အခန်း ၉၈၉
Vol. 66 Ch. 989
အခန်း (၉၈၉) ရပ်တန့်ခြင်းမရှိ မြို့ထဲခိုးဝင်ခြင်း။
ကောင်းကင်ရေ နန်းတော်သည် ဝိညာဉ်စီရင်စု၏ အလယ်ဗဟိုရှိ ဘူလျိုမြို့တွင် တည်ရှိပါသည်။
အင်မော်တယ်မြို့တော်ဖြစ်သည့် ဤမြို့သည် ဝိညာဉ်စီရင်စု၏ အလယ်ဗဟိုတွင် ကောင်းကင်ယံ၌ လွင့်မျောနေပါသည်။ လေထုထဲတွင် လွင့်မျောကျွန်းပေါင်း ၁၀၈ ခုဖြင့် ဖွဲ့စည်းထားပါသည်။
ဤကျွန်း ၁၀၈ ကျွန်းသည် အရွယ်အစားအမျိုးမျိုး ရှိကြပါသည်။ အသေးဆုံးကျွန်းများသည် စတုရန်းမီတာ နှစ်ရာမှ သုံးရာခန့်သာ ရှိကြပြီး၊ အကြီးဆုံးကျွန်းများကမူ မြို့ငယ်လေးများ ကဲ့သို့ စတုရန်းမီတာ တစ်သန်းကျော် ရှိပါသည်။
၎င်းတို့၏ အရွယ်အစား မတူညီကြသည့်အပြင်၊ ဝေဟင်ယံမှ ကျွန်းများသည် အနိမ့်အမြင့် လည်း မတူညီကြဘဲ ၎င်းတို့အားလုံးကို သံမဏိကြိုးများဖြင့် အချင်းချင်း ချိတ်ဆက်ထားပါ သည်။
ဤသံမဏိကြိုးများအားလုံးကို ဥက္ကာပျံသံမဏိမှ ထုလုပ်ထားပါသည်။ ၎င်းတို့သည် အနှိုင်းမဲ့ မာကြောလှပြီး၊ သာမန် အင်မော်တယ် ဧကရာဇ်များပင်လျှင် ၎င်းတို့ကို ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည်။
လွင့်မျောကျွန်း ၁၀၈ ကျွန်းအနက် အမြင့်ဆုံးကျွန်းသည် ကြီးမြတ်လှသော ဧကရီ ဘုရင်မကြီး နေထိုင်ရာ နေရာဖြစ်သည့် ကောင်းကင်ရေနန်းတော် တည်ရှိရာနေရာ ဖြစ်ပါသည်။ ကျွန်းပေါ်မှာ ရပ်နေလိုက်ရုံဖြင့်, ဘူလျိုမြို့တော်၏ အခြေအနေကို အလုံးစုံ မြင်နိုင်ပါသည်။
ဝှီး….။
ချင်ယွင်၏ရုပ်အသွင်သည် ဘူလျိုမြို့ရှေ့တွင် ပေါ်လာပါသည်။ သူသည် သူ၏ရှေ့ရှိ ကောင်းကင်ပေါ်မှ ကျွန်းစုကြီးကို ကြည့်လိုက်ရင်း ချင်ယွင်၏ မျက်လုံးတွေက ရှုပ်ထွေးသည့် အမူအရာ ပေါ်လာပါသည်။
မှန်ပါသည်။ ဤနေရာသည် သူကြီးပြင်းခဲ့ရာ နေရာဖြစ်ပြီး၊ သူတို့ တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ ပင်တိုင်နေရာ အစစ်လည်း ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ထိုနေရာကို ကောင်းကင်ရေ နန်းတော်က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါသည်။
ဤနေရာရှိ ကျွန်းတိုင်းသည် ချင်ယွင်၏ ခြေရာလက်ရာများ ကျန်ရစ်နေခဲ့သဖြင့် ချင်ယွင် သည် ဤနေရာနှင့် အလွန်ရင်းနှီးပါသည်။
"ဒီနေရာကို ဒီလောက်မြန်မြန်ဆန်ဆန် ပြန်ရောက်လာဖို့ ငါ မမျှော်လင့်မိဘူး" ချင်ယွင် သည် သူ့ကိုယ်သူ တဟားဟား ရယ်မောလိုက်သော်လည်း သူ၏မျက်လုံးတွေက ကိုယ့်ကိုယ်ကို လှောင်ပြောင်သရော်မှုတွေ ပြည့်နှက်နေခဲ့သည်။
ဝှီး…။
ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ကောင်းကင်ပေါ်ရှိ ကျွန်းတစ်ကျွန်းဆီသို့ တိုက်ရိုက် ပျံသန်းခဲ့သည်။
