← Chapters

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း ၉၈၈

Vol. 66 Ch. 988

အခန်း (၉၈၈) အဖြူရောင်သင်္ကန်းနှင့်ရဟန်းပျို။

အနီရောင် တောက်တောက် သွေးအနှစ်သာရက တမန်တော်တံဆိပ်ပြားပေါ် စိမ့်ဝင်သွား ပြီး ချက်ချင်း ပေါင်းစပ်သွားပါသည်။

ဘန်း…။

ချင်ယွင်သည် သူ၏ဦးနှောက်က သူ၏ရှေ့မှ တံဆိပ်ပြားနှင့် ချိတ်ဆက်မူရှိနေကြောင်း ချက်ချင်း သိလိုက်ရပါသည်။ တံဆိပ်ပြားတွင် နေရာငယ်လေး တစ်ခုရှိပြီး ထိုနေရာ အလယ်တွင် ရေကန်တစ်ခု ရှိနေပါသည်။

ရေကန်သည် ကြီးကြီးမားမား မဟုတ်ပါ။ စတုရန်းပေ အချင်း တစ်မီတာနှင့် တစ်မီတာအောက်သာ နက်ပါသည်။

ရေကန်က အစိမ်းရောင် အရည်တွေနှင့် ပြည့်နေပါသည်။ ၎င်းသည် တောက်ပသော အစိမ်းပြာရောင် ကျောက်မျက်များကဲ့သို့ တလက်လက်တောက်ပပြီး တောက်ပနေပြီး၊ အစွမ်းထက်မြက်သော အထွက်အထိပ် စွမ်းအားများနှင့် ပျံ့နှံ့နေပါသည်။

မှန်ပါသည်။ ဤရေကန်သည် ဆုဟန်ယွန် အရင်က အသုံးပြုခဲ့သည့် အထွက်အထိပ် စွမ်းအား များ ဖြစ်ပါသည်။

သို့သော် ယခုအချိန်တွင် ရေကန်အတွင်းရှိ ရေသည် ရေကန်တစ်ခုလုံး၏ ထက်ဝက်ခန့် လျော့နည်းနေပါသည်။ ၎င်းသည် ဆုဟန်ယွန်ကြောင့် တဟုန်ထိုး လျော့နည်းသွားတာ ဖြစ်ပါလိမ့်မည်။

ဘန်း…။

အတွေးတစ်ချက်ဖြင့် ချင်ယွင်သည် အစိမ်းပြာရောင် အရည်တစွန်းတစကို တံဆိပ်ပြားထဲမှ ဆွဲထုတ်ယူကာ သူ၏လက်ဖဝါးကို ဖုံးလွှမ်းလိုက်သည်။ ထိုအထွက်အထိပ် စွမ်းအား ထွက်ပေါ်လာမူနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကမ္ဘာကြီးကို လွှမ်းခြုံသွားပါသည်။

ချင်ယွင်သည် လက်ဖဝါးတစ်ချက် ခုတ်ပိုင်းလိုက်ရာ အစိမ်းပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခပ်လှမ်းလှမ်းရှိ တောင်တန်းကြီးကို နှစ်ပိုင်းအဖြစ် တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ ဖြတ်တောက်သွားသည့်ပုံစံက အရမ်းကို သေသပ်ပါသည်။

"ဒါက အဓိပတိဉသျှောင်ပုဂ္ဂိုလ်ရဲ့ စွမ်းအားလား?။ အရမ်းကို အစွမ်းထက်လွန်းတယ်။" ချင်ယွင်သည် သူ၏မျက်လုံးများတွင် စိတ်အားတက်ကြွသည့် အရိပ်အယောင်ဖြင့် အဝေးမှ ပေါက်ကွဲနေသော တောင်ထိပ်ကို ကြည့်လိုက်ပါသည်။

ယခုလေးတင်၊ သူသည် ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ရန် အတွက် အထွက်အထိပ် စွမ်းအား၏ တစွန်းတစကိုသာ အသုံးပြုခဲ့ပါသည်။ ၎င်းသည် လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည်နှစ်ရပ်ကို ပေါင်းစပ်၍ ဖန်တီးထားသည့် ကောင်းကင် တာအို စွမ်းအားထက် များစွာ အားကောင်းပါသည်။

အကယ်၍၊ သူသည် ကြည်လင်ကောင်းကင်ဓားကို အသုံးပြုပြီး၊ အထွက်အထိပ်စွမ်းအား ကို ထုတ်လွှတ်လိုက်မည်ဆိုလျှင်, ၎င်းသည် သေချာပေါက် အလွန်မင်း ကြောက်စရာ ကောင်းမည်ဟု သူ ယုံကြည်ပါသည်။

