← Chapters

အခန်း ၉၉၁

Vol. 67 Ch. 991

အခန်း ၉၉၁

Vol. 67 Ch. 991

အဓိပတိ အင်မော်တယ်သခင် စာစဉ်(၆၇)

ဘာသာပြန်သူ နေဇင်။

အခန်း (၉၉၁) ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသခြင်း။

"ဆရာ၊ ရှရှန်းယုက ဆရာရဲ့အလောင်းရုပ်သေးကြောင့် အဆိပ်မိထားတာဆိုတော့ ဘာဖြစ်သွားမှာလဲ?။ သူမက ဧကရာဇ်မင်းမြတ် တာမင်းရဲ့ သမီးမဟုတ်လား?။" ချင်ယွင်က ဘာမှနားမလည် ဟန် ဆက်ပြီးဟန်ဆောင်ကာ မေးလိုက်ပါသည်။

"ဟမ့်၊ တကယ်လို့ သာမာန်လူတစ်ယောက်သာ, ငါ့ရဲ့အလောင်းအရိုးအဆိပ် မိသွားပြီ ဆိုရင်, တခဏအတွင်း သေသွားလိမ့်မယ်။ ဒါပေမယ့် ရှရှန်းယုက သူမရဲ့ အကန့်သတ်မဲ့ သူတော်စင် ခန္ဓာကိုယ် သွေးမျိုးဆက်နဲ့ဆိုတော့ တစ်နှစ်ကြာအောင် ထိန်းထားရတာက သူမအတွက် ဘာပြဿနာမှ မရှိလောက်ပါဘူး။ ဒါပေမယ့် ဒီတစ်နှစ်အတွင်းမှာ, သူမက အသက်ရှင်လျက်နဲ့ သေလူတစ်ယောက်လိုပဲ နေထိုင်ရလိမ့်မယ်။ ငါတို့ ချင်ယွင်ကို သတ်လိုက်တာနဲ့ ဒီရှရှန်းယုကလည်း ငါ့လက်ထဲကို ရောက်ရှိလာလိမ့်မယ်။ ဧကရာဇ် မင်းမြတ် တာချင်းနဲ့ပတ်သက်လို့ကတော့, သူ ဒီအကြောင်းကို သိပြီးတာနဲ့ ငါက ချင်ယွင်နဲ့ ရှရှန်းယုတို့ရဲ့ သွေးမျိုးဆက်နှစ်ခုစလုံးကို ဝါးမျိုပြီးသား ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန် ရောက်ရင် သူလည်း ကူရာမဲ့ဖြစ်ပြီး ငါ့ကို တိုက်ရိုက်ရုံပဲ တတ်နိုင်တော့မှာပေါ့”။ အင်မော်တယ် ဧကရာဇ် ယန်လျူက သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ဆရာက ထက်မြက်လွန်းပါတယ်။" ချင်ယွင်က ချီးကျူးသည်။

ထိုစကားကို ကြားတော့ အင်မော်တယ် ဧကရာဇ် ယန်လျူက တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်ပါသည်။

"ဆရာ, ရှရှန်းယုက တော်ဝင်မင် အင်မော်တယ်မင်းဆက်ရဲ့ နံပါတ်တစ် အလှပိုင်ရှင်လို့ ကျွန်တော် ကြားဖူးတယ်။ သူမက ဆရာရဲ့ အလောင်းရုပ်သေးကြောင့် အဆိပ်သင့်သွား တယ်လို့ ပြောခဲ့တယ်။ ဒါက အရမ်းဆိုးတယ် မဟုတ်လား?။ အီယာ.. ဆရာ သူမကို ဝါးမမျိုခင် ကျွန်တော့်ကို ခွင့်ပြုပေးနိုင်မလား?..." ချင်ယွင်က ညစ်ညမ်းသော အမူအရာဖြင့် ပြောလိုက်သည်။

