အခန်း ၉၉၀
Vol. 66 Ch. 990
အခန်း (၉၉၀) အင်မော်တယ် ဧကရာဇ်ယာမ။ (ယာမသည် ဘွဲ့နည်မည် ဖြစ်ပြီး၊ ယန်လျူသည် နာမည်အရင်းဖြစ်ပါသည်။ ပါသည့်အတိုင်း ပြန်ဆိုပါမည်။)
သွေးနက်ကျွန်းရှိ ဝိညာဉ်သွေးနန်းတော်အတွင်းမှာ၊ အင်မော်တယ် ဧကရာဇ်ယာမသည် အမျိုးသမီးတစ်ဦးနှင့် အတူရှိနေပါသည်။
သူ၏ ဦးခေါင်းတစ်ခုလုံးကို အမျိုးသမီး၏ လည်ပင်းပေါ်တွင် မြှုပ်နှံထားပြီး သူ၏ အောက်ရှိ အမျိုးသမီး၏ လည်ပင်းပေါ်တွင် သူ၏ချွန်ထက်သောသွားများကို တင်းတင်းကျပ်ကျပ် ထိုးစိုက်ထားသည်။
သူ့အောက်ရှိ အမျိုးသမီးသည် တုန်လှုပ်သွားပြီး သူမ၏မျက်လုံးများသည်လည်း ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာပြီးနောက်၊ မူလနှင်းလိုဖြူဖွေးပြီး သက်ဝင်လှုပ်ရှားနေသော အမျိုးသမီး သည် ရှုံ့တွနေသော အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာအရ သူမသည် ဆိုးဆိုးဝါးဝါး ကြောက်ရွှံ့နေပါသည်။
အကယ်၍၊ ထိုမြင်ကွင်းကို တစ်ယောက်ယောက်သာ မြင်တွေ့လိုက်မည်ဆိုလျှင်၊ သူတို့ရှေ့ မှ မြင်ကွင်းကြောင့် ကြောက်ရွှံ့ထိတ်လန့်သွားမည်မှာ သေချာပါသည်။
"ဝိုး၊ ဒီအင်မော်တယ်ဘုရင်အဆင့် မိန်းကလေးရဲ့ သွေးက တကယ်ကို မဆိုးပါဘူး။ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်အဆင့် အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကို အစွမ်းထက် လွန်းတယ်။" ယန်လျူက သူ၏ပါးစပ်ထောင့်ကို လျှာဖြင့်တစ်ချက်သပ်ပြီး ပြုံးလိုက်ကာ၊ သူ၏မျက်လုံးတွေက ကျေနပ်သည့် အမူအရာကို ပေါ်လွင်စေပါသည်။
"ဒါပေမယ့်၊ ဒီသွေးက ရှရှန်းယုရဲ့သွေးနဲ့ အများကြီး ကွာခြားလွန်းတယ်။ ဒီအပြင်၊ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ်ရဲ့ သွေးမျိုးဆက်လည်း ရှိနေသေး တယ်။ အဲဒါကမှ တကယ့် ထိပ်တန်း ဖြည့်စွက်စာဖြစ်တယ်။ တကယ်လို့၊ ငါသာ သူမရဲ့ သွေးကို ရနိုင်ခဲ့ရင် အနည်းဆုံးတော့ ကောင်းကင်နယ်ပယ်ရဲ့ နဝမအဆင့်အထိ ဖြတ်ကျော် နိုင်လိမ့်မယ်။ ချင်ယွင်ရဲ့သွေးကိုပါ ငါ ထပ်ရလိုက်မယ်ဆိုရင် ကောင်းကင် တာအိုနယ်ပယ် ရဲ့ အဆင့် ၁၀ အထိ ရောက်ရှိသွားမှာကိုတောင် ငါ ကြောက်မိတယ်။” အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ့ကိုယ်သူ ရေရွတ်ရင်း သူ၏မျက်လုံးများက ပြင်းထန်သော လောဘဇောနှင့် ပြည့်နေခဲ့သည်။
ဘန်း…။
ထိုအခိုက်အတန့်မှာ စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ဝင်ရောက်လာခဲ့ပြီး၊ ခန်းမ အပြင်ဘက်မှ လူတစ်ယောက် ဝင်လာပါသည်။ ဤလူသည် လင်းချန် အဖြစ် ရုပ်ပြောင်းလဲ ထားသော ချင်ယွင်မှ လွဲ၍ အခြားလူ မဟုတ်ပေ။
