← Chapters

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း ၉၉၂

Vol. 67 Ch. 992

အခန်း (၉၉၂) မည်သူမှ သတိမထားမိခင် လှုပ်ရှားခြင်း။

ဤစကားက ချင်ယွင် ဝါကြွားရုံသက်သက်ပြောတာ မဟုတ်ပါဘူး။ သူ၏လက်ရှိ အင်အားဖြင့်, သူသည် ဤအလောင်းကောင်ရုပ်သေးကို သူ၏မျက်လုံးထဲတွင် အမှန်တကယ် ထည့်မထားတော့ပါဘူး။ သေချာပါသည်။ အင်မော်တယ် ဧကရာဇ် ယန်လျူကတော့ ထိုစကားကို မယုံကြည်ပါဘူး။

"ဟမ့်၊ မောက်မာလိုက်တာ။ ဒီနေ့ ငါ့အလောင်းကောင် ရုပ်သေးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြမယ်။" အင်မော်တယ် ဧကရာဇ် ယန်လျူက အေးစက်စွာ အော်ပြောလိုက်သည်။ ချင်ယွင်၏ မောက်မာမှုသည် သူ့ကို လုံးဝ ဒေါသ ထွက်စေခဲ့သည်။

ဘန်း…။

သူ၏ဘေးနားရှိ အလောင်းကောင် ရုပ်သေးရုပ်ထံမှ ကြောက်စရာကောင်းသည် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ယခုတစ်ခါ အလောင်းကောင် ရုပ်သေးရုပ်က ယခင်ကနှင့် မတူပါဘူး။ ယခုတစ်ခါမှာတော့ အလောင်းကောင် ရုပ်သေးရုပ်သည် အပေါ်ပိုင်းခန္ဓာကိုယ် ဗလာကျင်း ဖြစ်နေပြီး၊ ၎င်း၏ ခန္ဓာကိုယ်ရှိ ကြွက်သားများသည် အလွန်ကြည်လင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကြေးဝါရောင် သဏ္ဌာန်ရှိသည်။ သူ၏မျက်လုံးအစုံက ချင်ယွင်ကို သတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။

"ဟမ့်၊ ဒီမိုးပြာရောင်သံမဏိ အလောင်းကောင် ရုပ်သေးရုပ်ကို အကြိမ်ပေါင်း ထောင်နဲ့ချီပြီး သန့်စင်ထားခဲ့တယ်။ သူ့ခန္ဓာယ်ရဲ့အသားရေက အကြီးမြတ်ဆုံးအဆင့် အင်မော်တယ် ပစ္စည်းတစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။ သူ့ရဲ့ ခွန်အားက ကောင်းကင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်မှာရှိတဲ့ အင်မော်တယ် ဧကရာဇ်တွေအောက် အားမနည်းဘူး။ ခဏစောင့်ပြီး သေလိုက်တော့”။ ရုပ်သေးရုပ်က ကျယ်လောင်စွာ အော်လိုက်ပြီး ပြင်းထန်လှသော သွေးရောင်အငွေ့အသက်များနှင့်အတူ ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ကောင်းကင်နှင့်မြေကြီး ပြိုကျသကဲ့သို့ ဖြစ်ပြီး၊ သူ၏လက်သီးပေါ်မှ မြင့်ထက်လာသော စွမ်းအင် အတက်အကျ လှိုင်းများက အရာအားလုံးကို သတ်ပစ်ရန် လုံလောက်ပါသည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင်ဖြင့် သူ့ဆီသို့ ပြေးလာနေ သော မိုးပြာရောင်သံမဏိ အလောင်းကောင် ရုပ်သေးရုပ်ကို ကြည့်လိုက်သည်။

