← Chapters

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း (၉၉၃) သံသယမရှိ သူသေရမယ်။

စိတ်ဝိညာဉ်သုတ်သင်ရေးအပ်သည် လူသန်းပေါင်းများစွာ၏ အသက်ကို ဆုံးရှုံးစေကာ သန့်စင်ရန် အနှစ်တစ်သောင်း အချိန်ယူခဲ့သည့် ပြိုင်ဘက်ကင်း လက်နက်တစ်ခု ဖြစ်သည်။ ၎င်းသည် ထိုကဲ့သို့ပင် ချင်ယွင်၏ လက်ဖဝါးရိုက်ချက်ကြောင့် ကွဲကြေသွားရသည်။ ယင်းကြောင့် အင်မော်တယ် ဧကရာဇ် ယန်လျူသည် မယုံကြည်နိုင်လောက်အောင်ပင် ခံစားခဲ့ရသည်။

ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူ၏ မျက်နှာကို အပြုံးနှင့်အတူ ကြည့်လိုက် ရင်း၊ သူ၏မျက်လုံးထဲတွင် မထင်မရှား အပြုံးရိပ်က ပေါ်လာပါသည်။

သူ၏လက်ရှိ ကောင်းကင်တာအို ဉပဒေသများသည် ကောင်းကင်တာအို နယ်ပယ်၏ တတိယအဆင့်များတွင်သာ ဖြစ်သော်လည်း၊ ဤကောင်းကင်တာအို စွမ်းအားများနှင့် ပေါင်းစပ်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်တာအို နယ်ပယ်၏ သတ္တမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်များအောက် မနိမ့်ကျတော့ပါ။ လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည်များကို ပေါင်းစပ်ပြီးနောက် သူ၏ ကောင်းကင်တာအို ဉပဒေသ စွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်နှင့်ပင် ယှဉ်နိုင်ပါသည်။ (အပေါ်က ပေါင်းစပ်ခြင်းက စွမ်းရည်သူ ဉပဒေသသုံးမျိုး ပေါင်းစပ်ခြင်းကို ရည်ရွယ်ပြီး၊ အောက်မှပေါင်းစပ်ခြင်းက စွမ်းရည်မတူသည့် လေနှင့်လျှပ်စီးဉပဒေသအားလုံး ပေါင်းစပ် ခြင်းကို ရည်ရွယ်ပါသည်။)

ဒုတိယအချက်အနေနှင့်၊ သူ၏ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သူသည် ဖင်းဂေါ့ဂ်နယ်ပယ်မှ သတ္တမအဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရှေးဟောင်း နဂါးနတ်ဘုရားစွမ်းအားပါ ထည်သွင်းခြင်းဖြင့် ချင်ယွင်၏ တိုက်ခိုက်ရေးအင်အားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ကို တွန်းလှန်ရန် လုံလောက်ပါသည်။

ထို့ကြောင့်၊ ၎င်းသည် ရုပ်ခန္ဓာကိုယ် သက်သက် ခွန်အားကို အသုံးပြုသည်ဖြစ်စေ သို့မဟုတ် ကောင်းကင်တာအို ဉပဒေသ စွမ်းအားကို အသုံးပြုသည်ဖြစ်စေ ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ ကျွမ်းကျင်သူ များကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်ပါသည်။

ဟုတ်ပါသည်၊ ချင်ယွင်ထံမှာ သူ့ကို ပိုမိုမြင့်မားသည့်အဆင့်တွေကို စိန်ခေါ်နိုင်စွမ်း ရှိစေသည့် ရတနာနှစ်ပါးလည်း ရှိနေပါသေးသည်။ ကြည်လင်ကောင်းကင်ဓားနှင့် အထွက်အထိပ်စွမ်းအားကို အသုံးပြုခြင်းဖြင့်၊ သူသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်ရှိ အင်မော်တယ် ဧကရာဇ်တစ်ပါးကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပါပြီ။

ဤအကြောင်းအရာတွေလည်း ချင်ယွင်သည် ကောင်းကင်ရေ နန်းတော်၏ ဌာနချုပ်ထဲကို တစ်ယောက်တည်း ခိုးဝင်လာရဲရခြင်း ဖြစ်ပါသည်။ စိတ်ဝိညာဉ်သုတ်သင်ရေးအပ်သည် အစွမ်းထက်သော်လည်း အထွက်အထိပ်ပုဂ္ဂိုလ်၏ တန်ခိုးအစွမ်းရှေ့မှာတော့ အားနည်းနေ ပါသေးသည်။