ချင်ယွင်သည် ခန်းမထဲသို့ ဝင်လာပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးအလောင်းကို ကြည့်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် ထိုင်နေသော အင်မော်တယ် ဧကရာဇ်ယန်လျူကို ကြည့်လိုက်သည်။ မလိုလားသည့် ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစွန်းတစက သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်တွင် ပေါ်လာပါ သည်။
သေချာသည်မှာ၊ ချင်ယွင်သည် ဤအရာကို ကောင်းကောင်း ဖုံးကွယ်ထားပါသည်။ အင်မော်တယ် ဧကရာဇ်ယန်လျူသည် သူ၏သတ်ဖြတ်လိုသည့်ဆန္ဒကို သတိမထားမိပေ။
သူ့ကိုယ်သူ စောစောစီးစီး ထုတ်ဖော်ပြသရန် မသင့်တော်ပါဘူး။ အဆိပ်ဖြေဆေးကို လွှဲပြောင်းပေးနိုင်ဖို့ ယန်လျူကို တဆိတ်လောက် စောင့်ဖမ်းကြည့်ချင်သေးသည်။ ထိုကြောင့်သာ သူသည် လင်းချန်၏ ရုပ်အသွင်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။
"လင်းချန်, မင်းက ကိုယ့်အိမ်မှာ စနစ်တကျ ကျင့်ကြံမနေဘဲ ဘာလို့ ဒီကို ရောက်နေရ တာလဲ?" သို့သော်လည်း ချင်ယွင် စကားပြောခါနီးတွင် ကုတင်ပေါ်တွင် ထိုင်နေသော ယန်လျူက ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင် မှင်သက်သွားခဲ့ရသည်။
"ဆရာလား?။ ဒီယန်လျူက ဒီလင်းချန်ရဲ့ ဆရာသခင်ပဲလား?။ ဒီလို တိုက်ဆိုင်မှုမျိုး ဖြစ်နိုင်ပါ့မလား?" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
လင်းချန်သည် ယန်လျူနှင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုး ရှိနေမည်ဟု မထင်ထားခဲ့ပေ။
မူလကတော့ လင်းချန်သည် ကောင်းကင်ရေ နန်းတော်သို့ အခုမှ ဝင်ရောက်စဖြစ်သဖြင့် ဤယန်လျူသည် သူ့ကို မသိနိုင်ဟု ချင်ယွင် ထင်ထားခဲ့သည်။ ဤနည်းဖြင့် ချင်ယွင်၏ လင်းချန်၏အသွင်သို့ ပြောင်းလဲထားခြင်းကို အလွယ်တကူ ဖော်ထုတ်နိုင်မည် မဟုတ်တော့ပေ။
ယခုမူ အင်မော်တယ် ဧကရာဇ် ယန်လျူသည် လင်းချန်၏ ဆရာသခင်ဖြစ်နေသည်။ ထိုကြောင့် သူသည် လင်းချန်နှင့် အလွန်ရင်းနှီးသင့်သည်။ လင်းချန်အဖြစ် ဟန်ဆောင်ထား သော ချင်ယွင်သည် အလွယ်တကူ မှတ်မိသွားခံရနိုင်ချေ ရှိနေပါသည်။
လင်းချန်အား စစ်ဆေးမေးမြန်းစဉ်က သူသည် အင်မော်တယ် ဧကရာဇ် ယာမနှင့် သိရှိခြင်း ရှိမရှိကို မမေးမြန်းမိသည့်အတွက် သူသည် လျှို့ဝှက်စွာ နောင်တရနေမိသည်။ အကယ်၍၊ သူသည် လင်းချန်သာ ယန်လျူ၏ တပည့်ဖြစ်သည်ကို သိရှိထားပါက၊ လင်းချန်၏ အသွင်အပြင်သို့ ပြောင်းလဲရန် သူ ရွေးချယ်မည် မဟုတ်ပါ။