"မင်းရဲ့ အသားသွေးခန္ဓာက အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ပစ္စည်းနဲ့ ယှဉ်နိုင်တာ လား?။ ဒါဆိုလည်း ငါ မင်းကို တိုက်ရိုက် ရိုက်ခွဲပစ်မယ်။" ချင်ယွင်က ရယ်မောပြီး ပြောလိုက်သည်။ ထို့နောက် ဖင်းဂေါ့ဂ်စွမ်းအားနှင့် နဂါးနတ်ဘုရား၏စွမ်းအားက သူ၏ခန္ဓာကိုယ်မှ တစ်ချိန်တည်း ပေါက်ကွဲ ထွက်လာသည်။

ဖင်းဂေါ့ဂ်စွမ်းအားနှင့် နဂါးနတ်ဘုရားတို့၏ ကြောက်စရာကောင်းသော ပေါင်းစပ် စွမ်းအား သည် ကောင်းကင်နှင့် မြေကြီး ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာကာ၊ ပြေးဝင်လာသော အလောင်းကောင် ရုပ်သေးရုပ်နှင့် တိုက်ရိုက် ရင်ဆိုင်ရင်း ၎င်းတို့၏ ခန္ဓာကိုယ်တွေက တောင်များကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။

ဘန်း…။

ကျယ်လောင်သော ပေါက်ကွဲအသံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည်။ ထိုအခိုက်တန့်မှာ, ခန်းမတစ်ခုလုံးလည်း ပြိုကျသွားသည်။ ကြောက်မက်ဖွယ် ကျယ်လောင်သော ပေါက်ကွဲအသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ သူတို့ ခြေထောက်အောက်ရှိ မပျက်စီးနိုင်သော မြို့ကြီးသည် ယခုအခိုက်အတန့်တွင်ပင် ကွဲအက်သွားခဲ့သည်။

ဧရာမကျောက်တုံးကြီးများသည် လွင့်မျောသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်သည် ထိုလွင့်မျောနေသည့် ဧရာမကျောက်တုံးကြီးပေါ်တွင် တောင်ကြီးကဲ့သို့ မလှုပ်မယှက် အခိုင်အမာ ရပ်တည်နေသည်။ အလောင်းကောင် ရုပ်သေးရုပ်သည် သူ၏လက်သီးချက်ဖြင့် လွင့်ပျံသွားလေသည်။

"မဖြစ်​နိုင်​ဘူး မဟုတ်လား?" ဘေးမှကြည့်နေသော အင်မော်တယ် ဧကရာဇ် ယန်လျူသည် ဤမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသည့် အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ဤမိုးပြာရောင်သံမဏိ အလောင်းကောင် ရုပ်သေးရုပ်ကို ကြီးမားသော ကုန်ကျစရိတ်ကို အသုံးပြုပြီးမှ သူ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လက်ရှိ ရုပ်ခန္ဓာကိုယ်ခွန်အားကို ရရှိရန် ကောင်းကင်နှင့် မြေကြီးရတနာများဖြင့် အဆက်မပြတ် သန့်စင်ခဲ့ရသည်။ သို့သော်လည်း ၎င်းသည် ချင်ယွင်၏ လက်ချက်ကြောင့် လွင့်ပျံသွားခဲ့ရသည်။

"ဒါဆို ဒီချင်ယွင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေပြီလဲ?" အင်မော်တယ် ဧကရာဇ် ယန်လျူ အံ့သြသွားသည်။

သို့သော် အလွန်လျှင်မြန်စွာပင် သူ၏မျက်လုံးများက ပို၍ပင် ပူလောင်လာခဲ့ပြီး၊ သူသည် သူ၏ရှေ့မှ ဤချင်ယွင်ကို အလောင်းကောင် ရုပ်သေးရုပ်အဖြစ် သန်စင်ရန် စိတ်ကူးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤနည်းအားဖြင့် သူ၏ အလောင်းကောင် ရုပ်သေးရုပ်သည် ပို၍ပင် အားကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိမည်မှာ သေချာပါသည်။

ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူ၏အကြည့်ကို ဂရုမစိုက်ဘဲ သူက စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။