သို့သော်လည်း သူ၏စကားမဆုံးခင်မှာ အင်မော်တယ် ဧကရာဇ်ယန်လျူက ကြားဖြတ် ပြောလိုက်သည်။

"ဟမ့်၊ မင်း ဘာတွေ တွေးနေတာလဲ?။ ဒီအလောင်းကောင်ရဲ့ အဆိပ်တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားမှာကို မင်း မကြောက်ဘူးလား?" အင်မော်တယ် ဧကရာဇ် ယန်လျူသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏လေသံက သံမဏိလို မာကြောသည့် အမုန်းတရား ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

"ဆရာကြီး စိတ်မဆိုးပါနဲ့။ ဆရာကြီးမှာ အဲဒီအလောင်းကောင်ရဲ့ အဆိပ်ဖြေဆေး မရှိဘူးလား?။ အဲဒီလိုဖြစ်ခဲ့ရင်လည်း ကျွန်တော့်ကို အဆိပ်ဖြေဆေး ပေးသောက်လိုက် ပေါ့။" ချင်ယွင်က မကျေနပ်သည့် အမူအရာဖြင့် ပြောသည်။

"ဟမ့်၊ ဒီဖြေဆေးက သန့်စင်ဖို့ အရမ်းလွယ်ကူတယ်လို့ မင်း ထင်နေတာလား? အဆိပ်ဖြေဆေးလေး သုံးလုံး သန့်စင်နိုင်ဖို့ ငါ့မှာ အများကြီး ကြိုးစားခဲ့ရတယ်။ ငါက မင်းကြောင့် ဘယ်လိုလုပ် အလဟဿ ဖြစ်ခံနိုင်ပါ့မလဲ?" ယန်လျူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ အော်ပြောကာ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ၏အမူအရာက တင်းမာလာသည်။

"ဆရာကြီး၊ ဒီအရိုးအဆိပ်ဖြေဆေးက အရမ်းကို တန်ဖိုးကြီးမှာပေါ့။ ကျွန်တော့်ကို ပြပေးနိုင်မလား" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

အင်မော်တယ် ဧကရာဇ်ယန်လျူသည် သူ၏လက်ကို လှန်လိုက်ပြီး သူ၏ လက်ဖဝါးပေါ် တွင် နီမြန်းသော ဆေးပြားတစ်ခု ပေါ်လာပြီး ထူးထူးခြားခြား မွှေးရနံ့များလည်း ထွက်လာပါသည်။

"ဒါက အရိုးအဆိပ်ရဲ့ဖြေဆေးလား?။ ဒါက အလွန်သာမန်ပဲလို့ ဘာလို့ ခံစားရတာလဲ?။" ချင်ယွင်သည် စူးစမ်းကြည့်ဟန်ဖြင့် ဆေးလုံးကို ကိုင်ရန် လက်ကို လှမ်းလိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ် ဧကရာဇ်ယန်လျူသည် သူ၏လက်ဖဝါးကို လှန်ကာ ဆေးလုံးကို တိုက်ရိုက် ရုတ်သိမ်းလိုက်သည်။ သူက အေးစက်စွာ အော်ပြောလိုက် သည် "ကောင်းပြီ၊ ငါ တံခါးပိတ် ကျင့်ကြံတော့မယ်။ မင်း ပြန်သွားလို့ရပြီ"

ချင်ယွင်၏ မျက်လုံးများက စိတ်ပျက်လက်ပျက် အရိပ်အယောင် ချက်ချင်း ထွက်ပေါ်လာ သည်။ အရိုးအဆိပ်အတွက် အဆိပ်ဖြေဆေးက သူ၏လက်ထဲသို့ ရောက်ရှိလုနီးပါးအထိ ဖြစ်ခဲ့သည်။

ဘန်း..။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာဆီသို့ အလွန်မင်း ကြီးမားသည့် သွေးစွမ်းအင်ပမာဏများစွာက ကျရောက်လာခဲ့သည်။ အင်မော်တယ် ဧကရာဇ် ယန်လျူ၏ လက်ဖဝါးကြီးက ချင်ယွင်ဆီသို့ ဦးတည်လာရင်း ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ လှိုင်းများကို သယ်ဆောင်လာသည်။