"ဒီအထွက်အထိပ်ပုဂ္ဂိုလ်ရဲ့ စွမ်းအားက အရမ်းကို နည်းနေတာ နှမြောစရာပဲ။ ငါ ဒီစွမ်းအားကို သုံးကြိမ်လောက်ပဲ အသုံးပြုလို့ရမှာ ငါ စိုးရိမ်မိတယ်။" ချင်ယွင်က သူ၏ စိတ်ထဲတွင် ဝမ်းနည်းစွာ ပြောလိုက်မိပါသည်။

ယခုအချိန်တွင်၊ တံဆိပ်ပြားထဲမှာ ထိုအထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားက ထက်ဝက် အောက်သာ ကျန်ရှိနေပါသည်။ တစ်ဝက်ကျော်ကို ဆုဟန်ယွန်က အသုံးပြုခဲ့ပြီ။ ကျန်ရှိနေသော အထွက်အထိပ်ပုဂ္ဂိုလ်၏ စွမ်းအားသည် တိုက်ခိုက်မှုသုံးကြိမ်လောက်သာ ကြာရှည်နိုင်ခံပါသည်။

ချင်ယွင်သည် ဤအထွက်အထိပ် စွမ်းအားကိုလည်း အမျိုးအစားများနှင့် စွမ်းရည်များ အဖြစ် ပိုင်းခြားထားပုံရကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဥပမာအားဖြင့်၊ သူရရှိထား သော အစိမ်းပြာရောင် စွမ်းအားသည် လေစွမ်းရည်၏ အထွက်အထိပ် စွမ်းအား ဖြစ်သင့်ပါ သည်။ ၎င်းစွမ်းအားကို လေနှင့်ပတ်သက်သည့် ဓားသိုင်းပညာရပ်ကို အသုံးပြုခြင်းသည် အလွန်မင်း ကြောက်စရာကောင်းပြီး၊ ၎င်းသည် ချင်ယွင်၏ ကြီးမားသော သတ်ဖြတ်ခြင်း လှုပ်ရှားကြီးတစ်ခု ဖြစ်လာနိုင်သည်မှာ သေချာပါသည်။

ထိုအကြောင်းတွေးပြီး ချင်ယွင်သည် ကောင်းကင်ရေနန်းတော်ကို သွားရန် ပို၍ပင် ယုံကြည်မူ ရှိလာခဲ့ပါသည်။

"ဟမ့်၊ အင်မော်တယ် ဧကရာဇ် ယန်လျူ, ဒီတစ်ခါတော့ ငါ မင်းကို ဓားနဲ့ သေချာပေါက် ခုတ်ပိုင်းပစ်မယ်။ ငါချင်ယွင်က မင်းတို့စိတ်တိုင်းကြ ပုတ်ခတ်စော်ကားနိုင်တဲ့လူ မဟုတ်ဘူးဆိုတာ ငါ မင်းတို့ကို အသိပေးရမယ်။" ချင်ယွင်က သူ၏နှလုံးထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်သည်။

ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး ကနဦးစကြဝဠာမှ ထွက်သွားလေသည်။

သို့သော်၊ ချင်ယွင်သည် ကနဦးစကြဝဠာမှ ထွက်ခွာလာစဉ်မှာပင် ရုတ်တရက် သူ၏ ခေါင်းကို တောင်ဘက်အရပ်သို့ လှည့်ကြည့်လိုက်မိသည်။ ထိုနေရာတွင် အဖြူရောင် သင်္ကန်းကို ၀တ်ဆင်ထားသော ငယ်ရွယ်သည့် ရဟန်းပျိုးတစ်ပါး ရှိနေပါသည်။ ထိုရဟန်းပျိုသည် သူ၏ဦးခေါင်းပေါ်တွင် အမွှေးနံ့သာတိုင် အမာရွတ်တစ်ခုနှင့် ကြိုးနှင့်သီးကုံးထား သည့် ဗုဒ္ဓဘာသာပုတီးတစ်ကုံးကို ကိုင်ဆောင်လျက် ရပ်နေပါသည်။ သူ၏တစ်ကိုယ်လုံး သာမန်ထက် ထူးခြားသော အငွေအသက်များ ထွက်ပေါ်နေသည်။