ချင်ယွင်သည် သူ၏ခြေထောက်များကို အနည်းငယ် ကွေးပြီး ခြေဖဝါးအောက်တွင် ခွန်အား စိုက်ထုတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံး လျှပ်စီးကဲ့သို့ လွင့်ပျံသွားကာ အလောင်းကောင် ရုပ်သေးနောက်သို့ လိုက်ပါလာခဲ့သည်။

သူ၏ခြေဖဝါးအောက်ရှိ ကြီးမားလှသော အင်မော်တယ်ကျွန်း ကျောက်တုံးကြီးသည် သူ၏ခြေဖဝါးအောက်မှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်မှု အောက်တွင် နေရာတိုင်းမှ ကွဲအက်သွားပါသည်။

သူ၏ကိုယ်ခန္ဓာသည် လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး၊ သူ၏လုပ်ဆောင်ချက်များက လေကဲ့သို့ ဖြစ်နေသည်။

ချင်ယွင်သည် ပုံရိပ်ယောင် အဆင့်ဆင့် ပြောင်းလဲသွားပြီးနောက်၊ သူသည် အလောင်းကောင် ရုပ်သေးရုပ် ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

"ဒီရုပ်သေးရုပ် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်။ ဟုတ်လား?။ ဒါဆိုလည်း ဘယ်လောက် ခိုင်ခံ့လဲဆိုတာ ကြည့်ရအောင်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်သီးမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်လာသည်။ သူသည် နဂါးလက်သီးသိုင်း ချက်ချင်း အသက်သွင်းလိုက် သည်။

ယခုအချိန်တွင် ချင်ယွင်၏ ခွန်အားဖြင့် နဂါးလက်သီးသိုင်းကို လုံးဝ ထိန်းချုပ်နိုင်စွမ်း ရှိနေပါပြီ။ ထိုကြောင့် သူ နဂါးလက်သီးသိုင်းကို အသုံးပြုသည့်အခါ မည်သည့် ဘေးထွက် ဆိုးကျိုးကိုမျှ ခံစားရရန်မလိုတော့ပါ။

“ဘုန်း..”။

နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက်သိုင်းကွက်သည် အလောင်းကောင် ရုပ်သေး၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိမှန်သွားခဲ့သည်။ နဂါးတစ်ကောင်၏ ဟောက်သံက ကောင်းကင်နှင့် မြေကြီးမှ ထွက်ပေါ်လာသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ချက်ချင်းပင်၊ ကြီးမားလှသော အင်အားတစ်ခုက အလောင်းကောင် ရုပ်သေးရုပ်အား ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး၊ ၎င်း၏ ရင်ဘတ်တွင် ပေါက်ကွဲသွားခဲ့သည်။ ၎င်း၏ ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲသွားပြီး၊ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို နောက်ပြန် လွင့်ထွက်သွား သည်။

၎င်းသည် အဝေးမှ လွင့်မျော ကျွန်းနှင့် တိုက်မိပြီး ကျယ်လောင်သည့် အသံက ထွက်ပေါ်လာပါသည်။

အပြင်းအထန် သက်ရောက်မူအောက်မှာ လွင့်မျောကျွန်း ပေါက်ကွဲသွားခဲ့သည်။

သို့သော် ချင်ယွင်က ရပ်တန့်ခြင်းမရှိသေးပေ။ သူက တိုက်ရိုက် လက်လှမ်းလိုက်ပြီး သူ၏ ဘေးနားရှိ လူသားခါးလောက်ထူသည့် ကြီးမားလှသော သံမဏိချိတ်ကြီးကို ဆွဲယူလိုက် သည်။ သူသည် လွင့်မျောကျွန်းတစ်ကျွန်းပေါ်သို့ ပျံသန်းသွားပြီး အလောင်းကောင် ရုပ်သေးရုပ်ကို ပြင်းထန်စွာ ရိုက်ခွဲပစ်လိုက်သည်။