ဘူလျိုမြို့အထက် ကောင်းကင်ယံတွင် အလွန်မင်း အားကောင်းသော အစီအရင် ဝင်္ကပါတစ်ခု လွှမ်းခြုံထားပါသည်။ အကယ်၍၊ တစ်စုံတစ်ယောက် အထဲကို ဝင်ချင်သည် ဆိုလျှင်, ထိုလူသည် ကောင်းကင်ရေ နန်းတော်၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ပိုင်ဆိုင်ထားရပါမည်။ ထိုသို့မဟုတ်ဘဲ, အတင်းအကြပ် ကျူးကျော်ဝင်ရောက်လာပါက အစီအရင်ဝင်္ကပါ၏ အချက်ပေးသင်္ကေတကို အစပျိုးပြီး အသက်သွင်းမိမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ကောင်းကင်ရေ နန်းတော်တစ်ခုလုံးကို သတိပေးသလို ဖြစ်သွားပါလိမ့်မည်။
ထုံးစံအတိုင်း၊ ချင်ယွင်သည် သူ၏လက်ထဲတွင် ကောင်းကင်ရေ နန်းတော်၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြား မပါရှိသော်လည်း ၎င်းသည် သူ ဝင်၍မရဟု မဆိုလိုပါ။
ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားသူ ချင်ယွင်ကို မည်သည့် အစီအရင်ဝင်္ကပါကမှ မတားဆီးနိုင်ပါ။ သူသည် ကနဦးစကြဝဠာကို ဖြတ်သန်း၍ လေဟာနယ်လမ်းကြောင်း တစ်ခုကို တည်ဆောက်နိုင်သရွှေ့ ဤလေဟာနယ် အစီအရင်ဝင်္ကပါများကို အလွယ်တကူ ဖြတ်ကျော် ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဘန်း….။
သေချာပါသည်။ ချင်ယွင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ရှေ့မှာ လှိုင်းလုံးကြီး တစ်ခု ပေါ်လာပါသည်။ ထို့နောက်, သူသည် ၎င်းအထဲသို့ ဝင်ရောက်ရန် တွန့်ဆုတ် မနေတော့ပေ။ ထို့နောက်တွင် သူ၏ ရုပ်အသွင်အပြင်က အကာကွယ် အစီအရင် ဝင်္ကပါ အတွင်းမှာ ပေါ်လာသည်။
ချင်ယွင်သည် ကနဦးစကြာဝဠာကို အသုံးပြုပြီး၊ လေဟာနယ် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်နိုင်ရန် ဤနည်းလမ်းကို ကိုယ်တိုင်ကိုယ်ကျ တီထွင်ထားခြင်း ဖြစ်ပါသည်။ သူသည် ဤနည်းလမ်းကို ရန်ကလန်မှာ တစ်ခါ သုံးဖူးပါသည်။ သို့သော် ဤရွေ့လျားမှုဖြင့် သူအောင်မြင်နိုင်သည့် အကွာအဝေးသည် သိပ်မဝေးလှပေ။ ၎င်းနည်းလမ်းသည် သူ လေဟာနယ် ခုန်ကူးခြင်းတစ်ခုကို အောင်မြင်ရန်အတွက် ကန့်သတ်ချက်များနှင့် အစီအရင်ဝင်္ကပါများကိုသာ လျစ်လျူရှုနိုင်ပါသည်။
သေချာသည်မှာ၊ အကယ်၍၊ ချင်ယွင်၏ စကြဝဠာသည် အနာဂတ်တွင် အောင်မြင်ခဲ့မည် ဆိုလျှင်၊ သူသည် စကြဝဠာကြီး၏ မည်သည့်နေရာကိုမဆို သဘာဝအတိုင်း လေဟာနယ် လမ်းကြောင်းဖွင့်လှစ်ပြီး လွတ်လပ်စွာ ခုန်ကူးနိုင်ပါလိမ့်မည်။ သို့သော်လည်း ချင်ယွင်သည် ထိုကဲ့သို လုပ်ဆောင်နိုင်ရန် အချိန်အတော်ကြာပါဦးမည်။
ကောင်းကင်ရေ နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ချင်ယွင်သည် လေထဲတွင်ရှိသော လွင့်မျောကျွန်းတစ်ကျွန်းဆီသို့ ပြေးသွားခဲ့သည်။