သို့သော် ချင်ယွင်သည် ထိုအဓိပတိပုဂ္ဂိုလ်၏ စွမ်းအားကို အနည်းငယ်သာ အသုံးပြုနိုင်ပါ သည်။ ထို့ကြောင့် သူသည် ထိုစွမ်းအားကို အရေးကြီးသော အခိုက်အတန့်တွင်သာ အသုံးပြုမည် ဖြစ်ပါသည်။

"ဘယ်လိုလဲ? အင်မော်တယ် ဧကရာဇ် ယန်လျူ၊ ခင်ဗျားရဲ့ ဒီစိတ်ဝိညာဉ် သုတ်သင်ရေးအပ်အကြောင်းကို ကျုပ်ဆီမှာ သတင်းပေါက်ကြားပြီးသွားပြီလေ။ ကျုပ်က ကြိုတင်ပြင်ဆင်မထားဘူးလို့ ခင်ဗျား ထင်နေတာလား?။" ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူကို ကြည့်ပြီး လှောင်ပြောင် ရယ်မောလိုက်သည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချင်ယွင်ကို ကြည့်ရင်း လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အလောင်းကောင်ကိုယ်ပွားဖြစ်စေ သို့မဟုတ် စိတ်ဝိညာဉ်သုတ်သင်ရေးအပ်ဖြစ်စေ ချင်ယွင်ကို သတ်ပစ်နိုင်စွမ်း မရှိဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဤအရာက သူ့အတွက် ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခုကို ဖြစ်လာစေခဲ့သည်။

"ဟမ့်၊ ချင်ယွင်၊ အရမ်းလည်း အပျော်စောမနေနဲ့ဦး။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ဆိုတာ မင်း မမေ့ပါနဲ့။ မင်းက ဒီနေရာကို ရောက်လာမှတော့, မင်းအနေနဲ့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။" အင်မော်တယ် ဧကရာဇ် ယန်လျူက လှောင်ပြောင်ပြောသည်။

ချင်ယွင်သည် ထိုစကားကို ကြားလျှင်၊ သူက အထင်သေးဟန်ဖြင့် ပြောလိုက်သည် "တကယ်လား?။ ကျုပ် ဒီနေရာကနေ ထွက်သွားနိုင်ခြင်း ရှိရှိမရှိရှိ ခင်ဗျား စိတ်ပူမနေပါနဲ့။ အခုချိန်က ခင်ဗျားအနေနဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်နေရမယ့်အချိန်ပဲ။ တကယ်လို့၊ ခင်ဗျားအနေနဲ့ ဒီနေ့ အရိုးအဆိပ်ရဲ့ အဆိပ်ဖြေဆေးကို လွှဲမပေးဘူးဆိုရင်၊ မင်းကံကြမ္မာက ခင်ဗျားရဲ့ အလောင်းကောင် ရုပ်သေးရုပ်နဲ့ အတူတူ ဖြစ်သွားလိမ့်မယ်"။

ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ အကြည့်တွေက ချက်ချင်းပင် ခက်ထန်လာသည်။ ထို့နောက် သူ၏ရုပ်အသွင်သည် ချက်ချင်း ပျံထွက်သွားပြီး အင်မော်တယ် ဧကရာဇ် ယန်လျူထံ တိုက်ရိုက် ဝင်သွားခဲ့သည်။ သူ၏အရှိန်ဟုန်က လေပြင်းတိုက်သလို မြန်ဆန်လွန်းသည်။

အင်မော်တယ် ဧကရာဇ် ယန်လျူသည် သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေသော ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးများမှ ရက်စက်သော အရိပ်အယောင်များ ထွက်ပေါ် လာသည်။

သူသည်လည်း ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်သည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို ဤကဲ့သို့ ခြိမ်းခြောက်ဝံ့ သည်။ သူ၏မျက်လုံးထဲတွင် သူ့ကို ထည့်မထားဘူးဆိုသည်မှာ ရှင်းလင်းနေပါသည်။ ဤအရာက သူ၏စိတ်ထဲမှ အမျက်ဒေါသကို ချက်ချင်း ပေါက်ကွဲစေသည်။