“ဘုန်း..”။

တခဏအတွင်းမှာ ကျွန်းသည် ပေါက်ကွဲပြီး ကောင်းကင်ယံမှာ ကြေမွနေသည့် ကျောက်တုံးအပိုင်းစတွေ ပြည့်သွားခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီးတခွင် ကျယ်လောင် သည့် အသံတွေ ပဲ့တင်ထပ်ထွက်ပေါ်နေသည်။

ဤအဆင့်ထိ ရောက်ရှိသွားပြီဆိုကတည်းက ချင်ယွင်သည် သဘာဝအတိုင်း လုံးဝကို မရပ်တန့်တော့ပါဘူး။ ဤတိုက်ပွဲ စတင်ကတည်းက ကောင်းကင်ရေ နန်းတော်၏ အာရုံကို စွဲဆောင်နေပြီ ဖြစ်ပါသည်။ ထိုအခိုက်အတန့်တွင် ချင်ယွင်သည် အမှောင်ထဲတွင် သူ့ကို စူးစိုက်ကြည့်နေသော မျက်လုံး ဆယ်စုံထက် မနည်းရှိကြောင်း သတိပြုမိသည်။

ဟုတ်ပါသည်။ ချင်ယွင်က ကြောက်ရွံ့မှု အရိပ်အယောင် မပြခဲ့ပါဘူး။ သူသည် ကောင်းကင်ရေ နန်းတော်သို့ တစ်ယောက်တည်း လာရန် သတ္တိရှိနေမှတော့ သူသည် သဘာဝအတိုင်း အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရန် စိတ်ချယုံကြည်မှု ရှိ၍ဖြစ်ပါသည်။

ချင်ယွင်၏ ထပ်ခါတလဲလဲ ထိုးနှက်တိုက်ခိုက်ပြီးနောက် အလောင်းကောင် ရုပ်သေးသည် ကွဲအက်နေပြီ ဖြစ်သည်။ ၎င်းသည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော်လည်း၊ ချင်ယွင်၏ရှေ့တွင်မူ အလောင်းကောင် ရုပ်သေးသည် စက္ကူကဲ့သို့ဖြစ်ပြီး ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။

"ငရဲကိုသွားလိုက်တော့..”။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏နားထဲသို့ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ် လာသည်။ ထို့နောက် ချင်ယွင်သည် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်း တစ်ခု သူ့ဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ ဤစွမ်းအင် အတက်အကျလှိုင်းသည် ဖျက်ဆီးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်တောင်မှ သူ၏အသက်က ကြီးမားသည့် အန္တရာယ်ကြားထဲ ကျရောက်နေသည်ဟု ခံစားရသည်။

စိတ်ဝိညာဉ်သုတ်သင်ရေးအပ်…။

ချင်ယွင်သည် ၎င်းကို ချက်ချင်း တွေးမိသွားသည်။ အင်မော်တယ် ဧကရာဇ် ယန်လျူသည် စိတ်ဝိညာဉ်သုတ်သင်ရေးအပ်ကို တိုက်ရိုက် အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဟမ့်၊ စိတ်ဝိညာဉ်သုတ်သင်ရေးအပ်က ကျုပ်ကိုသတ်နိုင်မယ်လို့ ခင်ဗျား ထင်နေတာ လား?။ ဒါက သိပ်ကို နုံအရာမကျဘူးလား?" ချင်ယွင် ရုတ်တရက် ရယ်မောလိုက်ပြီး နောက်၊ အထွက်အထိပ်စွမ်းအား တစွန်းတစက ချင်ယွင်၏ လက်ကို ဖုံးလွှမ်းသွားသည်။

ချင်ယွင်သည် လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ပြီး စိတ်ဝိညာဉ်သုတ်သင်ရေး အပ်ကို ပြင်းပြင်းထန်ထန် ထိမှန်သည်။

ထို့နောက်, အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များ အောက်တွင် စိတ်ဝိညာဉ်သုတ်သင်ရေးအပ်သည် အပြင်းအထန် အစိပ်စိပ်မွှာမွှာ ကြေမွသွားခဲ့သည်။

All Chapters