အမှန်တကယ်ဆို, လင်းချန်သည် ကောင်းကင်ရေ နန်းတော်ကို ရောက်ပြီး သိပ်မကြာခင် မှာပင် အင်မော်တယ် ဧကရာဇ်ယာမ၏ တည်နေရာကို အတိအကျသိနေရသည့် အကြောင်းအရင်းကို သူ ဂရုတစိုက် တွေးတောကြည့်သင့်ပါသည်။
"ဟင်…၊ ကြည့်ရတာ ငါ သတိလက်လွတ် ဖြစ်သွားပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
သို့သော်လည်း ယခုအချိန်တွင် သူလည်း ဘာမျှ မတတ်နိုင်တော့ပေ။ အကယ်၍ သူသည် ယခုအချိန် ဆုတ်ခွာသွားပါက ယန်လျူ၏ သံသယကို နှိုးဆွမိလိမ့်မည်။ ယခုတော့ သူသည် အတင်းအကြပ် ဆက်လုပ်ရုံသာ ရှိပါတော့သည်။
"ဆရာ..၊ ကျွန်တော် ဆရာ့ကို တွေ့ဖို့ရောက်လာတာပါ။" ချင်ယွင်က ပြန်ဖြေသည်။
လင်းချန်နှင့် ယန်လျူတို့ မည်ကဲ့သို့ ရင်းနှီးကျွမ်းဝင်ထားမှန်း မသိသောကြောင့် ချင်ယွင်သည် အတတ်နိုင်ဆုံး စကားနည်းအောင်သာ ကြိုးစားခဲ့ရသည်။
"ဟမ့်၊ မင်းက ငါ့ကိုတွေ့ဖို့ ဒီကိုရောက်လာတာ မဟုတ်လောက်ပါဘူး။ မင်းက ကြက်သွေးရောင် သွေးဆေးအကြောင်းကို စဉ်းစားနေတာလား။" ယန်လျူက ပြုံးပြီး ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် မည်သည့်ထူးခြားမူမှ မရှိပါချေ။ သူက ဆက်ပြော လိုက်သည်။ "စိတ်မပူပါနဲ့၊ ဒီတစ်ခါ ချင်ယွင်ကို ငါ ဖမ်းမိတဲ့အခါ မင်းအတွက် ကြက်သွေးရောင် သွေးဆေးပြားကို သေချာပေါက် သန့်စင်ပေးပြီး၊ မင်းကို ကောင်းကင် တာအိုနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးမှာပါ"
"ကောင်းလိုက်တာ၊ ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး" ချင်ယွင်က ချက်ချင်းပင် စိတ်လှုပ်ရှားဟန်ဆောင်ကာ ပြောလိုက်သည်။
"ကောင်စုတ်လေး၊ မင်းရဲ့ဒီအတွေးလေးကို ငါ့ဆီကနေ ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်မှာ လဲ?။ ဒါ့အပြင်၊ ဒီတစ်ခါ မင်းပို့ပေးလိုက်တဲ့ အင်မော်တယ်ဘုရင်အဆင့် ဒီအမျိုးသမီးက မဆိုးဘူးကွ။ ငါ အရမ်းကျေနပ်တယ်။" ယန်လျူက ဆိုးသွမ်းသော အပြုံးဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် သူမ၏ အသက်ဓာတ် ပျောက်ဆုံးသွားသော အမျိုးသမီးကို တည်ငြိမ်စွာ ကြည့်ပြီး အေးစက်မူ အရိပ်အယောင်က သူ၏နှလုံးသားထဲတွင် ဖျတ်ခနဲ ဖြစ်ပေါ်လာ သည်။
အပြစ်မရှိသော အင်မော်တယ်ဘုရင်အဆင့် အမျိုးသမီးတစ်ဦးကို ဆရာ တပည့် နှစ်ယောက်က သတ်ပစ်ခဲ့သည်။ ယင်းက တကယ်ကို လူမဆန်သည့် ဖြစ်ရပ်မျိုးပင်။ ယခုအချိန်တွင် ချင်ယွင်သည် လင်းချန်ကို မသတ်မိခဲ့သည့်အတွက် နောင်တရနေခဲ့သည်။