ယခုအချိန်တွင် ဘူလျိုမြို့မှာနေထိုင်ကြသော လူများအားလုံးသည် ကောင်းကင်ရေ နန်းတော်နှင့် တော်ဝင်ချင် အင်မော်တယ်မင်းဆက်မှ ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။ ချင်ယွင်သည် သူ၏အင်မော်တယ်စိတ်အာရုံကို ရှာဖွေတွေ့ရှိမည် မဟုတ်ကြောင်း အာမ မခံနိုင်သည့်အတွက် ဘူလျိုမြို့တော်ကို အင်မော်တယ်စိတ်အာရုံဖြင့် မစူးစမ်းခဲ့ပေ။
သူသည် အင်မော်တယ်စိတ်အာရုံဖြင့် စူးစမ်းရှာဖွေမှု မပြုလုပ်ဆောင်နိုင်ခဲ့သောကြောင့် ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယာမ၏နေရာကိုသာ လူတိုင်သာ ရှာဖွေနိုင်ပါ သည်။
ချင်ယွင်၏ ပထမဆုံးပန်းတိုင်က အင်မော်တယ် ဧကရာဇ် လျူယန်ထံမှ အဆိပ်ဖြေဆေးကို ရှာဖွေရန်ဖြစ်ပြီး, ယခုအချိန်တွင် သူရောက်ရှိနေသည့်အကြောင်းကို ထုတ်ဖော်ရန် မသင့်လျော်သေးပေ။ သူရောက်ရှိနေသည်ကို ဖော်ထုတ်ပြမိသည်နှင့် အင်မော်တယ် ဧကရာဇ် လျူယန်ဆီမှ အဆိပ်ဖြေဆေးကို ရရှိရန်မှာ တော်တော်လေး ခက်ခဲသွားပါလိမ့် မည်။
အဘယ်ကြောင့်ဆိုသော် ဘူလျိုမြို့တော်တွင် ကျွမ်းကျင်ပညာရှင်များသည် တိမ်များကဲ့သို့ များပြားသောကြောင့် ဖြစ်ပါသည်။ ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ဆယ်ပါးထက် မနည်းကို ခံစားသိရှိနိုင်ပြီး၊ ၎င်းတို့ထဲတွင် အချို့မှာ အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ် အဆင့်တွင် ရှိနေကြပါသည်။ (အမြင့်မြတ်ဆုံး အင်မော်တယ်ဧကရာဇ် အဆင့်သတ်မှတ်ကို ရှေ့မှာ ပြခဲ့ပြီးပါပြီ)
ဘန်း..။
ချင်ယွင်၏ရုပ်အသွင်သည် ကျွန်းတစ်ကျွန်းပေါ်သို့ လွင့်မျောပျံသန်းသွားပါသည်။ ဤကျွန်းသည် ဧရိယာ စတုရန်းမီတာ ၂၀၀၀ သာ ကျယ်ဝန်းသည်။ ထူးဆန်းသော ပန်းပင်များနှင့် သစ်ပင်များအပြင် အိမ်တစ်လုံးလည်း ရှိနေပါသည်။
ချင်ယွင်က ဤအိမ်ကို ရွေးချယ်ရသည့် အကြောင်းရင်းက ဤအိမ်ပိုင်ရှင်သည် ကောင်းကင် တာအိုနယ်ပယ်၏ ပထမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်ကြောင်း သူ သိသွားသောကြောင့် ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် ထိုအင်မော်တယ် ဧကရာဇ်သည် ကျင့်ကြံခြင်းခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံနေပါသည်။
ယခုအချိန်တွင် ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့် အင်မော်တယ် ဧကရာဇ် တစ်ပါးသည် ချင်ယွင်အတွက် အလွန်အားနည်းနေပြီ ဖြစ်ပါသည်။ အကယ်၍၊ ချင်ယွင်သာ ထိုအင်မော်တယ် ဧကရာဇ်ကို အလွယ်တကူ ထိန်းချုပ်နိုသည်ပြီဆိုလျှင်၊ အင်မော်တယ် ဧကရာဇ် လျူယန်နှင့် ပတ်သက်သည့် မေးခွန်းအချို့ကို သူ မေးနိုင်ပါလိမ့်မည်။