ချင်ယွင်သည် ထိုရဟန်းပျိုကို မြင်သောအခါ, သူ၏မျက်ခုံးများက ချက်ချင်း ရှုံ့တွသွားသည်။

လင်းကြည်တောင်၊ ကောင်းကင်ဘုံဒီအားနာ ဘုရားကျောင်း။

ဤစကားနှစ်​ခွန်းသည်​ ချင်​ယွင်​၏စိတ်​ထဲမှာ ချက်​ချင်း ထွက်​ပေါ်လာသည်​။ အကယ်၍၊ သူ၏ ခန်းမှန်းချက်သာ မှန်ကန်မည်ဆိုလျှင်၊ သူ၏ရှေ့မှ အဖြူရောင်သင်္ကန်းဝတ် ရဟန်းပျို သည် လင်းကြည်တောင် ကောင်းကင်ဘုံဘုရားကျောင်းက ဖြစ်ရလိမ့်မည်။

တော်ဝင်မင် မင်းဆက်မှာ ရှိနေစဉ်တုန်းက ချင်ယွင်သည် လင်းကြည်တောင် ကောင်းကင်ဘုံဒီအားနာ ဘုရားကျောင်းကနေ ခွဲထွက်သွားခဲသည့် သတ်ဖြတ်ခြင်းဂိုဏ်း၏ အကြွင်းအကျန်တွေကို ဆွဲဆောင်မိခဲ့ဖူးသည်။ ယခု ဤနေရာ၌ သူသည် ကောင်းကင်ဘုံ ဒီအားနာဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့် အမှန်တကယ် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော် သူ နားမလည်နိုင်ပါ။ ကောင်းကင်ဘုံဒီအားနာ ဘုရားကျောင်းမှ ဘုန်းတော်ကြီး အားလုံးသည် တံခါးပိတ်၍ ကျင့်ကြံနေခြင်းကို နှစ်သက်ကြသည် မဟုတ်ပါလော။ ရဟန်းပျိုတစ်ပါးသည် အဘယ့်ကြောင့် ဤနေရာတွင် ထွက်ပေါ်လာရသနည်း?။ ထို့အပြင် ဤရဟန်းပျိုသည် သူ့အတွက် ရောက်လာသည်ဟု ချင်ယွင် ခံစားရလေသည်။

"အမိတ္တဘ, သခင်လေးချင်, နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီပေါ့” အဖြူရောင် သင်္ကန်းဝတ် ရဟန်းပျိုက ချင်ယွင်အား ဗုဒ္ဓတစ်ပါး၏ဘွဲ့အမည်ကို ရေရွတ်ပြီးနောက် မိန့်ကြား လိုက်ပါသည်။

"ကျွန်တော့်ကို အသင် သိနေပါသလား?" ချင်ယွင်က သတိကြီးစွာဖြင့် မေးလိုက်ပါသည်။

သူ၏ရှေ့မှ ဤရဟန်းပျိုသည် သေချောပေါက် ရိုးရှင်းသူ မဟုတ်ပါဘူး။ ဤရဟန်းပျို၏ ကျင့်ကြံမှုအဆင့်ကို သူ မမြင်နိုင်သော်လည်း ဤရဟန်းပျို၏ စွမ်းအားသည် ဆုဟန်ယွန်ထက် မနိမ့်ကျကြောင်း သူ ပြောနိုင်သည်။

"ဟုတ်တာပေါ့။ သေချာပေါက် ငါသိတာပေါ့။ မင်းက အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ရဲ့သားပဲ။ ငါတို့လင်းကြည်တောင်ဟာ ကမ္ဘာကြီးကနေ ရှောင်ဖယ်နေပေမယ့် ဒီသတင်းကို ငါတို့ သိထားတုန်းပါပဲ" ရဟန်းပျိုက ပြုံးပြပြီး ရိုးသားသည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

"ဒါဆို ကိုယ်တော်က ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ?" ချင်ယွင်က ဆက်မေးသည်။

လင်းကြည်တောင်၏ ဘုန်းကြီးများသည် သတ်ဖြတ်လိုစိတ် မရှိကြသည်ကို သူ သိထား သော်လည်း, သူ၏ရှေ့မှ ဤရဟန်းပျိုသည် အလွန်ထူးဆန်းသောကြောင့် ချင်ယွင်သည် သူ့ကို သတိထားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"အမိတ္တဘ, သခင်လေးချင်၊ စိတ်မပူနဲ့။ ဒီဆင်းရဲတဲ့ ဘုန်းကြီးမှာ မကောင်းတဲ့ အကြံစည်မျိုး မရှိပါဘူး။ ကျေးဇူးရှင်တစ်ယောက်က သခင်လေးချင်ကို ဒီဘုန်းကြီးနဲ့အတူ လင်းကြည် တောင်ကို လိုက်ခဲ့ပေးဖို့ တောင်းဆိုခိုင်းလိုက်လို့ပါ"။ အဖြူရောင် သင်္ကန်းဝတ် ဘုန်းကြီးက သူ၏မျက်နှာပေါ်တွင် ပြုံးပြရင်း ပြောသည်။