ချင်ယွင်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ဖင်းဂေါ့ဂ်စွမ်းအားသည် တစ်ဟုန်ထိုး ထွက်ပေါ်လာကာ ထိုလက်ဖဝါးကြီးကို တိုက်ရိုက် ရိုက်ချလိုက်သည် ။

“ဘုန်း..”။

ကြောက်စရာကောင်းသော စွမ်းအားသည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်၏ ရုပ်အသွင်သည်လည်း အဝေးသို့ လွင့်ပျံသွားခဲ့သည်။

"သေချာပါတယ်၊ မင်းက လင်းချန် မဟုတ်ဘူး၊ ငါ့ကို ပြောစမ်း၊ မင်းက ဘယ်သူလဲ။" အင်မော်တယ် ဧကရာဇ်ယန်လျူသည် ချင်ယွင်ကို စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏ နှုတ်ခမ်းတွေက အေးစက်သည့် အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားခဲ့သည်။ သူက အင်မော်တယ် ဧကရာဇ်ယန်လျူကို ကြည့်ရင်း ပြောသည် "ခင်ဗျားပဲ ကျုပ်ကို အမြဲ လာစေချင်နေတာ မဟုတ်ဘူးလား?။ ကျုပ် ဒီမှာရှိနေတာကို ခင်ဗျား ဘာလို့ မမှတ်မိရတာလဲ?"

ထိုစကားကိုပြောပြီးနောက် ချင်ယွင်၏ပုံစံသည် ပြောင်းလဲသွားပြီး သူ၏ မူလ ရုပ်အသွင် အပြင်သို့ ပြန်လည် ရောက်ရှိသွားသည်။ သူသည် ဖော်ထုတ်ခံရပြီးသား ဖြစ်သွားခဲ့ပြီ။ ထို့ကြောင့် ထပ်ပြီးဖုံးကွယ်ထားစရာ မလိုတော့ပါဘူး။

အဆုံးတွင်, သူသည် အရိုးအဆိပ် ဖြေဆေးကို မရရှိခဲ့သော်လည်း ဒီရိတ်သိမ်းမူက သေးငယ်သည် မဟုတ်ပေ။ အနည်းဆုံး အရိုးအဆိပ် ဖြေဆေးသည် အင်မော်တယ် ဧကရာဇ် ယန်လျူ၏လက်ထဲတွင် ရှိနေကြောင်း ချင်ယွင် သိထားပြီးသား ဖြစ်သွားပါပြီ။ သူ၏ရှေ့မှ ဤအင်မော်တယ် ဧကရာဇ် ယန်လျူကို အနိုင်ယူနိုင်သရွှေ့, သူသည် အရိုးအဆိပ် ဖြေဆေးကို ရယူနိုင်လိမ့်မည်။

"မင်းက တကယ်ပဲ ချင်ယွင်ပါလား။ မင်း လာမယ်ဆိုတာ ငါ သိသားပဲ" အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချင်ယွင်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် ဒေါသ အရိပ်အယောင် မရှိရုံသာမက သူ၏မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုပင် တောက်ပလာခဲ့သည်။

"ကျုပ် အရမ်းသိချင်နေမိတယ်။ ခင်ဗျား ကျုပ်ကို ဘယ်လို ရှာတွေ့တာလဲ။" ချင်ယွင်က မေးသည်။ အကယ်၍ အင်မော်တယ် ဧကရာဇ်ယန်လျူသည် တစ်စုံတစ်ရာ မှားယွင်းနေ ကြောင်း ရုတ်တရက် မခံစားမိပါက၊ သူသည် အလောင်းကောင်၏ အဆိပ်ဖြေဆေးကို ယခုအချိန်တွင် ရရှိနေပြီ ဖြစ်သည်။