"ဟမ့်၊ မင်း အဆိပ်ဖြေဆေးကို လိုချင်တယ်ဆိုရင်, မင်းမှာ အဲဒီလို လုပ်နိုင်စွမ်း ရှိမရှိပေါ်မှာ ပဲ မူတည်တယ်။" အင်မော်တယ် ဧကရာဇ် ယန်လျူသည် ကျယ်လောင်စွာ အော်ဟစ်လိုက် ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးရောင်အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာ သည်။

အင်မော်တယ် ဧကရာဇ် ယန်လျူကို “ယာမ”ဟု ခေါ်ရတဲ့ အကြောင်းအရင်းကတော့ သူ၏လက်ထဲမှာ မရေမတွက်နိုင်သည့် သွေးတွေ စွန်းထင်းနေခဲ့ပြီး၊ ငရဲမှာရှိသည့် ငရဲဘုရင်ယာမနှင့် ထူးမခြားနားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အင်မော်တယ် ဧကရာဇ် ယန်လျူ၏ အငွေ့အသက်များ ထွက်ပေါ်လာသည့်အခိုက်တွင် သူ၏နောက်ရှိ လေဟာနယ်ထဲမှာ ကြီးမားသော သွေးပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပါသည်။

"သေလိုက်တော့..”။

အင်မော်တယ် ဧကရာဇ် ယန်လျူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ဖဝါးရှိ သွေးရောင်အငွေ့အသက်သည် နှိုင်းစာ၍မရအောင်ပ်င ကြောက်မက်ဖွယ် ကောင်းပြီး၊ ဧရာမ သွေးလက်ဖဝါးကြီးက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလာပါသည်။

"ဒီတိုက်ခိုက်မူကို တောင့်ခံနိုင်စွမ်း မရှိဘူးလို့ ထင်နေလား?" ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ နဂါးနတ်ဘုရားစွမ်းအားနှင့် ဖင်းဂေါ့ဂ်စွမ်းအား တွေက ချက်ချင်းဆိုသလို တဟုန်ထိုး ထွက်လာခဲ့ပြီး သူ၏လက်သီးအပေါ်မှာ စုစည်းလိုက် ပါသည်။

လက်သီးတစ်ချက် ထိုးထုတ်လိုက်ခြင်းဖြင့် ချင်ယွင်၏ လက်သီးချက် အောက်တွင် ဧရာမ သွေးလက်ဖဝါးကြီးသည် ပေါက်ကွဲသွားသည်။

ချင်ယွင်၏ ရုပ်အသွင်သည် အတားအဆီးမရှိဘဲ အင်မော်တယ် ဧကရာဇ် ယန်လျူဆီသို့ ပြေးသွားခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရတော့ အင်မော်တယ် ဧကရာဇ် ယန်လျူ၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာခဲ့သည်။

သူ၏လက်ထဲတွင် သွေးနီရောင်ပုဆိန်တစ်လက် ပေါ်လာသည်။ ထိုပုဆိန် ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်လှသော သွေးရောင်အငွေ့အသက်က လေဟာနယ် တစ်ခုလုံး ပြည့်သွားပါသည်။ ယင်းက အလောင်းပင်လယ်ကြီးနှင့် အရိုးတောင်တန်းများက လူတိုင်း၏ မျက်စိရှေ့မှာ ပေါ်လာသကဲ့သို့ပင်။

"ဘယ်လောက်တောင်မှ သိပ်သည်းပြင်းထန်လှတဲ့ သွေးနီရောင် အငွေ့အသက်ကြီးလဲ။ ဒီလောက်ပြင်းထန်တဲ့ အငွေ့အသက်တွေ ဖြစ်ပေါ်လာဖို့ လူပေါင်းဘယ်လောက်များများ သတ်ဖြတ်ခဲ့ရမှာလဲ" ချင်ယွင်သည် အလောင်းပင်လယ်ကြီးနှင့် အရိုးတောင်တန်း ပုံရိပ်ကြီး ကို ကြည့်လိုက်ပါသည်။ သူ၏မျက်လုံးများက ရုတ်တရက် အေးစက်သွားကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပါသည်။