"ကိုယ်တော်နဲ့အတူ လင်းကြည်တောင်ကို လိုက်ခဲ့ရမယ်။ ဘာအတွက်လဲ?" ချင်ယွင်က မေးမြန်းလိုက်ပြီးနောက်, သူသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပါချေ။

သေမျိုးကမ္ဘာသို့ မဝင်ရောင်ခင် ဖြစ်စေ သို့မဟုတ် အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်သည့် အချိန်မှာဖြစ်စေ သူနှင့် လင်းကြည်တောင်သည် မည်သည့်ဆက်ဆံရေးမှ မရှိခဲ့ဖူးပါ။ ယခုမူ အဖြူရောင် သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါးက သူ့ကို လင်းကြည်တောင်သို့ အမှန်တကယ် လိုက်ပါစေလိုသောကြောင့် ချင်ယွင်သည် အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

"ကောင်းပြီ၊ သခင်လေးချင်, သခင်လေးရဲ့အသိအကျွမ်းတွေထဲက တစ်ယောက်က ငါတို့ ကောင်းကင်ဘုံဘုရားကျောင်းမှာ သခင်လေးအတွက်ဆိုပြီး တစ်ခုခု ချန်ထားရစ်ခဲ့တယ်။ ပြီးတော့ အဲဒီအရာကို ငါတို့ကို သိမ်းထားပေးဖို့ တောင်းဆိုတယ်။ နောက်ပြီး ငါတို့ လင်းကြည်တောင်ကလည်း သခင်လေးနဲ့ပတ်သက်ပြီး မေးမြန်းချင်တာ တစ်ခုခုရှိနေပါ တယ်။ ဒီဆင်းရဲတဲ့ဘုန်းကြီးက သခင်လေးကို အကူအညီပေးဖို့ တောင်းဆိုချင်ပါတယ်" ဘုန်းကြီးက ပြုံးပြီး ပြောသည်။ (အကူအညီပေးဖို့ဟူရာ၌ လိုက်ခဲ့ပေးဖို့ ဆိုလိုရင်း ဖြစ်ပါသည်။ အခြားအကူအညီများ မဟုတ်ပါ)။

"အသိအကျွမ်းလား? ဘယ်က အသိမိတ်ဆွေလဲ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"အဲဒီကိုရောက်တဲ့အခါ, သခင်လေး သိသွားပါလိမ့်မယ်။ အဲဒီလူက သခင်လေး အဲဒီကို ရောက်မှပဲ အရာအားလုံးကို ပြောပြဖို့ မှာထားပါတယ်" ရဟန်းပျိုက စကားဆက်ပြော သည်။ သူ၏လေသံအရ အလွန်မင်း လေးစားနေသည့် သဘောရှိသည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏ နှလုံးသားက နက်ရှိုင်းသည့် အတွေးကမ္ဘာထဲ နစ်မျောသွားပါသည်။

သူ့မှာ အသိအကျွမ်းတွေ အများကြီး မရှိပါဘူး။

ရှေးဟောင်းတာအိုဆရာသခင်အပြင်, သူ၏အဖေ အင်မော်တယ် ဧကရာဇ်မင်းမြတ် တာချင်းနှင့် ယစ်ထုတ်အဘိုးကြီးတို့သာ ရှိပါသည်။ သူ၏ ထိုအသိမိတ်ဆွေသည် ယစ်ထုတ် အဘိုးကြီး အလွန်ဖြစ်နိုင်ချေရှိသည်ဟု ချင်ယွင် ခပ်ဖျင်းဖျင်း ခံစားမိသည်။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာကတည်းက ယစ်ထုတ်အဘိုးကြီးကို မတွေ့ခဲ့ရပေ။ ယစ်ထုတ်အဘိုးကြီးသည် တာချင်းအင်မော်တယ် မင်းဆက်တွင် ပေါ်လာသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း၊ ချင်ယွင်သည် တာချင်း အင်မော်တယ် မင်းဆက်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဉ်က သူသည် ယစ်ထုတ် အဘိုးကြီးနှင့် ပတ်သက်သည့် မည်သည့်သတင်းစကားကိုမှ မရရှိခဲ့ပေ။ ထို့ကြောင့် ချင်ယွင်သည် ယစ်ထုတ်အဘိုးကြီး မည်သည့်နေရာ ရောက်သွားသည်ကို အလွန်မင်း သိချင်နေခဲ့သည်။