အင်မော်တယ် ဧကရာဇ်ယန်လျူသည် ချင်ယွင်၏မေးခွန်းကို ကြားပြီး ပြောသည် “ဟမ့်၊ လင်းချန်က အရိုးအဆိပ် ဖြေဆေးကို တစ်ခါမှ မတွေ့ဖူးပေမယ့်၊ ဒီအဆိပ်ဖြေဆေးကို ငါကလွဲလို့ တခြားဘယ်သူမှ လက်နဲ့မထိရဘူး' လို့ သူ့ကို ငါ ပြောခဲ့ဖူးတယ်။ ဘာလို့ဆို, ဒီအဆိပ်ဖြေဆေးပေါ်မှာ အဆိပ်တစ်မျိုး ရှိနေလို့ပဲ။ မင်းက အရိုးအဆိပ် ဖြေဆေးကို စူးစမ်းလိုဟန်နဲ့ မင်းရဲ့လက်ကို အသုံးပြုချင်ကတည်းက မင်းက လင်းချန် မဟုတ်ဘူး ဆိုတာ ငါ သိလိုက်ပြီ" အင်မော်တယ် ဧကရာဇ် ယန်လျူ ပြုံးလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏စိတ်ထဲတွင် ရုတ်တရက် သဘောပေါက်သွားသည်။

သူ၏နောက်ဆုံး လှုပ်ရှားမှုက သူ့ကိုယ်သူ ဖော်ထုတ်လိုက်မိသလိုပင်။ ဟုတ်ပါသည်။ ဒါကလည်း သူ၏အပြစ် မဟုတ်ပါဘူး။ အလောင်းကောင်၏ အဆိပ်ဖြေဆေးတွင် အမှန်တကယ် အဆိပ်ပါနေမည်ကို သူ မည်သို့ ထင်မြင်နိုင်မည်နည်း?။

အဆိပ်ကို တိုက်ဖျက်ရန် အဆိပ်ကို အသုံးပြုခြင်းသည် အလောင်းကောင်၏ အဆိပ်ဖြေဆေးဟုပင် ထင်မှတ်ရသည်။

"ကောင်စုတ်လေး၊ မင်းက မဆိုးပါဘူး။ မင်း လင်းချန်အဖြစ် ပြောင်းထားတဲ့အခါမှာ, မင်းက ငါ့ကို လိမ်နိုင်လုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့် မင်း ဒီနေ့ ဒီနေရာကို ရောက်နေပြီဆိုတော့ မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်တော့ဘူး" အင်မော်တယ် ဧကရာဇ် ယန်လျူက စကားပြောနေစဉ် လှောင်ပြောင်လိုက်သည်။ သူပြောပြီးသည်နှင့် အလောင်းကောင် ရုပ်သေးတစ်ကောင်က သူ၏ဘေးမှာ ပေါ်လာပါသည်။ ဤရုပ်သေးမှ အငွေ့အသက်သည် အမှန်တကယ်ပင် ထိုအချိန်က ရုပ်သေးအလောင်း၏ အထက်မှာ ရှိနေခဲ့သည်။

ချင်ယွင်သည် ရုတ်တရက် ပေါ်လာသော အလောင်းကောင်ရုပ်သေးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ ယင်းအစား၊ သူသည် အထင်မြင်သေးသည့် အမူအရာပင် ဖြစ်ပေါ်နေသည်။

"ခင်ဗျား ကျုပ်ကို ဒီနေရာမှာ နေခိုင်းပြီး ကျုပ်ရဲ့သွေးကို ဝါးမျိုချင်တယ်ဆိုရင်တော့၊ အလောင်းကောင် ရုပ်သေးတစ်ရုပ်က လုံလောက်ခြင်းမရှိမှာ ကျုပ် ကြောက်မိတယ်”။ ချင်ယွင်က ရယ်မောကာ ကြီးစိုးသောလေသံဖြင့် ပြောလိုက်သည်။

All Chapters