ချင်ယွင်သည် အသက်ပေါင်းတစ်သန်းလောက် အကုန်အကျခံကာ စိတ်ဝိညာဉ် သုတ်သင် ရေးအပ်ကို သန့်စင်ခြင်းကပင် ဧရာမအပြစ်ကြီးတစ်ခုဟု မူလက ထင်ထားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်၊ အင်မော်တယ် ဧကရာဇ်ယာမ ဆင့်ခေါ်ထားသော သွေးပုဆိန်ကြီးသည် သွေးမိစ္ဆာ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အကယ်၍၊ ၎င်းသည် အသက်ပေါင်း ၁၀ ဘီလီယံ ကုန်ကျစရိတ်အဖြစ် အသုံးပြုထားခြင်း မရှိပါက၊ ထိုပုဆိန်ကြီးသည် ဤမျှ ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည် မဟုတ်ပေ။

နှင်းလိုအေးစက်ခြင်း….။

သတ်ဖြတ်လိုသည့်ဆန္ဒ…၊

ရုတ်တရက် ဤခံစားချက်များသည် ချင်ယွင်၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ ထိုကဲ့သို့သော အစွမ်းထက်သော လက်နက်တစ်ခုကို သန့်စင်ရန်အတွက် အသက်ပေါင်း ၁၀ ဘီလီယံ အကုန်အကျခံခြင်း။ ၎င်းကို တွေးကြည့်ရုံဖြင့်ပင် ဆံပင်များ အဆုံးထိ ထောင်မတ်သွားနိုင်သည်။

"ဟမ့်၊ ချင်ယွင်, ဒီနေ့ မင်းကို ငါ့ရဲ့ သွေးနတ်ဘုရား ကောင်းကင်ခွဲပုဆိန်ရဲ့ စွမ်းအားကို ငါကိုယ်တိုင် မြည်းစမ်းခွင့်ပေးမယ်။" အင်မော်တယ် ဧကရာဇ် ယန်လျူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်, သူ၏လက်ဖဝါးထဲမှ သွေးနီရောင်ပုဆိန်က ချင်ယွင်ဆီ ချက်ချင်း ခုတ်ပိုင်းသွားသည်။

ထိုအချိန်တွင်၊ ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ယန်လျူနှင့် ဆယ်ကျန်းအောက်သာ ဝေးကွာနေခဲ့ပြီး၊ အင်မော်တယ် ဧကရာဇ် ယန်လျူကို တိုက်ခိုက်တော့မည် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင်မှာပင် အင်မော်တယ် ဧကရာဇ် ယန်လျူ၏ လက်ထဲရှိ သွေးနီရောင်ပုဆိန်မှ ထွက်ပေါ်လာသည့် ကြီးမားလှသော သွေးနီရောင်အလင်းရောင်က ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားခဲ့လေသည်။ ၎င်းသွေးနီရောင်အလင်းတန်းတွင် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသည့် အန္တရာယ်အငွေ့အသက်မျိုး ပါဝင်နေပြီး၊ ချင်ယွင်သည် ခြိမ်းခြောက်မှု သဲလွန်စကိုပင် ခံစားလာရသည်။

ချင်ယွင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး နတ်နဂါးကျောက်စိမ်းတံဆိပ်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ နဂါးနတ်ဘုရား စွမ်းအင်များက တဟုန်ထိုး ထိုးတက်လာပြီး နဂါးပုံသဏ္ဍာန်အဖြစ် သူ၏လက်ထဲတွင် ရုတ်ချည်း ပေါင်းစည်းသွားခဲ့သည်။

ချင်ယွင်သည် လက်သီးတစ်ချက်ထိုးလွှတ်ကာ နဂါးလက်သီးသိုင်း၏ ဆဋ္ဌမသိုင်းကွက်ကို အသုံးပြုပြီး သွေးနီရောင်ပုဆိန်၏ အလင်းတန်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုသွေးစွန်းသော အလင်းရောင်သည် ပေါက်ကွဲသွားသည်။ ချင်ယွင်၏တစ်ကိုယ်လုံးလည်း ကြီးမားသော စွမ်းအားဖြင့် ထိမှန် သွားပုံရပြီး လျှင်မြန်စွာ နောက်ပြန် ဆုတ်သွားခဲ့သည်။