ဟုတ်ပါသည်။ ဤအရာက ချင်ယွင်၏ ခန့်မှန်းချက်သာ ဖြစ်ပါသည်။ ထိုအသိအကျွမ်းက မည်သူလဲဆိုတာ သူသိချင်သည်ဆိုလျှင်တော့, သူကိုယ်တိုင် လင်းကြည်တောင်ကို သွားရှာရလိမ့်မည်။

"ကျွန်တော် အခု ကိုယ်တော်နဲ့အတူ လင်းကြည်တောင်ကို မလိုက်သေးနိုင်ဘူး၊ ကျွန်တော့မှာ တခြား အရေးကြီးလုပ်စရာ ကိစ္စတွေ ရှိနေသေးတယ်" ချင်ယွင်က အဖြူရောင် သင်္ကန်းဝတ် ရဟန်းပျိုအား ပြောလိုက်ပါသည်။

သူတွင် အလွန်အရေးကြီးသည့် လုပ်စရာကိစ္စများ ရှိနေပါသေးသည်။ ယခုအချိန်တွင် ရှရှန်းယုသည် အဆိပ်သင့်နေပြီး၊ သူသည် အင်မော်တယ် ဧကရာဇ် ယာမကို ရှာဖွေရန် ကောင်းကင်ရေ နန်းတော်သို့ သွားရောက်ပြီး၊ အဆိပ်ဖြေဆေးကို လွှဲပြောင်းပေးရန် ဖိအားပေး တောင်းဆိုရဦးမည်။ ထို့ကြောင့် ယခုအချိန်တွင် သူသည် လင်းကြည်တောင်သို့ မသွားနိုင်တော့ပါ။

"အဆင်ပြေပါတယ်။ သခင်လေးချင်အနေနဲ့ အချိန်ရတာနဲ့ ဘယ်အချိန်မဆို သွားကြည့် နိုင်ပါတယ်။ ဒီဆင်းရဲတဲ့ ဘုန်းကြီးက သခင်လေးချင် ရောက်လာတဲ့အချိန်ကို လင်းကြည် တောင်မှာ စောင့်နေပါ့မယ်။" အဖြူရောင် သင်္ကန်းဝတ် ရဟန်းပျိုက ပြုံးပြီး ချင်ယွင်ကို ဦးညွှတ်လိုက်ပါသည်။ ထို့နောက် သူသည် အဓိပ္ပါယ်မဲ့သည့် စကားများကို ရပ်လိုက်ပြီး တိုက်ရိုက် လှည့်ထွက်ကာ လေဟာနယ် ဝဲဂယက်ထဲသို့ ဝင်ရောက်သွားသည်။

ချင်ယွင် အဖြူရောင် သင်္ကန်းဝတ် ရဟန်းပျို ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြည့်လိုက်မိသည်။ ခဏလောက် စဉ်းစားပြီးနောက်၊ သူကိုယ်တိုင်လည်း ဝိညာဉ်စီရင်စုရှိ ကောင်းကင်ရေ နန်းတော်ဆီသို့ ပြေးသွားခဲ့သည်။

အခုအချိန်မှာ အရေးကြီးဆုံးက ရှရှန်းယုအတွက် ဖြေဆေးရှာဖွေရန် ဖြစ်ပြီး ရှောင်ဘိုင်၏ ဒဏ်ရာတွေကိုလည်း ကုသရဦးမည်။ လင်းကြည်တောင်အတွက်မူ၊ ချင်ယွင်သည် ကောင်းကင်ရေ နန်းတော်မှ ပြန်လာသည်အထိ စောင့်ဆိုင်းရန် စီစဉ်ခဲ့သည်။

လင်းကြည်တောင်မှာ သူ့အတွက် တစ်စုံတစ်ခု ချန်ထားခဲ့သည့်လူကို သူကိုယ်တိုင်လည်း အရမ်းကို သိချင်နေမိသည်။ သူ့အတွက် ဘာတွေများ ချန်ထားရစ်ခဲ့မလဲ?။

All Chapters