်။
"ထွက်လာခဲ့စမ်း..”။
ချင်ယွင်သည် တမန်တော် တံဆိပ်ပြားကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအသံသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရောယှက်နေသည်။
ဤစကြာဝဠာတွင် ချင်ယွင်သည် မိုးကောင်းကင် ဖြစ်သည်။ မိုးကောင်းကင်ကြီး မည်မျှ တန်ခိုးကြီးသည်ကို တွေးကြည့်နိုင်ပါသည်။ အရာအားလုံးသည် ချင်ယွင်၏ စိတ်ထဲတွင် သာ ရှိနေပါသည် ။
“ဘုန်း..”။
ချင်ယွင်၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် တမန်တော် တံဆိပ်ပြားသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက်တွင်၊ ရုပ်ဖျက်မထားဘဲ ကြီးကျယ်ခမ်းနားပြီး, ဂုဏ်သိက္ခာကြီးမားပြီး ပုံရိပ်ကြီးတစ်ခုသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာပါသည်။
ဤပုံရိပ်ကြီးသည် အလွန်မင်း ဂုဏ်သိက္ခာကြီးမားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
"မင်းက ဘယ်သူလဲ?။ ဆုဟန်ယွန်ကရော ဘယ်ရောက်သွားလဲ" ဂုဏ်သိက္ခာကြီးမားသော ပုံရိပ်ကြီးက ခက်ထန်သောလေသံဖြင့် မေးသည်။
"ကျုပ် သူ့ကို သတ်ပစ်လိုက်ပြီ” ချင်ယွင်သည် ဂုဏ်သိက္ခာကြီးမားသော ထိုပုံရိပ်ကြီးကို ကြည့်ပြီး တဟားဟား ရယ်မောလိုက်သည်။
ဤပုံရိပ်ကြီးသည် ဧရာမတောင်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အမြင့်ဆုံး ဖိအားကို ထုတ်လွှတ်သော်လည်း၊ ချင်ယွင်သည် စကြဝဠာတစ်ခုလုံးကို ကိုယ်စားပြုသော ကြောင့် ချင်ယွင်၏ရှေ့တွင် အလွန်သေးငယ်ပါသည်။
"မင်းက ငါ့ရဲ့ တမန်တော်ကို တကယ် သတ်ဝံ့တာလား?။ မင်း သေခြင်းတရားကို တောင်းခံနေတာပဲ”။ ထိုအဓိပတိဉသျှောင်ပုဂ္ဂိုလ် ပုံရိပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ထိုစကားကို ပြောပြီးနောက် ထိုဧရာမပုံရိပ်ကြီးသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်ကို ရိုက်နှက်လိုသည့်အလား ပြင်းထန်စွာ ဖိချလိုက်ပါသည်။
ချင်ယွင်က ကောင်းကင်ပေါ်မှာ ဖြန့်ကျက်ထားသည့် ဧရာမလက်ဖဝါးကြီးကို ကြည့်ပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ချက် ထွက်ပေါ်လာသည်။ သူက ရုတ်တရက် ခေါင်းမော့ပြီး ပြောလိုက်သည် "ကျုပ်က ဆုဟန်ယွန်ကို သတ်ခဲ့ရုံတင်မကဘူး။ ခင်ဗျားကိုလည်း ဖျက်ဆီးပစ်ဦးမယ်”။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ မူလက ကောင်းကင်မှာ ဖိနှိပ်ထားသည့် လက်ဖဝါးကြီးကြီးသည် ချင်ယွင်၏ မျက်လုံးရှေ့မှာပင် ပေါက်ကွဲသွားခဲ့သည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ထိုအဓိပတိဉသျှောင် ပုံရိပ်ကြီးလည်း အံ့အားသင့်စွာ ပြောလိုက်သည်။ သူ၏ရှေ့မှ ဤပုရွက်ဆိတ်လေးသည် သူ၏တိုက်ခိုက်မှုကို အမှန်တကယ် ဖြိုခွဲနိုင်မည်ဟု သူ မမျှော်လင့်ထားဘူး။
"ဟမ့်၊ ခင်ဗျားက အထွက်အထိပ်ပုဂ္ဂိုလ်တစ်ယောက် ဆိုရင်ရော ဘာဖြစ်လဲ?။ ကျုပ် စကြာဝဠာထဲမှာတော့ ခင်ဗျားက ပုရွက်ဆိတ်တစ်ကောင်သာသာပဲ" ချင်ယွင်သည် ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားကြောင့် အမျက်ဒေါသဖြစ်နေသကဲ့သို့ အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက်, သူသည် လက်ဖဝါးကြီးကို အပြင်းအထန် ရိုက်ချလိုက်ပြီး၊ ၎င်းလက်ဖဝါးတွင်ပါဝင်သော ကောင်းကင်ဘုံ၏တန်ခိုးစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
အဓိပတိဉသျှောင်ပုံရိပ်ကြီးသည် ကောင်းကင်ယံမှ ကြီးမားလှသော လက်ဖဝါးကြီးက သူ့အပေါ်ကို ဖိနှိပ်လာသည်ကို မြင်လိုက်ရသောအခါတွင်, ၎င်းထံမှ အလွန်မင်း ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာပါသည်။
"မဟုတ်ဘူး... ဒါက မူလစကြာဝဠာ မဟုတ်ဘူး။ ဒီနေရာက ဘယ်နေရာလဲ?။" အထွက်အထိပ်ပုဂ္ဂိုလ်၏ ပုံရိပ်ကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော် သူပြောပြီးသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှ လက်ဖဝါးကြီးသည် ချက်ခြင်း ရိုက်နှက်သွားခဲ့ပြီး သူ၏ ရုပ်အသွင်အပြင်လည်း အစိတ်စိတ်မွှာမွှာ ပြိုကွဲသွားပါသည်။ သူ့အနေဖြင့် ခုခံနိုင်ရန် လုံးဝ နေရာမရှိတော့ပါဘူး။
ဤနည်းဖြင့်, ထိုအဓိပတိပုဂ္ဂိုလ် ချန်ရစ်ထားခဲ့သော စိတ်ဝိညာဉ်အမှတ်အသားသည် လုံးလုံးလျားလျား ပြိုကွဲသွားရလေသည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော စိတ်ဝိညာဉ် ပုံရိပ်ကြီးကို ကြည့်ရင်း သူ့မျက်လုံးများတွင် အပြုံးမပျက် ပေါ်လာသည်။
သူက အထွက်အထိပ်ပုဂ္ဂိုတစ်ယောက် ဖြစ်နေခဲ့ရင်ကော ဘာဖြစ်လဲ?။ သူ၏ စကြဝဠာထဲ တွင်၊ သူသည် ကောင်းကင်ဘုံ ဖြစ်သည်။
"ဒီတမန်တော် တံဆိပ်ပြားနဲ့ ပေါင်းစပ်ပြီးရင် ဘာဖြစ်သွားမလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပြီး၊ တံဆိပ်ပြားဆီသို့ သူ၏သွေးအနှစ်သာရကို ညှစ်ထုတ်လိုက်ပါသည်။