သို့သော် သူ၏စိတ်ထဲမှ ဒေါသကို ထိန်းကာ၊ သူက ယန်လျူကို ပြုံးပြပြီး "ဆရာ၊ ဆရာ စိတ်ကျေနပ်တယ်ဆို ကောင်းပါတယ်။ အဲဒီချင်ယွင်ကိုရော ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ?...ဆရာ။"
"ဟမ့်၊ မင်းကရော အဲဒီချင်ယွင်နောက်ကို လိုက်မသွားချင်ဘူး မဟုတ်လား?" အင်မော်တယ် ဧကရာဇ် ယန်လျူက ချင်ယွင်ကို ကြည့်ကာ အေးစက်သော အပြုံးဖြင့် မေးသည်။
"တပည့်၊ အတင့်ရဲမိပါတယ်။ တပည့် မသိချင်တော့ပါဘူး" ချင်ယွင်က ရိုးသားသည့် အပြုံးဖြင့် ပြောလိုက်ပါသည်။ သို့သော်, လင်းချန်၏ မျက်နှာကြောင့် သူ့ကို မည်သို့ပင် ကြည့်နေပါစေ, သူ၏အသွင်အပြင်အရ ပြောင်ချောသော ဦးခေါင်းတစ်လုံး ရှိနေပါသည်။ (because of Lin Cheng's face, no matter how he looked at it, he had the appearance of a slippery head.) (ဤနေရာ၌ ပြောင်ချောသော ဆိုသည်မှာ မယုံကြည်ထိုက်သူ, မရိုးသားသူဟု အဓိပ္ပာယ်ရပြီး၊ သူ၏တစ်ခေါင်းလုံး ဉာဏ်နီဉာဏ်နက် တွေနှင့် ပြည့်နေသည်ဟု ဆိုလိုဟန်တူပါသည်။ (When describing a person, "slippery" means that they are dishonest or cannot be trusted.)
"ငါ မင်းကို ပြောပါရဲပါတယ်ကွာ။ ဒီချင်ယွင်နဲ့ ရှရှန်းယုတို့က မင်းဆရာသခင်အတွက်တော့ သားကောင်တွေပဲကွ။ ချင်ယွင် ဒီတစ်ခါ ကောင်းကင်ရေ နန်းတော်ကို လာရဲတာနဲ့ သူ ဘယ်တော့မှ ပြန်မသွားနိုင်စေရဘူးလို့ ငါ အာမခံတယ်။” အင်မော်တယ် ဧကရာဇ် ယန်လျူက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ၏စိတ်ထဲတွင် ချက်ချင်း နားလည်သွားပါသည်။ ဤအင်မော်တယ်ဧကရာဇ် ယန်လျူသည် ချင်ယွင်တစ်ယောက် သူ့ကို လာရှာရန် ကောင်းကင်ရေ နန်းတော်ကို ရောက်လာမည့်အကြောင်းကို အချိန်အတော်ကြာက တည်းက သိရှိထားခဲ့ပြီး၊ သူ့အတွက် တွင်းနက်နက်တူးပြီး ထောင်ချောက်တစ်ခုကိုပါ ချထားပြီး ဖြစ်ကြောင်း သူ သိခဲ့ရပါပြီ။
သို့သော်လည်း, ဤအရာက အမြင့် တစ်ပေနှင့် ဆယ်ပေလောက်သာ ရှိပါလိမ့်မည်။ ဤ အင်မော်တယ် ဧကရာဇ်ယန်လျူသည် ဤအစီစဉ်ကို ရေးဆွဲရန် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားခဲ့သော်လည်း၊ ချင်ယွင်သည် သူ၏ရှေ့တွင် ရပ်နေပြီဟု ဘယ်သောအခါမှ မျှော်လင့်ထားမည် မဟုတ်ပါချေ။
"ဆရာကြီး၊ ဒီချင်ယွင်က ကိုင်တွယ်ဖို့ မလွယ်ဘူးလို့ ကျွန်တော် ကြားဖူးတယ်။ ဒါ့ပြင်၊ သူက ကောင်းကင်ရေ နန်းတော်ကို လာမယ်ဆိုတာရော သေချာလို့လား?။ သူက ဒီလောက် မိုက်မဲတဲ့ လုပ်ရပ်မျိုးကို လုပ်ပါ့မလား?။" ချင်ယွင်က ဆက်မေးသည်။