ဘန်း…။
ချင်ယွင်၏ ရုပ်အသွင်သည် ထိုအင်မော်တယ် ဧကရာဇ် နေထိုင်ရာ ကျင့်ကြံခြင်းအခန်းတွင် တစ္ဆေသရဲတစ်ကောင်လို ပေါ်လာသည်။
ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့် အင်မော်တယ် ဧကရာဇ်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် မျက်လုံးကိုဖွင့်ပြီး သူ၏ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် ချင်ယွင်ကို ကြည့်လိုက်ပါသည်။ သူမေးခါနီးတွင် လက်ဖဝါးတစ်ဖက်ကို လျင်မြန်စွာ ဆန့်တန့်လာပြီး သူ၏လည်ပင်းကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် တွင် ပြင်းထန်သော စွမ်းအားတစ်ခုက သူ့ကို ချည်နှောင်ထားသလို ခံစားလိုက်ရကာ လှုပ်ရှားနိုင်စွမ်း မရှိပေ။
လင်းချန်သည် ကောင်းကင်ရေ နန်းတော်သို့ ဝင်ရောက်ခါစ အင်မော်တယ် ဧကရာဇ် တစ်ပါးဖြစ်ပြီး၊ ကောင်းကင်ရေနန်းတော်ရှိ သူ၏အဆင့်အတန်းက မမြင့်မားသော်လည်း သူသည် အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ သူ၏ရှေ့မှာ ရုတ်တရက် ပေါ်လာသော ဤလူငယ်သည် သူ မလှုပ်မရှားနိုင်သည့် အထိ သူ့ကို ချည်နှောင်ထားနိုင်သည်ကို သူသည် မယုံနိုင်လောက်အောင် ဖြစ်ရသည်။ ယင်းက သူ၏နှလုံးသားထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်တွေ ဖြစ်ပေါ်လာစေသည်။
"အင်မော်တယ် ဧကရာဇ် ၊ အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ် တစ်ပါးကပဲ ငါ့ကို အလွယ်တကူ ချုပ်နှောင်နိုင်လိမ့်မယ်" လင်းချန်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက် သည်။ သို့သော် သူ၏ရှေ့မှ လူငယ်သည် ငယ်ရွယ်လွန်းသည်။ သူသည် အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်မည်ဟု သူ မယုံနိုင်ပါချေ။
"မင်းက...ဘယ်သူလဲ?" လင်းချန်းက ကြောက်ရွံ့စွာ ပြောသည်။
သူ၏ရှေ့တွင်ရှိနေသူမှာ အမြင့်မြတ်ဆုံး အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူ့ကို သတ်ဖြတ်ဖို့က အသေးဖွဲ့ပင်။ သူ၏လည်ပင်းတစ်ဝိုက်မှာ ဆုပ်ကိုင်ထားသည့် လက်ဖဝါး ကို အားထည့်လိုက်သည်နှင့် သူ၏ဦးခေါင်းတစ်ခုလုံးကို စုတ်ပြဲသွားစေနိုင်ပါသည်။ ထို့ကြောင့် သူသည် အနည်းငယ်မျှ ခုခံရန်ပင် မည်သို့ သတ္တိရှိမည်နည်း?။
"ငါ ဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး မင်း စိတ်ပူစရာမလိုဘူး။ အင်မော်တယ် ဧကရာဇ် လျူယန်နေတဲ့ကျွန်းကို ငါ့ကို ပြောပြပါ။ ဒါဆို ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ်။" ချင်ယွင်သည် ထိုအင်မော်တယ် ဧကရာဇ်အား အေးစက်စွာ ပြောလိုက်ပြီး သူ၏လေသံက ခြိမ်းခြောက်မှုအပြည့် ရှိနေသည်။