"ဟမ့်၊ ကြည့်ရတာ မင်းက ဒီထက်ဘာမှ မပိုဘူးထင်တယ်။ ဒါဆိုရင်တော့ မင်း သေနိုင်ပြီ။" အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချင်ယွင် လွင့်ပျံသွားသည်ကို မြင်လိုက်သော အခါတွင် သူ၏မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင်တစ်ခု ပေါ်လာပါသည်။ ထို့နောက် သူ၏လက်ထဲမှ ပုဆိန်ကြီးကို မြှောက်ကာ ချင်ယွင်ကို သတ်ဖြတ်လိုက်သည်။

ဝှီး….။

အင်မော်တယ် ဧကရာဇ် ယန်လျူ၏ ရုပ်အသွင်သည် လေဟာနယ်ထဲတွင် ဖျတ်ခနဲ လင်းလက်သွားပြီး၊ သူ၏လက်ထဲမှ သွေးနီရောင်ပုဆိန်ကို မြှောက်လိုက်သည်။ ၎င်းအတွင်း ပါရှိသော သွေးနီရောင် စွမ်းအင်အတက်အကျလှိုင်းများသည် အလွန်သိပ်သည်းလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတွေက ဦးရေပြားကို ထုံစေပါ သည်။

"သေလိုက်စမ်း၊ သွေးနတ်ဘုရား ကောင်းကင်ဘုံခွဲခြမ်းခြင်း" အင်မော်တယ် ဧကရာဇ် ယန်လျူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ၏နောက်ရှိ သွေးပင်လယ်ကြီးက လူးလိမ့်နေပုံရသည်။ စုစည်းလားသည့် အငွေ့အသက်တွေက ပုဆိန်ကြီးကို လျင်မြန်စွာ ရစ်ပတ်ထားပြီး ချင်ယွင်ဆီသို့ အကြင်နာမဲ့စွာ ခုတ်ချလိုက်လေသည်။

အဝေးတွင် ပုန်းအောင်းနေသော အင်မော်တယ် ဧကရာဇ်များ အားလုံးသည် ဤမြင်ကွင်း ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကြသည့် အမူအရာအသီးသီးကို ထုတ်ဖော်လာ ကြသည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ် ဧကရာဇ် ယန်လျူ၏ တိုက်ခိုက်မှုသည် ကောင်းကင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်ရှိ အင်မော်တယ် ဧကရာဇ် အများစုကိုပင် ခြိမ်းခြောက်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူတို့၏မျက်လုံးများတွင် ချင်ယွင်သည် သံသယမရှိဘဲ သေသွားဖွယ် ရှိနေပါသည်။

သို့သော် ချင်ယွင်က သူ့ဆီသို့ ဖြတ်သွားသော သွေးနီရောင်ပုဆိန်အလင်းတန်းကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အပြုံးမပျက် ရှိနေသည်။

“ဘုန်း..”။

ပုဆိန်အလင်းတန်းသည် ချက်ချင်းပင် ကောင်းကင်ယံကို ဖြတ်သန်း၍ အဝေးမှ လွင့်မျော ကျွန်းတစ်ကျွန်းကို တိုက်ရိုက် ထိမှန်သွားသည်။ ကျွန်းသည် ချက်ခြင်း နှစ်ခြမ်းကွဲသွား သော်လည်း ချင်ယွင်၏ပုံရိပ်က ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့သည်။

"ဘာဖြစ်နေတာလဲ?။ သူ ဘယ်ရောက်သွားလဲ?" အင်မော်တယ် ဧကရာဇ် ယန်လျူသည် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင်ကို ထုတ်ဖော်လိုက်မိသည်။

"အင်မော်တယ် ဧကရာဇ် ယန်လျူ၊ ခင်ဗျား ကျုပ်ကို ရှာနေတာလား?။" ယန်လျူ၏ နားထဲ တွင် ကျီစယ်ဟန် အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

ယန်လျူသည် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသည် စိတ်ထဲ တင်းကြပ်သွား လှည့်ကြည့်လိုက်တော့ ချင်ယွင်၏ ရယ်မောနေသော မျက်နှာကို တွေ့လိုက်ရပါသည်။

All Chapters