'"မင်း နားမလည်သေးပါဘူးကွာ။ ချင်ယွင်က အတော့်လေး စိတ်ခံစားချက် ပြင်းထန်တဲ့ လူတစ်ယောက်ဆိုတာ ငါသိထားတယ်ကွ။ ရှရှန်းယုက သူ့မိန်းမအတွက်နဲ့ ငါ့ရဲ့အလောင်း အဆိပ်ကို မိထားတယ်။ သူက ရှရှန်းယုအတွက် သေချာပေါက် ငါ့ကိုရှာဖို့ ရောက်လာလိမ့် မယ်။" အင်မော်တယ် ဧကရာဇ်ယန်လျူက လှောင်ပြောင်သည်။
ချင်ယွင် အံ့သြသွားသည်။ အင်မော်တယ် ဧကရာဇ်ယန်လျူသည် သူ့ကို အမှန်တကယ် နားလည်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
"ချင်ယွင်နဲ့ ရင်ဆိုင်ဖို့အတွက်တော့, ငါ့လက်ထဲမှာ စိတ်ဝိညာဉ်သုတ်သင်ရေး အပ်တစ်ချောင်း ရှိတယ်ဆိုတာ မင်း မေ့သွားပြီလား?။ ငါက စိတ်ဝိညာဉ်သုတ်သင်ရေး အပ်ကို အသုံးပြုလိုက်တာနဲ့၊ ချင်ယွင်ဟာ အသက် ရာပေါင်း, ထောင်ပေါင်းရှိတဲ့ မွန်းစတား တစ်ကောင် မဟုတ်သရွေ့ ငါ့ရဲ့စိတ်ဝိညာဉ်သုတ်သင်ရေး အပ်အောက်မှာ နာခံမှုရှိရှိနဲ့ သေသွားရလိမ့်မယ်" အင်မော်တယ် ဧကရာဇ်ယန်လျူက လှောင်ပြောင်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်ရသော်လည်း၊ သူ၏ရင်ထဲမှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
အင်မော်တယ် ဧကရာဇ်ယန်လျူသည် သူ၏လက်ထဲတွင် စိတ်ဝိညာဉ်သုတ်သင်ရေး အပ်တစ်ချောင်း အမှန်တကယ် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ့အား ကိုင်တွယ်ဖြေရှင်းရန် စိတ်ဝိညာဉ်သုတ်သင်ရေးအပ်ကို အသုံးပြုရန် ရည်မှန်းထားမည်ကိုလည်း သူ မျှော်လင့်မထားပါ။
စိတ်ဝိညာဉ်သုတ်သင်ရေးအပ်သည် အလွန်မင်း ရက်စက်ကြမ်းကြုတ်ပြီး ဆိုးရွားသော နည်းပညာဖြင့် သန့်စင်ရသည်။ ၎င်း၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားပါ သည်။ ကောင်းကင်တာအို နယ်ပယ်၏ အဆင့် ၁၀ အောက်ရှိ မည်သူမဆို ထိုအပ်ဖြင့် ထိမှန်ပါက ချက်ချင်းပင် ၎င်းတို့၏ စိတ်ဝိညာဉ်များ သုတ်သင်ခံရပါလိမ့်မည်။
ထိုကဲ့သို့သော စိတ်ဝိညာဉ်သုတ်သင်ရေး အပ်တစ်ချောင်းကို သန့်စင်နိုင်ရန်အတွက်ဆို၊ အနှစ်တစ်သောင်းကြာ သန့်စင်ရပြီး၊ အသက်ပေါင်းတစ်သန်း လိုအပ်ပါလိမ့်မည်။
ဤအင်မော်တယ် ဧကရာဇ်ယာမသည် ထိုကဲ့သို့သော ဆိုးညစ်သည့် လက်နက်တစ်ခုကို ဖန်တီးရန်အတွက် သက်ရှိပေါင်းတစ်သန်း၏ အသက်ကို အမှန်တကယ် အသုံးပြုခဲ့သည်။ ဤအရာက အမှန်တကယ် ခွင့်မလွှတ်နိုင်စရာပါပင်။
စာစဉ် (၆၆) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။