"အင်မော်တယ် ဧကရာဇ် လျူယန်လား..? မင်းက အင်မော်တယ် ဧကရာဇ် လျူယန်ကို ရှာနေတာလား?။" လင်းချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ရှေ့မှ ဤကျွမ်းကျင်ပညာရှင်သည် သူ့အတွက် ဤနေရာကို ရောက်ရှိလာခြင်း မဟုတ်သည်ကို သိလိုက်ရတော့ သူသည် ပို၍ သက်တောင့်သက်သာရှိလာခဲ့သည်။
"အင်မော်တယ် ဧကရာဇ် ယန်လျူက သွေးနက်ကျွန်းမှာ ရှိနေပါတယ်။ သူ့ကိုရှာလိုပါက သွေးနက်ကျွန်း၊ ဝိညာဉ်သွေးနန်းတော်ကို သွားပါ။" လင်းချန်က ကမန်းကတန်း ပြောလိုက် သည်။
"သွေးနက်ကျွန်း၊ ဝိညာဉ်သွေးနန်းတော်?" ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
ကျွန်းပေါင်း ၁၀၈ ခုတွင် တစ်ခုစီသည် ၎င်းတို့၏ ကိုယ်စီနာမည်များ ရှိကြပြီး၊ ချင်ယွင် သည် ထိုနေရာတွင် သွေးနက်ကျွန်းရှိနေသည်ကို သဘာဝကျကျ သိထားပါသည်။ ထို့ကြောင့် လင်းချန်သည် ကျွန်း၏အမည်ကို ပြောပြီးနောက်၊ ချင်ယွင်သည် ထိုနေရာတွင် အင်မော်တယ်ဧကရာဇ် ယန်လျူရှိနေကြောင်း သိရှိလိုက်ပြီ ဖြစ်သည်။
"ကောင်းပြီ, မင်းက ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်။ ငါ မင်းကို လွှတ်ပေးလိုက် မယ်။ ဒါပေမယ့် မင်းကို မလွှတ်ပေးခင် မင်းနာမည်ကို ပြောပြရမယ်။" ချင်ယွင်က လင်းချန်ကို ပြောသည်။
ထိုစကားကို ကြားတော့ လင်းချန်၏မျက်နှာက ရွှင်လန်းသည့် အမူအရာ ချက်ချင်း ပေါ်လာ သည် သူက ပြောသည် "ကျေးဇူးတင်ပါတယ် စီနီယာ၊ ကျွန်တော့်ကို မသတ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီဂျူနီယာ လင်းချန်က ကောင်းကင်ရေ နန်းတော်ကို ဝင်ရောက်တာ သိပ်မကြာသေးပါဘူး”။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး လင်းချန်၏ ခေါင်းကို လက်ဖဝါးဖြင့် ရိုက်နှက်လိုက် သည်နှင့် လင်းချန်လည်း သတိလစ်သွားခဲ့သည်။
ချင်ယွင်သည် သူ၏စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း အလွန်ကောင်းပါသည်။ ဤလက်ဖဝါး ရိုက်ချက်ကြောင့် လင်းချန်သည် သုံးရက်လုံးလုံး နိုးထနိုင်တော့မည် မဟုတ်ပေ။ သုံးရက်အကြာတွင် ချင်ယွင်လုပ်ချင်သည့်အရာများလည်း ပြီးဆုံးသွားပါလိမ့်မည်။
ဘန်း..။
ချင်ယွင်၏ ရုပ်ရည်အသွင်ပြင်က ဖျတ်ခနဲ လင်းလက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လင်းချန်၏ ရုပ်ရည်အသွင်ပြင်သို့ ပြောင်းလဲသွားသည်။ သူ၏စိတ်နေစိတ်ထားနှင့် ကျင့်ကြံမှုအဆင့်သည်ပင် ဤသတိလစ်နေသော လင်းချန်နှင့် အတူတူပင်။
"အင်မော်တယ် ဧကရာဇ်ယာမ၊ ငါ့ကိုစောင့်နေပါ။ ငါ မင်းကိုရှာဖို့ အခု လာနေပြီ" ချင်ယွင် ၏ ပါးစပ်ထောင့်များသည် အနည်းငယ် ကွေးသွားကာ သွေးနက်ကျွန်းဆီသို့ ပျံသန်းသွားခဲ့ သည်။